မြန်မာပြည် နှစ်လုံး/သုံးလုံး လောကရဲ့ အမှောင်ဖက်ခြမ်း (မသိသူကျော်သွား သိသူဖော်စား)

မြန်မာပြည် နှစ်လုံး/သုံးလုံး လောကရဲ့ အမှောင်ဖက်ခြမ်း (မသိသူကျော်သွား သိသူဖော်စား)

မသိသူကျော်သွား သိသူဖော်စား၊ ဒီပိုစ့်က မြန်မာနိုင်ငံသားအခြေခံလူတန်းစားတွေကို ဂုတ်သွေးစုပ်အမြတ်ထုတ်နေတဲ့ လူတန်းစားတွေရဲ့ စီးပွါးရေးကို တုတ်နဲ့ထိုးတဲ့ ပိုစ့်ပါ။ စာတော့နည်းနည်းရှည်ကောင်းရှည်မယ်၊ ဒါပေမယ့် ဘဝတွေ မျက်ရည်တွေပါနေတဲ့အခြေအနေတွေမို့ ကိုယ်သိသလောက် အိတ်သွန်ဖာမှောက် ဝင်ပြောချင်မိလို့ ပြောပါရစေ။

အမုန်းခံရနိုင်တာတွေ ရှိပေမယ့် တဘက်မှာလည်း လူပီသချင်စိတ်ဆိုတာနဲ့ နှိုင်းယှဉ်တွေးဖို့ရှိနေလို့ပါ။ ကိုယ်သိတာနဲ့တင် ရပ်မနေချင်လို့ပါ။ ကဲ စပြီ။

နှစ်လုံး၊ သုံးလုံးဒိုင်ကြီးတွေ သူတို့ဝင်ငွေတွေပုံမှန်ရနေဖို့ ဘယ်လိုစဉ်းစားကြသလဲ? ရှင်းရှင်းပြောရရင် သူတို့တွေအတွက်က စီးပွါးရေးလုပ်ငန်းတခုလို စဉ်းစား တွက်ချက်ပြင်ဆင်ပြီး ငွေသားစီးဆင်းမှုတွေ သူတို့ဆီ ဝင်လာနေအောင် အကွက်ချပြင်ဆင်ထားတာပါ။ တချက်ကြည့်ကြရအောင်၊ သူတို့ရဲ့ ဒီစီးပွါးရေးအတွက် ဆက်ဆံရေးမျက်နှာစာမှာ အဓိကပါဝင်နေသူတွေကိုကဏ္ဍခွဲကြည့်ရင် ဒီလိုတွေ့ရမယ်။

၁- ထိုးသားတွေ ၂- ကြားထဲကဒိုင်/ ကော်မရှင်စားဒိုင်တွေ ၃- ထိုင်းဘက်ကိုထားမယ့် ဆက်ဆံရေးလမ်းကြောင်း၊ software ကစား/ပြင်၊ commission ပေး၊ အမြတ်ခွဲ စသည်ဖြင့် ၄- ပြည်တွင်း လုပ်ပိုင်ခွင့်၊ ပေါင်းစားမယ့်သူတွေ (ရဲလိုင်းကြေး၊ ငွေလွှဲလုပ်သူတွေ၊ အမြတ် ရာခိုင်နှုန်း စားသူတွေ၊ လူမိုက်အဆင့်ဆင့်၊စသည်ဖြင့်) “ထိုးသားတွေ” အကြောင်းပြောရရင် ထိုးသားမရှိရင် ဒီစီးပွါးရေးမရှိနိုင်တော့ပါဘူး။

အဲ့တော့ထိုးသားတွေ အစဉ်မပြတ်ရှိနေစေရေးက ဒိုင်ကြီးတွေရွှေ့ရတဲ့ အကွက်တွေထဲမှာ တခုအနေနဲ့ အရေးအကြီးဆုံးမပါမဖြစ်အရာအနေနဲ့ စဉ်းစားကြရပါတယ်။

ကြားထဲမှာ ထိုးကြွေးရမယ့်အကောင် (စစ်တုရင် အပြော)တွေဖြစ်တဲ့ တပိုင်တနိုင်လုပ်နေတဲ့ ဒိုင်တွေကို ပေါက်ဂဏန်းတွေကို ကစား၊ ဖွင့်ပြတဲ့နည်းနဲ့ ပညာပြပြီး “ကြားဒိုင်တွေအကွဲ၊ ထိုးသားတွေအပျော်” အကွက်မျိုးကို အခြေအနေပေးတိုင်း လုပ်နေကြတာပါ။

အကြောင်းအမျိုးမျိုးကြောင့် ကြားဒိုင်အရေအတွက်က နည်းနေရင်တောင် ဒိုင်ကြီးတွေက ထိုးသားတွေ စိတ်ပါဝင်စားရှိနေအောင် သူတို့ချကြွေးသင့်တာလေးတွေချကြွေး/ရင်းသင့်တာလေးတွေ ချရင်း နေရင်း မြှားခေါ် ခေါ်နေမှာပါ။

ပေါက်ဂဏန်းကို ဘယ်လိုကစားနိုင်မှာလဲဆိုတာကို နောက်ပိုင်းမှာ ဆက်ပြောပါမယ်။ “ကြားထဲကဒိုင်/ ကော်မရှင်စားဒိုင်တွေ” အကြောင်းပြောရရင် သူတို့အုပ်စုမှာ ဒိုင်ကြီးချပေးထားတဲ့ လမ်းကြောင်းကို လျှောက်နေရတဲ့သူတွေနဲ့ ကိုယ့်နေရာအစုလေးတွေမှာ ကိုယ်စီကိုယ်စီတပိုင်တနိုင်လုပ်နေကြသူတွေဆိုပြီး နှစ်မျိုးတွေ့ရနိုင်ပါတယ်။

ဒိုင်ကြီးချပေးထားတဲ့ လမ်းကြောင်းအတိုင်းလျှောက်နေရတဲ့ ကြားဒိုင်တွေအနေနဲ့ ကတော့ သူတို့ရတာကကော်မရှင် ရာခိုင်နှုန်းပါ၊ ဒါပေမယ့် သေချာစဉ်းစားရင် သူတို့ကို ဒိုင်ရဲ့ အလုပ်မျိုးကိုပဲလုပ်ခိုင်းထားပြီး ဒိုင်ကြီးတွေက အပေါ်က ငွေကို သာသာလေး သဲ့ယူတဲ့ပုံစံမျိုး ချိုးထားကြတာပါ။

ပြဿနာကြီး/ငယ်တွေက ကြားဒိုင်တွေဆီမှာ တာဝန်ခံဖို့ ရောက်နေသလိုမျိုးဖြစ်အောင် အကွက်ချခံထားရတာပါ။ တဆင့်တိုးပြောကြည့်မယ်။ ကြားဒိုင်တွေက ထိုးသားတွေ ထိုးထားသမျှငွေစာရင်းကို ပေါင်းနှုတ်လုပ်ပြီးမှ တပတ်စာပြီးတိုင်း ဒိုင်ကြီးနဲ့ ငွေဆက်ရှင်းကြရတယ်ဆိုတဲ့ပုံစံကို နမူနာထားပြောကြည့်မယ်ပေါ့။ ကြားရက်တွေမှာ ပေါက်ကွက် အသေးတွေအကုန်လုံးက ကြားဒိုင်က ရှင်းပေးနေရတာပါ။

သူ့လက်ထဲ တပတ်စာအတွက် တရက်ချင်းစုစုလာတဲ့ ထိုးကွက်တွေက ရတဲ့ငွေတွေရှိနေတာကိုး။ ထိုးသားတွေရဲ့ အမြင်မှာလည်း ထိုးကြေးပိုက်ဆံကို သူ့ကိုပေးလိုက်တာမို့ ပေါက်လာရင် ရှင်းပေးရမှာကလည်း သူ့ကိစ္စလို့ပဲ တွေးကြတာပါ။

