ခေတ်ဆိုးကြီးကြောင့် ‌ေ-သကွဲ ကွဲခဲ့ရတဲ့ ချစ်သူနှစ်ယောက်ရဲ့ ဝမ်းနည်းဖွယ် အဖြစ်အပျက်
ခေတ်ဆိုးကြီးကြောင့် ‌ေ-သကွဲ ကွဲခဲ့ရတဲ့ ချစ်သူနှစ်ယောက်ရဲ့ ဝမ်းနည်းဖွယ် အဖြစ်အပျက်
တက်စီသမားရဲ့ လုယက်မှုကို ခံခဲ့ရပြီး ကွယ်လွန်သွားခဲ့တဲ့ ကိုကျော်ကျော်ထွန်းရဲ့ ချစ်သူ ရေးထားတဲ့ ဝမ်းနည်းဖွယ် စာတပုဒ်ကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ မပေါင်းဖက်လိုက်ရတဲ့ ငါ့နှလုံးသားလေးရေ၊ ချစ်လိုက်တာလဲ သူ့အပြင်မရှိ စိတ်ပူတက်တာလဲသူ့အပြင်မရှိ ငါ့မှာလဲ ငါ့အသဲကျော်လေးကို ချစ်လို့တောင်မဝသေးပါဘူး။
ငါတို့ နှလုံသားတွေက တစ်ယောက်နဲ့တစ်ယောက် ပိုင်ဆိုင်ချင်လွန်းလို့ နှစ်ယောက်သား အိမ်မက်တွေစိတ်ကူးတွေ တိုင်ပင်ထားတာတွေမှအများကြီးပါပဲ။ ကိုယ့်ထက်သာ အသက်နှစ်နှစ်ကြီးတာ ချွဲလွန်းတက် အချော့ကြိုက် ပြုစု ယုယတက်တာအရမ်းကြိုက်၊ လက်သည်းကို ညှပ်ပေးမှ၊ မညှပ်ပေးမခြင်း အရှည်ကြီးထား၊ နားကလော်ပေးတာ သိပ်ကြိုက်၊ မျက်နှာအဖုလေးတွေ ညစ်ပေးတာ ဇိမ်ခံ ကျောလေးလဲကုတ်ပေးမှ၊
ကိုယ်လိုချင်တာလေးတွေ ကိုယ်ကြိုက်တက်တာလေးတွေ သူ့မှာအကုန်မှတ်ထားတယ်။ သူ့အပြင် ဘယ်ယောက်ျားနဲ့မှ စကားပြောတာ မကြိုက်၊ ကိုယ့်ရှေ့က အမြဲမားမားမတ်မတ်ရပ်တည်ပေးတတ်၊ ဘယ်ချိန်မဆို အားကိုးရလွန်းလို့၊ ခုတော့ ကိုရယ် ချစ်တစ်ယောက်ထဲ မရပ်တည်နိုင်တော့ပါဘူး။
သဝန်တိုလွန်ပြီး သူ့ကိုထားခဲ့ဖို့ဘယ်တော့မှာမစဉ်းစားနဲ့ လို့အမြဲပြောတယ်။ သူလဲ သစ္စာမဖောက်ဘူး။ မထားခဲ့ဘူး လို့ကတိပေးခဲ့တဲ့သူက ထားခဲ့တယ်။
ပြန်လိုချင်လိုက်တာ အသဲလေးရယ် ချစ်လို့တောင်မဝသေးပါဘူးဟယ် လုပ်ရက်လိုက်တာ ငါ့အသဲလေးကိုမှ လုပ်ရက်လိုက်ကြတာ။ Cherry Win Zaw (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)
Zawgyi
Be the first to comment
Leave a Reply
Your email address will not be published.
*