“ဘန်ကောက်သို့သွား တောလား” (ထိုင်းနိုင်ငံကို ပွဲစားနဲ့ အောက်လမ်းကနေ သွားခဲ့တဲ့ အတွေ့အကြုံ)

“ဘန်ကောက်သို့သွား တောလား” (ထိုင်းနိုင်ငံကို ပွဲစားနဲ့ အောက်လမ်းကနေ သွားခဲ့တဲ့ အတွေ့အကြုံ)

ဘန်ကောက်ကို အောက်လမ်းက လာမယ်ဆိုရင် ပွဲစားတွေနဲ့ ဆက်သွယ်ရပါတယ် ။ ပွဲစားတွေထဲမှာလည်း မြန်မာပြည်မှာနေတဲ့ပွဲစားရှိသလို ထိုင်းမှာနေတဲ့ ပွဲစားတွေလည်းရှိပါတယ် ။ ပွဲစားတွေအလျောက် လမ်းကြောင်းတွေလည်းများစွာတော့ရှိကြပါတယ်။ ရိုးရိုးအောက်လမ်းရှိသလို Vip အောက်လမ်းဆိုပြီးရှိပါတယ် ။

Vip အောက်လမ်းကတော့ နာရီဝက်လောက်ပဲ လမ်းလျောက်ရပြီး ကားနဲ့ဒါရိုက်ပို့ဆောင်ပေးတာပါတယ်တဲ့ ။

အဲ့ဒီထဲမှာမှ ကျွန်တော်က ထိုင်းမှာနေတဲ့ ပွဲစားနဲ့ဆက်သွယ်ပြီး မြဝတီမြို့ကနေ Vip လမ်းကြောင်းကိုရွေးချယ်ပြီး Vip ကြေး(ဘတ် ၂၂၀၀၀) ကို ဘန်ကောက်ရောက် ငွေချေနဲ့ သဘောတူပြီး ဘန်ကောက်ကို တက်ခဲ့တာပါ ။

(ကျွန်တော်တက်တဲ့အချိန်က ဘတ်ဈေးက ၁၁၀၀ ကို မြန်မာငွေ ၁ သိန်းပါ ။ ဘတ် ၂၂၀၀၀ ဆို မြန်မာငွေ သိန်း ၂၀ ကျပ်ဖြစ်ရမှာပါ ။)

အဲ့ဒီလိုနဲ့ ကိုယ်နေထိုင်ရာမြို့ကနေ မြဝတီကိုကားစီးလာရပါတယ် ။ မြဝတီမြို့ကိုရောက်တော့မြဝတီမြို့က ပွဲစားတစ်ဦးရဲ့အိမ်မှာ တစ်ညအိပ်ရပါတယ် ။ အဲ့ဒီမြဝတီပွဲစားက ပွဲစားခ ပိုက်ဆံတောင်းတော့တာပါပဲ ။ ကျွန်တော်နဲ့ ပြောထားတဲ့ ထိုင်းကပွဲစားက ဘန်ကောက်ရောက်မှ ငွေချေရမယ်လို့ပြောထားတာ ။

အခုသူကတောင်းတယ် ။ ဒါနဲ့ ထိုင်းကပွဲစားနဲ့စကားပေးပြောတော့ ကားသမားတွေက ချက်ချင်းပေးရမယ် တောင်းလို့ပါ ။ လမ်းပြတွေက အကြွေးမရလိုပါ ကျွန်မတို့ကိုမယုံလို့လားဘာလားနဲ့ ဆိုပြီး ပြောကြတာနဲ့ ကိုယ်လည်း လမ်းခုလတ်လည်းရောက်နေပြီဆိုတော့ အိမ်ကိုအကြောင်းကြားပြီးငွေလွှဲခိုင်းရပါတယ် ။

ဒါနဲ့ ပြောထားတဲ့ ပွဲစားခ ဘတ် ၂၂၀၀၀ ဆိုတော့ မြန်မာငွေနဲ့ ဘယ်လောက်လဲမေးတော့ (ဘတ် ၁၁၀၀ ဈေးကို ၂၂သိန်းပါတဲ့) ကိုယ်သွားမယ့်လမ်းအဆင်ပြေဖို့ ပေးခဲ့ရပါတယ်ဗျာ ။

မနက်ကြတော့ နယ်စပ်ပို့မယ့် ပွဲစားအိမ်က ကားနဲ့လာကြိုပါတယ် ။ အဲ့ဒီအိမ်မှာ လူစုပါတယ်။ လူအယောက် (၃ဝ) ပြည့်တော့ ညနေမှောင်ရီပျိုးစအချိန် (၆) နာရီလောက်မှာ ကားနဲ့ နယ်စပ်ကိုပို့ပါတယ် ။

ဇာတ်လမ်းတစ်ခုက အဲ့မှာစတွေ့တာပါပဲ ။ ပွဲစားနဲ့ ပြောထားတာက VIP လမ်းနဲ့တက်မှာ ။ ငွေကလည်း VIP ကြေး ဘတ် 22000 (မြန်မာငွေ ၂၂ သိန်း) ပေးထားတာပါ ။ ဒါပေမယ့် အခု VIP စာရင်းထဲ ကိုယ်မပါဘူး ။ ဒါနဲ့ပွဲစားကို ဖုန်းဆက်မေးတော့ ခဏနေအုံး ကျွန်မမေးအုံးမယ်ဆိုပြီး ပျောက်သွားလိုက်တာ ဖုန်းကိုပေါ်မလာတော့ဘူး ။ ကားကလည်းထွက်ပြီဆိုတော့ ရှိတဲ့ကားနဲ့မလိုက်ရင်လည်း ပိုက်ဆံက ဆုံးအုံးမယ် ။ မထူးဘူးဆိုပြီး မှီရာကားနဲ့လိုက်ရတော့တာပေါ့ ။

ကားကလည်း မြဝတီမြို့ကနေ မြောက်ဖက်ကို တောလမ်းအတိုင်း ကားကို ဒုန်းစိုင်းမောင်းတာကို ၁ နာရီကျော်ကြာစီးရပါတယ်။ တောလမ်းဆိုတဲ့အတိုင်း လမ်းကြမ်းပါတယ် ။ မိုးတွင်းဘက်ဆိုတော့လယ်ကွင်းတွေ တောင်ကုန်းတွေထဲကနေရွံ့ထဲ ဗွက်ထဲတွေကနေ မောင်းရတာပါ ။ လူကတော့ ကားထဲမှာ ကိုင်ဆောင့်နေသလိုပါပဲ ။ နယ်စပ်ကို ရောက်တော့ ည ၇ နာရီခွဲလောက်ရှိပါပြီ ။

