
မော်တင်စွန်း ဘုရားသမိုင်းကြောင်းနှင့် အံ့ဖွယ်ထူးခြား (၁၈) ပါး
မော်တင်စွန်းဘုရား သည် ဧရာဝတီတိုင်းအတွင်းရှိလူအများ၏ စိတ်ဘဝင်ကို ညှို့ယူ ဆွဲဆောင်နိုင်သော နေရာများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။ ကမ္ဘာ လှည့်ခရီးသည်များ လှည့်လည်နေကျဖြစ်သော မော်တင်စွန်းဘုရားသို့ သွားရောက် လည်ပတ်ခဲ့ခြင်းမရှိလျှင် သင်၏ခရီးသွားလည်ပတ်ခြင်း သည် မပြီးပြည့်စုံဘဲရှိ နေလိမ့်မည်။
ဘုရားကျောင်းများ၏ ဗိသုကာပ ညာရပ်ကို စိတ်ဝင်စားမှု ကြီးစွာရှိလျှင် သင်သည် မော်တင်စွန်းဘုရား သို့ သွားရောက်လည် ပတ်ခြင်းမရှိဘဲ နေနိုင်မည် မဟုတ်ပေ။
တရုတ် ဂျပန် ကိုရီးယား ဗီယက်နမ် နှင့် အာရှတိုက် အတွင်းရှိ အခြားနေရာ ဒေသများ အတွင်းရှိစေတီပုထိုး များကဲ့သို့ပင် ပုသိမ်မြို့၏ တောင်ဘက်စွန်းရှိ မော်တင်စွန်း ဘုရားသည်လည်း ကမ္ဘာလှည့်ခရီးသည်များကို စွဲဆောင်မှုရှိသော နေရာများအနက် ထင်ရှားသော နေရာတခုအဖြစ် နေရာယူလျက်ရှိသည်။
ဘုရားပွဲတော်ကိုလည်း ထူးခြားထည်ဝါစွာ ကျင်းပလျက်ရှိသည်။ ပုသိမ်ခရိုင်အတွင်း မော်တင်စွန်းဘုရား တည်ရှိ နေခြင်းသည်ပင်လျှင် ပုသိမ်မြို့အတွက် ဂုဏ်ယူဝံ့ကြွားစရာပင် ဖြစ်ပါသည်။ ဘုရားပွဲ သို့သွားရောက် ဖူးမြော် ခြင်းဖြင့် ပုသိမ်မြစ်၏ ကပ္ပလီပင်လယ်အတွင်း ပေါင်းစည်းစီးဝင်သွားပုံ ထိုမှတဆင့်မော်တင်စွန်း အငူကိုလည်း ထင်ရှားစွာတွေ့ မြင်နိုင်ပါသည်။
မြန်မာပြက္ခဒိန်အရ တပေါင်းလတွင် ဘုရားပွဲတော်ကို စည်းကားသိုက်မြိုက်စွာကျင်းပပြီး အင်္ဂလိပ် ပြက္ခဒိန်အရ ဖေဖေါ်ဝါရီလနှင့် မတ်လအတွင်း၌ ဖြစ်ပါသည်။ ပင်လယ်ကမ်းစပ်ရှိ အငူဘေး၌ဘုရားတည်ရှိ နေခြင်း သည်ပင်လျင် ကမ္ဘာလှည့်ခရီးသည်များကိုအထူးဆွဲဆောင်နေသည်ဟု ယူဆမိသည်။
စိတ်ဝင်စားစရာ အကောင်းဆုံး အချက်မှာ ဘုရားကျင်းပသည့် အချိန်မှတပါး တနှစ်ပတ်လုံး ရေဝပ်နေ ခြင်းဖြစ်သည်။ ပွဲတော်အချိန် တွင်ပင်လယ်ရေသည် ဘုရားရင်ပြင်တော်မှ ကောင်းစွာလွတ်ကင်း သောနေရာသို့ ရောက်ရှိနေသည်။
ပွဲတော်အတွင်း ဘုရားပတ်ပတ် လည်တွင် ခုံတိုခုံရှည်မျိုးစုံကို ခင်းကျင်းထားပြီး ထိုခုံတိုခုံရှည်များပေါ် တွင် ဘုရားဖူးများမှ ပစ္စည်းမျိုးစုံ ပူဇော်ဆည်းကပ်ကြသည်။ ဘုရားတွင်ပူဇော်ထားသော ဒေသထွက် ပစ္စည်းမျိုးစုံ၊ ပင်လယ်စာမျိုးစုံ၊ အရောင်အသွေးစုံလင်ပြီး စွဲဆောင်မှုရှိသော ပန်းမျိုးစုံ တို့ကို တွေ့မြင်ခံစား ကြရမည် ဖြစ်ပါသည်။
ပွဲတော်အချိန်တွင်း ဘုရားဖူးများ တည်းခိုရန် ဝါးဖြင့်သည်ဆောက်ထားသော တည်းခိုအိမ်လေးများ တည်ဆောက် လေ့ရှိသည်။ ဘုရားပွဲပြီးလျင်ပြီးခြင်း ကမ်းခြေသို့ ပင်လယ် ရေအနည်းငယ် တက်လေ့ရှိသည်။
ထို့ကြောင့် မော်တင်စွန်း ဘုရားသည် ပင်လယ်ထဲတွင် ရှိသယောင် ထင်ရသည်။ ထို့ပြင် မော်တင်စွန်းဘုရားမှ မြန်မာနိုင်ငံအတွင်းရှိ လူသိများ ထင်ရှားသောကမ်းခြေ များဖြစ်သည့် ချောင်းသာ နှင့် ငွေဆောင်ကမ်းခြေ များသို့ အချိန် (၃) နာရီခန့်ပေးရုံမျှဖြင့် တည် ငြိမ်အေးချမ်းစွာ ဆက်လက် ခရီးနှင်နိုင်ပါသည်။
