
လာမည့် မတ်လ (၁၉)ရက်မှ (၂၄)ရက်အတွင်း အချိန်အခါမဟုတ်မိုးရွာမည့် တိုင်းဒေသကြီးများ
အနောက်ဘက်မှရွေ့လျားလာသော လေပွေလှိုင်းများ၏အရှိန်ကြောင့်လည်းကောင်း၊အပူပျံတက်တိမ်များ ဖြစ်ထွန်းမှုအားကောင်းခြင်းကြောင့်လည်းကောင်းမတ်လ ၁၉ ရက်မှ မတ်လ၂၄ ရက်အတွင်း တိုင်းနှင့် ပြည်နယ် (၈)ခုတွင်
အချိန်အခါမဟုတ်မိုးရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။မိုးရွာနိုင်သည့် တိုင်ဒေသကြီးတွေကတော့ နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းဒေသကြီးနှင့်
ကချင်၊ ရှမ်း၊ ချင်း၊ ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျားမှနေရာကျဲကျဲ မိုးရွာနိုင်ကြောင်း ဖော်ပြထားသည်။ယင်းကြောင့် ပြည်သူများအနေဖြင့် မိုးတိမ်တောင်များဖြစ်ထွန်းခြင်း၊ အချိန်အခါမဟုတ် မိုးရွာခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊
မိုးထစ်ချုန်းခြင်း၊မိုးကြိုးပစ်ခြင်း၊လျှပ်စီးလက်ခြင်းနှင့်မိုးသီးကြွေခြင်းစသည့်မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်သည့်အတွက်ကြိုတင်သတိပြုနိုင်ရန်အသိပေးထုတ်ပြန်ထားသည်။
Zawgyi
Leave a Reply