အဲ့ဒီနယ်စပ်စခန်းမှာပဲ လူရေတွက်ပြီး လူအဖွဲ့ခွဲပါတယ် ။ လက်ဖျံမှာ A အဖွဲ့ ၊ B အဖွဲ့၊ K အဖွဲ့ဆိုပြီး ဆော့ပင်နဲ့ရေးပြီး အဖွဲ့ခွဲပါတယ် ။ တစ်ဖွဲ့ကို ၄၈ ယောက်၊ ၅၀ ယောက်စီလောက်ရှိပါတယ် ။ ကျွန်တော်တို့အဖွဲ့ကတော့ B အဖွဲ့ ၄၈ ယောက်ပါပါတယ် ။

အဖွဲ့ခွဲပြီးတာနဲ့ သောင်ရင်းမြစ်ကို လှေနဲ့ကူးပါတယ် ။ ထိုင်းဘက်ကမ်းရောက်တာနဲ့ ပြောင်းခင်းထဲက လှည်းလမ်းအတိုင်း ညဘက်မှောင်မှောင်မဲမဲ လမ်းလျှောက်ရပါတယ် ။ ထိုင်းဘက်ခြမ်းမှာ ထိုင်းစစ်တပ်ရဲကင်းတွေရှိတော့ ဖုန်းမီးလေးတောင်ဖွင့်ထွန်းလို့မရပါဘူး ။ ခါးကုန်းပြီး မြန်မြန်ပြေးသွားကြရတော့ ချော်လဲတဲ့သူလဲ၊ ခိုက်မိတဲ့သူခိုက်မိနဲ့ အသံတွေထွက်တာပေါ့ ။ အဲ့တော့ ကင်းတဲဘက်ကနေ ဓာတ်မီးအကြီးကြီးတွေနဲ့လှမ်းထိုးကြတယ်။

တောလမ်းအတိုင်း ၁ နာရီလောက်လမ်းလျောက်ပြီးတော့ ပြောင်းခင်းထဲက ပြောင်းဖူးတွေထားတဲ့ ဂိုဒေါင်အဟောင်းထဲမှာ ပုန်းနေရပါတယ် ။ တိတ်ဆိတ်စွာနေရပါတယ် ။ မီးဆိုလို့ ဖုန်းမီးတောင် ဖွင့်လို့မရပါဘူး ။ စကားလည်း မပြော အသံလည်းမထွက်ရပါဘူး ။ အသံ ဒါမှမဟုတ် မီးအလင်းရောင်မြင်ရင် ထိုင်းရဲကသိပြီး လာဖမ်းမှာလေ ။ အဲ့ဒါကြောင့် အမှောင်ထဲမှာ စမ်းပြီသာနေရပါတယ် ။

အဲ့လိုနဲ့ ပြောင်းဖူးဂိုဒေါင်ဟောင်းထဲကနေ ည ၁၁ နာရီလောက်ကြတော့ လမ်းရှင်းပြီဆိုတာနဲ့ တစ်ခါ ခြေလျင်ဆက်လျောက် ။ မိုးတွင်းဘက်ဆိုတော့ မိုးဖွဲတွေကကျ လမ်းကလည်း မြေလမ်းဆိုတော့ ကွန်ဒေါင်းကားတွေသွားထားတာ ရွှံ့စနယ်တွေနဲ့ဆိုတော့ ဖိနပ်နဲ့ ချော်ချွတ်နေလို့ ဖိနပ်ချွတ်ပြီးကိုသွားရပါတယ် ။

၁ နာရီလောက်ကြာလမ်းလျောက်ပြီးတော့ ကြံတွေထားတဲ့ ကြံဂိုဒေါင် အဟောင်းထဲဝင်ပုန်းနေရပါတယ် ။ ယခင်လိုပဲ မီမထွန်းရ အသံမထွက်ရပါပဲ ။ ကြံဂိုဒေါင်ထဲမှာမှောင်မှောင်မဲမဲ ခြတောင်ပို့တွေကြားထဲ စမ်းပြီး ထိုင်တဲ့သူကထိုင် လျောင်းသူကလျောင်းပေါ့ ။ မြွေကင်းဆိုတာလည်း ကြောက်ရမှန်းမသိတော့ပါဘူး ။ ခြင်ကတော့ ပေါချက် ။ ဒီလောက် လူအများကို အုံလိုက်သင်းလိုက်ကိုက်လိုက်တာ ။

ညသန်းခေါင်ယံ (၁၂) နာရီထိုးပြီးလောက်အချိန်ကျတော့ ဘေးပတ်ပတ်လည်ကို မြက်ခြောက်တွေကာထားတဲ့ကားတွေနဲ့လာခေါ်ကြပါတယ်။ တစ်စီးကို အယောက် (၃၀) လောက်ကို ငပိသိပ်သလိုတင်တာ။ ကားက လေမဝင်တဲ့အပြင် အထဲမှာ တစ်ယောက်ပေါ်တစ်ယောက်ထပ်ပြီး ထိုင်ကြရတော့ အသက်တောင်မနည်းရှူရတယ် ။

တချို့ကလည်း မတ်တပ်စီးပေါ့ အဲ့လိုနဲ့ (၁) နာရီကျော်လောက်ကားစီးပြီးတော့ တောထဲတစ်နေရာ ပီလောပီနံခင်းတွေထဲမှာဆင်းရပါတယ်။ နောက်ကားပြောင်းစီးရတာပါ ။

နောက်ကားက ကုန်တွေလိုက်ပို့တဲ့ deliver ကားမျိုးပါ ။ အဲဒီကားထဲ လူ (၃ဝ) လောက်ကို ပြည့်ညှပ်ပြီးမတ်ရပ်စီးတယ် ။ လေဝင်ပေါက်ဆိုလို့ ခေါင်မိုးမှာ လူတစ်ကိုယ်စာအပေါက်ပဲဖွင့်ထားလို့ (၁ဝ) ဂါလံကော်ဗူးထဲ ငါ့ရှည့်တွေထည့်ထားသလို အပေါက်ဝရှိရာဘက်ကို နှာခေါင်းမော့ထားပြီးအသက်ရှူရပါတယ် ။

