ပတ္တရားမြို့ နွန်နုဥယျာဉ် က ဘတ် ၁ သိန်းတန်= မြန်မာငွေ သိန်း ၆၀ တန် ဖင်အုန်းသီး ထုတ်ပြ

ပတ္တရားမြို့ နွန်နုဥယျာဉ် က ဘတ် ၁ သိန်းတန်= မြန်မာငွေ သိန်း ၆၀ တန် ဖင်အုန်းသီး ထုတ်ပြ

ဘတ် ၁ သိန်းတန်ဖင်အုန်းသီး ၇ လုံးနဲ့ ဘတ် ၂ သိန်းတန် အမွှာဖင်အုန်းသီး ၄ လုံးကို ပတ္တရား နွန်နုဥယျာဉ်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ပြခဲ့ပါတယ်။

နွန်နု အပူပိုင်း ရုက္ခဗေဒဥယျာဉ် နာယက ဖြစ်သူ ကမ်ဖွန်တန်သစ္စာ က တန်ဖိုးကြီး ဖင်အုန်းသီး ၁၁ လုံးကို ခွဲပြခဲ့သည့်အနက် ၄ လုံးမှာ အမွှာဖင်အုန်းသီးများဖြစ်တယ်လို့ သိရပါတယ်။

သာမန်ဖင်အုန်းသီးတစ်လုံးမှာ ဘတ် ၁ သိန်းအထိပေါက်ဈေးရှိပြီး အမွှာဖင်အုန်းသီး ၁ လုံးမှာ ဘတ် ၂ သိန်းထိ ဈေးပေါက်သည်ဟု သိရသည်။

လက်ရှိတွင် နွန်နုဥယျာဉ်အတွင်း ဖင်အုန်းသီးပင် ၃၈ ပင်ရှိသည့်အနက် အမပင် ၄ ပင်နှင့် အဖိုပင် ၉ ပင် ပါဝင်ပြီး ကျန် ၂၅ ပင်မှာ အဖိုအမ မသိရသေးဟု ဆိုသည်။

ပင်လယ်အုန်း ခေါ် ဖင်အုန်းသည် အိန္ဒိယသမုဒ္ဒရာအတွင်းရှိ Seychelles ဆေရှဲကျွန်းပေါ်တွင်သာ ပေါက် ရောက်သည့် မူလအုန်းပင်တစ်မျိုးဖြစ်သည်။

လူ့ဖင်နှင့်တူ၍ ဖင်အုန်းသီးဟု ခေါ်ဝေါ်ကြပြီး ပင်လယ်မှာ သာပေါက်ရောက်သည့်အတွက် ပင်လယ်အုန်း ဟုလည်းခေါ်ကြသည်။


အုန်းမျိုးစေ့ တစ်စေ့တည်းပင် ယူရိုကိုးထောင်ကျော် တန်ကြေးရှိသည်ဟု သိရပြီး အဆိုပါအုန်းသီးများကို ခိုးယူပြီး အလှအပအတွက်သုံးလာသူများပြားလာသည့်အတွက် မျိုးတုန်းလုနီးပါး ဖြစ်နေသည်ဟု သိရ သည်။

crd

Zawgyi








crd

Be the first to comment

Leave a Reply

Your email address will not be published.


*