“လူပျိုကြီးတော့ ဇွတ်၊ အပျိုကြီးတော့ ရွှတ်၊ ဒေါင်းတောက်တယ်” စတဲ့ စကားလုံးများ အဓိပ္ပါယ်

“လူပျိုကြီးတော့ ဇွတ်၊ အပျိုကြီးတော့ ရွှတ်၊ ဒေါင်းတောက်တယ်” စတဲ့ စကားလုံးများ အဓိပ္ပါယ်

“ဒေါင်းတောက်ဆိုတဲ့ စကားအဓိပ္ပါယ်” (ဆရာကြီး ဦးအောင်သင်း ဖြေဆိုသည်)

မေး ။ ။ ဆရာ ဒေါင်းတောက်အောင် ရှာရတယ်ဆိုတာ လူတွေပြောတာကို မကြာခဏကြားဖူးတယ်။ ဒေါင်းတောက်အောင် ဆိုတာဘာလဲမေးကြည့်တော့လဲ ဘယ်သူမှ ရေရေရာရာ မပြောနိုင်ကြဘူး။ ဒေါင်းတောက် အောင်ဆိုတာကို ဘာကြောင့် ပြောကြတာလဲ။ ဘာအဓိပ္ပာယ်လဲဆရာ..

ဖြေ ။ ။ အေးမင်းတို့လိုပဲ ငါလဲ အူလည်လည် ဖြစ်ခဲ့ဖူးတယ်။ သို့သော်လဲ ငါကကံအားလျော်စွာ ရင်းမြစ်အဖြေကို သိလာရတယ် ငါကစာပေဟောပြောပွဲတွေသွားရင်းတောခေါင်ခေါင် ကျေးရွာလေးတစ်ခုကို ရောက်သွားခဲ့ပါတယ်။ ငါမှတ်မိသလောက်တော့ဖြင့် တောင်တွင်းကြီး နဲ့ နေပြည်တော် ပျဉ်းမနားကြား မီးရထားဘူတာလေးရှိတဲ့ မင်းပြင်ဆိုတဲ့ ရွာကလေး ထင်မိတာပဲ။ တောအုပ် မြိုင်အုပ်အလွန်ကြီးတဲ့ နေရာတွေပေါ့။ အဲဒီမှာက ညနေပိုင်းဆိုရင် နေစောင်းတာနဲ့ မှောင်ရီပျိုးလာတာပဲ။

အဲ့လို မှောင်ရီပျိုးစအချိန် ညစာအတွက်ထမင်းပွဲပြင်နေကြတုန်းမှာ တောထဲက ဒုတ်ဒုတ်နဲ့ သစ်ခုတ်သံ ကြားရတာကိုး ဒါနဲ့ပဲ ငါကနားစွင့်နေလိုက်ရင်း “ဒီအချိန်မှာတောင် သစ်ခုတ်တဲ့လူရှိသေးသလား” လို့ မေးလိုက်တော့ အိမ်ရှင်ကပြုံးပြီး “သစ်ခုတ်တာမဟုတ်ဘူး ဒေါင်းတောက်နေတာပါ” တဲ့။

ငါလဲ အံ့အားသင့်ပြီး “ဒေါင်းက သစ်ပင်ကိုနှုတ်သီးနဲ့ ပေါက်နေတာလား” လို့ မေးတော့ “မဟုတ်ဘူး ဆရာ။ အဲဒီအတိုင်း ဒေါက်ဒေါက်နဲ့ မြည်နိုင်ပါတယ်။ ဒီလိုပါပဲ နေဝင်ချိန်အိပ်တန်းတက်တော့မှာမို့ သားသမီးတွေကို လိုက်ရှာအသံပေးပြီး စုခေါ်တာပေါ့ဆရာရယ်” တဲ့။

ငါ့စိတ်ထဲမှာ လုံးဝ မထင်မှတ်တာမို့ အံ့အားတောင်သင့်သွားမိတယ်။ အသံက ဒေါက်ဒေါက်နဲ့ မာလွန်းလို့ ဒေါင်းတွန်တာနဲ့ ဆက်စပ်လို့ကို မရနိုင်လောက်အောင်ပါပဲ။

ဒေါင်းမိခင်၊ ဖခင်က သားသမီးတွေကို အိပ်တန်းတက်ချိန်မှာ ရှာကြ၊ ဖွေကြတာကိုးကွယ့် အဲဒါကိုဥပမာပေးပြီး ပြောတာမို့ ဒေါင်းတောက်သလို ရှာတယ်လို့ ပြောခဲ့ကြတာ။ စဉ်းစားကြည့်တော့ ဒေါင်းတောက်သလိုလို့ သုံးခဲ့ကြတာဖြစ်မှာပေါ့။