မော်တင်စွန်းဘုရားသည် ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ငပုတော မြို့နယ်၊ မော်တင်စွန်းတွင် တည်ရှိသည်။ မော်တင်စွန်းကို တစ်နည်း အားဖြင့် နဂါးရစ်တောင်၊ သရဏတောင် (သို့မဟုတ်) နီရဘန်တောင် ဟုခေါ်ဆိုကြသည်။
ဆံတော် ရှင် စေတီတော်မှာ မြတ်စွာဘုရား ပွင့်တော် မူစဉ်က ဥက္ကလာပ တိုင်းသားများ ဖြစ်ကြသော တဖုဿနှင့် ဘလ္လိက ကုန်သည် ညီနောင်တို့သည် မဟာသက္ကရာဇ် ၁ဝ၃ ခုနှစ်တွင် မြတ်စွာ ဘုရားရှင် ထံတော်မှ ပထမဦးစွာ ဆံတော်ရှစ်ဆူ ပင့်ဆောင် ပူဇော်ခွင့် ရရှိခဲ့ကြ သည်။
ကုန်သည် ညီနောင်တို့လည်း ရေလမ်းခရီးဖြင့် မြန်မာနိုင်ငံ တော်သို့ ပြန်ခဲ့ကြရာ ဇေယျသေန နဂါးမင်း ပိုင်စိုး သော နဂရအငူသို့ ဖြတ်သန်း ခဲ့ရာတွင် ဇေယျသေန နဂါးမင်းက ဆံတော်နှစ်ဆူ ပင့်ဆောင် ယူတော်မူပြီး မော်တင် တောင်ထိပ်၌ ဌာပနာ တင်သွင်း၍ စိုင်တမော.အရွယ်ရှိ စေတီတစ်ဆူ ပူဇော်ထားခဲ့သည်။
ယခင်ကဘွဲ့နာမအားဖြင့် “မဟာမကုဋရံသီ” ဟုတွင်ခဲ့ပါသည်။ တတိယသံဃာယနာတင် သီရိဓမ္မာသောကမင်း ကြီးက ပြန်လည်ပြုပြင်ခဲ့ပါသည်။
သာသနာတော် သက္ကရာဇ် ၂၃၆ တွင် အရှင်မဟာမောဂလ္လိ တိသဿ မထေရ် နှင်. အရှင်ဥတ္တရ မထေရ်မြတ်တို.၏ တန်ခိုးတော် နှင်. မင်းကြီးနှင်.တကွ မိဘုရား..မောင်းမမိဿံ အခြွေအရံတို.ကြွရောက်ပြီး မွမ်းမံခဲ့ကြသည် ။
ထို့နောက်သက္ကရာဇ် (၄၅၇) ခုနှစ်တွင် ပုဂံပြည့်ရှင် အလောင်းစည်သူ မင်းကြီးသည် ပင်လယ်ရပ်ခြား တိုင်းနိုင်ငံများသို့ ရေလမ်း ခရီးဖြင့် လှည့်လည်ရာတွင် မော်တင် တောင်ထိပ်၌ ရှိသော ဆံတော်ရှင် စေတီမှ ရောင်တော် ကွန့်မြူးသည်ကို အံ့သြဖွယ် မြင်တွေ့ ခဲ့ရသဖြင့် ဖောင်တော်ဆိုက်၍ ဆံတော် ရှင် စေတီတော်ကို တက်ရောက် ဖူးမြော်ခဲ့သည်။
ထိုစေ တီတော်ကို လည်းငုံ၍ အမြင့်သံတောင် ၄ဝ ရှိ စေတီကြီး အဖြစ် ပြုပြင်တော် မူခဲ့သည်။ “ဖောင်တော်ဦး”ဘုရားဟု ဘွဲ့တော်ကို တွင်စေခဲ့ပြန်ပါသည်။စတင်တည်ထားသည်မှ ယခုထိ ဆိုလျှင် နှစ်ပေါင်း ၁၂၇၁ နှစ်ရှိပြီဟု သိရပါသည် ။
ဖောင်တော်ဆိုက် စေတီကို ဖောင်တော်ဦး စေတီအဖြစ် ပြုပြင်တော် မူခဲ့ပြီး တပေါင်းလပြည့် နေ့တွင် ဗုဒ္ဓပူဇနိယ ပွဲတော်ပြုလုပ် ခဲ့သည်။ ထိုအစဉ် အလာမှ အစပြု၍ ယနေ့ထိတိုင် တပေါင်းလတွင် ဆံတော်ရှင် စေတီတော် ဗုဒ္ဓပူဇနိယ ပွဲတော် ကျင်းပခဲ့ခြင်း ဖြစ် သည်။
ပွဲတော်ရက်တွင် ထူးခြားသည်မှာ ဘုရားဖူး အချို့က ပင်လယ်တွင် ရှိသော နတ်နဂါးတို့အား အစာကျွေးကြပြီး မိမိတို့ အလိုရှိရာ ဆုများ တောင်းကြသည်။ အချို့က ကျောက်ဆောင် ကျောက်တန်းများတွင် အပန်းဖြေ ကြသည်။ ကမ်းစပ်ဆီသို့ ပြေးလွှား ရိုက်ခတ် နေသော လှိုင်းလုံးကြီးများကို စီးခို ဆော့ကစား ကြသည်။ ဘေးဥပါဒ် အန္တရာယ်မရှိ၊ နတ်နဂါး တို့က စောင့်ရှောက် ကြသည်ဟု အဆိုရှိ၏။
၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ က မော်တင်စွန်း ဘုရားနှင့် အတန်ငယ်ဝေးကွာသော မြွေတောင်ဘုရားတွင် ရောင်ခြည်လွှတ်၍ နဂါးမင်းလာရောက်ဖူးမြော်သည် ဟူ သည့် သတင်းကြောင့် လူများစိတ်ဝင်စားခဲ့သည်။
ပုသိမ် တက္ကသိုလ် မှ ကျောင်းသားတစ်ဦးက မူ ဘုရားပွဲတော်ရောက်ရင် ဒီလို ထူးခြားမှု လေးတွေရှိတာနှစ်တိုင်းပဲ ဒီနှစ် ဘုရားပွဲ အချိန်မှာ ပင်လယ်ရေစီးကြောင်းပြောင်းတာနဲ့ရာသီဥတု ကြောင့် ပင်လယ် သတ္တဝါတွေ ဒီမော်တင်ဆိပ်ဘက် လာကြတော့ လူတွေကတအံတသြဖြစ်နေတာ ပါဟု ပြောသည်။
ထိုစဉ်က ပွဲတော် လာ တစ်ဦးဖြစ်သော ၇၄ နှစ် အရွယ်ရှိ မော်တင်စွန်း အနီး ခမောက်မော်မှ အဘွားတစ်ဦးကမူ အဘွားတို့ငယ်ငယ်က ဆို ဝိဇ္ဇာတွေ ၊နဂါး ၊ဂလုန် တွေ ပါ လာဖူးတယ် ဒီနေရာကဇေယျသေန နဂါးမင်းရဲ့အစောင့်အရှောက် အောက်မှာ ရှိတဲ့ နေရာပဲ ဟု ဆိုသည်။
ထိုနှစ်ဘုရားပွဲတစ်ရက်တွင် ရှားပါးငှက် အချို့နှင့် ကျက်တူရွေး၊ကျီးကန်းစသည့် ငှက်အချို့မှာ စေတီအနီး
အုပ်ဖွဲ့ပျံသန်းပြီးနောက် ပျောက်ကွယ်သွားသည် ဟု ဘုရားဖူးများက ပြောကြသည်။ဘုရားပွဲတော်ကို နှစ်စဉ်တပေါင်းလတွင်ကျင်းပပြီး လဆန်း (၁)ရက် နေ့မှ (၁၅)ရက်ထိ ကြာမြင့်သည်။
မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးများ သည် သင်္ဘောများ၊ ကားများဖြင့်လာရောက် ကြည်ညိုကြပါသည်။ စိတ်ဝင်စားစရာ အကောင်းဆုံးအချက်မှာ ဘုရားပွဲကျင်းပသည့် အချိန်မှ တပါးတနှစ်ပတ်လုံး ရေဝပ်နေခြင်းဖြစ်သည်။
ပွဲတော်အချိန်တွင် ပင်လယ်ရေသည် ဘုရားရင်ပြင်တော်မှ ကောင်းစွာလွတ်ကင်းသော နေရာသို့ရောက် ရှိနေသည်။
ယခုနှစ်ပွဲတော်ကို ၂၀၁၉ ဖော်ဖော်ဝါရီလ ၂၁ ရက် မှ မတ်လ ၂၀ ရက်ထိ ကျင်းပမည်ဖြစ်သည်။
ယခုနှစ် ပွဲတော်ရက်အတွင်း တောင်ပေါ်၌ ဇာတ်ပွဲ ၊ရုပ်ရှင် နှင်.ဆိုင်ခန်းပေါင်း ၈၀၀ ကျော်နေရာချပေးထားသည်ဟုသိရသည် ။အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးများ ချမ်းမြေ့ သာယာစွာ ကောင်းမှုကုသိုလ် ပြုလုပ်နိုင်ရန် ပုသိမ် ဆိပ်ကမ်းမှနေ.စဉ် ရွှေစင်ကြယ် ၁၊ရွှေစင်ကြယ် ၂၊ပိုလှိုင်ကြီး၊ကမ်းရိုးတန်းအမြန် ၊ပုသိမ်သူ ၊ဝေလမင်း ရှပ်ပြေးအမြန်ရေယာဉ် များဖြင့် လည်းကောင်း၊ ပုသိမ်-သလပ်ခွာ-မော်တင်စွန်းလမ်းအတိုင်း ကားများဖြင်.လည်းကောင်း မြတ်မော်တင် တောင်ခြေ အရောက်ပို့ဆောင် ပေး လေ.ရှိသည်။
ပွဲတော်ရက်များတွင် ပျော်ပွဲ ရွှင်ပွဲများ၊ ပင်လယ်ထွက်ကုန် ဈေးတန်းများ၊ ကျန်းမာရေး ဆေးခန်းများ၊ နားနေ ဆောင်တည်း ခိုဆောင်များ၊ လုံခြုံရေးစခန်း ပြည့်စုံစွာ စီမံ ထား ကြပါသည် ဟုသိရပါသည်။
မော်တင်စွန်းစေတီတော်မြတ်ကြီး၏ အံ့သြထူးဆန်းဖွယ် ( ၁၈ ) ပါး
( ၁ ) ညအခါစေတီတော်အားတစ်ယောက်တည်းအဓိဌာန်ပြီး(၇)ပတ်ပြီးရစ်ပတ်ပါကရွှေသံငွေသံကြားရခြင်း။
( ၂ ) ဒုတိယကမ္ဘာစစ်အတွင်းကအင်္ဂလိပ်များအမြောက်မိုး၊စက်သေနတ်မိုး၊ ဗုံးမိုးရွာသော်လည်းကျည်ဆန်တစ်ခုမျှမခခြင်း။
