
သင်္ကြန်ကာလအတွက် အဝေးပြေး ကားလက်မှတ်တွေကြိုတင်မရောင်းဖို့ ကြီးကြပ်နေတယ်လို့ပြော
သင်္ကြန်ကာလအတွက် အဝေးပြေးကား လက်မှတ်တွေကိုလနဲ့ချီပြီးကြိုတင်ရောင်းချတာ၊ပွဲစားတွေနဲ့ ရောင်းချတာမျိုးမရှိအောင်ကြီးကြပ်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)က သိရပါတယ်။
ရန်ကုန်ရှိ အောင်မင်္ဂလာအဝေးပြေးဝန်းနဲ့ ဒဂုံဧရာအဝေးပြေးဝန်းကနေသင်္ကြန်ကာလတိုင်းနဲ့ ပြည်နယ်အသီးသီးကို သွားလာကြမယ့်ခရီးသွားပြည်သူတွေကိုသတ်မှတ်ယာဉ်စီးခနှုန်းထားတွေထက် ပိုမိုတိုးမြှင့်ရောင်းချတာမျိုးမပြုလုပ်ဖို့ကိုလည်း သက်ဆိုင်ရာယာဉ်လိုင်းတာဝန်ရှိသူတွေကို ခေါ်ယူမှာကြားထားတယ်လို့ YRTC တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်ကပြောပါတယ်။
လက်ရှိရန်ကုန်ကနေသင်္ကြန်ကာလနေရပ်ပြန်ကြမယ့်သူတွေက အဝေးပြေးကားလက်မှတ်ဝယ်ရာမှာ အလွယ်တကူဝယ်မရတဲ့အခက်အခဲတွေရှိနေပြီးနီးစပ်ရာအရောင်းဌာနခွဲတွေမှာဝယ်မရဘဲသတ်မှတ်နေရာဂိတ်သို့ ဦးသူစနစ်နဲ့ကန့်သတ်အရေအတွက်တိုင်းသွားရောက်ဝယ်ယူရမှာဖြစ်လို့ ပွဲစားတွေကရှိလာဦးမှာပဲလို့ ခရီးသည်တချို့ကပြောပါတယ်။
ယာဉ်လိုင်းတချို့ကတော့သင်္ကြန်ကာလပိတ်ရက်အတွက်ကားလက်မှတ်ရောင်းချမယ့်ရက်ကို ကြိုတင်ကြေညာထားတာမျိုးရှိပေမယ့် ရောင်းချမယ့်ဈေးနှုန်းကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။ကားလက်မှတ်တွေကိုဝယ်ယူတဲ့အခါမှာ မှတ်ပုံတင်မူရင်းပြပြီးမှဝယ်ယူနိုင်မယ်လို့ ကြေညာထားပါတယ်။
“သင်္ကြန်ကာလဆိုရင် ကားလက်မှတ်ခပိုယူတာက ထုံးစံလိုဖြစ်နေပြီ၊ ကိုယ်တွေကလည်း မဖြစ်မနေသွားရမှာဖြစ်နေတော့ ပိုတောင်းလည်း ပေးနိုင်တဲ့ပမာဏဆိုပေးလိုက်ရတာပဲ။ လက်မှတ်ရဖို့က အဓိကဆိုတော့”လို့ ခရီးသည်တစ်ဦးကပြောပါတယ်။
သင်္ကြန်ကာလအကြောင်းပြပြီး အဝေးပြေးယာဉ်တွေအပြင် YBS ယာဉ်တွေကပါ ယာဉ်စီးခပိုတောင်းရင် တိုင်ကြားနိုင်တယ်လို့ YRTC ကပြောကြားထားပြီး မတ်လအတွင်း ရန်ကုန်မှ အဝေးပြေးခရီးသည်တင်ယာဉ်လိုင်း ၂၀၀ ကျော်မှ ယာဉ်အစီးရေ ၆၀၀ ကျော်နဲ့ ခရီးသည်တွေ သယ်ယူပို့ဆောင်ပေးနေတယ်လို့ YRTCက ထုတ်ပြန်ထားပါတယ်။