ခုတော့ ဒေါင်းတောက်အောင်လို့ ပြောနေကြတယ်။ ငါလဲ ဒီလိုပဲ ပြောမိခဲ့တာပါပဲ။ တကယ်ဆိုတော့ရင်းမြစ်ကို မသိကြလို့ ဒီလို ပြောနေကြတာပါ။ ကဲ.. ဒေါင်းတောက်တာကို နားလည်ရော့ပေါ့။ ဒေါင်းတွန်တာကိုကော သိရဲ့လား။ ဘယ်လိုတွန်သလဲ.. “အိုးဝေလို့ တွန်တာပေါ့ ဆရာ” “မင်းကြားဖူးသလား” “မကြားဖူးဘူးဆရာ”

“အေး ဟုတ်လိမ့်မယ် ဘယ်ကြားဖူးမလဲ တောကြီးမြိုင်ကြီးထဲမှာ ဆိုရင်တော့ တောလုံးဟိန်းသွားအောင် မြည်တာပေါ့.. ဒါပေမယ့် အသက်ကြီးလာတော့ အိုးဝေလို့ မမြည်နိုင်တော့ဘူး။ အိုးဝေထိအောင် မရောက်တော့ဘဲ အွတ်လို့ပဲမြည်နိုင်သတဲ့။ ဒါကြောင့် ဒေါင်းကြီးတော့ အွတ်၊ ကြောင်ကြီးတော့ ညွတ်လို့ပြောကြတယ်..

“ကြောင်ကြီးတော့ ညွတ်ဆိုတာက.. ကြောင်ဆိုတာ ညောင်လို့ မြည်တတ်ကြတာ မဟုတ်လား။ ဒါပေမယ့် အသက်ကြီးလာတော့ ညောင်လို့ မြည်ပေမယ့် ညောင့်ညွတ်လို့ပဲ အသံထွက်နိုင်တော့တယ်။ ဒါကြောင့် ဒေါင်းကြီးတော့ အွတ်၊ ကြောင်ကြီးတော့ ညွတ် လူပျိုကြီးတော့ ဇွတ်တဲ့။ မင်းတို့လို ကောင်မျိုး တွေပေါ့ကွာ”

“ဟာ.. ဆရာကလဲ ထားပါတော့။ အပျိုကြီးတော့ကော” “အပျိုကြီးတော့ ရွှတ်တဲ့” “ဟာ.. ဆရာကတော့ ပြောပြီ။ ရွှတ်ဆိုတာ ဘာလဲဆရာရဲ့”.. “ရွှတ်တီး ရွှတ်တောက် ပေါက်တတ်ကရ ရယ်စရာတွေ လုပ်တတ်တာကို ပြောတာကွယ့်။ ဒီကောင် လေးနော် မျက်စိနောက်လာပြီ။

ငါတော့နင့်ကို ဖက်နမ်းမိတော့မှာပဲ ဆိုတာမျိုး လူကြား သူကြားထဲမှာ ပြောချင်ပြောပစ်တာ။ ကောင်လေး ပေါက်စတွေက အပျိုတွေ ဝိုင်းရယ်တော့ ရှက်ကြတာပေါ့”

“ဆရာကတော့ ပေါက်တတ် ကရတွေ စုံနေအောင်ပြောတာပဲ”.. “အေးလေကွာ၊ ငါက ထွင်တာမဟုတ်ပါဘူး။ လူကြီးတွေ ပြောတာကို မှတ်ထားရတာပါ။ မင်းလဲ မှတ်သွားပေါ့ကွာ”.. “မှတ်မိပါတယ်ဆရာ ဒေါင်းကြီးတော့အွတ်၊ ကြောင်ကြီးတော့ ညွတ်၊ လူပျိုကြီးတော့ ဇွတ်၊ အပျို ကြီးတော့ ရွှတ်”

“ဟကောင်ရ ဒေါင်းတောက်တော့ကော”.. “မှတ်မိပါတယ် ဆရာရဲ့” (ဆရာအောင်သင်း)

Zawgyi

“လူပ်ိဳႀကီးေတာ့ ဇြတ္၊ အပ်ိဳႀကီးေတာ့ ႐ႊတ္၊ ေဒါင္းေတာက္တယ္” စတဲ့ စကားလုံးမ်ား အဓိပၸါယ္

“ေဒါင္းေတာက္ဆိုတဲ့ စကားအဓိပၸါယ္” (ဆရာႀကီး ဦးေအာင္သင္း ေျဖဆိုသည္)