( ၃ ) လပြည့်–လကွယ်ရောင်ခြည်တော်လွှတ်လေ့ရှိခြင်း။
( ၄ ) တောင်ကုန်းနှင့်ပရဝဏ်တွင်ရာသီပန်းတို့မပြတ်ပွင့်ခြင်း။
( ၅ ) ညချမ်းအခါစေတီကုန်းတော်တွင်အမွှေးရနံ့လှိုင်တက်ခြင်း။
( ၆ ) ခေါင်းလောင်းများမတီးဘဲမြည်တတ်ခြင်း။ ( ၇ ) ယခုထက်တိုင်ရံဖန်ရံခါဆွမ်းများဦးအောင်မတင်နိုင်ခြင်း။
( ၈ ) နှစ်စဉ်နှစ်တိုင်းဘုရားပွဲတော်ဖြစ်သော်လည်းခိုက်ရန်ဖြစ်ပွားသောဘေးအန္တရာယ်မရှိခြင်း။ ( ၉ ) နတ်ကျား၊နတ်နဂါးတို့ဘုရားလာဖူးသော်လည်းလူတို့ကိုဒုက္ခမပေးခြင်း။
( ၁၀ ) လပြည့်–လကွယ်တွင်စေတီကုန်းတော်မှမောင်းသံ၊ဗုံသံစသောတူရိယာအမျိုးမျိုးတို့၏အသံကိုအရုဏ်ဦးတွင်ကြားရတတ်ခြင်း။
( ၁၁ ) ဘေးအန္တရာယ်များကျရောက်ပါကစေတီတော်ကြီးအားအာရုံပြုဆုတောင်းလိုက်ပါကဘေးအန္တရာယ်မှကင်းဝေးခြင်း။
( ၁၂ ) တပေါင်းလပွဲတော်ကြီးဖြစ်ခါနီးတွင်ကျီးအုပ်ကြီးများ၊အမျိုးအမည်မသိသောငှက်အုပ်ကြီးများတောင်တော်နှင့်စေတီတော်အားပျံဝဲကြခြင်း။ ( ၁၃ ) ဘုရားပွဲတော်တွင်လူအပေါင်းသိန်းသန်းချီရောက်သော်လည်း တောင်တော်တွင်လူပြည့်သည်ဟုမရှိခြင်း။
( ၁၄ ) ဘုရားပွဲတော်တွင်ဆွမ်းတော်တင်တောင်ပုံရာပုံစွန့်ထားသော်လည်းကျီးတစ်ကောင်မျှလာရောက်စားသောက်မှုမရှိခြင်း။
( ၁၅ ) ဘုရားပွဲတော်တွင်လူအပေါင်းသိန်းသန်းချီရောက်သော်လည်း တောင်တော်တွင်လူပြည့်သည်ဟုမရှိခြင်း။
( ၁၆ ) ယုံကြည်စွာဖြင့်စေတီတော်ရင်ပြင်တွင်သစ္စာအဓိဌာန်ကာ ပုတီးစိပ်ပါကရင်ပြင်တော်မှမြည်ဟိန်းသံ ကြားရတတ်ခြင်း။
( ၁၇ ) နှစ်စဉ်တပေါင်းလတွင်အကြောင်းတစ်စုံတစ်ရာကြောင့် ဘုရားပွဲတော်မကျင်းပနိုင်ပါကတောင်တော်မြည်ဟိန်းခြင်း။
( ၁၈ )စေတီတော်ကိုအဝေးမှမြင်ရလျှင်လည်းကောင်း၊ စေတီတော်ပရဝိဏ်သို့ကြည်ညိုစိတ်ဖြင့်ရာက်မိသည်နှင့် ဖူးမြော်ဦးတိုက်လျှင်ကာယသုခ၊စိတ္တသုခနှစ်ပါးချမ်းမြေ့ရခြင်းဖြင့် နတ်နဂါး သိုက်နဂါး ကောင်းကင်နဂါး တောတောင်နဂါး ကုန်းဂါး ရေနဂါး နဂါးနီ နဂါဖြူ နဂါးစိမ်း ရွှေနဂါး မြွေနဂါးများ အရှေ့ အနောင်တောင် မြောက် ဘောဂဝတီဆွေတော်မျိုးတော်များ နဂါးမင်းကြီးနဂါးမယ်တော်ကြီး၏ အခြွေတော်အရံတော် အနွယ်ဝင်များ ရေစင်္ကဝြလာနဂါးသိုက်ချုပ်ဘိုးဘိုးများ မယ်တော်ကြီးများ ဇေယျသေနနဂါးမင်းနှင့် ညီမတော်များ အမတော်မြနန်းနွယ်တို့မိသားစုနှင့်၁၀၂၄မျိုးသော သာသနာအကျိုးပြုနဂါးမျိုးနွယ်စုအားလုံးတို့ကြွရောက်ဦးတိုက်သည့် မဟာအောင်မြေဘုရား ဘောဂဝတီမျိုးနွယ်စုအားလုံး၏ ထူးခြားသည့်နယ်မြေ မော်တင်စွန်းဘုရားအောင်မြေသို့ အရောက်လှမ်းဖို့ ဖိတ်ခေါ်ချက်ဖြင့် အောင်စေ ပိုင်စေ အေးချမ်းစေဖို့ ဘဝဘောဂတောင်းတိုင်းတ လိုတိုင်းရစေမည့် မြတ်မော်တင်စွန်းဘုရားမှာ ဆုတောင်းသစ္စာပြုပြီး အောင်မြင်မှုအပေါင်းရရှိနိုင်ကြပါစေ…..
မတ်လ ၂၀ ရက်နေ့အထိ ပွဲတော်ကိုကျင်းပပြုလုပ်သွားမှာဖြစ်လို့ ဆယ်တန်းဖြေပြီးတဲ့ ညီလေးညီမလေးတို့လည်း စိတ်ပင်ပန်းမှုတွေဖြေဖျောက်နိုင်ဖို့ သွားသင့်ပါတယ်နော်