ကားကလည်း ဒုန်းစိုင်းမောင်းတော့ အထဲကလူတွေဆိုတာ ကားထဲမှာ ကန်တော့ထိုးသလို ဝှေ့ရမ်းနေတာများ အသက်ရှင်ဖို့မနည်းဆုတောင်းနေရတယ် ။ အဲ့လိုနဲ့စီးရတာ ဘယ်ရောက်လို့ ဘယ်ပေါက်မှန်းမသိ (၁) နာရီကျော်လောက်စီးပြီးတော့ နောက်ထပ် တောင်တက်ကားတွေကစောင့်နေတဲ့နေရာကို ရောက်လာပါတယ် ။

အစောကစီးလာတဲ့ deliver ကားပေါ်ကဆင်း မိုးတွေရွာတဲ့ကြားက နောက်ထပ် တောင်တက်ကားပေါ်ပြောင်းတက်စီး ။ ကားကအမိုးမပါတော့ မိုးရွာထဲစီးရတာပေါ့ ။ တောင်တက်ကားကလည်း အပြေးမောင်းတော့ လေကတိုက်မိုးကရွာနဲ့ ချမ်းတုန်နေတာပဲ ။

အဲ့လိုနဲ့ တစ်တောင်တက် တစ်တောင်ဆင်း တောင်အထပ်ထပ်စီးလာတာ မနက် (၅) နာရီရောက်တော့ ချိုမြောင်တစ်ခုမှာ ချပေးပါတယ် ။ အဲ့နေရာမှာပဲ တောင်ပေါ်ဆန် ထမင်းထုပ်နဲ့ ဟင်းရည်တစ်ထုပ်စီဝေပေးလို့ မိုးရေထဲ မတ်တပ် ထမင်းစားရပါတယ် ။

ထမင်းစားပြီးတာနဲ့ ခြေလျင်တောင်တက်လမ်းလျောက်ရတော့တာပါပဲ ။ မှောင်မှောင်မဲမဲထဲ တောင်တက်လိုက်ရတာ လမ်းတွေကချော်တော့ ပစ်ပစ်လဲတာ ခဏခဏပဲ ။ ကျွတ်တွေကတွယ် ခြင်တွေကကိုက်နဲ့ ။ တောင်တက်ရတဲ့အလုံးရေကတော့ မရေတွက်နိုင်အောင်ပဲ ။

တစ်တောင်ထက် တစ်တောင်မြင့်သွားလိုက်တာများ သူဘေးမှာ ချောက်ကမ်းပါးအနက်ကြီးတွေပဲရှိတော့တယ် ။ အဲ့လိုနဲ့ အတက်ဆို လေးဘက်ကုန်းတက် အဆင်းဆို ဟိုအပင်ဆွဲ ဒီအပင်ဆွဲနဲ့ ဖင်ချောကိုဆင်းရတာတွေလည်းမနည်းဘူး ။

အဲ့လိုနဲ့ မိုးလင်းလို့ ရောက်တော့မယ်ထင်နေတာ နောက်ထပ်တောင်တွေဆက်တက်ရတာ နွံတွေဗွက်တွေထဲပါရုံးပြီးသွားရပါတယ် ။ သောက်စရာ ရေလည်းကုန် စားဖို့ယူလာတဲ့ မုန့်တွေလည်းကုန်ကုန်နဲ့ လူတွေလည်းနုံး ခြေတွေလည်းကုန်နဲ့ ဟိုနား နား ဒီနား နားနဲ့ နေ့ ၁၂ နာရီလည်း တောင်တက်တုန်း နေ့ ၁ နာရီခွဲတော့မှ တောင်ထိပ်မှာ နွံ့တွေ ဗွက်တွေထဲမောင်းလို့ရတဲ့ တောက်တက်ကားတွေလာကြိုပါတယ် ။

အဲ့ဒီကားတွေနဲ့ တောင်ထိပ်ကနေဆင်းလာတာ ၁ နာရီကျော်လောက်ကြာတော့ ဥယျာဉ်လိုတောထဲမှာဆင်းရတယ် ။ ညနေ ၃ နာရီလောက်တော့ရှိပြီပေါ့ ။ မိုးကရွာ ကျွတ်ကကိုက်နဲ့ ထိုင်လို့တောင်မရ မိုးရေထဲမတ်တပ်ရပ်နေကြရပြန်ရော ။

နာရီဝက်လောက်ကြာတော့ ထမင်းထုပ်နဲ့ ဟင်းရည်တစ်ထုပ်စီ လာပေးလို့ မတ်တပ်ပဲ ထမင်းစားလိုက်ရတယ် ။ ထမင်းစားပြီးတာနဲ့ နောက်ထပ်ကားပြောင်းစီးရပါတယ် ။ ဒီတစ်ခါကားကတော့ လူနှစ်ယောက်ထပ်စီးရတာပါ ။ ကိုယ်ကအောက်ကဖြစ်နေပြန်ရော ။ ကိုယ့်အပေါ်မှာ လူတစ်ယောက် ။

အဲ့လူအပေါ်မှာ ကျောပိုးအိပ်ထပ်တင်ပြီးစီးရတာ ။ ၂ နာရီခွဲကြာစီးရတယ် ။ တစ်နေကုန်လမ်းလျောက် တောင်တက်ထားရလို့ ညောင်းကိုက်နေတဲ့ခြေထောက်တွေဟာ လှုပ်မရ ယှက်မရနဲ့ အပေါ်ကဖိထားလိုက်တော့ လူဟာလေ ဒုက္ခခံစားရတာများ ငရဲကျသလားအောင့်မေ့ရတယ် ။ အခုစဉ်းစားရင် အခုခံစားရတယ် ။

အဲ့လိုနဲ့ စီးလာတာ ည ၇ နာရီလောက်မှာ မြို့တစ်မြို့ရဲ့အပြင် အမှိုက်တွေပစ်ထားတဲ့နေရာမှာ ချထားခဲ့ပါတယ် ။ အဲ့အမှိုက်တောထဲမှာ မိုးရွာခြင်ကိုက်နဲ့ဆိုတော့ ရှိသမျှ ခြောက်နေတဲ့ အဝတ်အစားတွေ ခင်းခြုံနဲ့ လူ ၄၈ ယောက်လုံးဟာ စုပြီးငြိမ်နေရတာ ။ အသံလည်းမထွက်ရဲ ။ မီးလည်း မဖွင့်ရဲ ။ ဖုန်းလည်းမပြောရဲနဲ့ ငုတ်တုတ်ထိုင်ငြိမ်နေပြီး နောက်ထပ်လာကြိုမယ့် ကားကိုစောင့်နေရပါတယ် ။ ည ၉ နာရီထိုးတော့မှ ကားပက်လက်တွေနဲ့လာကြိုပါတယ် ။