ေမး ။ ။ ဆရာ ေဒါင္းေတာက္ေအာင္ ရွာရတယ္ဆိုတာ လူေတြေျပာတာကို မၾကာခဏၾကားဖူးတယ္။ ေဒါင္းေတာက္ေအာင္ ဆိုတာဘာလဲေမးၾကည့္ေတာ့လဲ ဘယ္သူမွ ေရေရရာရာ မေျပာႏိုင္ၾကဘူး။ ေဒါင္းေတာက္ ေအာင္ဆိုတာကို ဘာေၾကာင့္ ေျပာၾကတာလဲ။ ဘာအဓိပၸာယ္လဲဆရာ..

ေျဖ ။ ။ ေအးမင္းတို႔လိုပဲ ငါလဲ အူလည္လည္ ျဖစ္ခဲ့ဖူးတယ္။ သို႔ေသာ္လဲ ငါကကံအားေလ်ာ္စြာ ရင္းျမစ္အေျဖကို သိလာရတယ္ ငါကစာေပေဟာေျပာပြဲေတြသြားရင္းေတာေခါင္ေခါင္ ေက်း႐ြာေလးတစ္ခုကို ေရာက္သြားခဲ့ပါတယ္။ ငါမွတ္မိသေလာက္ေတာ့ျဖင့္ ေတာင္တြင္းႀကီး နဲ႔ ေနျပည္ေတာ္ ပ်ဥ္းမနားၾကား မီးရထားဘူတာေလးရွိတဲ့ မင္းျပင္ဆိုတဲ့ ႐ြာကေလး ထင္မိတာပဲ။ ေတာအုပ္ ၿမိဳင္အုပ္အလြန္ႀကီးတဲ့ ေနရာေတြေပါ့။ အဲဒီမွာက ညေနပိုင္းဆိုရင္ ေနေစာင္းတာနဲ႔ ေမွာင္ရီပ်ိဳးလာတာပဲ။

အဲ့လို ေမွာင္ရီပ်ိဳးစအခ်ိန္ ညစာအတြက္ထမင္းပြဲျပင္ေနၾကတုန္းမွာ ေတာထဲက ဒုတ္ဒုတ္နဲ႔ သစ္ခုတ္သံ ၾကားရတာကိုး ဒါနဲ႔ပဲ ငါကနားစြင့္ေနလိုက္ရင္း “ဒီအခ်ိန္မွာေတာင္ သစ္ခုတ္တဲ့လူရွိေသးသလား” လို႔ ေမးလိုက္ေတာ့ အိမ္ရွင္ကၿပဳံးၿပီး “သစ္ခုတ္တာမဟုတ္ဘူး ေဒါင္းေတာက္ေနတာပါ” တဲ့။

ငါလဲ အံ့အားသင့္ၿပီး “ေဒါင္းက သစ္ပင္ကိုႏႈတ္သီးနဲ႔ ေပါက္ေနတာလား” လို႔ ေမးေတာ့ “မဟုတ္ဘူး ဆရာ။ အဲဒီအတိုင္း ေဒါက္ေဒါက္နဲ႔ ျမည္ႏိုင္ပါတယ္။ ဒီလိုပါပဲ ေနဝင္ခ်ိန္အိပ္တန္းတက္ေတာ့မွာမို႔ သားသမီးေတြကို လိုက္ရွာအသံေပးၿပီး စုေခၚတာေပါ့ဆရာရယ္” တဲ့။

ငါ့စိတ္ထဲမွာ လုံးဝ မထင္မွတ္တာမို႔ အံ့အားေတာင္သင့္သြားမိတယ္။ အသံက ေဒါက္ေဒါက္နဲ႔ မာလြန္းလို႔ ေဒါင္းတြန္တာနဲ႔ ဆက္စပ္လို႔ကို မရႏိုင္ေလာက္ေအာင္ပါပဲ။

ေဒါင္းမိခင္၊ ဖခင္က သားသမီးေတြကို အိပ္တန္းတက္ခ်ိန္မွာ ရွာၾက၊ ေဖြၾကတာကိုးကြယ့္ အဲဒါကိုဥပမာေပးၿပီး ေျပာတာမို႔ ေဒါင္းေတာက္သလို ရွာတယ္လို႔ ေျပာခဲ့ၾကတာ။ စဥ္းစားၾကည့္ေတာ့ ေဒါင္းေတာက္သလိုလို႔ သုံးခဲ့ၾကတာျဖစ္မွာေပါ့။