အဲ့တော့ သူကကျနော်/ကျမကတော့ဖြင့် ကြားထဲနေတဲ့ ကော်မရှင်စားလေးပါလို့ ဘယ်လောက်ပဲပြောပြော ထိုးသားက ဒိုင်ကြီးကိုမသိဘူး၊ ထိုးကြေး ပိုက်ဆံ ဒီကိုပေးလိုက်တာမို့ ဒီက ရှင်းပေးရမယ်လို့ပဲ အကြမ်းအားဖြင့် မြင်ပါတယ်။ တရားဝင်လုပ်ခွင့်မရတဲ့ လောင်းကစားမို့လည်း တခုခုနစ်နာစရာဖြစ်လာရင် တရားစွဲလို့ရတဲ့ ကိစ္စတွေမဟုတ်လို့ ယုံကြည်မှုဆိုတဲ့ အလွှာပါးပါး မျဉ်းပါးပါးလေးပေါ်မှာ ထိုးသူ/ကိုင်သူ နားလည်မှုနဲ့လုပ်ကြရတဲ့ သဘောဖြစ်နေတာပါ။

ကဲဗျာ ဒါတွေ ခဏထားပြီး တခုထပ်တိုး စဉ်းစားကြည့်ကြရအောင်။ ကြားဒိုင်တွေဆီ ပေါက်ကွက်ကြီးဝင်သွားရင်ရော၊ ပေါက်ကွက်ကြီးဝင်သွားရင် အပေါ်ဒိုင်က သူလျော်ပေးနိုင်တဲ့ ပမာဏထဲမှာဆိုရင်

(တကယ်ဖြစ်နိုင်တာက ကြားဒိုင်သေးတွေဆီက တပတ်စာတက်လာသမျှငွေစုစုပေါင်းထဲက ကာမိပြီး သူ့အိတ်ထဲက မစိုက်ရရင်) လျော်ပေးကောင်းပေးမယ်။ သိန်းရာချီပြီး ပေါက်သွားရင် မလျော်ပေးဘဲ ကြားဒိုင်ကို အဲ့ပြဿနာနဲ့ ထားထားဖို့လည်းဖြစ်နိုင်ပါတယ်။

ကြားဒိုင်မှာ လူမိုက်နည်းနဲ့ရှင်းနိုင်တဲ့ အတိုင်းအတာ တစုံတရာရှိရင်တော့ သူတို့ နည်းနည်းကျွတ်မှာပါ၊ စိတ်ရှုပ်ခံမှာမဟုတ်ပါဘူး၊ လျော်ပေးမှာပါ။ နောက်တခု စဉ်းစားကြည့်မယ်။

ကြားဒိုင်က ထိုးကြေးတွေယူပြီးပြေးရင်ရော၊ ပမာဏအနည်းအများပေါ်မူတည်ပြီး ရပ်ကွက်ထဲ ကြားဒိုင်ရဲ့နေခဲ့တဲ့အိမ်ကို ထဘီစွန်တောင်စွဲ အဖွဲ့လိုက်ရန်လာထောင်တာကစလို့ လူမိုက်ရှင်း အရှင်းခံရနိုင်တာမျိုးတွေ ကြုံသွားရနိုင်ပါတယ်။ အဲ့တော့ ကြားဒိုင်တွေဟာလည်း လွယ်လွယ်လေးနဲ့တော့ ဘတ်ကီးရိုက် ထွက်ပြေးသွားဖို့ မလွယ်လှတဲ့ အခြေအနေပါ။

ဟုတ်ပြီ ခုဒိုင်ကြီးတွေနဲ့ မဆက်ဆံဘဲ ကိုယ်တိုင် တပိုင်တနိုင်ကိုင်ကြတဲ့ ဒိုင်လေးတွေကိစ္စဘက်က စဉ်းစားကြည့်မယ်။ သင်္ချာတွက်ကိန်းတွေအရကြည့်ရင် လျော်ကြေးအဆတွေက ၂/၃ လုံး ဒိုင်တွေအတွက် စားသာတဲ့ဘက်မှာ အလိုလိုပို့ထားပေးပြီးသားပါ။

(ဒိုင်ကြီးတွေက ဒိုင်ကိုင်တဲ့ဘက်ကပဲစားသာအောင် တွက်ချက် အကွက်ချထားပေးပြီးသား၊ ပုံမှန်အားဖြင့် သူတို့စားဂွင်ယူနေမှာကလည်း အဲ့ဒီဘက်အခြမ်းကပါပဲ) ဒါပေမယ့် ခုကိစ္စက စာအုပ်လှန်နံပတ်ရွေးသလို၊ ဂဏန်းလုံးတွေ ပုံးထဲထည့်လှိမ့်ပြီး ရွေးထုတ်သလိုမျိုးလောက် မရိုးရှင်းဘူးလေ။

Software ပြနေတဲ့ဟာကို နောက်ကွယ်က ဘယ်လိုနည်းတွေနဲ့ interfere/intervene လုပ်မလဲဆိုတဲ့ နည်းတွေက တနည်းနည်းတဖုံဖုံရှိကိုရှိနေမှာပါ။ (ဒိုင်ကြီးတွေရယ်၊ အခြေအနေမသိတဲ့သာမန် ထိုးသားတွေက ဒီလိုပြောတာကို ဆတ်ဆတ်ထိမခံ ဖြစ်နိုင်ပါတယ်၊ ဆောရီးပါ၊ ကျနော် ဒီကိစ္စမှာ မြန်မာနိုင်ငံသားအများအကျိုးကိုပဲ ကြည့်ပါရစေ) Hot ထိပ်စီး/နောက်ပိတ်တွေ၊ စုံကိန်း/မကိန်းတွေ၊ ဘာကလင်ဒါ၊ ညာကလင်ဒါ၊ ဘယ်ဘုန်းကြီးဂဏန်း၊ ဘယ်ဘိုးတော်ဂဏန်းဆိုတာတွေက အလကားမှမဟုတ်တာ။ တချို့က အာဖျံကွီး ဘူမသိကိုးမသိ ရုပ်တည်နဲ့ လုပ်စားနေတာမျိုးတော့ ရှိမယ်။

တည့်တဲ့အချိန်တည့်၊ လွဲတဲ့အချိန်လွဲပဲ။ ဒါပေမယ့် တချို့ online ပေါ် live လွှင့်ပြောနေတာတွေကျတော့ နောက်ကွယ်မှာ သူတို့ရနေတဲ့ data feed တွေရှိတယ်။ သူတို့ဆီ နောက်ကွယ်ကလက်မည်းကြီးတွေက (ကြားဒိုင်လေးတွေဆီက အတက်နည်းလာရင်) ထိပ်စီးတွေ နောက်ပိတ်တွေပေးပစ်ပြီး ထိုးသားတွေပျော်ရအောင်ပစ်တာ။

တကယ်လည်း လနဲ့ချီပြီး ဆက်တိုက်မှန်/ထွက်ခဲ့တဲ့အချိန် ထွက်ခဲ့တာပဲလေ။ လနဲ့ချီ မှန်ခဲ့တဲ့ hot ထိပ်စီး/နောက်ပိတ်တွေရှိနေခဲ့တာ ကံကောင်းလွန်းလို့ပါလို့ မိတ်ဆွေတို့ ယုံနေကြတုန်းလား အဓိကပစ်မှတ်က အဲ့လိုလုပ်ခြင်းအားဖြင့် တချက်ခုတ် နှစ်ချက်ပြတ်ပဲ။ ထိုးသားတွေပျော်မယ်၊ ကြားကတပိုင်တနိုင်ကိုင်တဲ့ဒိုင်တွေကွဲမယ်။