ဒီတခါ ကားစီးရတာကတော့ ကားပေါ်မှာ ကန့်လန့်အနေအထား တုံးလုံးလှဲ ဘေးစောင်းကွေးပြီး တစ်ယောက်နဲ့တစ်ယောက် ပြောင်ပြန်အိပ်ပြီး အပေါ်က ပိုက်ကွန်အုပ်ပြီး စီးရတာပါ ။ အဲ့သလိုနဲ့စီးသွားရတာ တစ်ညလုံးပဲ ။ မနက် (၄) နာရီထိုးတော့ ဘန်ကောက်မြို့နဲ့ အတော်လှမ်းလှမ်း ကားလမ်းဘေး ကွင်းပြင်းကြီးထဲမှာလာချပါတယ် ။

အဲ့နေရာမှာပဲ ဘန်ကောက်မြို့ထဲဝင်ပြီး လိုက်ပို့ပေးမယ့် ကားတွေကလည်း စောင့်နေပါပြီ ။ ကွင်းထဲမှာ ခြင်ကလည်း ရက်ရက်စက်စက်ကိုက်တာ အငြိမ်တချက်မနေရဘူးဗျာ ။

အဲ့လိုနဲ့ ကွင်းထဲမှာ မြို့တူရာ၊ မြို့ချင်းနီးရာလူတွေရွေးပါတယ် ။ ၁၅ ယောက် တစ်စီးနဲ့ မှန်လုံကားပေါ်တင်ပြီးဘန်ကောက်မြို့ထဲ သူ့လိပ်စာနဲ့သူ တစ်ဦးချင်း သွားမယ့်မြို့အလိုက် ကားတွေခွဲပြီးလိုက်ပို့ပါတယ်။

ကိုယ်နဲ့ချိတ်ထားတဲ့အခန်းရောက်မှပဲ ရေမိုးချိုးပြီး နားရတော့တယ် ။ ကျွန်တော်ကတော့ နေ့လည်နာရီပြန် ၁ ချက်မှ ကိုယ်နေမယ့်အဆောင်ကိုရောက်ပါတယ် ။ တစ်ကိုယ်လုံးနာကျင်ကိုက်ခဲလိုက်တာမှ ပြောကို မပြောချင်တော့ပါဘူး ။ သွားရတာက မြဝတီက စထွက်ချိန်ဆို (၂) ညအိပ် (၂) ရက်ကြာပါတယ် ။

ကိုယ့်ရွာက လာတဲ့ရက်နဲ့ဆို ၃ ရက် ၃ ည ကြာမှ ဘန်ကောက်ရောက်ပါတယ် ။ ဒါက လမ်းကြောင်းရှင်းလို့ပါ ။ လမ်းကြောင်းမရှင်းရင် (၁) ပတ်၊ ရက် (၂၀) လောက်အထိ တောထဲနေရတယ်လို့ ပြောကြပါတယ် ။

ဒါနဲ့ ကိုယ့်ပွဲစားက ဘန်ကောက်မှာနေတာဆိုတော့ ဘန်ကောက်ရောက်လို့ ပွဲစားကို VIP ကိစ္စမေးတော့ ကျွန်မ VIP ဆိုတာ အစ်ကိုတို့ပြောမှ သိတာတဲ့ ။ VIP အကြောင်းပြောတာလည်းသူ ။ VIP ဆိုပြီး လမ်းလျှောက်စရာမဘူး ကားနဲ့ ဒါဒိုက်အရောက်ပို့မယ်ဆိုပြီး ပိုက်ဆံပိုတောင်းတာလည်း သူ ။ အခု VIP ကို သူမသိဘူးတဲ့။ အဲ့လိုပွဲစားတွေလည်းရှိတယ်နော် အငြင်းမပွားချင်တာနဲ့ ဪ.. ဟုတ်လားလို့ပဲ ပြောလိုက်ပါတော့တယ် ။

အောက်လမ်းက လာတာဆိုတော့ အထောက်အထားကမရှိ၊ ထိုင်းစကားက မတတ်၊ လူခံကလည်းမရှိဆိုတော့ ထိုင်းနိုင်ငံရောက်ပြီဆိုကတည်းက သူများပြုသမျှ နုရတော့တာပါပဲ ။ ဒါကတော့ ဘန်ကောက်သို့သွား တောလားပဲဖြစ်ပါတယ် ။ သူငယ်ချင်းတစ်ယောက်ရဲ့ ပြောပြချက်ကို ဗဟုသုတအဖြစ်တင်ပြလိုက်ပါတယ် ။ သတ္တဝါအားလုံး ဆင်းရဲဒုက္ခအပေါင်းမှ ကင်းဝေးကြပါစေ ။

Zawgyi

“ဘန္ေကာက္သို႔သြား ေတာလား” (ထိုင္းႏိုင္ငံကို ပြဲစားနဲ႔ ေအာက္လမ္းကေန သြားခဲ့တဲ့ အေတြ႕အႀကဳံ)

ဘန္ေကာက္ကို ေအာက္လမ္းက လာမယ္ဆိုရင္ ပြဲစားေတြနဲ႔ ဆက္သြယ္ရပါတယ္ ။ ပြဲစားေတြထဲမွာလည္း ျမန္မာျပည္မွာေနတဲ့ပြဲစားရွိသလို ထိုင္းမွာေနတဲ့ ပြဲစားေတြလည္းရွိပါတယ္ ။ ပြဲစားေတြအေလ်ာက္ လမ္းေၾကာင္းေတြလည္းမ်ားစြာေတာ့ရွိၾကပါတယ္။ ႐ိုး႐ိုးေအာက္လမ္းရွိသလို Vip ေအာက္လမ္းဆိုၿပီးရွိပါတယ္ ။

Vip ေအာက္လမ္းကေတာ့ နာရီဝက္ေလာက္ပဲ လမ္းေလ်ာက္ရၿပီး ကားနဲ႔ဒါ႐ိုက္ပို႔ေဆာင္ေပးတာပါတယ္တဲ့ ။