Photo – Moe Wai
#Labutta_Media
Zawgyi
ေမာ္တင္စြန္း ဘုရားသမိုင္းေၾကာင္းႏွင့္ အံ့ဖြယ္ထူးျခား (၁၈) ပါး
ေမာ္တင္စြန္းဘုရား သည္ ဧရာဝတီတိုင္းအတြင္းရွိလူအမ်ား၏ စိတ္ဘဝင္ကို ညႇိဳ႕ယူ ဆြဲေဆာင္ႏိုင္ေသာ ေနရာမ်ားထဲတြင္ တစ္ခုအပါအဝင္ျဖစ္သည္။ ကမာၻ လွည့္ခရီးသည္မ်ား လွည့္လည္ေနက်ျဖစ္ေသာ ေမာ္တင္စြန္းဘုရားသို႔ သြားေရာက္ လည္ပတ္ခဲ့ျခင္းမရွိလွ်င္ သင္၏ခရီးသြားလည္ပတ္ျခင္း သည္ မၿပီးျပည့္စုံဘဲရွိ ေနလိမ့္မည္။
ဘုရားေက်ာင္းမ်ား၏ ဗိသုကာပ ညာရပ္ကို စိတ္ဝင္စားမႈ ႀကီးစြာရွိလွ်င္ သင္သည္ ေမာ္တင္စြန္းဘုရား သို႔ သြားေရာက္လည္ ပတ္ျခင္းမရွိဘဲ ေနႏိုင္မည္ မဟုတ္ေပ။
တ႐ုတ္ ဂ်ပန္ ကိုရီးယား ဗီယက္နမ္ ႏွင့္ အာရွတိုက္ အတြင္းရွိ အျခားေနရာ ေဒသမ်ား အတြင္းရွိေစတီပုထိုး မ်ားကဲ့သို႔ပင္ ပုသိမ္ၿမိဳ႕၏ ေတာင္ဘက္စြန္းရွိ ေမာ္တင္စြန္း ဘုရားသည္လည္း ကမာၻလွည့္ခရီးသည္မ်ားကို စြဲေဆာင္မႈရွိေသာ ေနရာမ်ားအနက္ ထင္ရွားေသာ ေနရာတခုအျဖစ္ ေနရာယူလ်က္ရွိသည္။
ဘုရားပြဲေတာ္ကိုလည္း ထူးျခားထည္ဝါစြာ က်င္းပလ်က္ရွိသည္။ ပုသိမ္ခ႐ိုင္အတြင္း ေမာ္တင္စြန္းဘုရား တည္ရွိ ေနျခင္းသည္ပင္လွ်င္ ပုသိမ္ၿမိဳ႕အတြက္ ဂုဏ္ယူဝံ့ႂကြားစရာပင္ ျဖစ္ပါသည္။ ဘုရားပြဲ သို႔သြားေရာက္ ဖူးေျမာ္ ျခင္းျဖင့္ ပုသိမ္ျမစ္၏ ကပၸလီပင္လယ္အတြင္း ေပါင္းစည္းစီးဝင္သြားပုံ ထိုမွတဆင့္ေမာ္တင္စြန္း အငူကိုလည္း ထင္ရွားစြာေတြ႕ ျမင္ႏိုင္ပါသည္။
ျမန္မာျပကၡဒိန္အရ တေပါင္းလတြင္ ဘုရားပြဲေတာ္ကို စည္းကားသိုက္ၿမိဳက္စြာက်င္းပၿပီး အဂၤလိပ္ ျပကၡဒိန္အရ ေဖေဖၚဝါရီလႏွင့္ မတ္လအတြင္း၌ ျဖစ္ပါသည္။ ပင္လယ္ကမ္းစပ္ရွိ အငူေဘး၌ဘုရားတည္ရွိ ေနျခင္း သည္ပင္လ်င္ ကမာၻလွည့္ခရီးသည္မ်ားကိုအထူးဆြဲေဆာင္ေနသည္ဟု ယူဆမိသည္။
စိတ္ဝင္စားစရာ အေကာင္းဆုံး အခ်က္မွာ ဘုရားက်င္းပသည့္ အခ်ိန္မွတပါး တႏွစ္ပတ္လုံး ေရဝပ္ေန ျခင္းျဖစ္သည္။ ပြဲေတာ္အခ်ိန္ တြင္ပင္လယ္ေရသည္ ဘုရားရင္ျပင္ေတာ္မွ ေကာင္းစြာလြတ္ကင္း ေသာေနရာသို႔ ေရာက္ရွိေနသည္။
ပြဲေတာ္အတြင္း ဘုရားပတ္ပတ္ လည္တြင္ ခုံတိုခုံရွည္မ်ိဳးစုံကို ခင္းက်င္းထားၿပီး ထိုခုံတိုခုံရွည္မ်ားေပၚ တြင္ ဘုရားဖူးမ်ားမွ ပစၥည္းမ်ိဳးစုံ ပူေဇာ္ဆည္းကပ္ၾကသည္။ ဘုရားတြင္ပူေဇာ္ထားေသာ ေဒသထြက္ ပစၥည္းမ်ိဳးစုံ၊ ပင္လယ္စာမ်ိဳးစုံ၊ အေရာင္အေသြးစုံလင္ၿပီး စြဲေဆာင္မႈရွိေသာ ပန္းမ်ိဳးစုံ တို႔ကို ေတြ႕ျမင္ခံစား ၾကရမည္ ျဖစ္ပါသည္။
ပြဲေတာ္အခ်ိန္တြင္း ဘုရားဖူးမ်ား တည္းခိုရန္ ဝါးျဖင့္သည္ေဆာက္ထားေသာ တည္းခိုအိမ္ေလးမ်ား တည္ေဆာက္ ေလ့ရွိသည္။ ဘုရားပြဲၿပီးလ်င္ၿပီးျခင္း ကမ္းေျခသို႔ ပင္လယ္ ေရအနည္းငယ္ တက္ေလ့ရွိသည္။
ထို႔ေၾကာင့္ ေမာ္တင္စြန္း ဘုရားသည္ ပင္လယ္ထဲတြင္ ရွိသေယာင္ ထင္ရသည္။ ထို႔ျပင္ ေမာ္တင္စြန္းဘုရားမွ ျမန္မာႏိုင္ငံအတြင္းရွိ လူသိမ်ား ထင္ရွားေသာကမ္းေျခ မ်ားျဖစ္သည့္ ေခ်ာင္းသာ ႏွင့္ ေငြေဆာင္ကမ္းေျခ မ်ားသို႔ အခ်ိန္ (၃) နာရီခန္႔ေပး႐ုံမွ်ျဖင့္ တည္ ၿငိမ္ေအးခ်မ္းစြာ ဆက္လက္ ခရီးႏွင္ႏိုင္ပါသည္။
