တစ်ပတ်စာ ၇ရက်သားသမီးဟောစာတမ်း

တနင်္ဂနွေ

ဒီကာလအတွင်းစိတ်ချမ်းသာရလိမ့်မယ်။အရင်အပတ်ကစိတ်ရှုပ်စရာတွေကင်းဝေးသွားပါလိမ့်မယ်။ အလုပ်ပို၊ ကိစ္စပိုတွေကနေတဆင့် ငွေတွေဝင်လာတတ်ပါတယ်။ ပင်မအလုပ်ထက် ချဲ့ထွင်ထားတဲ့အလုပ်တွေကပို အကျိုး ပေးပါတယ်။ ခရီးကိစ္စများ၊ရပ်ဝေးနိုင်ငံခြားကိစ္စများ အဆင်ပြေချောမွေ့လာတတ်ပါတယ်။ ရပ်ဝေးကနေလက်ဆောင်တွေ လဲရလာတတ်ပါတယ်။

ဘောက်ဆူးရတာမျိုး ၊ရောင်းလိုတဲ့ပစ္စည်းရောင်းထွက်သွားလို့ငွေအစုလိုက် ဝင် တာ မျိုးတွေကြုံရတတ်ပါတယ်။ ဒီအပတ်ထဲအားရစရာကောင်းတဲ့နောက်တစ်ချက်က ကျန်းမာရေးပဲဖြစ်ပါ တယ်။ ကျန်းမာရေးအားနည်းခဲ့သူများ ဒီကာလမှာသိသိသာသာကျန်းမာလာတတ်ပါတယ်။ လူများများနဲ့တွဲဖက် လုပ်ကိုင် ဆောင်ရွက်ရတဲ့အလုပ် တွေမှာတော့ ထင်ထားသည်ထက်ပိုမိုအောင်မြင်မှုတွေကို ကြုံရတတ်ပါတယ်။

ငွေကြေးနဲ့ ပတ် သက်ပြီးအလွန် လာဘ်လာဘပေါများတတ်ပါတယ်။ အချစ်ရေး ကိစ္စတွေမှာ ချစ်သူရဲ့ မြတ်နိုးတန်ဖိုး ထားမှု ကို ရလွယ်နိုင်တဲ့အချိန်ကာလပါပဲ။ သားသမီးအတွက် စိတ်ပူပန်ရတာတွေတော့ရှိနေ တတ်ပါတယ်။ အိမ်ထောင် ရေးလဲ အညံ့မရှိပေမဲ့ အိမ်ထောင်ဘက်ရဲ့ကျန်းမာရေးခြူခြာနိုင်တာမို့သူအတွက်စိတ်ပူပန် ရတတ်ပါတယ်။ ပညာရေး ကိစ္စ တွေမှာတော့ အနည်းငယ်အားနည်းတာကိုတွေ့ရပါတယ်။

အကျိုးပေးဂဏန်း 9/5/6အထူးဟော စိတ်ချမ်းသာရပါလိမ့်မယ်။ယတြာ မုန့်ဟင်းခါး ဘုရားကပ်လှူပါ။

တနင်္လာ

စိတ်ထဲရှိတဲ့အတိုင်းပြောရရင်တော့ ဒီကာလဟာ ကံအညံ့လေးတွေများနေတဲ့ကာလပါပဲ။ လူငယ်တွေဆိုရင်တော့လွတ်လပ်မှုတွေပျောက်ဆုံးနေရတတ်ပါတယ်။ ချုပ်ခြယ်မှု၊စိတ်ဖိစီးမှု၊အလုပ်တွင် Pressure ပေးခံရမှုတွေက ဒီကာလမှာ ဖြစ်လာဖွယ်ရှိနေပါတယ်။ ငွေကြေးကိုချင့်ချိန်သုံးသင့်တဲ့ကာလပါပဲ။ ကုန်စရာတွေတစ်ခုပြီးပေါ်လာ တတ်ပါတယ်။

ငွေကြေးချေးငှားခြင်းကိစ္စတွေကို ဒီအပတ်ထဲတက်နိုင်သလောက်ရှောင်နိုင်ရင်ပိုကောင်းပါတယ်။ အလုပ်ကိစ္စတွေမှာ ငွေကြေးကိုင်တွယ်လုပ်ရသူတွေသတိထားစေချင်ပါတယ်။ ငွေကြေးအမှားအယွင်းအပျောက် အရှလေးတွေရှိတတ်ပါတယ်။ လူငယ်များ အပေါင်းအသင်းမှားတတ်ပါတယ်။ ဆိုးသွမ်းတဲ့ မိတ်ဆွေတွေကို ပေါင်းသင်းမိရာကစလို့ ပြဿနာကြားမိမိဝင်ပါလာရတတ်ပါတယ်။

