
မင်းရာဇာနှင့်ဇနီး အပါအဝင် အောင်လွင်စိုးတို့ကို အလုပ်ကြမ်းနှင့်ထောင်ဒ-ဏ်ချမှတ်
သရုပ်ဆောင် မင်းရာဇာနှင့် ဇနီးဖြစ်သူ ဖူးငုံပွင့် အပါအဝင် မင်းရာဇာ၏ မန်နေဂျာဖြစ်သူ အောင်လွင်စိုး (ခ) ရခိုင်လေးတို့ကို
၂၀၂၃ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့က မြောက်ဥက္ကလာပတရားရုံးကနေ အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၅ နှစ်စီ ချလိုက်ကြောင်း သိရသည်။
၂၀၂၀ ခုနှစ်က အိမ်ဖော် အမျိုးသမီးငယ် တစ်ဦးကို ကိုယ်ထိလက်ရောက် အနိုင် ကျင့်မှုကြောင့် အပြင်းအထန် နာကျင်စေမှု ပုဒ်မ ၃၂၆ နှင့် မြောက်ဥက္ကလာပမြို့နယ်
တရားရုံးမှာ နစ်နာသူ အမျိုးသမီးငယ်ဘက်မှ အကူအညီ ပေးနေသည့် အမျိုးသမီးအဖွဲ့က အမှုဖွင့်တိုင်ကြားခဲ့သည်။
သို့သော် မင်းရာဇာသည် သက်ငယ်မုဒိမ်းမှုဖြင့် တရားစွဲဆိုခံထားရသည့် အမှုမှာ ခရိုင်တရားရုံးမှာ ဆက်လက် ရင်ဆိုင် နေရဆဲဖြစ်သည်ဟု
နစ်နာသူအမျိုးသမီးငယ်ဘက်က လိုက်ပါဆောင်ရွက်ပေးနေသော အမျိုးသမီးအဖွဲ့ မှ ဒေါ်နော်အုံးလှက သူ၏ လူမှုကွန်ရက် စာမျက်နှာမှာ ရေးသား ထုတ်ပြန်ခဲ့သည်။
မင်းရာဇာနှင့် ဇနီး အပါအဝင် အောင်လွင်စိုး(ခ)ရခိုင်လေးတို့သည် အမျိုးသမီးငယ်ကို နှိပ်စက် ညင်းပန်းခြင်းနှင့် သက်ငယ် မုဒိမ်းမှုများကြောင့်
ကရင်ပြည်နယ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်စဉ် ကရင်လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့က ၂၀၂၀ ခုနှစ်တွင် ဖမ်းဆီးပေးခဲ့သည်။
၂၀၂၁ ခုနှစ်တွင် အမှုများ ပိတ်သိမ်းခဲ့ရာ နစ်နာသူ အမျိုးသမီးငယ်ဘက်မှ လိုက်ပါ ဆောင်ရွက် ပေးနေသူများ က ၎င်းအမှုကို မပိတ်သိမ်းသင့်ကြောင်း
ပြန်လည်လျှောက်ထားခဲ့ရာ တရားရုံးမှ လက်ခံ၍ အစမှ ပြန်လည် စစ်ဆေးခဲ့သည်။
ထို့နောက် ၂၀၂၃ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့တွင် သရုပ်ဆောင် မင်းရာဇာနှင့် ဇနီးဖြစ်သူ ဖူးငုံပွင့် အပါအဝင် မင်းရာဇာ၏မန်နေဂျာဖြစ်သူ