နောက်ဆုံး ကြားဒိုင်တွေ မကိုင်နိုင်ကြ/မရပ်တည်နိုင်ကြတော့ဘဲ ဒိုင်ကြီးဆီ လှမ်းချိတ်ဆက်ဆံ ပိုက်ဆံတွေ ဒိုင်ကြီးဆီသာ မရပ်မနားတရဟော စီးဝင်သွားလေတော့သတည်းဆိုတဲ့ အဖြေပဲ ထွက်အောင် အပေါ်ကကောင်တွေက စီးပွါးတွက်တွက်ပြီးကစားတာ၊ အကွက်ရွှေ့တာ။

သူတို့ ဒိုင်ကြီးတွေဘက်မှာကျတော့ တက်လာတဲ့ ထိုးကြေးအခြေအနေ စာရင်းဇယားတွေကို real time စောင့်ကြည့်နေတာမျိုးတွေရှိတယ်၊ AI တွေ၊ formula တွေသုံးပြီး လူတွေကို အသာလေး အရူးလုပ်နိုင်တဲ့ အခြေအနေတွေပိုင်ထား ကိုင်ထားပြီးသား။

မသိဘဲ သွားမလုပ်နဲ့၊ ခံသွားရမယ် မိတ်ဆွေတို့ရေ။ မသိတဲ့ကောင်၊ အတဲ့ကောင် ခံလေရော့ပဲ၊ အကွက်က။ ဒီလောင်းကစားက နိုင်ငံနဲ့ချီပြီးစွဲနေတဲ့ ဆင်းရဲသားလူထုရဲ့ ထွက်ပေါက်ပုံစံဖြစ်နေတဲ့ ငွေရပေါက်ဟာကြီး၊ တနည်းဆိုရရင် လူတွေ နစ်နေရတဲ့နွံအိုင်ကြီး။ အကြမ်းတွက် တွက်ကြည့်မယ်။

အနိမ့်ဆုံး မြန်မာနိုင်ငံမှာ ခုချိန် ထိုးသားတယောက်က တနေ့ တထောင်ဖိုးလောက်ပဲထိုးကြည့်။ တနိုင်ငံလုံးထိုးသူ ဘယ်လောက် ရှိမယ်မှန်းလဲ? ထိုးသားတယောက်ရဲ့ အနည်းဆုံးတနေ့စာထိုးငွေ တထောင်လောက်နဲ့အခြေခံ စဉ်းစားမြှောက်ကြည့်ရင်တောင် မနည်းမနောငွေရပေါက်ကြီး၊ ငွေစီးဆင်းနေမှုကြီးနော်။

ဉပမာ မြန်မာ့လူဦးရေ ၅၀ မှာ ၁ ယောက်ပဲထိုးတယ်ထား၊ ခုလူဦးရေ သန်း ၅၀ ပဲလျော့ထားပြီးတွက်ရင်တောင် ၁သန်းx၁၀၀၀=ကျပ်ငွေ သန်းတထောင်နော်၊ (သိန်း တသောင်း) တနေ့ငွေ စီးဝင်မှု ပမာဏ။

အဲ့လို အချိုအချောင် စီးပွါးရေးမျိုးက ငွေတွေ သာသာယာယာ နေ့စဉ်/အပတ်စဉ် ခွဲယူနေရုံ၊ ငွေတွေအိတ်ထဲ သပိတ်ဝင် အိတ်ဝင် စီးဝင်နေတာ မျိုးကို ဘယ်လို မှောင်ခိုစီးပွါးရေးလုပ်တဲ့သူမဆို မမက်မောဘဲ ရှိမလဲ။ ထိုင်းက လက်တံရှည်၊ လက်တံတို မှောင်ခိုလောင်းကစားသမားတွေက ရသလောက်ဝင် ပွဲတော်တည်ကြမှာပဲ။ Software ကသူ့ဟာသူပေါ်ချင်တာပေါ်နေတာပါဆိုရင်တော့ မိတ်ဆွေရဲ့ သဘောပါ။ ဒိုင်ကြီးတွေက မိတ်ဆွေတို့လိုလူတွေကိုပဲ အလိုရှိတာပါတဲ့။

လောကကြီးမှာ ဘာမဆိုဖြစ်နိုင်တယ်ဆိုတာမှာ ဒီကိစ္စက ခြွင်းချက်မဟုတ်ပါဘူး။ ငွေကြေးအမြတ်အစွန်းတွေအကြီးကြီးမို့ မှောင်ခိုလောင်းကစားသမားကြီးတွေက မမက်ဘဲ မနေပါဘူး။ သူတို့ရဲ့ interference/intervention ကြားဝင် ခလောက်ဆန်နေမှုက ပုံစံမျိုးစုံနဲ့ နောက်ကွယ်မှာရှိနေမှာမြေကြီးလက်ခတ် မလွဲပါဘူး။

မြန်မာနိုင်ငံလို ပေါ်လစီ အဟရှိနေတဲ့နိုင်ငံမို့ သူတို့က ဝင်ထိုင်နိုင်သလောက် ဝင်ထိုင်တဲ့သဘောပါပဲ။ တခြား ဖွံဖြိုးတိုးတက်တဲ့နိုင်ငံတွေမှာ လောင်းကစားကို ဉပဒေဘောင်ထဲက အထိုက်အလျောက်ဖြေလျော့ခွင့်ပြုပေးပါတယ်။ ၁/၂/၃/lottery ထီ /မြင်း/ပြိုင်ကား/လက်ဝှေ့/စသည်ဖြင့် အကုန်ဗျာ ဖြစ်နိုင်တာချည်းပဲ။

အစိုးရက ဒိုင်နေရာဝင်ထိုင်တော့ အမြတ်အစွန်းတွေ၊ အခွန်တွေကို တိုင်းပြည်က ရပါတယ်။ အဲ့ဒါတွေကို ပြည်တွင်းလိုအပ်ချက်တွေမှာ တနည်းတဖုံ ပြန်သုံးစွဲတော့ တိုင်းပြည်/ပြည်သူ နှစ်ဦးနှစ်ဘက် အကျိုးအယုတ်ကြီး မဖြစ်သွားပါဘူး။

လူတွေရဲ့ လောင်းကစားဝါသနာနဲ့ ပတ်သတ်ပြီး ကြုံလို့ တခုပြောချင်ပါတယ်။ တရုပ်တွေပြောကြတာတခုရှိပါတယ်၊ သူတို့တွေက လောင်းကစားကို အရမ်းဝါသနာပါပါတယ်တဲ့။ လောင်းစရာမရှိရင် ဆန်အိုးထဲကဆန်ကို လက်နဲ့ဆုပ်ယူပြီး ဆန်စိကို စားပွဲပေါ်ကြဲချ၊ ပြီးရင် စုံ/မ ရေတွက် လောင်းကစားလုပ်ကြတာပါတဲ့။

အဲ့တော့ လူ့ဝါသနာကို စဉ်းစားသာကြည့်တော့။ အဲ့ဒီဝါသနာတွေကို လုံးလုံးတားမရတာ/မတားသင့်တာတွေကို ဘေးခဏထားပြီး အစိုးရက ဉပဒေဘောင်ထဲထည့် ထိန်းကျောင်းပေးလိုက်နိုင်ရင် Win-win ပဲပေါ့။ မြန်မာနိုင်ငံဟာ အကြောင်းအမျိုးမျိုးကြောင့် အစိုးရက ဒီလိုလောင်းကစားတွေကို ကြပ်မတ်ထိန်းကျောင်းမောင်းနှင်တဲ့အဆင့်ကို မရောက်နိုင်ခဲ့သေးဘူး။