ကျန်းမာရေးကတော့ အိမ်ထဲနေရင်အကောင်း၊ ခရီးတို ခရီးရှည်လေးတွေသွားပြီး ပြန်လာရင်တော့ ဖျားနာတတ်တာမျိုးကြုံရဖွယ်ရှိနေပါတယ်။ အချစ်ရေးမှာတော့ ကြားဝင်နှောက်ယှက်သူတွေရှိနေ တတ်ပါတယ်။ ကိုယ်တိုင်က ပါးနပ်လိမ္မာမှအချစ်ရေးသာယာနိုင်ပါလိမ့်မယ်။ အိမ်ထောင်ရေးကံကောင်းပေမဲ့ အိမ် ထောင်ဘက်ကအလုပ်အပေါ်အာရုံစိုက်ပြီး မိသားစုကိုဂရုမစိုက်နိုင်တာလေး တွေရှိရင်နားလည်ပေးဖို့လိုပါတယ်။ ပညာရေးမှာတော့ ဆရာကဘယ်လောက်သင်သင်၊ကိုယ်က နားဝင်ဖို့၊နားလည်ဖို့ ခဲယဉ်းနေတာကိုတွေ့ရပါတယ်။

အကျိုးပေးဂဏန်း 1/0/6

အထူးဟော ကံအားနည်းနေမည်။

ယတြာ ရေနွေးကြမ်းနှင့် ကောက်ညှင်းပေါင်းဘုရားကပ်ပါ။

အင်္ဂါ

အလုပ်နဲ့ပတ်သက်ပြီး မိမိကိုယ်တိုင်ကအာရုံစိုက် စိတ်နှစ်ထားဖို့လိုပါတယ်။ အဲလိုမှစိတ်မနှစ်ထားရင်ကိုယ် တိုင်ကပျင်းရိနေပြီးဘာမှမလုပ်ချင် မကိုင်ချင်ဆိုတာမျိုးတွေဖြစ်နေရတတ်ပါတယ်။ ဒါကြောင့်ဒီကာလက ပေါ့လိုက် တာနဲ့အလုပ်အကြွေးတွေများသွားနိုင်ပါတယ်။ ငွေများစွာသုံးပြီး ပစ္စည်းတစ်ခုခုဝယ်ရမယ်ဆိုရင် ဒီကာလမှာ ချင့်ချိန် စေချင်ပါတယ်။ကိုယ်ဝယ်လိုက်တဲ့ပစ္စည်းကခဏလေးနဲ့ပျက်စီးသွားနိုင်လို့ပါပဲ။တတ်နိုင်သမျှအရေးမကြီးရင်တန်ဖိုး ကြီးတာတွေနောက်အပတ်မှသာဝယ်ပါ။

မိမိကြိုးစားမှုကြောင့်အသိအမှတ်ပြုခံရတာမျိုးတွေ၊ရာထူးတဆင့်တိုးတာ မျိုးတွေအထူးကြုံရတတ်ပါ တယ်။ ကိုယ်ပိုင်စီးပွားများကတော့ အတိုက်အခံများပါတယ်။မနာလိုသူတွေက အကွက် ချချောက်ချတာမျိုးတွေကိုလဲကြုံရတတ်ပါတယ်။အန္တရာယ်ရှိတဲ့စက်ကားတွေ၊ဝပ်ရှော့အလုပ်လုပ်ကြသူတွေအရမ်း ကြီး အလောသုံးဆယ်မလုပ်ဖို့ ပြောလိုပါတယ်။သွေးထွက်သံယိုကိစ္စတွေ အလျင်လိုအနှေးဖြစ်တာမျိုးတွေ ကြုံရ တတ်ပါ တယ်။

အချစ်ရေးကိစ္စတွေမှာတော့ ဒီအပတ်က စန်းပွင့်နေတာကိုတွေ့ရပါတယ်။ ချစ်သူခင်သူပေါများတယ်။ ကိုယ် ချစ်ရသူဆီကနေ အဖြေရတတ်ပါတယ်။ ချစ်သူသစ်လဲ ရလာတတ်ပါတယ်။ အိမ်ထောင်ရေးမှာတော့ အိမ်ထောင်ဘက်က ခရီးကိစ္စတွေပေါ်လာတတ်ပါတယ်။ ပညာရေးအတွက် စိတ်ညစ်စရာ စိတ်ပင်ပန်းစရာတွေကြုံ လာ ရတတ် ပါတယ်။