အဲ့ဒီထဲမွာမွ ကြၽန္ေတာ္က ထိုင္းမွာေနတဲ့ ပြဲစားနဲ႔ဆက္သြယ္ၿပီး ျမဝတီၿမိဳ႕ကေန Vip လမ္းေၾကာင္းကိုေ႐ြးခ်ယ္ၿပီး Vip ေၾကး(ဘတ္ ၂၂၀၀၀) ကို ဘန္ေကာက္ေရာက္ ေငြေခ်နဲ႔ သေဘာတူၿပီး ဘန္ေကာက္ကို တက္ခဲ့တာပါ ။

(ကြၽန္ေတာ္တက္တဲ့အခ်ိန္က ဘတ္ေစ်းက ၁၁၀၀ ကို ျမန္မာေငြ ၁ သိန္းပါ ။ ဘတ္ ၂၂၀၀၀ ဆို ျမန္မာေငြ သိန္း ၂၀ က်ပ္ျဖစ္ရမွာပါ ။)

အဲ့ဒီလိုနဲ႔ ကိုယ္ေနထိုင္ရာၿမိဳ႕ကေန ျမဝတီကိုကားစီးလာရပါတယ္ ။ ျမဝတီၿမိဳ႕ကိုေရာက္ေတာ့ျမဝတီၿမိဳ႕က ပြဲစားတစ္ဦးရဲ႕အိမ္မွာ တစ္ညအိပ္ရပါတယ္ ။ အဲ့ဒီျမဝတီပြဲစားက ပြဲစားခ ပိုက္ဆံေတာင္းေတာ့တာပါပဲ ။ ကြၽန္ေတာ္နဲ႔ ေျပာထားတဲ့ ထိုင္းကပြဲစားက ဘန္ေကာက္ေရာက္မွ ေငြေခ်ရမယ္လို႔ေျပာထားတာ ။

အခုသူကေတာင္းတယ္ ။ ဒါနဲ႔ ထိုင္းကပြဲစားနဲ႔စကားေပးေျပာေတာ့ ကားသမားေတြက ခ်က္ခ်င္းေပးရမယ္ ေတာင္းလို႔ပါ ။ လမ္းျပေတြက အေႂကြးမရလိုပါ ကြၽန္မတို႔ကိုမယုံလို႔လားဘာလားနဲ႔ ဆိုၿပီး ေျပာၾကတာနဲ႔ ကိုယ္လည္း လမ္းခုလတ္လည္းေရာက္ေနၿပီဆိုေတာ့ အိမ္ကိုအေၾကာင္းၾကားၿပီးေငြလႊဲခိုင္းရပါတယ္ ။

ဒါနဲ႔ ေျပာထားတဲ့ ပြဲစားခ ဘတ္ ၂၂၀၀၀ ဆိုေတာ့ ျမန္မာေငြနဲ႔ ဘယ္ေလာက္လဲေမးေတာ့ (ဘတ္ ၁၁၀၀ ေစ်းကို ၂၂သိန္းပါတဲ့) ကိုယ္သြားမယ့္လမ္းအဆင္ေျပဖို႔ ေပးခဲ့ရပါတယ္ဗ်ာ ။

မနက္ၾကေတာ့ နယ္စပ္ပို႔မယ့္ ပြဲစားအိမ္က ကားနဲ႔လာႀကိဳပါတယ္ ။ အဲ့ဒီအိမ္မွာ လူစုပါတယ္။ လူအေယာက္ (၃ဝ) ျပည့္ေတာ့ ညေနေမွာင္ရီပ်ိဳးစအခ်ိန္ (၆) နာရီေလာက္မွာ ကားနဲ႔ နယ္စပ္ကိုပို႔ပါတယ္ ။

ဇာတ္လမ္းတစ္ခုက အဲ့မွာစေတြ႕တာပါပဲ ။ ပြဲစားနဲ႔ ေျပာထားတာက VIP လမ္းနဲ႔တက္မွာ ။ ေငြကလည္း VIP ေၾကး ဘတ္ 22000 (ျမန္မာေငြ ၂၂ သိန္း) ေပးထားတာပါ ။ ဒါေပမယ့္ အခု VIP စာရင္းထဲ ကိုယ္မပါဘူး ။ ဒါနဲ႔ပြဲစားကို ဖုန္းဆက္ေမးေတာ့ ခဏေနအုံး ကြၽန္မေမးအုံးမယ္ဆိုၿပီး ေပ်ာက္သြားလိုက္တာ ဖုန္းကိုေပၚမလာေတာ့ဘူး ။ ကားကလည္းထြက္ၿပီဆိုေတာ့ ရွိတဲ့ကားနဲ႔မလိုက္ရင္လည္း ပိုက္ဆံက ဆုံးအုံးမယ္ ။ မထူးဘူးဆိုၿပီး မွီရာကားနဲ႔လိုက္ရေတာ့တာေပါ့ ။

ကားကလည္း ျမဝတီၿမိဳ႕ကေန ေျမာက္ဖက္ကို ေတာလမ္းအတ္ိုင္း ကားကို ဒုန္းစိုင္းေမာင္းတာကို ၁ နာရီေက်ာ္ၾကာစီးရပါတယ္။ ေတာလမ္းဆိုတဲ့အတိုင္း လမ္းၾကမ္းပါတယ္ ။ မိုးတြင္းဘက္ဆိုေတာ့လယ္ကြင္းေတြ ေတာင္ကုန္းေတြထဲကေန႐ြံ႕ထဲ ဗြက္ထဲေတြကေန ေမာင္းရတာပါ ။ လူကေတာ့ ကားထဲမွာ ကိုင္ေဆာင့္ေနသလိုပါပဲ ။ နယ္စပ္ကို ေရာက္ေတာ့ ည ၇ နာရီခြဲေလာက္ရွိပါၿပီ ။

အဲ့ဒီနယ္စပ္စခန္းမွာပဲ လူေရတြက္ၿပီး လူအဖြဲ႕ခြဲပါတယ္ ။ လက္ဖ်ံမွာ A အဖြဲ႕ ၊ B အဖြဲ႕၊ K အဖြဲ႕ဆိုၿပီး ေဆာ့ပင္နဲ႔ေရးၿပီး အဖြဲ႕ခြဲပါတယ္ ။ တစ္ဖြဲ႕ကို ၄၈ ေယာက္၊ ၅၀ ေယာက္စီေလာက္ရွိပါတယ္ ။ ကြၽန္ေတာ္တို႔အဖြဲ႕ကေတာ့ B အဖြဲ႕ ၄၈ ေယာက္ပါပါတယ္ ။