အဲ့တော့ ဒီအဆင့်မှာ အပေါ်ကလူတွေနဲ့ အလျင်းသင့်အောင် ပေါင်းစား ခြယ်လှယ်ပြီး ပြည်သူတွေကို ဂုတ်သွေးစုပ်အမြတ်ထုတ်စားနေတဲ့ လက်တဆုပ်စာလူတန်းစားတရပ်က ရှိသွားတယ်။ ပြည်သူတွေက ခံပြီးရင်းခံ၊ ငတ်ပြီးရင်းငတ်၊ နင်းပြားဖြစ်ပြီးရင်းဖြစ်နေကြရတယ်။

ခုချိန်ခါမှာ ပတ်ဝန်းကျင်မှာ သတိထားကြည့်ရင် ဘဝတွေစုတ်ပြတ်သတ်နေတဲ့၊ အကြွေးသံသရာတွေထူနေကြရတဲ့၊ လူမူရေးဘဝတွေပျက်စီးသွားကြရတဲ့ မသိနားမလည်သူပြည်သူတွေဟာ ဒုနဲ့ဒေး မြင်နေကြရတယ်။ ဆင်းရဲရာကနေ ငွေရလမ်းလေးတခုဖြစ်လိုဖြစ်ငြားတွေးကြရင်း၊ ကြုံသလိုလောဘတက် ဖြေရှင်းနေကြရင်း ငွေကြေးဒုက္ခရောက်နေကြရတဲ့ ဆင်းရဲတွင်းနက်နေကြရတဲ့ အရေအတွက်တွေက တိုးသည်ထက် တိုးလာနေတယ်။

နောက်ပြီး ပညာဆင်ချင်တုံတရားတွေ အထိုက်အလျောက်ရှိကြပါရက်နဲ့လည်း ဝါသနာတွေ၊ လောဘတွေကြောင့် ဘဝအခြေအနေပျက်မလိုဖြစ်နေတဲ့ ပြည်သူတွေက ပုံစံတမျိုးနဲ့ ထပ်ရှိနေကြပြန်တယ်။

ခု ဒါဆို ဘာလုပ်ကြမလဲ၊ ကျနော့သဘောကတော့ အပေါ်ကအမြတ်ထုတ် ဂုတ်သွေးစုပ်နေကြတဲ့ လက်တစုပ်စာလူတန်းစားကို ဒီငွေပင်ငွေရင်းတွေ စီးဝင်နေတာကို မဖြစ်စေချင်ပါဘူး။ ဖြစ်ချင်းဖြစ် ပြည်သူတွေအချင်းချင်းပဲ သူ့ပိုက်ဆံ ငါ့ဆီရောက်၊ ငါ့ပိုက်ဆံ သူ့ဆီရောက် အခြေအနေပဲဖြစ်စေချင်ပါတယ်။

ဝါသနာကို တားမရရင်ပေါ့နော်။ ဒိုင်လေးတွေ ဘာလုပ်သင့်သလဲ၊ ဖြစ်နိုင်လို့ရှိရင် မလုပ်ပါနဲ့တော့။ ဒါပေမယ့် မနေနိုင်လို့ လုပ်ရရင်လည်း ကိုယ်အရှုံးခံနိုင်သလောက် တပိုင်တနိုင် ကိုင်ပါ။ ရှုံးသွားရရင်တောင် မျှော်လင့်ချက် လောဘတခုနဲ့ထိုးနေတဲ့ ကိုယ့်နိုင်ငံသားတယောက်ရဲ့လက်ထဲ ငွေရောက်သွားမှာမို့ ပျော်ပေးလိုက်နိုင်ပါစေ။

(ပိုင်ဆိုင်မှုတွေကို မီးရှို့ခံလိုက်ရတာထက် အဓိပ္ပါယ်ရှိပါတယ်) ထိုးသားလေးတွေမှာလည်း သူတို့ရဲ့ ပျော်ရွှင်မှု၊ စားဝတ်နေရေးက ဒီထီပေါက်ရေးပဲ ဖြစ်ရင်ဖြစ်နေနိုင်တာကို တွေးကြည့်ပေးပါ၊ သနားပေးပါ။ ထိုးသားတွေ ဘာလုပ်သင့်သလဲ၊ ဖြစ်နိုင်ရင် ရုန်းထွက်ပါ၊ မထိုးပါနဲ့တော့။

ဝါသနာကြောင့် ဘဝပျက်ပျက် တားမရသူတွေကိုတော့ပြောချင်ပါတယ်။ ကိုယ်နိုင်တာထက် လောဘပိုမတက်ပါနဲ့။ ပေါက်ကွက်တွေရ ငွေတွေရခဲ့ရင် ချင့်ချိန်သုံးကြပါလို့။

ဒိုင်လေးပဲဖြစ်ဖြစ်၊ ထိုးသားပဲဖြစ်ဖြစ် ငွေပိုလေးတွေရရင် သောက်သောက်စားစား အပိုသုံးလေးတွေလုပ်ကြမှာလည်း မလွဲပါဘူး။ လူ့သဘောမို့ လုပ်ကြပါ၊ တဖက်ကကြည့်ရင်တော့ ဒါဟာ တိုင်းပြည်တွင်းမှာ ငွေလည်ပတ်စီးဆင်းမှုကို တနည်းတဖုံအားဖြင့် အားဖြည့်ပေးရာ ကျပါတယ်လို့ ပြောချင်ပါတယ်။

ဉပမာ ကိုယ်က ငွေပိုရှိချိန်မှာ ဆိုင်ကယ်ကယ်ရီလေးစီးလိုက်ခြင်းအားဖြင့်၊ စားသောက်ဆိုင်က စားပွဲထိုးလေးကို ငွေစအပိုလေးပေးလိုက်ခြင်းအားဖြင့်၊ ပြည့်တန်စာတယောက်နဲ့ အခကြေးငွေပေးပျော်ပါးလိုက်ခြင်းအားဖြင့် စသည်လုပ်ရပ်တွေဟာ

ကိုယ်နဲ့ထိတွေ့ဆက်ဆံ ဝင်ငွေရသွားသူတိုင်းဟာ သွယ်ဝိုက်ပြီး အကျိုးခံစားခွင့်ရသွားကြတာမျိုးကို မြင်ကြည့်ပါ။ နောက်ဆုံးပြောချင်တာကတော့ ငွေများများလက်ထဲရှိရင် တိုင်းပြည်ရဲ့ လက်ရှိကြုံနေရတဲ့ရောဂါ ကုစားရေးတွေမှာ တတ်အားသမျှပါပေးကြပါ။ လှူကြပါ၊ ကူကြပါ၊ ဘွန်းကြပါဗျာ။

ညီကိုလတ်

Zawgyi

ျမန္မာျပည္ ႏွစ္လုံး/သုံးလုံး ေလာကရဲ႕ အေမွာင္ဖက္ျခမ္း (မသိသူေက်ာ္သြား သိသူေဖာ္စား)

မသိသူေက်ာ္သြား သိသူေဖာ္စား၊ ဒီပိုစ့္က ျမန္မာႏိုင္ငံသားအေျခခံလူတန္းစားေတြကို ဂုတ္ေသြးစုပ္အျမတ္ထုတ္ေနတဲ့ လူတန္းစားေတြရဲ႕ စီးပြါးေရးကို တုတ္နဲ႔ထိုးတဲ့ ပိုစ့္ပါ။ စာေတာ့နည္းနည္းရွည္ေကာင္းရွည္မယ္၊ ဒါေပမယ့္ ဘဝေတြ မ်က္ရည္ေတြပါေနတဲ့အေျခအေနေတြမို႔ ကိုယ္သိသေလာက္ အိတ္သြန္ဖာေမွာက္ ဝင္ေျပာခ်င္မိလို႔ ေျပာပါရေစ။