အကျိုးပေးဂဏန်း 1/7/4

အထူးဟော ကံသင့်ပါတယ်။

ယတြာ ဘုရားကျောင်းဆောင်ကိုသန့်ရှင်းရေးလုပ်ပေးပါ။

ဗုဒ္ဓဟူး၊ရာဟု

လုပ်စရာရှိတာတွေကို အချိန်မဆိုင်းဘဲလုပ်သွားဖို့လိုပါတယ်။ ကံကြမ္မာက အလုပ်အကိုင်အတွက်အခွင့် အရေးတွေပေးနေချိန်ဖြစ်ပါတယ်။ လုပ်ငန်းရှာနေသူများအလုပ်ရတတ်သလို ကိုယ်ပိုင်အလုပ်များလဲ ဖောက်သည် တွေရလာတတ်ပါတယ်။ ငွေကြေးနဲ့ပတ်သက်ပြီးတော့လဲ စိတ်ချမ်းသာစရာများတယ်။ ရစရာရှိတာတွေ၊ကြန့်ကြာ နေတာတွေပြန်ရလာတတ်ပါတယ်။

မိသားစုစီးပွားရေးရှိသူများ လုပ်ငန်းတိုးတတ်လာဖွယ်ရှိပါတယ်။ မိသားစုဝင်ထဲ ကတစ်ယောက်ယောက်ရဲ့ အောင်မြင်တဲ့သတင်းကောင်းတွေကြားလာရတတ်ပါတယ်။ အလုပ်နဲ့ပတ်သက်ပြီးတော့ မိမိကိုယ်တိုင်က စေတနာပါပါလုပ်လေ၊အသိအမှတ်ပြုခံရလေပါပဲ၊ အိမ်သစ်စတင်ဆောက်တာမျိုးတွေ၊တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေအထူးဆောင်ရွက်လို့ကောင်းတဲ့ကာလပါပဲ။ ရင်းနှီးမြုပ်နှံထားတဲ့ကုန် တွေဈေးကောင်းရလာ တတ်ပါတယ်။

အာယုဂြိုဟ်တွေအားနည်းနေချိန်မို့ ကျန်းမာရေးကတော့ဒီအပတ်ထဲစိတ်မချရပါဘူး။ အငန်လျှော့ စားပါ။ အရက်၊အချိုရည် ၊ဟော့ပေါ့စားခြင်းများဒီကာလရှောင်နိုင်ရင် ပိုကောင်းပါတယ်။ အိမ်ထောင်ရေးမှာတော့ စိတ်ချမ်းသာစရာများပါတယ်။ အိမ်ထောင်ဘက်နဲ့ စိတ်တူသဘောတူဖြစ်နေတတ်ပါတယ်။ ပညာရေးကတော့ စိတ်ချမ်းသာရတတ်ပါတယ်။ အပေါင်းအသင်းတွေနဲ့ဝိုင်းဖွဲ့ပြီးစာလုပ်ပါ။

အကျိုးပေးဂဏန်း 1/2/5

အထူးဟော အလုပ်ကံ၊စီးပွားကံမြင့်မားနေပါလိမ့်မယ်။

ယတြာ မြေပဲကြော်ဘုရားကပ်လှူလိုက်ပါ။

ကြာသပတေး

ဒီကာလတွေမှာသတိထားရမှာကနာမည်ပျက်စရာကြုံတတ်ပါတယ်။အထူးသဖြင့် မိမိရဲ့လုပ်ရပ်မှား၊ အပြော မှားတွေကြောင့် ဖြစ်ရတာများပါတယ်။ အချစ်ရေးကိစ္စတွေမှာလဲ လမ်းခွဲစရာကိစ္စတွေပေါ်လာတတ်ပါတယ်။ စိတ် ကူးထားတဲ့ကိစ္စတွေကို သေချာပြန်သုံးသပ်ပြီးမှလုပ်ကိုင်စေချင်ပါတယ်။ ကိုယ်တွေးတာမှန်ပေမဲ့အများအမြင် မှာတော့ မသင့်တော်တာတွေဖြစ်တတ်ပါတယ်။ ငွေအကုန်များတတ်ပါတယ်။