ခုေတာ့ ေဒါင္းေတာက္ေအာင္လို႔ ေျပာေနၾကတယ္။ ငါလဲ ဒီလိုပဲ ေျပာမိခဲ့တာပါပဲ။ တကယ္ဆိုေတာ့ရင္းျမစ္ကို မသိၾကလို႔ ဒီလို ေျပာေနၾကတာပါ။ ကဲ.. ေဒါင္းေတာက္တာကို နားလည္ေရာ့ေပါ့။ ေဒါင္းတြန္တာကိုေကာ သိရဲ႕လား။ ဘယ္လိုတြန္သလဲ.. “အိုးေဝလို႔ တြန္တာေပါ့ ဆရာ” “မင္းၾကားဖူးသလား” “မၾကားဖူးဘူးဆရာ”

“ေအး ဟုတ္လိမ့္မယ္ ဘယ္ၾကားဖူးမလဲ ေတာႀကီးၿမိဳင္ႀကီးထဲမွာ ဆိုရင္ေတာ့ ေတာလုံးဟိန္းသြားေအာင္ ျမည္တာေပါ့.. ဒါေပမယ့္ အသက္ႀကီးလာေတာ့ အိုးေဝလို႔ မျမည္ႏိုင္ေတာ့ဘူး။ အိုးေဝထိေအာင္ မေရာက္ေတာ့ဘဲ အြတ္လို႔ပဲျမည္ႏိုင္သတဲ့။ ဒါေၾကာင့္ ေဒါင္းႀကီးေတာ့ အြတ္၊ ေၾကာင္ႀကီးေတာ့ ၫြတ္လို႔ေျပာၾကတယ္..

“ေၾကာင္ႀကီးေတာ့ ၫြတ္ဆိုတာက.. ေၾကာင္ဆိုတာ ေညာင္လို႔ ျမည္တတ္ၾကတာ မဟုတ္လား။ ဒါေပမယ့္ အသက္ႀကီးလာေတာ့ ေညာင္လို႔ ျမည္ေပမယ့္ ေညာင့္ၫြတ္လို႔ပဲ အသံထြက္ႏိုင္ေတာ့တယ္။ ဒါေၾကာင့္ ေဒါင္းႀကီးေတာ့ အြတ္၊ ေၾကာင္ႀကီးေတာ့ ၫြတ္ လူပ်ိဳႀကီးေတာ့ ဇြတ္တဲ့။ မင္းတို႔လို ေကာင္မ်ိဳး ေတြေပါ့ကြာ”

“ဟာ.. ဆရာကလဲ ထားပါေတာ့။ အပ်ိဳႀကီးေတာ့ေကာ” “အပ်ိဳႀကီးေတာ့ ႐ႊတ္တဲ့” “ဟာ.. ဆရာကေတာ့ ေျပာၿပီ။ ႐ႊတ္ဆိုတာ ဘာလဲဆရာရဲ႕”.. “႐ႊတ္တီး ႐ႊတ္ေတာက္ ေပါက္တတ္ကရ ရယ္စရာေတြ လုပ္တတ္တာကို ေျပာတာကြယ့္။ ဒီေကာင္ ေလးေနာ္ မ်က္စိေနာက္လာၿပီ။

ငါေတာ့နင့္ကို ဖက္နမ္းမိေတာ့မွာပဲ ဆိုတာမ်ိဳး လူၾကား သူၾကားထဲမွာ ေျပာခ်င္ေျပာပစ္တာ။ ေကာင္ေလး ေပါက္စေတြက အပ်ိဳေတြ ဝိုင္းရယ္ေတာ့ ရွက္ၾကတာေပါ့”

“ဆရာကေတာ့ ေပါက္တတ္ ကရေတြ စုံေနေအာင္ေျပာတာပဲ”.. “ေအးေလကြာ၊ ငါက ထြင္တာမဟုတ္ပါဘူး။ လူႀကီးေတြ ေျပာတာကို မွတ္ထားရတာပါ။ မင္းလဲ မွတ္သြားေပါ့ကြာ”.. “မွတ္မိပါတယ္ဆရာ ေဒါင္းႀကီးေတာ့အြတ္၊ ေၾကာင္ႀကီးေတာ့ ၫြတ္၊ လူပ်ိဳႀကီးေတာ့ ဇြတ္၊ အပ်ိဳ ႀကီးေတာ့ ႐ႊတ္”

“ဟေကာင္ရ ေဒါင္းေတာက္ေတာ့ေကာ”.. “မွတ္မိပါတယ္ ဆရာရဲ႕” (ဆရာေအာင္သင္း)

Be the first to comment

Leave a Reply

Your email address will not be published.


*