ေမာ္တင္စြန္းဘုရားသည္ ဧရာဝတီတိုင္း၊ ပုသိမ္ခ႐ိုင္၊ ငပုေတာ ၿမိဳ႕နယ္၊ ေမာ္တင္စြန္းတြင္ တည္ရွိသည္။ ေမာ္တင္စြန္းကို တစ္နည္း အားျဖင့္ နဂါးရစ္ေတာင္၊ သရဏေတာင္ (သို႔မဟုတ္) နီရဘန္ေတာင္ ဟုေခၚဆိုၾကသည္။
ဆံေတာ္ ရွင္ ေစတီေတာ္မွာ ျမတ္စြာဘုရား ပြင့္ေတာ္ မူစဥ္က ဥကၠလာပ တိုင္းသားမ်ား ျဖစ္ၾကေသာ တဖုႆႏွင့္ ဘလႅိက ကုန္သည္ ညီေနာင္တို႔သည္ မဟာသကၠရာဇ္ ၁ဝ၃ ခုႏွစ္တြင္ ျမတ္စြာ ဘုရားရွင္ ထံေတာ္မွ ပထမဦးစြာ ဆံေတာ္ရွစ္ဆူ ပင့္ေဆာင္ ပူေဇာ္ခြင့္ ရရွိခဲ့ၾက သည္။
ကုန္သည္ ညီေနာင္တို႔လည္း ေရလမ္းခရီးျဖင့္ ျမန္မာႏိုင္ငံ ေတာ္သို႔ ျပန္ခဲ့ၾကရာ ေဇယ်ေသန နဂါးမင္း ပိုင္စိုး ေသာ နဂရအငူသို႔ ျဖတ္သန္း ခဲ့ရာတြင္ ေဇယ်ေသန နဂါးမင္းက ဆံေတာ္ႏွစ္ဆူ ပင့္ေဆာင္ ယူေတာ္မူၿပီး ေမာ္တင္ ေတာင္ထိပ္၌ ဌာပနာ တင္သြင္း၍ စိုင္တေမာ.အ႐ြယ္ရွိ ေစတီတစ္ဆူ ပူေဇာ္ထားခဲ့သည္။
ယခင္ကဘြဲ႕နာမအားျဖင့္ “မဟာမကုဋရံသီ” ဟုတြင္ခဲ့ပါသည္။ တတိယသံဃာယနာတင္ သီရိဓမၼာေသာကမင္း ႀကီးက ျပန္လည္ျပဳျပင္ခဲ့ပါသည္။
သာသနာေတာ္ သကၠရာဇ္ ၂၃၆ တြင္ အရွင္မဟာေမာဂလႅိ တိသႆ မေထရ္ ႏွင္. အရွင္ဥတၱရ မေထရ္ျမတ္တို.၏ တန္ခိုးေတာ္ ႏွင္. မင္းႀကီးႏွင္.တကြ မိဘုရား..ေမာင္းမမိႆံ အေႁခြအရံတို.ႂကြေရာက္ၿပီး မြမ္းမံခဲ့ၾကသည္ ။
ထို႔ေနာက္သကၠရာဇ္ (၄၅၇) ခုႏွစ္တြင္ ပုဂံျပည့္ရွင္ အေလာင္းစည္သူ မင္းႀကီးသည္ ပင္လယ္ရပ္ျခား တိုင္းႏိုင္ငံမ်ားသို႔ ေရလမ္း ခရီးျဖင့္ လွည့္လည္ရာတြင္ ေမာ္တင္ ေတာင္ထိပ္၌ ရွိေသာ ဆံေတာ္ရွင္ ေစတီမွ ေရာင္ေတာ္ ကြန္႔ျမဴးသည္ကို အံ့ၾသဖြယ္ ျမင္ေတြ႕ ခဲ့ရသျဖင့္ ေဖာင္ေတာ္ဆိုက္၍ ဆံေတာ္ ရွင္ ေစတီေတာ္ကို တက္ေရာက္ ဖူးေျမာ္ခဲ့သည္။
ထိုေစ တီေတာ္ကို လည္းငုံ၍ အျမင့္သံေတာင္ ၄ဝ ရွိ ေစတီႀကီး အျဖစ္ ျပဳျပင္ေတာ္ မူခဲ့သည္။ “ေဖာင္ေတာ္ဦး”ဘုရားဟု ဘြဲ႕ေတာ္ကို တြင္ေစခဲ့ျပန္ပါသည္။စတင္တည္ထားသည္မွ ယခုထိ ဆိုလွ်င္ ႏွစ္ေပါင္း ၁၂၇၁ ႏွစ္ရွိၿပီဟု သိရပါသည္ ။
ေဖာင္ေတာ္ဆိုက္ ေစတီကို ေဖာင္ေတာ္ဦး ေစတီအျဖစ္ ျပဳျပင္ေတာ္ မူခဲ့ၿပီး တေပါင္းလျပည့္ ေန႔တြင္ ဗုဒၶပူဇနိယ ပြဲေတာ္ျပဳလုပ္ ခဲ့သည္။ ထိုအစဥ္ အလာမွ အစျပဳ၍ ယေန႔ထိတိုင္ တေပါင္းလတြင္ ဆံေတာ္ရွင္ ေစတီေတာ္ ဗုဒၶပူဇနိယ ပြဲေတာ္ က်င္းပခဲ့ျခင္း ျဖစ္ သည္။
ပြဲေတာ္ရက္တြင္ ထူးျခားသည္မွာ ဘုရားဖူး အခ်ိဳ႕က ပင္လယ္တြင္ ရွိေသာ နတ္နဂါးတို႔အား အစာေကြၽးၾကၿပီး မိမိတို႔ အလိုရွိရာ ဆုမ်ား ေတာင္းၾကသည္။ အခ်ိဳ႕က ေက်ာက္ေဆာင္ ေက်ာက္တန္းမ်ားတြင္ အပန္းေျဖ ၾကသည္။ ကမ္းစပ္ဆီသို႔ ေျပးလႊား ႐ိုက္ခတ္ ေနေသာ လႈိင္းလုံးႀကီးမ်ားကို စီးခို ေဆာ့ကစား ၾကသည္။ ေဘးဥပါဒ္ အႏၲရာယ္မရွိ၊ နတ္နဂါး တို႔က ေစာင့္ေရွာက္ ၾကသည္ဟု အဆိုရွိ၏။