ငွေကုန်သွားတာပြဿနာမဟုတ်ပေမဲ့ အကျိုးမရှိဘဲကုန်သွားတာမျိုးကိုတော့သတိနဲ့ဆင်ခြင်စေချင်ပါတယ်။ အလုပ်ကြိုးစားသူများ လုပ်ငန်းရှင်က အလုပ်ပိုတွေ ထပ်ခိုင်းချင်လာတတ်ပါတယ်။ မိမိက မနိုင်ဝန်ဖြစ်မယ်ဆိုရင်အားမနာပါနဲ့။ ငြင်းလိုက်ပါ။ အိမ်ထောင်ရေးကိစ္စတွေ မှာ အညံ့အဆိုးတော့မတွေ့ရပါဘူး။ စိတ်ချမ်းသာစရာများပါတယ်။ မိတ်ဆွေရင်းတွေရဲ့ ဒုက္ခတွေကို ငွေအား၊လူအား နဲ့ဖြေရှင်းပေးနေရတတ်ပါတယ်။

ခရီးနဲ့ပတ်သက်ရင်လဲဒီကာလမှာတော့အပျော်အပါးခရီးတွေကိုရှောင်သင့်ပါတယ်။ အလုပ်စီးပွားနဲ့ပတ်သက်တဲ့ခရီးကလွဲလို့ အခြားခရီးတွေကိုရှောင်စေ ချင်ပါတယ်။ ညနက်သန်းခေါင် အပြင်ထွက် တာမျိုး၊ အပျော်အပါးနောက်လိုက်တာမျိုးရှောင်ပါ။ အဖမ်းအဆီးရတတ်ပါ တယ်။ ငွေကြေးနဲ့ပတ်သက်ပြီး တော့ အဝင်ကြမ်းအထွက်ကြမ်းဖြစ်နေတတ်ပါတယ်။ကျန်းမာရေးကတော့ဒီကာလမှာသွေးလည်ပတ်မှုအားနည်းနေတတ် ပါ တယ်။ ကိုယ်လက်လှုပ်ရှားမှုလေးတွေလုပ်ပေးပါ။

အကျိုးပေးဂဏန်း 2/3/6

အထူးဟော လူမှုရေးကိစ္စတွေများနေတတ်ပါတယ်။

ယတြာ တံတားပြုပြင်တဲ့နေရာတွေမှာ အလှူငွေထည့်ဝင်ပါ။

သောကြာ

ဒီကာလအတွင်းမိမိဖြစ်ချင်တာတွေကို ဦးစားပေးလုပ်ကိုင်နိုင်မှာမဟုတ်ပါဘူး။ သူများတွေဖြစ်ချင်တဲ့ကိစ္စ တွေကိုပဲဦးစားပေးနေရတတ်ပါတယ်။ ငွေကြေးနဲ့ပတ်သက်ပြီးစုဆောင်းရခက်ခဲနေတတ်ပါတယ်။ သူများတွေကို ငွေကြေးလက်လွန်ထားတယ်ဆိုရင်တော့ ပြန်တောင်းရခက်ခဲနေတတ်ပါတယ်။ ငွေမချေးပါနဲ့။ ငွေကိုင်ပြီးရင်းနှီး မြုပ်နှံရတဲ့ကိစ္စမှန်သမျှ အဆုံးအရှုံးများနိုင်ပါတယ်။ ရပ်ဝေးသွားပြီးစီးပွားရှာတာမျိုးတွေကိုရှောင်သင့်ပါတယ်။

ရပ်ဝေးကအလုပ်တွေ တိုးတတ်မှုနှောင့်နှေးတတ်ပါတယ်။ လူမျိုးခြား၊တစိမ်းတရံတွေနဲ့ အကျိုးပေးမှုနည်းပါးတတ် ပါတယ်။ အလုပ်တွေများနေတတ်ပါတယ်။ အချိန်ပိုဆင်းရတာမျိုးတွေကိုလဲ အထူးကြုံနေရတတ်ပါတယ်။ ကိုယ်ပိုင် အလုပ်များ အလုပ်တွေကျနေတာကြောင့် ဝန်ထမ်းတွေတင်မကဘဲ ကိုယ်တိုင်ဝင်ရောက်လုပ်ကိုင်ပေးနေရတတ်ပါ တယ်။ကျန်းမာရေးကတော့ အညံ့များတယ်ဗျ။ သွေးတိုးသမား၊ဆီးချို၊သွေးချိုသမားများသတိထားပါ။