အဖြဲ႕ခြဲၿပီးတာနဲ႔ ေသာင္ရင္းျမစ္ကို ေလွနဲ႔ကူးပါတယ္ ။ ထိုင္းဘက္ကမ္းေရာက္တာနဲ႔ ေျပာင္းခင္းထဲက လွည္းလမ္းအတိုင္း ညဘက္ေမွာင္ေမွာင္မဲမဲ လမ္းေလွ်ာက္ရပါတယ္ ။ ထိုင္းဘက္ျခမ္းမွာ ထိုင္းစစ္တပ္ရဲကင္းေတြရွိေတာ့ ဖုန္းမီးေလးေတာင္ဖြင့္ထြန္းလို႔မရပါဘူး ။ ခါးကုန္းၿပီး ျမန္ျမန္ေျပးသြားၾကရေတာ့ ေခ်ာ္လဲတဲ့သူလဲ၊ ခိုက္မိတဲ့သူခိုက္မိနဲ႔ အသံေတြထြက္တာေပါ့ ။ အဲ့ေတာ့ ကင္းတဲဘက္ကေန ဓာတ္မီးအႀကီးႀကီးေတြနဲ႔လွမ္းထိုးၾကတယ္။

ေတာလမ္းအတိုင္း ၁ နာရီေလာက္လမ္းေလ်ာက္ၿပီးေတာ့ ေျပာင္းခင္းထဲက ေျပာင္းဖူးေတြထားတဲ့ ဂိုေဒါင္အေဟာင္းထဲမွာ ပုန္းေနရပါတယ္ ။ တိတ္ဆိတ္စြာေနရပါတယ္ ။ မီးဆိုလို႔ ဖုန္းမီးေတာင္ ဖြင့္လို႔မရပါဘူး ။ စကားလည္း မေျပာ အသံလည္းမထြက္ရပါဘူး ။ အသံ ဒါမွမဟုတ္ မီးအလင္းေရာင္ျမင္ရင္ ထိုင္းရဲကသိၿပီး လာဖမ္းမွာေလ ။ အဲ့ဒါေၾကာင့္ အေမွာင္ထဲမွာ စမ္းၿပီသာေနရပါတယ္ ။

အဲ့လိုနဲ႔ ေျပာင္းဖူးဂိုေဒါင္ေဟာင္းထဲကေန ည ၁၁ နာရီေလာက္ၾကေတာ့ လမ္းရွင္းၿပီဆိုတာနဲ႔ တစ္ခါ ေျခလ်င္ဆက္ေလ်ာက္ ။ မိုးတြင္းဘက္ဆိုေတာ့ မိုးဖြဲေတြကက် လမ္းကလည္း ေျမလမ္းဆိုေတာ့ ကြန္ေဒါင္းကားေတြသြားထားတာ ႐ႊံ႕စနယ္ေတြနဲ႔ဆိုေတာ့ ဖိနပ္နဲ႔ ေခ်ာ္ခြၽတ္ေနလို႔ ဖိနပ္ခြၽတ္ၿပီးကိုသြားရပါတယ္ ။

၁ နာရီေလာက္ၾကာလမ္းေလ်ာက္ၿပီးေတာ့ ႀကံေတြထားတဲ့ ႀကံဂိုေဒါင္ အေဟာင္းထဲဝင္ပုန္းေနရပါတယ္ ။ ယခင္လိုပဲ မီမထြန္းရ အသံမထြက္ရပါပဲ ။ ႀကံဂိုေဒါင္ထဲမွာေမွာင္ေမွာင္မဲမဲ ျခေတာင္ပို႔ေတြၾကားထဲ စမ္းၿပီး ထိုင္တဲ့သူကထိုင္ ေလ်ာင္းသူကေလ်ာင္းေပါ့ ။ ေႁမြကင္းဆိုတာလည္း ေၾကာက္ရမွန္းမသိေတာ့ပါဘူး ။ ျခင္ကေတာ့ ေပါခ်က္ ။ ဒီေလာက္ လူအမ်ားကို အုံလိုက္သင္းလိုက္ကိုက္လိုက္တာ ။

ညသန္းေခါင္ယံ (၁၂) နာရီထိုးၿပီးေလာက္အခ်ိန္က်ေတာ့ ေဘးပတ္ပတ္လည္ကို ျမက္ေျခာက္ေတြကာထားတဲ့ကားေတြနဲ႔လာေခၚၾကပါတယ္။ တစ္စီးကို အေယာက္ (၃၀) ေလာက္ကို ငပိသိပ္သလိုတင္တာ။ ကားက ေလမဝင္တဲ့အျပင္ အထဲမွာ တစ္ေယာက္ေပၚတစ္ေယာက္ထပ္ၿပီး ထိုင္ၾကရေတာ့ အသက္ေတာင္မနည္းရႉရတယ္ ။

တခ်ိဳ႕ကလည္း မတ္တပ္စီးေပါ့ အဲ့လိုနဲ႔ (၁) နာရီေက်ာ္ေလာက္ကားစီးၿပီးေတာ့ ေတာထဲတစ္ေနရာ ပီေလာပီနံခင္းေတြထဲမွာဆင္းရပါတယ္။ ေနာက္ကားေျပာင္းစီးရတာပါ ။

ေနာက္ကားက ကုန္ေတြလိုက္ပို႔တဲ့ deliver ကားမ်ိဳးပါ ။ အဲဒီကားထဲ လူ (၃ဝ) ေလာက္ကို ျပည့္ညႇပ္ၿပီးမတ္ရပ္စီးတယ္ ။ ေလဝင္ေပါက္ဆိုလို႔ ေခါင္မိုးမွာ လူတစ္ကိုယ္စာအေပါက္ပဲဖြင့္ထားလို႔ (၁ဝ) ဂါလံေကာ္ဗူးထဲ ငါ့ရွည့္ေတြထည့္ထားသလို အေပါက္ဝရွိရာဘက္ကို ႏွာေခါင္းေမာ့ထားၿပီးအသက္ရႉရပါတယ္ ။