အမုန္းခံရႏိုင္တာေတြ ရွိေပမယ့္ တဘက္မွာလည္း လူပီသခ်င္စိတ္ဆိုတာနဲ႔ ႏႈိင္းယွဥ္ေတြးဖို႔ရွိေနလို႔ပါ။ ကိုယ္သိတာနဲ႔တင္ ရပ္မေနခ်င္လို႔ပါ။ ကဲ စၿပီ။

ႏွစ္လုံး၊ သုံးလုံးဒိုင္ႀကီးေတြ သူတို႔ဝင္ေငြေတြပုံမွန္ရေနဖို႔ ဘယ္လိုစဥ္းစားၾကသလဲ? ရွင္းရွင္းေျပာရရင္ သူတို႔ေတြအတြက္က စီးပြါးေရးလုပ္ငန္းတခုလို စဥ္းစား တြက္ခ်က္ျပင္ဆင္ၿပီး ေငြသားစီးဆင္းမႈေတြ သူတို႔ဆီ ဝင္လာေနေအာင္ အကြက္ခ်ျပင္ဆင္ထားတာပါ။ တခ်က္ၾကည့္ၾကရေအာင္၊ သူတို႔ရဲ႕ ဒီစီးပြါးေရးအတြက္ ဆက္ဆံေရးမ်က္ႏွာစာမွာ အဓိကပါဝင္ေနသူေတြကိုက႑ခြဲၾကည့္ရင္ ဒီလိုေတြ႕ရမယ္။

၁- ထိုးသားေတြ ၂- ၾကားထဲကဒိုင္/ ေကာ္မရွင္စားဒိုင္ေတြ ၃- ထိုင္းဘက္ကိုထားမယ့္ ဆက္ဆံေရးလမ္းေၾကာင္း၊ software ကစား/ျပင္၊ commission ေပး၊ အျမတ္ခြဲ စသည္ျဖင့္ ၄- ျပည္တြင္း လုပ္ပိုင္ခြင့္၊ ေပါင္းစားမယ့္သူေတြ (ရဲလိုင္းေၾကး၊ ေငြလႊဲလုပ္သူေတြ၊ အျမတ္ ရာခိုင္ႏႈန္း စားသူေတြ၊ လူမိုက္အဆင့္ဆင့္၊စသည္ျဖင့္) “ထိုးသားေတြ” အေၾကာင္းေျပာရရင္ ထိုးသားမရွိရင္ ဒီစီးပြါးေရးမရွိႏိုင္ေတာ့ပါဘူး။

အဲ့ေတာ့ထိုးသားေတြ အစဥ္မျပတ္ရွိေနေစေရးက ဒိုင္ႀကီးေတြေ႐ႊ႕ရတဲ့ အကြက္ေတြထဲမွာ တခုအေနနဲ႔ အေရးအႀကီးဆုံးမပါမျဖစ္အရာအေနနဲ႔ စဥ္းစားၾကရပါတယ္။

ၾကားထဲမွာ ထိုးေႂကြးရမယ့္အေကာင္ (စစ္တုရင္ အေျပာ)ေတြျဖစ္တဲ့ တပိုင္တႏိုင္လုပ္ေနတဲ့ ဒိုင္ေတြကို ေပါက္ဂဏန္းေတြကို ကစား၊ ဖြင့္ျပတဲ့နည္းနဲ႔ ပညာျပၿပီး “ၾကားဒိုင္ေတြအကြဲ၊ ထိုးသားေတြအေပ်ာ္” အကြက္မ်ိဳးကို အေျခအေနေပးတိုင္း လုပ္ေနၾကတာပါ။

အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ၾကားဒိုင္အေရအတြက္က နည္းေနရင္ေတာင္ ဒိုင္ႀကီးေတြက ထိုးသားေတြ စိတ္ပါဝင္စားရွိေနေအာင္ သူတို႔ခ်ေႂကြးသင့္တာေလးေတြခ်ေႂကြး/ရင္းသင့္တာေလးေတြ ခ်ရင္း ေနရင္း ျမႇားေခၚ ေခၚေနမွာပါ။

ေပါက္ဂဏန္းကို ဘယ္လိုကစားႏိုင္မွာလဲဆိုတာကို ေနာက္ပိုင္းမွာ ဆက္ေျပာပါမယ္။ “ၾကားထဲကဒိုင္/ ေကာ္မရွင္စားဒိုင္ေတြ” အေၾကာင္းေျပာရရင္ သူတို႔အုပ္စုမွာ ဒိုင္ႀကီးခ်ေပးထားတဲ့ လမ္းေၾကာင္းကို ေလွ်ာက္ေနရတဲ့သူေတြနဲ႔ ကိုယ့္ေနရာအစုေလးေတြမွာ ကိုယ္စီကိုယ္စီတပိုင္တႏိုင္လုပ္ေနၾကသူေတြဆိုၿပီး ႏွစ္မ်ိဳးေတြ႕ရႏိုင္ပါတယ္။

ဒိုင္ႀကီးခ်ေပးထားတဲ့ လမ္းေၾကာင္းအတိုင္းေလွ်ာက္ေနရတဲ့ ၾကားဒိုင္ေတြအေနနဲ႔ ကေတာ့ သူတို႔ရတာကေကာ္မရွင္ ရာခိုင္ႏႈန္းပါ၊ ဒါေပမယ့္ ေသခ်ာစဥ္းစားရင္ သူတို႔ကို ဒိုင္ရဲ႕ အလုပ္မ်ိဳးကိုပဲလုပ္ခိုင္းထားၿပီး ဒိုင္ႀကီးေတြက အေပၚက ေငြကို သာသာေလး သဲ့ယူတဲ့ပုံစံမ်ိဳး ခ်ိဳးထားၾကတာပါ။

ျပႆနာႀကီး/ငယ္ေတြက ၾကားဒိုင္ေတြဆီမွာ တာဝန္ခံဖို႔ ေရာက္ေနသလိုမ်ိဳးျဖစ္ေအာင္ အကြက္ခ်ခံထားရတာပါ။ တဆင့္တိုးေျပာၾကည့္မယ္။ ၾကားဒိုင္ေတြက ထိုးသားေတြ ထိုးထားသမွ်ေငြစာရင္းကို ေပါင္းႏႈတ္လုပ္ၿပီးမွ တပတ္စာၿပီးတိုင္း ဒိုင္ႀကီးနဲ႔ ေငြဆက္ရွင္းၾကရတယ္ဆိုတဲ့ပုံစံကို နမူနာထားေျပာၾကည့္မယ္ေပါ့။ ၾကားရက္ေတြမွာ ေပါက္ကြက္ အေသးေတြအကုန္လုံးက ၾကားဒိုင္က ရွင္းေပးေနရတာပါ။

သူ႔လက္ထဲ တပတ္စာအတြက္ တရက္ခ်င္းစုစုလာတဲ့ ထိုးကြက္ေတြက ရတဲ့ေငြေတြရွိေနတာကိုး။ ထိုးသားေတြရဲ႕ အျမင္မွာလည္း ထိုးေၾကးပိုက္ဆံကို သူ႔ကိုေပးလိုက္တာမို႔ ေပါက္လာရင္ ရွင္းေပးရမွာကလည္း သူ႔ကိစၥလို႔ပဲ ေတြးၾကတာပါ။

အဲ့ေတာ့ သူကက်ေနာ္/က်မကေတာ့ျဖင့္ ၾကားထဲေနတဲ့ ေကာ္မရွင္စားေလးပါလို႔ ဘယ္ေလာက္ပဲေျပာေျပာ ထိုးသားက ဒိုင္ႀကီးကိုမသိဘူး၊ ထိုးေၾကး ပိုက္ဆံ ဒီကိုေပးလိုက္တာမို႔ ဒီက ရွင္းေပးရမယ္လို႔ပဲ အၾကမ္းအားျဖင့္ ျမင္ပါတယ္။ တရားဝင္လုပ္ခြင့္မရတဲ့ ေလာင္းကစားမို႔လည္း တခုခုနစ္နာစရာျဖစ္လာရင္ တရားစြဲလို႔ရတဲ့ ကိစၥေတြမဟုတ္လို႔ ယုံၾကည္မႈဆိုတဲ့ အလႊာပါးပါး မ်ဥ္းပါးပါးေလးေပၚမွာ ထိုးသူ/ကိုင္သူ နားလည္မႈနဲ႔လုပ္ၾကရတဲ့ သေဘာျဖစ္ေနတာပါ။