Zawgyi
သၾကၤန္ကာလအတြက္ အေဝးေျပး ကားလက္မွတ္ေတြႀကိဳတင္မေရာင္းဖို႔ ႀကီးၾကပ္ေနတယ္လို႔ေျပာ
သၾကၤန္ကာလအတြက္ အေဝးေျပးကား လက္မွတ္ေတြကိုလနဲ႔ခ်ီၿပီးႀကိဳတင္ေရာင္းခ်တာ၊ပြဲစားေတြနဲ႔ ေရာင္းခ်တာမ်ိဳးမရွိေအာင္ႀကီးၾကပ္ေနတယ္လို႔ ရန္ကုန္တိုင္းေဒသႀကီးပုဂၢလိကသယ္ယူပို႔ေဆာင္ေရးႀကီးၾကပ္မႈေကာ္မတီ(YRTC)က သိရပါတယ္။
ရန္ကုန္ရွိ ေအာင္မဂၤလာအေဝးေျပးဝန္းနဲ႔ ဒဂုံဧရာအေဝးေျပးဝန္းကေနသၾကၤန္ကာလတိုင္းနဲ႔ ျပည္နယ္အသီးသီးကို သြားလာၾကမယ့္ခရီးသြားျပည္သူေတြကိုသတ္မွတ္ယာဥ္စီးခႏႈန္းထားေတြထက္ ပိုမိုတိုးျမႇင့္ေရာင္းခ်တာမ်ိဳးမျပဳလုပ္ဖို႔ကိုလည္း သက္ဆိုင္ရာယာဥ္လိုင္းတာဝန္ရွိသူေတြကို ေခၚယူမွာၾကားထားတယ္လို႔ YRTC တြဲဖက္အတြင္းေရးမႉး ဦးလ်န္က်င့္မန္ကေျပာပါတယ္။
လက္ရွိရန္ကုန္ကေနသၾကၤန္ကာလေနရပ္ျပန္ၾကမယ့္သူေတြက အေဝးေျပးကားလက္မွတ္ဝယ္ရာမွာ အလြယ္တကူဝယ္မရတဲ့အခက္အခဲေတြရွိေနၿပီးနီးစပ္ရာအေရာင္းဌာနခြဲေတြမွာဝယ္မရဘဲသတ္မွတ္ေနရာဂိတ္သို႔ ဦးသူစနစ္နဲ႔ကန႔္သတ္အေရအတြက္တိုင္းသြားေရာက္ဝယ္ယူရမွာျဖစ္လို႔ ပြဲစားေတြကရွိလာဦးမွာပဲလို႔ ခရီးသည္တခ်ိဳ႕ကေျပာပါတယ္။
ယာဥ္လိုင္းတခ်ိဳ႕ကေတာ့သၾကၤန္ကာလပိတ္ရက္အတြက္ကားလက္မွတ္ေရာင္းခ်မယ့္ရက္ကို ႀကိဳတင္ေၾကညာထားတာမ်ိဳးရွိေပမယ့္ ေရာင္းခ်မယ့္ေဈးႏႈန္းကိုေတာ့ ေဖာ္ျပထားျခင္း မရွိပါဘူး။ကားလက္မွတ္ေတြကိုဝယ္ယူတဲ့အခါမွာ မွတ္ပုံတင္မူရင္းျပၿပီးမွဝယ္ယူႏိုင္မယ္လို႔ ေၾကညာထားပါတယ္။
“သၾကၤန္ကာလဆိုရင္ ကားလက္မွတ္ခပိုယူတာက ထုံးစံလိုျဖစ္ေနၿပီ၊ ကိုယ္ေတြကလည္း မျဖစ္မေနသြားရမွာျဖစ္ေနေတာ့ ပိုေတာင္းလည္း ေပးႏိုင္တဲ့ပမာဏဆိုေပးလိုက္ရတာပဲ။ လက္မွတ္ရဖို႔က အဓိကဆိုေတာ့”လို႔ ခရီးသည္တစ္ဦးကေျပာပါတယ္။
သၾကၤန္ကာလအေၾကာင္းျပၿပီး အေဝးေျပးယာဥ္ေတြအျပင္ YBS ယာဥ္ေတြကပါ ယာဥ္စီးခပိုေတာင္းရင္ တိုင္ၾကားႏိုင္တယ္လို႔ YRTC ကေျပာၾကားထားၿပီး မတ္လအတြင္း ရန္ကုန္မွ အေဝးေျပးခရီးသည္တင္ယာဥ္လိုင္း ၂၀၀ ေက်ာ္မွ ယာဥ္အစီးေရ ၆၀၀ ေက်ာ္နဲ႔ ခရီးသည္ေတြ သယ္ယူပို႔ေဆာင္ေပးေနတယ္လို႔ YRTCက ထုတ္ျပန္ထားပါတယ္။
Leave a Reply