ကားကလည္း ဒုန္းစိုင္းေမာင္းေတာ့ အထဲကလူေတြဆိုတာ ကားထဲမွာ ကန္ေတာ့ထိုးသလို ေဝွ႔ရမ္းေနတာမ်ား အသက္ရွင္ဖို႔မနည္းဆုေတာင္းေနရတယ္ ။ အဲ့လိုနဲ႔စီးရတာ ဘယ္ေရာက္လို႔ ဘယ္ေပါက္မွန္းမသိ (၁) နာရီေက်ာ္ေလာက္စီးၿပီးေတာ့ ေနာက္ထပ္ ေတာင္တက္ကားေတြကေစာင့္ေနတဲ့ေနရာကို ေရာက္လာပါတယ္ ။

အေစာကစီးလာတဲ့ deliver ကားေပၚကဆင္း မိုးေတြ႐ြာတဲ့ၾကားက ေနာက္ထပ္ ေတာင္တက္ကားေပၚေျပာင္းတက္စီး ။ ကားကအမိုးမပါေတာ့ မိုး႐ြာထဲစီးရတာေပါ့ ။ ေတာင္တက္ကားကလည္း အေျပးေမာင္းေတာ့ ေလကတိုက္မိုးက႐ြာနဲ႔ ခ်မ္းတုန္ေနတာပဲ ။

အဲ့လိုနဲ႔ တစ္ေတာင္တက္ တစ္ေတာင္ဆင္း ေတာင္အထပ္ထပ္စီးလာတာ မနက္ (၅) နာရီေရာက္ေတာ့ ခ်ိဳေျမာင္တစ္ခုမွာ ခ်ေပးပါတယ္ ။ အဲ့ေနရာမွာပဲ ေတာင္ေပၚဆန္ ထမင္းထုပ္နဲ႔ ဟင္းရည္တစ္ထုပ္စီေဝေပးလို႔ မိုးေရထဲ မတ္တပ္ ထမင္းစားရပါတယ္ ။

ထမင္းစားၿပီးတာနဲ႔ ေျခလ်င္ေတာင္တက္လမ္းေလ်ာက္ရေတာ့တာပါပဲ ။ ေမွာင္ေမွာင္မဲမဲထဲ ေတာင္တက္လိုက္ရတာ လမ္းေတြကေခ်ာ္ေတာ့ ပစ္ပစ္လဲတာ ခဏခဏပဲ ။ ကြၽတ္ေတြကတြယ္ ျခင္ေတြကကိုက္နဲ႔ ။ ေတာင္တက္ရတဲ့အလုံးေရကေတာ့ မေရတြက္ႏိုင္ေအာင္ပဲ ။

တစ္ေတာင္ထက္ တစ္ေတာင္ျမင့္သြားလိုက္တာမ်ား သူေဘးမွာ ေခ်ာက္ကမ္းပါးအနက္ႀကီးေတြပဲရွိေတာ့တယ္ ။ အဲ့လိုနဲ႔ အတက္ဆို ေလးဘက္ကုန္းတက္ အဆင္းဆို ဟိုအပင္ဆြဲ ဒီအပင္ဆြဲနဲ႔ ဖင္ေခ်ာကိုဆင္းရတာေတြလည္းမနည္းဘူး ။

အဲ့လိုနဲ႔ မိုးလင္းလို႔ ေရာက္ေတာ့မယ္ထင္ေနတာ ေနာက္ထပ္ေတာင္ေတြဆက္တက္ရတာ ႏြံေတြဗြက္ေတြထဲပါ႐ုံးၿပီးသြားရပါတယ္ ။ ေသာက္စရာ ေရလည္းကုန္ စားဖို႔ယူလာတဲ့ မုန္႔ေတြလည္းကုန္ကုန္နဲ႔ လူေတြလည္းႏုံး ေျခေတြလည္းကုန္နဲ႔ ဟိုနား နား ဒီနား နားနဲ႔ ေန႔ ၁၂ နာရီလည္း ေတာင္တက္တုန္း ေန႔ ၁ နာရီခြဲေတာ့မွ ေတာင္ထိပ္မွာ ႏြံ႕ေတြ ဗြက္ေတြထဲေမာင္းလို႔ရတဲ့ ေတာက္တက္ကားေတြလာႀကိဳပါတယ္ ။

အဲ့ဒီကားေတြနဲ႔ ေတာင္ထိပ္ကေနဆင္းလာတာ ၁ နာရီေက်ာ္ေလာက္ၾကာေတာ့ ဥယ်ာဥ္လိုေတာထဲမွာဆင္းရတယ္ ။ ညေန ၃ နာရီေလာက္ေတာ့ရွိၿပီေပါ့ ။ မိုးက႐ြာ ကြၽတ္ကကိုက္နဲ႔ ထိုင္လို႔ေတာင္မရ မိုးေရထဲမတ္တပ္ရပ္ေနၾကရျပန္ေရာ ။

နာရီဝက္ေလာက္ၾကာေတာ့ ထမင္းထုပ္နဲ႔ ဟင္းရည္တစ္ထုပ္စီ လာေပးလို႔ မတ္တပ္ပဲ ထမင္းစားလိုက္ရတယ္ ။ ထမင္းစားၿပီးတာနဲ႔ ေနာက္ထပ္ကားေျပာင္းစီးရပါတယ္ ။ ဒီတစ္ခါကားကေတာ့ လူႏွစ္ေယာက္ထပ္စီးရတာပါ ။ ကိုယ္ကေအာက္ကျဖစ္ေနျပန္ေရာ ။ ကိုယ့္အေပၚမွာ လူတစ္ေယာက္ ။

အဲ့လူအေပၚမွာ ေက်ာပိုးအိပ္ထပ္တင္ၿပီးစီးရတာ ။ ၂ နာရီခြဲၾကာစီးရတယ္ ။ တစ္ေနကုန္လမ္းေလ်ာက္ ေတာင္တက္ထားရလို႔ ေညာင္းကိုက္ေနတဲ့ေျခေထာက္ေတြဟာ လႈပ္မရ ယွက္မရနဲ႔ အေပၚကဖိထားလိုက္ေတာ့ လူဟာေလ ဒုကၡခံစားရတာမ်ား ငရဲက်သလားေအာင့္ေမ့ရတယ္ ။ အခုစဥ္းစားရင္ အခုခံစားရတယ္ ။