ကဲဗ်ာ ဒါေတြ ခဏထားၿပီး တခုထပ္တိုး စဥ္းစားၾကည့္ၾကရေအာင္။ ၾကားဒိုင္ေတြဆီ ေပါက္ကြက္ႀကီးဝင္သြားရင္ေရာ၊ ေပါက္ကြက္ႀကီးဝင္သြားရင္ အေပၚဒိုင္က သူေလ်ာ္ေပးႏိုင္တဲ့ ပမာဏထဲမွာဆိုရင္

(တကယ္ျဖစ္ႏိုင္တာက ၾကားဒိုင္ေသးေတြဆီက တပတ္စာတက္လာသမွ်ေငြစုစုေပါင္းထဲက ကာမိၿပီး သူ႔အိတ္ထဲက မစိုက္ရရင္) ေလ်ာ္ေပးေကာင္းေပးမယ္။ သိန္းရာခ်ီၿပီး ေပါက္သြားရင္ မေလ်ာ္ေပးဘဲ ၾကားဒိုင္ကို အဲ့ျပႆနာနဲ႔ ထားထားဖို႔လည္းျဖစ္ႏိုင္ပါတယ္။

ၾကားဒိုင္မွာ လူမိုက္နည္းနဲ႔ရွင္းႏိုင္တဲ့ အတိုင္းအတာ တစုံတရာရွိရင္ေတာ့ သူတို႔ နည္းနည္းကြၽတ္မွာပါ၊ စိတ္ရႈပ္ခံမွာမဟုတ္ပါဘူး၊ ေလ်ာ္ေပးမွာပါ။ ေနာက္တခု စဥ္းစားၾကည့္မယ္။

ၾကားဒိုင္က ထိုးေၾကးေတြယူၿပီးေျပးရင္ေရာ၊ ပမာဏအနည္းအမ်ားေပၚမူတည္ၿပီး ရပ္ကြက္ထဲ ၾကားဒိုင္ရဲ႕ေနခဲ့တဲ့အိမ္ကို ထဘီစြန္ေတာင္စြဲ အဖြဲ႕လိုက္ရန္လာေထာင္တာကစလို႔ လူမိုက္ရွင္း အရွင္းခံရႏိုင္တာမ်ိဳးေတြ ႀကဳံသြားရႏိုင္ပါတယ္။ အဲ့ေတာ့ ၾကားဒိုင္ေတြဟာလည္း လြယ္လြယ္ေလးနဲ႔ေတာ့ ဘတ္ကီး႐ိုက္ ထြက္ေျပးသြားဖို႔ မလြယ္လွတဲ့ အေျခအေနပါ။

ဟုတ္ၿပီ ခုဒိုင္ႀကီးေတြနဲ႔ မဆက္ဆံဘဲ ကိုယ္တိုင္ တပိုင္တႏိုင္ကိုင္ၾကတဲ့ ဒိုင္ေလးေတြကိစၥဘက္က စဥ္းစားၾကည့္မယ္။ သခ်ၤာတြက္ကိန္းေတြအရၾကည့္ရင္ ေလ်ာ္ေၾကးအဆေတြက ၂/၃ လုံး ဒိုင္ေတြအတြက္ စားသာတဲ့ဘက္မွာ အလိုလိုပို႔ထားေပးၿပီးသားပါ။

(ဒိုင္ႀကီးေတြက ဒိုင္ကိုင္တဲ့ဘက္ကပဲစားသာေအာင္ တြက္ခ်က္ အကြက္ခ်ထားေပးၿပီးသား၊ ပုံမွန္အားျဖင့္ သူတို႔စားဂြင္ယူေနမွာကလည္း အဲ့ဒီဘက္အျခမ္းကပါပဲ) ဒါေပမယ့္ ခုကိစၥက စာအုပ္လွန္နံပတ္ေ႐ြးသလို၊ ဂဏန္းလုံးေတြ ပုံးထဲထည့္လွိမ့္ၿပီး ေ႐ြးထုတ္သလိုမ်ိဳးေလာက္ မ႐ိုးရွင္းဘူးေလ။

Software ျပေနတဲ့ဟာကို ေနာက္ကြယ္က ဘယ္လိုနည္းေတြနဲ႔ interfere/intervene လုပ္မလဲဆိုတဲ့ နည္းေတြက တနည္းနည္းတဖုံဖုံရွိကိုရွိေနမွာပါ။ (ဒိုင္ႀကီးေတြရယ္၊ အေျခအေနမသိတဲ့သာမန္ ထိုးသားေတြက ဒီလိုေျပာတာကို ဆတ္ဆတ္ထိမခံ ျဖစ္ႏိုင္ပါတယ္၊ ေဆာရီးပါ၊ က်ေနာ္ ဒီကိစၥမွာ ျမန္မာႏိုင္ငံသားအမ်ားအက်ိဳးကိုပဲ ၾကည့္ပါရေစ) Hot ထိပ္စီး/ေနာက္ပိတ္ေတြ၊ စုံကိန္း/မကိန္းေတြ၊ ဘာကလင္ဒါ၊ ညာကလင္ဒါ၊ ဘယ္ဘုန္းႀကီးဂဏန္း၊ ဘယ္ဘိုးေတာ္ဂဏန္းဆိုတာေတြက အလကားမွမဟုတ္တာ။ တခ်ိဳ႕က အာဖ်ံကြီး ဘူမသိကိုးမသိ ႐ုပ္တည္နဲ႔ လုပ္စားေနတာမ်ိဳးေတာ့ ရွိမယ္။

တည့္တဲ့အခ်ိန္တည့္၊ လြဲတဲ့အခ်ိန္လြဲပဲ။ ဒါေပမယ့္ တခ်ိဳ႕ online ေပၚ live လႊင့္ေျပာေနတာေတြက်ေတာ့ ေနာက္ကြယ္မွာ သူတို႔ရေနတဲ့ data feed ေတြရွိတယ္။ သူတို႔ဆီ ေနာက္ကြယ္ကလက္မည္းႀကီးေတြက (ၾကားဒိုင္ေလးေတြဆီက အတက္နည္းလာရင္) ထိပ္စီးေတြ ေနာက္ပိတ္ေတြေပးပစ္ၿပီး ထိုးသားေတြေပ်ာ္ရေအာင္ပစ္တာ။

တကယ္လည္း လနဲ႔ခ်ီၿပီး ဆက္တိုက္မွန္/ထြက္ခဲ့တဲ့အခ်ိန္ ထြက္ခဲ့တာပဲေလ။ လနဲ႔ခ်ီ မွန္ခဲ့တဲ့ hot ထိပ္စီး/ေနာက္ပိတ္ေတြရွိေနခဲ့တာ ကံေကာင္းလြန္းလို႔ပါလို႔ မိတ္ေဆြတို႔ ယုံေနၾကတုန္းလား အဓိကပစ္မွတ္က အဲ့လိုလုပ္ျခင္းအားျဖင့္ တခ်က္ခုတ္ ႏွစ္ခ်က္ျပတ္ပဲ။ ထိုးသားေတြေပ်ာ္မယ္၊ ၾကားကတပိုင္တႏိုင္ကိုင္တဲ့ဒိုင္ေတြကြဲမယ္။