အရေပြားမှာ အနာပေါက်တာမျိုးတွေလဲဖြစ်ရတတ်ပါတယ်။ အချစ်ရေးနဲ့ပတ်သက်ပြီးတော့လဲ အဆင်ပြေတိုးတတ်မှုတွေရှိပါ လိမ့်မယ်။ ချစ်သူကမိမိအလုပ်တွေကို ကူညီဆောင်ရွက်ပေးပါလိမ့်မယ်။ အိမ်ထောင်ရေးကတော့သာယာပျော်ရွှင် ရပါလိမ့်မယ်။ ပညာရှာလို့မကောင်းသေးပါဘူး။

အကျိုးပေးဂဏန်း 3/8/7

အကျိုးပေးဂဏန်း စိတ်ပင်ပန်းနေရမည်။

ယတြာ ဒီကာလအတွင်း ဘုရားရှင်ကိုယပ်တော်သွင်းတာမျိုးခဏခဏလုပ်ပေးပါ။

စနေ

ဒီကာလအတွင်း စိတ်ချမ်းသာကိုယ်ကျန်းမာမှုတွေရှိမဲ့နေ့ရက်တွေ ပဲဖြစ်ပါတယ်။ ငွေကြေးနဲ့ပတ်သက်ပြီး တော့လဲ အလုပ်ထဲမှာလိုအပ်တာတွေကို ရင်းနှီးမြုပ်နှံလိုက်ပါ။ ငွေကြေးရင်းနှီးထားတဲ့ကိစ္စတွေက အကျိုးအမြတ် ကြီးပါလိမ့်မယ်။အလုပ်ခွင်မှာ နေရာပေးလာရင် ရွံရွံချွန်ချွန်လုပ်ပြလိုက်ပါ။ တာဝန်ယူစိတ်အပြည့်နဲ့လုပ်ပြလိုက်ပါ။ သေချာပေါက်ရာထူးတိုးတာအသိအမှတ်ပြုခံရတာတွေကြုံရပါလိမ့်မယ်။ မိမိဖြစ်ချင်တာတွေကိုဖြစ်အောင်လုပ် သွားနိုင်ပါလိမ့်မယ်။

အလုပ်နဲ့ပတ်သက်ပြီးမိမိ အတွက် လိုအပ်တဲ့အကူအညီတွေကိုလဲ မိမိရဲ့ဆရာသမားမိဘတွေ ဆီကရရှိပါလိမ့်မယ်။ ဖခင်က မိမိဖြစ်ချင်တာ တွေကိုလိုက်လျောပါလိမ့်မယ်။ အလုပ်ထဲမှာလစာနည်းနေတာ ဖြစ်စေ၊ အခွင့်အရေးမရတာမျိုးဖြစ်စေ၊ လုပ်ရတာ နဲ့မတန်ဘူးထင်နေတယ်ဆိုရင် အထက်လူကြီးဆီတင်ပြပြောဆိုလို့အလွန်ပဲကောင်းပါတယ်။ ကျန်းမာရေးနှင့်ပတ် သက်ပြီးတော့လဲ အဆိုးအညံ့မရှိသလောက်ရှားပါးနေ တတ်ပါ တယ်။

အချစ်ရေးနဲ့ပတ်သက်ပြီးတော့လဲ အားရစရာကောင်းတဲ့အနေအထားပါ။ မိမိတို့အချစ်ရေးအခြေ အနေကို မိဘတွေ ကိုတိုင်ပင်သင့်တဲ့ကာလပါပဲ။ အိမ်ထောင်ရေးကတော့ သာယာပျော်ရွှင်စရာကောင်းတဲ့နေ့ရက် တွေဖြစ်နေ ပါလိမ့် မယ်။ပညာရေးကတော့ ခေါင်းဆောင်မှုဆိုင်ရာပညာတွေကိုလေ့လာသင့်ပါတယ်။

အကျိုးပေးဂဏန်း 1/8/5အထူးဟော ကံမြင့်မားနေပါလိမ့်မယ်။ယတြာ အားတဲ့နေ့ အရှေ့အရပ်ကိုမျက်နှာမူပြီးခေါင်းလျှော်ခြင်းပြုလုပ်ပါ။

၇ရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)0977 5555 695/09 44 5555 695