အဲ့လိုနဲ႔ စီးလာတာ ည ၇ နာရီေလာက္မွာ ၿမိဳ႕တစ္ၿမိဳ႕ရဲ႕အျပင္ အမႈိက္ေတြပစ္ထားတဲ့ေနရာမွာ ခ်ထားခဲ့ပါတယ္ ။ အဲ့အမႈိက္ေတာထဲမွာ မိုး႐ြာျခင္ကိုက္နဲ႔ဆိုေတာ့ ရွိသမွ် ေျခာက္ေနတဲ့ အဝတ္အစားေတြ ခင္းၿခဳံနဲ႔ လူ ၄၈ ေယာက္လုံးဟာ စုၿပီးၿငိမ္ေနရတာ ။ အသံလည္းမထြက္ရဲ ။ မီးလည္း မဖြင့္ရဲ ။ ဖုန္းလည္းမေျပာရဲနဲ႔ ငုတ္တုတ္ထိုင္ၿငိမ္ေနၿပီး ေနာက္ထပ္လာႀကိဳမယ့္ ကားကိုေစာင့္ေနရပါတယ္ ။ ည ၉ နာရီထိုးေတာ့မွ ကားပက္လက္ေတြနဲ႔လာႀကိဳပါတယ္ ။

ဒီတခါ ကားစီးရတာကေတာ့ ကားေပၚမွာ ကန္႔လန္႔အေနအထား တုံးလုံးလွဲ ေဘးေစာင္းေကြးၿပီး တစ္ေယာက္နဲ႔တစ္ေယာက္ ေျပာင္ျပန္အိပ္ၿပီး အေပၚက ပိုက္ကြန္အုပ္ၿပီး စီးရတာပါ ။ အဲ့သလိုနဲ႔စီးသြားရတာ တစ္ညလုံးပဲ ။ မနက္ (၄) နာရီထိုးေတာ့ ဘန္ေကာက္ၿမိဳ႕နဲ႔ အေတာ္လွမ္းလွမ္း ကားလမ္းေဘး ကြင္းျပင္းႀကီးထဲမွာလာခ်ပါတယ္ ။

အဲ့ေနရာမွာပဲ ဘန္ေကာက္ၿမိဳ႕ထဲဝင္ၿပီး လိုက္ပို႔ေပးမယ့္ ကားေတြကလည္း ေစာင့္ေနပါၿပီ ။ ကြင္းထဲမွာ ျခင္ကလည္း ရက္ရက္စက္စက္ကိုက္တာ အၿငိမ္တခ်က္မေနရဘူးဗ်ာ ။

အဲ့လိုနဲ႔ ကြင္းထဲမွာ ၿမိဳ႕တူရာ၊ ၿမိဳ႕ခ်င္းနီးရာလူေတြေ႐ြးပါတယ္ ။ ၁၅ ေယာက္ တစ္စီးနဲ႔ မွန္လုံကားေပၚတင္ၿပီးဘန္ေကာက္ၿမိဳ႕ထဲ သူ႔လိပ္စာနဲ႔သူ တစ္ဦးခ်င္း သြားမယ့္ၿမိဳ႕အလိုက္ ကားေတြခြဲၿပီးလိုက္ပို႔ပါတယ္။

ကိုယ္နဲ႔ခ်ိတ္ထားတဲ့အခန္းေရာက္မွပဲ ေရမိုးခ်ိဳးၿပီး နားရေတာ့တယ္ ။ ကြၽန္ေတာ္ကေတာ့ ေန႔လည္နာရီျပန္ ၁ ခ်က္မွ ကိုယ္ေနမယ့္အေဆာင္ကိုေရာက္ပါတယ္ ။ တစ္ကိုယ္လုံးနာက်င္ကိုက္ခဲလိုက္တာမွ ေျပာကို မေျပာခ်င္ေတာ့ပါဘူး ။ သြားရတာက ျမဝတီက စထြက္ခ်ိန္ဆို (၂) ညအိပ္ (၂) ရက္ၾကာပါတယ္ ။

ကိုယ့္႐ြာက လာတဲ့ရက္နဲ႔ဆို ၃ ရက္ ၃ ည ၾကာမွ ဘန္ေကာက္ေရာက္ပါတယ္ ။ ဒါက လမ္းေၾကာင္းရွင္းလို႔ပါ ။ လမ္းေၾကာင္းမရွင္းရင္ (၁) ပတ္၊ ရက္ (၂၀) ေလာက္အထိ ေတာထဲေနရတယ္လို႔ ေျပာၾကပါတယ္ ။

ဒါနဲ႔ ကိုယ့္ပြဲစားက ဘန္ေကာက္မွာေနတာဆိုေတာ့ ဘန္ေကာက္ေရာက္လို႔ ပြဲစားကို VIP ကိစၥေမးေတာ့ ကြၽန္မ VIP ဆိုတာ အစ္ကိုတို႔ေျပာမွ သိတာတဲ့ ။ VIP အေၾကာင္းေျပာတာလည္းသူ ။ VIP ဆိုၿပီး လမ္းေလွ်ာက္စရာမဘူး ကားနဲ႔ ဒါဒိုက္အေရာက္ပို႔မယ္ဆိုၿပီး ပိုက္ဆံပိုေတာင္းတာလည္း သူ ။ အခု VIP ကို သူမသိဘူးတဲ့။ အဲ့လိုပြဲစားေတြလည္းရွိတယ္ေနာ္ အျငင္းမပြားခ်င္တာနဲ႔ ဪ.. ဟုတ္လားလို႔ပဲ ေျပာလိုက္ပါေတာ့တယ္ ။

ေအာက္လမ္းက လာတာဆိုေတာ့ အေထာက္အထားကမရွိ၊ ထိုင္းစကားက မတတ္၊ လူခံကလည္းမရွိဆိုေတာ့ ထိုင္းႏိုင္ငံေရာက္ၿပီဆိုကတည္းက သူမ်ားျပဳသမွ် ႏုရေတာ့တာပါပဲ ။ ဒါကေတာ့ ဘန္ေကာက္သို႔သြား ေတာလားပဲျဖစ္ပါတယ္ ။ သူငယ္ခ်င္းတစ္ေယာက္ရဲ႕ ေျပာျပခ်က္ကို ဗဟုသုတအျဖစ္တင္ျပလိုက္ပါတယ္ ။ သတၱဝါအားလုံး ဆင္းရဲဒုကၡအေပါင္းမွ ကင္းေဝးၾကပါေစ ။

Be the first to comment

Leave a Reply

Your email address will not be published.


*