ေနာက္ဆုံး ၾကားဒိုင္ေတြ မကိုင္ႏိုင္ၾက/မရပ္တည္ႏိုင္ၾကေတာ့ဘဲ ဒိုင္ႀကီးဆီ လွမ္းခ်ိတ္ဆက္ဆံ ပိုက္ဆံေတြ ဒိုင္ႀကီးဆီသာ မရပ္မနားတရေဟာ စီးဝင္သြားေလေတာ့သတည္းဆိုတဲ့ အေျဖပဲ ထြက္ေအာင္ အေပၚကေကာင္ေတြက စီးပြါးတြက္တြက္ၿပီးကစားတာ၊ အကြက္ေ႐ႊ႕တာ။

သူတို႔ ဒိုင္ႀကီးေတြဘက္မွာက်ေတာ့ တက္လာတဲ့ ထိုးေၾကးအေျခအေန စာရင္းဇယားေတြကို real time ေစာင့္ၾကည့္ေနတာမ်ိဳးေတြရွိတယ္၊ AI ေတြ၊ formula ေတြသုံးၿပီး လူေတြကို အသာေလး အ႐ူးလုပ္ႏိုင္တဲ့ အေျခအေနေတြပိုင္ထား ကိုင္ထားၿပီးသား။

မသိဘဲ သြားမလုပ္နဲ႔၊ ခံသြားရမယ္ မိတ္ေဆြတို႔ေရ။ မသိတဲ့ေကာင္၊ အတဲ့ေကာင္ ခံေလေရာ့ပဲ၊ အကြက္က။ ဒီေလာင္းကစားက ႏိုင္ငံနဲ႔ခ်ီၿပီးစြဲေနတဲ့ ဆင္းရဲသားလူထုရဲ႕ ထြက္ေပါက္ပုံစံျဖစ္ေနတဲ့ ေငြရေပါက္ဟာႀကီး၊ တနည္းဆိုရရင္ လူေတြ နစ္ေနရတဲ့ႏြံအိုင္ႀကီး။ အၾကမ္းတြက္ တြက္ၾကည့္မယ္။

အနိမ့္ဆုံး ျမန္မာႏိုင္ငံမွာ ခုခ်ိန္ ထိုးသားတေယာက္က တေန႔ တေထာင္ဖိုးေလာက္ပဲထိုးၾကည့္။ တႏိုင္ငံလုံးထိုးသူ ဘယ္ေလာက္ ရွိမယ္မွန္းလဲ? ထိုးသားတေယာက္ရဲ႕ အနည္းဆုံးတေန႔စာထိုးေငြ တေထာင္ေလာက္နဲ႔အေျခခံ စဥ္းစားေျမႇာက္ၾကည့္ရင္ေတာင္ မနည္းမေနာေငြရေပါက္ႀကီး၊ ေငြစီးဆင္းေနမႈႀကီးေနာ္။

ဉပမာ ျမန္မာ့လူဦးေရ ၅၀ မွာ ၁ ေယာက္ပဲထိုးတယ္ထား၊ ခုလူဦးေရ သန္း ၅၀ ပဲေလ်ာ့ထားၿပီးတြက္ရင္ေတာင္ ၁သန္းx၁၀၀၀=က်ပ္ေငြ သန္းတေထာင္ေနာ္၊ (သိန္း တေသာင္း) တေန႔ေငြ စီးဝင္မႈ ပမာဏ။

အဲ့လို အခ်ိဳအေခ်ာင္ စီးပြါးေရးမ်ိဳးက ေငြေတြ သာသာယာယာ ေန႔စဥ္/အပတ္စဥ္ ခြဲယူေန႐ုံ၊ ေငြေတြအိတ္ထဲ သပိတ္ဝင္ အိတ္ဝင္ စီးဝင္ေနတာ မ်ိဳးကို ဘယ္လို ေမွာင္ခိုစီးပြါးေရးလုပ္တဲ့သူမဆို မမက္ေမာဘဲ ရွိမလဲ။ ထိုင္းက လက္တံရွည္၊ လက္တံတို ေမွာင္ခိုေလာင္းကစားသမားေတြက ရသေလာက္ဝင္ ပြဲေတာ္တည္ၾကမွာပဲ။ Software ကသူ႔ဟာသူေပၚခ်င္တာေပၚေနတာပါဆိုရင္ေတာ့ မိတ္ေဆြရဲ႕ သေဘာပါ။ ဒိုင္ႀကီးေတြက မိတ္ေဆြတို႔လိုလူေတြကိုပဲ အလိုရွိတာပါတဲ့။

ေလာကႀကီးမွာ ဘာမဆိုျဖစ္ႏိုင္တယ္ဆိုတာမွာ ဒီကိစၥက ႁခြင္းခ်က္မဟုတ္ပါဘူး။ ေငြေၾကးအျမတ္အစြန္းေတြအႀကီးႀကီးမို႔ ေမွာင္ခိုေလာင္းကစားသမားႀကီးေတြက မမက္ဘဲ မေနပါဘူး။ သူတို႔ရဲ႕ interference/intervention ၾကားဝင္ ခေလာက္ဆန္ေနမႈက ပုံစံမ်ိဳးစုံနဲ႔ ေနာက္ကြယ္မွာရွိေနမွာေျမႀကီးလက္ခတ္ မလြဲပါဘူး။

ျမန္မာႏိုင္ငံလို ေပၚလစီ အဟရွိေနတဲ့ႏိုင္ငံမို႔ သူတို႔က ဝင္ထိုင္ႏိုင္သေလာက္ ဝင္ထိုင္တဲ့သေဘာပါပဲ။ တျခား ဖြံၿဖိဳးတိုးတက္တဲ့ႏိုင္ငံေတြမွာ ေလာင္းကစားကို ဉပေဒေဘာင္ထဲက အထိုက္အေလ်ာက္ေျဖေလ်ာ့ခြင့္ျပဳေပးပါတယ္။ ၁/၂/၃/lottery ထီ /ျမင္း/ၿပိဳင္ကား/လက္ေဝွ႔/စသည္ျဖင့္ အကုန္ဗ်ာ ျဖစ္ႏိုင္တာခ်ည္းပဲ။

အစိုးရက ဒိုင္ေနရာဝင္ထိုင္ေတာ့ အျမတ္အစြန္းေတြ၊ အခြန္ေတြကို တိုင္းျပည္က ရပါတယ္။ အဲ့ဒါေတြကို ျပည္တြင္းလိုအပ္ခ်က္ေတြမွာ တနည္းတဖုံ ျပန္သုံးစြဲေတာ့ တိုင္းျပည္/ျပည္သူ ႏွစ္ဦးႏွစ္ဘက္ အက်ိဳးအယုတ္ႀကီး မျဖစ္သြားပါဘူး။

လူေတြရဲ႕ ေလာင္းကစားဝါသနာနဲ႔ ပတ္သတ္ၿပီး ႀကဳံလို႔ တခုေျပာခ်င္ပါတယ္။ တ႐ုပ္ေတြေျပာၾကတာတခုရွိပါတယ္၊ သူတို႔ေတြက ေလာင္းကစားကို အရမ္းဝါသနာပါပါတယ္တဲ့။ ေလာင္းစရာမရွိရင္ ဆန္အိုးထဲကဆန္ကို လက္နဲ႔ဆုပ္ယူၿပီး ဆန္စိကို စားပြဲေပၚႀကဲခ်၊ ၿပီးရင္ စုံ/မ ေရတြက္ ေလာင္းကစားလုပ္ၾကတာပါတဲ့။