၂၀၁၀ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁၇ ရက္ေန႔ က ေမာ္တင္စြန္း ဘုရားႏွင့္ အတန္ငယ္ေဝးကြာေသာ ေႁမြေတာင္ဘုရားတြင္ ေရာင္ျခည္လႊတ္၍ နဂါးမင္းလာေရာက္ဖူးေျမာ္သည္ ဟူ သည့္ သတင္းေၾကာင့္ လူမ်ားစိတ္၀င္စားခဲ့သည္။
ပုသိမ္ တကၠသိုလ္ မွ ေက်ာင္းသားတစ္ဦးက မူ ဘုရားပြဲေတာ္ေရာက္ရင္ ဒီလို ထူးျခားမႈ ေလးေတြရွိတာႏွစ္တိုင္းပဲ ဒီႏွစ္ ဘုရားပြဲ အခ်ိန္မွာ ပင္လယ္ေရစီးေၾကာင္းေျပာင္းတာနဲ႔ရာသီဥတု ေၾကာင့္ ပင္လယ္ သတၱဝါေတြ ဒီေမာ္တင္ဆိပ္ဘက္ လာၾကေတာ့ လူေတြကတအံတၾသျဖစ္ေနတာ ပါဟု ေျပာသည္။
ထိုစဥ္က ပြဲေတာ္ လာ တစ္ဦးျဖစ္ေသာ ၇၄ ႏွစ္ အ႐ြယ္ရွိ ေမာ္တင္စြန္း အနီး ခေမာက္ေမာ္မွ အဘြားတစ္ဦးကမူ အဘြားတို႔ငယ္ငယ္က ဆို ဝိဇၨာေတြ ၊နဂါး ၊ဂလုန္ ေတြ ပါ လာဖူးတယ္ ဒီေနရာကေဇယ်ေသန နဂါးမင္းရဲ႕အေစာင့္အေရွာက္ ေအာက္မွာ ရွိတဲ့ ေနရာပဲ ဟု ဆိုသည္။
ထိုႏွစ္ဘုရားပြဲတစ္ရက္တြင္ ရွားပါးငွက္ အခ်ိဳ႕ႏွင့္ က်က္တူေ႐ြး၊က်ီးကန္းစသည့္ ငွက္အခ်ိဳ႕မွာ ေစတီအနီး
အုပ္ဖြဲ႕ပ်ံသန္းၿပီးေနာက္ ေပ်ာက္ကြယ္သြားသည္ ဟု ဘုရားဖူးမ်ားက ေျပာၾကသည္။ဘုရားပြဲေတာ္ကို ႏွစ္စဥ္တေပါင္းလတြင္က်င္းပၿပီး လဆန္း (၁)ရက္ ေန႔မွ (၁၅)ရက္ထိ ၾကာျမင့္သည္။
ျမန္မာျပည္အရပ္ရပ္မွ ဘုရားဖူးမ်ား သည္ သေဘၤာမ်ား၊ ကားမ်ားျဖင့္လာေရာက္ ၾကည္ညိဳၾကပါသည္။ စိတ္ဝင္စားစရာ အေကာင္းဆုံးအခ်က္မွာ ဘုရားပြဲက်င္းပသည့္ အခ်ိန္မွ တပါးတႏွစ္ပတ္လုံး ေရဝပ္ေနျခင္းျဖစ္သည္။
ပြဲေတာ္အခ်ိန္တြင္ ပင္လယ္ေရသည္ ဘုရားရင္ျပင္ေတာ္မွ ေကာင္းစြာလြတ္ကင္းေသာ ေနရာသို႔ေရာက္ ရွိေနသည္။
ယခုႏွစ္ပြဲေတာ္ကို ၂၀၁၉ ေဖာ္ေဖာ္ဝါရီလ ၂၁ ရက္ မွ မတ္လ ၂၀ ရက္ထိ က်င္းပမည္ျဖစ္သည္။
ယခုႏွစ္ ပြဲေတာ္ရက္အတြင္း ေတာင္ေပၚ၌ ဇာတ္ပြဲ ၊႐ုပ္ရွင္ ႏွင္.ဆိုင္ခန္းေပါင္း ၈၀၀ ေက်ာ္ေနရာခ်ေပးထားသည္ဟုသိရသည္ ။အနယ္နယ္ အရပ္ရပ္မွ ဘုရားဖူးမ်ား ခ်မ္းေျမ့ သာယာစြာ ေကာင္းမႈကုသိုလ္ ျပဳလုပ္ႏိုင္ရန္ ပုသိမ္ ဆိပ္ကမ္းမွေန.စဥ္ ေ႐ႊစင္ၾကယ္ ၁၊ေ႐ႊစင္ၾကယ္ ၂၊ပိုလႈိင္ႀကီး၊ကမ္း႐ိုးတန္းအျမန္ ၊ပုသိမ္သူ ၊ေဝလမင္း ရွပ္ေျပးအျမန္ေရယာဥ္ မ်ားျဖင့္ လည္းေကာင္း၊ ပုသိမ္-သလပ္ခြာ-ေမာ္တင္စြန္းလမ္းအတိုင္း ကားမ်ားျဖင္.လည္းေကာင္း ျမတ္ေမာ္တင္ ေတာင္ေျခ အေရာက္ပို႔ေဆာင္ ေပး ေလ.ရွိ္သည္။
ပြဲေတာ္ရက္မ်ားတြင္ ေပ်ာ္ပြဲ ႐ႊင္ပြဲမ်ား၊ ပင္လယ္ထြက္ကုန္ ေစ်းတန္းမ်ား၊ က်န္းမာေရး ေဆးခန္းမ်ား၊ နားေန ေဆာင္တည္း ခိုေဆာင္မ်ား၊ လုံၿခဳံေရးစခန္း ျပည့္စုံစြာ စီမံ ထား ၾကပါသည္ ဟုသိရပါသည္။
ေမာ္တင္စြန္းေစတီေတာ္ျမတ္ႀကီး၏ အံ့ၾသထူးဆန္းဖြယ္ ( ၁၈ ) ပါး
( ၁ ) ညအခါေစတီေတာ္အားတစ္ေယာက္တည္းအဓိဌာန္ၿပီး(၇)ပတ္ၿပီးရစ္ပတ္ပါကေ႐ႊသံေငြသံၾကားရျခင္း။
( ၂ ) ဒုတိယကမာၻစစ္အတြင္းကအဂၤလိပ္မ်ားအေျမာက္မိုး၊စက္ေသနတ္မိုး၊ ဗုံးမိုး႐ြာေသာ္လည္းက်ည္ဆန္တစ္ခုမွ်မချခင္း။
( ၃ ) လျပည့္–လကြယ္ေရာင္ျခည္ေတာ္လႊတ္ေလ့ရွိျခင္း။