အောင်လွင်စိုး (ခ) ရခိုင်လေး တို့ကို အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၅ နှစ်စီ မြောက်ဥက္ကလာပမြို့နယ် တရားရုံးက ချမှတ်ခဲ့သည်။ CRD
Zawgyi
မင္းရာဇာႏွင့္ဇနီး အပါအဝင္ ေအာင္လြင္စိုးတို႔ကို အလုပ္ၾကမ္းႏွင့္ေထာင္ဒ-ဏ္ခ်မွတ္
သ႐ုပ္ေဆာင္ မင္းရာဇာႏွင့္ ဇနီးျဖစ္သူ ဖူးငုံပြင့္ အပါအဝင္ မင္းရာဇာ၏ မန္ေနဂ်ာျဖစ္သူ ေအာင္လြင္စိုး (ခ) ရခိုင္ေလးတို႔ကို
၂၀၂၃ ခုႏွစ္၊ မတ္လ ၁၃ ရက္ေန႔က ေျမာက္ဥကၠလာပတရား႐ုံးကေန အလုပ္ၾကမ္းႏွင့္ေထာင္ဒဏ္ ၅ ႏွစ္စီ ခ်လိုက္ေၾကာင္း သိရသည္။
၂၀၂၀ ခုႏွစ္က အိမ္ေဖာ္ အမ်ိဳးသမီးငယ္ တစ္ဦးကို ကိုယ္ထိလက္ေရာက္ အႏိုင္ က်င့္မႈေၾကာင့္ အျပင္းအထန္ နာက်င္ေစမႈ ပုဒ္မ ၃၂၆ ႏွင့္ ေျမာက္ဥကၠလာပၿမိဳ႕နယ္
တရား႐ုံးမွာ နစ္နာသူ အမ်ိဳးသမီးငယ္ဘက္မွ အကူအညီ ေပးေနသည့္ အမ်ိဳးသမီးအဖြဲ႕က အမႈဖြင့္တိုင္ၾကားခဲ့သည္။
သို႔ေသာ္ မင္းရာဇာသည္ သက္ငယ္မုဒိမ္းမႈျဖင့္ တရားစြဲဆိုခံထားရသည့္ အမႈမွာ ခ႐ိုင္တရား႐ုံးမွာ ဆက္လက္ ရင္ဆိုင္ ေနရဆဲျဖစ္သည္ဟု
နစ္နာသူအမ်ိဳးသမီးငယ္ဘက္က လိုက္ပါေဆာင္႐ြက္ေပးေနေသာ အမ်ိဳးသမီးအဖြဲ႕ မွ ေဒၚေနာ္အုံးလွက သူ၏ လူမႈကြန္ရက္ စာမ်က္ႏွာမွာ ေရးသား ထုတ္ျပန္ခဲ့သည္။
မင္းရာဇာႏွင့္ ဇနီး အပါအဝင္ ေအာင္လြင္စိုး(ခ)ရခိုင္ေလးတို႔သည္ အမ်ိဳးသမီးငယ္ကို ႏွိပ္စက္ ညင္းပန္းျခင္းႏွင့္ သက္ငယ္ မုဒိမ္းမႈမ်ားေၾကာင့္
ကရင္ျပည္နယ္ဘက္သို႔ ထြက္ေျပးတိမ္းေရွာင္စဥ္ ကရင္လက္နက္ကိုင္ အဖြဲ႕တစ္ဖြဲ႕က ၂၀၂၀ ခုႏွစ္တြင္ ဖမ္းဆီးေပးခဲ့သည္။
၂၀၂၁ ခုႏွစ္တြင္ အမႈမ်ား ပိတ္သိမ္းခဲ့ရာ နစ္နာသူ အမ်ိဳးသမီးငယ္ဘက္မွ လိုက္ပါ ေဆာင္႐ြက္ ေပးေနသူမ်ား က ၎အမႈကို မပိတ္သိမ္းသင့္ေၾကာင္း
ျပန္လည္ေလွ်ာက္ထားခဲ့ရာ တရား႐ုံးမွ လက္ခံ၍ အစမွ ျပန္လည္ စစ္ေဆးခဲ့သည္။
ထို႔ေနာက္ ၂၀၂၃ ခုႏွစ္၊ မတ္လ ၁၃ ရက္ေန႔တြင္ သ႐ုပ္ေဆာင္ မင္းရာဇာႏွင့္ ဇနီးျဖစ္သူ ဖူးငုံပြင့္ အပါအဝင္ မင္းရာဇာ၏မန္ေနဂ်ာျဖစ္သူ
ေအာင္လြင္စိုး (ခ) ရခိုင္ေလး တို႔ကို အလုပ္ၾကမ္းႏွင့္ေထာင္ဒဏ္ ၅ ႏွစ္စီ ေျမာက္ဥကၠလာပၿမိဳ႕နယ္ တရား႐ုံးက ခ်မွတ္ခဲ့သည္။ CRD
Leave a Reply