အဲ့ေတာ့ လူ႔ဝါသနာကို စဥ္းစားသာၾကည့္ေတာ့။ အဲ့ဒီဝါသနာေတြကို လုံးလုံးတားမရတာ/မတားသင့္တာေတြကို ေဘးခဏထားၿပီး အစိုးရက ဉပေဒေဘာင္ထဲထည့္ ထိန္းေက်ာင္းေပးလိုက္ႏိုင္ရင္ Win-win ပဲေပါ့။ ျမန္မာႏိုင္ငံဟာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အစိုးရက ဒီလိုေလာင္းကစားေတြကို ၾကပ္မတ္ထိန္းေက်ာင္းေမာင္းႏွင္တဲ့အဆင့္ကို မေရာက္ႏိုင္ခဲ့ေသးဘူး။

အဲ့ေတာ့ ဒီအဆင့္မွာ အေပၚကလူေတြနဲ႔ အလ်င္းသင့္ေအာင္ ေပါင္းစား ျခယ္လွယ္ၿပီး ျပည္သူေတြကို ဂုတ္ေသြးစုပ္အျမတ္ထုတ္စားေနတဲ့ လက္တဆုပ္စာလူတန္းစားတရပ္က ရွိသြားတယ္။ ျပည္သူေတြက ခံၿပီးရင္းခံ၊ ငတ္ၿပီးရင္းငတ္၊ နင္းျပားျဖစ္ၿပီးရင္းျဖစ္ေနၾကရတယ္။

ခုခ်ိန္ခါမွာ ပတ္ဝန္းက်င္မွာ သတိထားၾကည့္ရင္ ဘဝေတြစုတ္ျပတ္သတ္ေနတဲ့၊ အေႂကြးသံသရာေတြထူေနၾကရတဲ့၊ လူမူေရးဘဝေတြပ်က္စီးသြားၾကရတဲ့ မသိနားမလည္သူျပည္သူေတြဟာ ဒုနဲ႔ေဒး ျမင္ေနၾကရတယ္။ ဆင္းရဲရာကေန ေငြရလမ္းေလးတခုျဖစ္လိုျဖစ္ျငားေတြးၾကရင္း၊ ႀကဳံသလိုေလာဘတက္ ေျဖရွင္းေနၾကရင္း ေငြေၾကးဒုကၡေရာက္ေနၾကရတဲ့ ဆင္းရဲတြင္းနက္ေနၾကရတဲ့ အေရအတြက္ေတြက တိုးသည္ထက္ တိုးလာေနတယ္။

ေနာက္ၿပီး ပညာဆင္ခ်င္တုံတရားေတြ အထိုက္အေလ်ာက္ရွိၾကပါရက္နဲ႔လည္း ဝါသနာေတြ၊ ေလာဘေတြေၾကာင့္ ဘဝအေျခအေနပ်က္မလိုျဖစ္ေနတဲ့ ျပည္သူေတြက ပုံစံတမ်ိဳးနဲ႔ ထပ္ရွိေနၾကျပန္တယ္။

ခု ဒါဆို ဘာလုပ္ၾကမလဲ၊ က်ေနာ့သေဘာကေတာ့ အေပၚကအျမတ္ထုတ္ ဂုတ္ေသြးစုပ္ေနၾကတဲ့ လက္တစုပ္စာလူတန္းစားကို ဒီေငြပင္ေငြရင္းေတြ စီးဝင္ေနတာကို မျဖစ္ေစခ်င္ပါဘူး။ ျဖစ္ခ်င္းျဖစ္ ျပည္သူေတြအခ်င္းခ်င္းပဲ သူ႔ပိုက္ဆံ ငါ့ဆီေရာက္၊ ငါ့ပိုက္ဆံ သူ႔ဆီေရာက္ အေျခအေနပဲျဖစ္ေစခ်င္ပါတယ္။

ဝါသနာကို တားမရရင္ေပါ့ေနာ္။ ဒိုင္ေလးေတြ ဘာလုပ္သင့္သလဲ၊ ျဖစ္ႏိုင္လို႔ရွိရင္ မလုပ္ပါနဲ႔ေတာ့။ ဒါေပမယ့္ မေနႏိုင္လို႔ လုပ္ရရင္လည္း ကိုယ္အရႈံးခံႏိုင္သေလာက္ တပိုင္တႏိုင္ ကိုင္ပါ။ ရႈံးသြားရရင္ေတာင္ ေမွ်ာ္လင့္ခ်က္ ေလာဘတခုနဲ႔ထိုးေနတဲ့ ကိုယ့္ႏိုင္ငံသားတေယာက္ရဲ႕လက္ထဲ ေငြေရာက္သြားမွာမို႔ ေပ်ာ္ေပးလိုက္ႏိုင္ပါေစ။

(ပိုင္ဆိုင္မႈေတြကို မီးရႈိ႕ခံလိုက္ရတာထက္ အဓိပၸါယ္ရွိပါတယ္) ထိုးသားေလးေတြမွာလည္း သူတို႔ရဲ႕ ေပ်ာ္႐ႊင္မႈ၊ စားဝတ္ေနေရးက ဒီထီေပါက္ေရးပဲ ျဖစ္ရင္ျဖစ္ေနႏိုင္တာကို ေတြးၾကည့္ေပးပါ၊ သနားေပးပါ။ ထိုးသားေတြ ဘာလုပ္သင့္သလဲ၊ ျဖစ္ႏိုင္ရင္ ႐ုန္းထြက္ပါ၊ မထိုးပါနဲ႔ေတာ့။

ဝါသနာေၾကာင့္ ဘဝပ်က္ပ်က္ တားမရသူေတြကိုေတာ့ေျပာခ်င္ပါတယ္။ ကိုယ္ႏိုင္တာထက္ ေလာဘပိုမတက္ပါနဲ႔။ ေပါက္ကြက္ေတြရ ေငြေတြရခဲ့ရင္ ခ်င့္ခ်ိန္သုံးၾကပါလို႔။

ဒိုင္ေလးပဲျဖစ္ျဖစ္၊ ထိုးသားပဲျဖစ္ျဖစ္ ေငြပိုေလးေတြရရင္ ေသာက္ေသာက္စားစား အပိုသုံးေလးေတြလုပ္ၾကမွာလည္း မလြဲပါဘူး။ လူ႔သေဘာမို႔ လုပ္ၾကပါ၊ တဖက္ကၾကည့္ရင္ေတာ့ ဒါဟာ တိုင္းျပည္တြင္းမွာ ေငြလည္ပတ္စီးဆင္းမႈကို တနည္းတဖုံအားျဖင့္ အားျဖည့္ေပးရာ က်ပါတယ္လို႔ ေျပာခ်င္ပါတယ္။

ဉပမာ ကိုယ္က ေငြပိုရွိခ်ိန္မွာ ဆိုင္ကယ္ကယ္ရီေလးစီးလိုက္ျခင္းအားျဖင့္၊ စားေသာက္ဆိုင္က စားပြဲထိုးေလးကို ေငြစအပိုေလးေပးလိုက္ျခင္းအားျဖင့္၊ ျပည့္တန္စာတေယာက္နဲ႔ အခေၾကးေငြေပးေပ်ာ္ပါးလိုက္ျခင္းအားျဖင့္ စသည္လုပ္ရပ္ေတြဟာ

ကိုယ္နဲ႔ထိေတြ႕ဆက္ဆံ ဝင္ေငြရသြားသူတိုင္းဟာ သြယ္ဝိုက္ၿပီး အက်ိဳးခံစားခြင့္ရသြားၾကတာမ်ိဳးကို ျမင္ၾကည့္ပါ။ ေနာက္ဆုံးေျပာခ်င္တာကေတာ့ ေငြမ်ားမ်ားလက္ထဲရွိရင္ တိုင္းျပည္ရဲ႕ လက္ရွိႀကဳံေနရတဲ့ေရာဂါ ကုစားေရးေတြမွာ တတ္အားသမွ်ပါေပးၾကပါ။ လႉၾကပါ၊ ကူၾကပါ၊ ဘြန္းၾကပါဗ်ာ။

ညီကိုလတ္

Be the first to comment

Leave a Reply

Your email address will not be published.


*