( ၄ ) ေတာင္ကုန္းႏွင့္ပရ၀ဏ္တြင္ရာသီပန္းတို႔မျပတ္ပြင့္ျခင္း။
( ၅ ) ညခ်မ္းအခါေစတီကုန္းေတာ္တြင္အေမႊးရနံ႔လႈိင္တက္ျခင္း။
( ၆ ) ေခါင္းေလာင္းမ်ားမတီးဘဲျမည္တတ္ျခင္း။ ( ၇ ) ယခုထက္တိုင္ရံဖန္ရံခါဆြမ္းမ်ားဦးေအာင္မတင္ႏိုင္ျခင္း။
( ၈ ) ႏွစ္စဥ္ႏွစ္တိုင္းဘုရားပြဲေတာ္ျဖစ္ေသာ္လည္းခိုက္ရန္ျဖစ္ပြားေသာေဘးအႏၲရာယ္မရွိျခင္း။ ( ၉ ) နတ္က်ား၊နတ္နဂါးတို႔ဘုရားလာဖူးေသာ္လည္းလူတို႔ကိုဒုကၡမေပးျခင္း။
( ၁၀ ) လျပည့္–လကြယ္တြင္ေစတီကုန္းေတာ္မွေမာင္းသံ၊ဗုံသံစေသာတူရိယာအမ်ိဳးမ်ိဳးတို႔၏အသံကိုအ႐ုဏ္ဦးတြင္ၾကားရတတ္ျခင္း။
( ၁၁ ) ေဘးအႏၲရာယ္မ်ားက်ေရာက္ပါကေစတီေတာ္ႀကီးအားအာ႐ုံျပဳဆုေတာင္းလိုက္ပါကေဘးအႏၲရာယ္မွကင္းေဝးျခင္း။
( ၁၂ ) တေပါင္းလပြဲေတာ္ႀကီးျဖစ္ခါနီးတြင္က်ီးအုပ္ႀကီးမ်ား၊အမ်ိဳးအမည္မသိေသာငွက္အုပ္ႀကီးမ်ားေတာင္ေတာ္ႏွင့္ေစတီေတာ္အားပ်ံဝဲၾကျခင္း။ ( ၁၃ ) ဘုရားပြဲေတာ္တြင္လူအေပါင္းသိန္းသန္းခ်ီေရာက္ေသာ္လည္း ေတာင္ေတာ္တြင္လူျပည့္သည္ဟုမရွိျခင္း။
( ၁၄ ) ဘုရားပြဲေတာ္တြင္ဆြမ္းေတာ္တင္ေတာင္ပုံရာပုံစြန္႔ထားေသာ္လည္းက်ီးတစ္ေကာင္မွ်လာေရာက္စားေသာက္မႈမရွိျခင္း။
( ၁၅ ) ဘုရားပြဲေတာ္တြင္လူအေပါင္းသိန္းသန္းခ်ီေရာက္ေသာ္လည္း ေတာင္ေတာ္တြင္လူျပည့္သည္ဟုမရွိျခင္း။
( ၁၆ ) ယုံၾကည္စြာျဖင့္ေစတီေတာ္ရင္ျပင္တြင္သစၥာအဓိဌာန္ကာ ပုတီးစိပ္ပါကရင္ျပင္ေတာ္မွျမည္ဟိန္းသံ ၾကားရတတ္ျခင္း။
( ၁၇ ) ႏွစ္စဥ္တေပါင္းလတြင္အေၾကာင္းတစ္စုံတစ္ရာေၾကာင့္ ဘုရားပြဲေတာ္မက်င္းပႏိုင္ပါကေတာင္ေတာ္ျမည္ဟိန္းျခင္း။
( ၁၈ )ေစတီေတာ္ကိုအေဝးမွျမင္ရလွ်င္လည္းေကာင္း၊ ေစတီေတာ္ပရဝိဏ္သို႔ၾကည္ညိဳစိတ္ျဖင့္ရာက္မိသည္ႏွင့္ ဖူးေျမာ္ဦးတိုက္လွ်င္ကာယသုခ၊စိတၱသုခႏွစ္ပါးခ်မ္းေျမ့ရျခင္းျဖင့္ နတ္နဂါး သိုက္နဂါး ေကာင္းကင္နဂါး ေတာေတာင္နဂါး ကုန္းဂါး ေရနဂါး နဂါးနီ နဂါျဖဴ နဂါးစိမ္း ေ႐ႊနဂါး ေႁမြနဂါးမ်ား အေရွ႕ အေနာင္ေတာင္ ေျမာက္ ေဘာဂဝတီေဆြေတာ္မ်ိဳးေတာ္မ်ား နဂါးမင္းႀကီးနဂါးမယ္ေတာ္ႀကီး၏ အေႁခြေတာ္အရံေတာ္ အႏြယ္ဝင္မ်ား ေရစၾကၤဝလာနဂါးသိုက္ခ်ဳပ္ဘိုးဘိုးမ်ား မယ္ေတာ္ႀကီးမ်ား ေဇယ်ေသနနဂါးမင္းႏွင့္ ညီမေတာ္မ်ား အမေတာ္ျမနန္းႏြယ္တို႔မိသားစုႏွင့္၁၀၂၄မ်ိဳးေသာ သာသနာအက်ိဳးျပဳနဂါးမ်ိဳးႏြယ္စုအားလုံးတို႔ႂကြေရာက္ဦးတိုက္သည့္ မဟာေအာင္ေျမဘုရား ေဘာဂဝတီမ်ိဳးႏြယ္စုအားလုံး၏ ထူးျခားသည့္နယ္ေျမ ေမာ္တင္စြန္းဘုရားေအာင္ေျမသို႔ အေရာက္လွမ္းဖို႔ ဖိတ္ေခၚခ်က္ျဖင့္ ေအာင္ေစ ပိုင္ေစ ေအးခ်မ္းေစဖို႔ ဘဝေဘာဂေတာင္းတိုင္းတ လိုတိုင္းရေစမည့္ ျမတ္ေမာ္တင္စြန္းဘုရားမွာ ဆုေတာင္းသစၥာျပဳၿပီး ေအာင္ျမင္မႈအေပါင္းရရွိ္ႏိုင္ၾကပါေစ…..
မတ္လ ၂၀ ရက္ေန႔အထိ ပြဲေတာ္ကိုက်င္းပျပဳလုပ္သြားမွာျဖစ္လို႔ ဆယ္တန္းေျဖၿပီးတဲ့ ညီေလးညီမေလးတို႔လည္း စိတ္ပင္ပန္းမႈေတြေျဖေဖ်ာက္ႏိုင္ဖို႔ သြားသင့္ပါတယ္ေနာ္
Photo – Moe Wai
#Labutta_Media
Leave a Reply