လေထုညစ်ညမ်းမှုအဆိုးရွားဆုံးမြို့ (၁၀၀)စာရင်းတွင်အဆင့် ၁၁နေရာမှာရှိနေသည့် ရန်ကုန်မြို့

လေထုညစ်ညမ်းမှုအဆိုးရွားဆုံးမြို့ (၁၀၀)စာရင်းတွင်အဆင့် ၁၁နေရာမှာရှိနေသည့် ရန်ကုန်မြို့

ကမ္ဘာတစ်ဝန်း လေထုညစ်ညမ်းမှုအဆိုးရွားဆုံးမြို့များအနက် ရန်ကုန်မြို့က အဆင့် ၁၁နေရာမှာရှိနေတယ်လို့ ဆွစ်ဇာလန်အခြေစိုက် လေထုအရည်အသွေးစစ်နည်းပညာကုမ္ပဏီ IQ Air က ထုတ်ပြန်လိုက်ပါတယ်။

ကမ္ဘာတစ်ဝန်း လေထုညစ်ညမ်းမှုအဆိုးရွားဆုံးမြို့ ၁၀၀ စာရင်းကိုဆွစ်ဇာလန်အခြေစိုက် လေထုအရည်အသွေးစစ်နည်းပညာကုမ္ပဏီ IQ Air က မတ်လ ၁၂ရက်နေ့ ည ၉နာရီအချိန်မှာထုတ်ပြန်ထားတာဖြစ်ပါတယ်။

လေထုညစ်ညမ်းမှုအဆိုးရွားဆုံးမြို့ ၁၀၀စာရင်းမှာ အိန္ဒိယနိုင်ငံ ဒေလီမြို့က အဆင့် ၁နေရာနဲ့ ပါကစ္စတန်နိုင်ငံ လာဟိုးမြို့က အဆင့် ၂နေရာမှာရှိနေကာရန်ကုန်မြို့ကအဆင့်၁၁နေရာမှာပါဝင်နေတယ်လို့ ဆိုထားပါတယ်။

လေထုညစ်ညမ်းမှုအား အစိမ်းရောင်၊အဝါရောင်၊လိမ္မော်ရောင်၊အနီရောင်၊ခရမ်းရောင်နဲ့ အညိုရောင်ဟူ၍ အဆင့် ၆ဆင့်သတ်မှတ်ထားကာရန်ကုန်မြို့သည်လိမ္မော်ရောင်အဆင့်မှာရောက်ရှိနေတယ်လို့သိရပါတယ်။

လက်ရှိအချိန်မှာရန်ကုန်မြို့သည် လိမ္မော်ရောင်အဆင့်အနေနဲ့ ခံနိုင်ရည်နည်းပါးသူများကို ထိခိုက်သည့်အဆင့်ရှိနေကာ မတ်လ ၁၀ရက်နေ့အထိ ကျန်းမာရေးထိခိုက်သည့် အနီရောင်အဆင့်မှာရှိနေခဲ့တာလည်းဖြစ်ပါတယ်။

Zawgyi

ေလထုညစ္ညမ္းမႈအဆိုး႐ြားဆုံးၿမိဳ႕ (၁၀၀)စာရင္းတြင္အဆင့္ ၁၁ေနရာမွာရွိေနသည့္ ရန္ကုန္ၿမိဳ႕

ကမာၻတစ္ဝန္း ေလထုညစ္ညမ္းမႈအဆိုး႐ြားဆုံးၿမိဳ႕မ်ားအနက္ ရန္ကုန္ၿမိဳ႕က အဆင့္ ၁၁ေနရာမွာရွိေနတယ္လို႔ ဆြစ္ဇာလန္အေျခစိုက္ ေလထုအရည္အေသြးစစ္နည္းပညာကုမၸဏီ IQ Air က ထုတ္ျပန္လိုက္ပါတယ္။

ကမာၻတစ္ဝန္း ေလထုညစ္ညမ္းမႈအဆိုး႐ြားဆုံးၿမိဳ႕ ၁၀၀ စာရင္းကိုဆြစ္ဇာလန္အေျခစိုက္ ေလထုအရည္အေသြးစစ္နည္းပညာကုမၸဏီ IQ Air က မတ္လ ၁၂ရက္ေန႔ ည ၉နာရီအခ်ိန္မွာထုတ္ျပန္ထားတာျဖစ္ပါတယ္။

ေလထုညစ္ညမ္းမႈအဆိုး႐ြားဆုံးၿမိဳ႕ ၁၀၀စာရင္းမွာ အိႏၵိယႏိုင္ငံ ေဒလီၿမိဳ႕က အဆင့္ ၁ေနရာနဲ႔ ပါကစၥတန္ႏိုင္ငံ လာဟိုးၿမိဳ႕က အဆင့္ ၂ေနရာမွာရွိေနကာရန္ကုန္ၿမိဳ႕ကအဆင့္၁၁ေနရာမွာပါဝင္ေနတယ္လို႔ ဆိုထားပါတယ္။

ေလထုညစ္ညမ္းမႈအား အစိမ္းေရာင္၊အဝါေရာင္၊လိေမၼာ္ေရာင္၊အနီေရာင္၊ခရမ္းေရာင္နဲ႔ အညိဳေရာင္ဟူ၍ အဆင့္ ၆ဆင့္သတ္မွတ္ထားကာရန္ကုန္ၿမိဳ႕သည္လိေမၼာ္ေရာင္အဆင့္မွာေရာက္ရွိေနတယ္လို႔သိရပါတယ္။

လက္ရွိအခ်ိန္မွာရန္ကုန္ၿမိဳ႕သည္ လိေမၼာ္ေရာင္အဆင့္အေနနဲ႔ ခံႏိုင္ရည္နည္းပါးသူမ်ားကို ထိခိုက္သည့္အဆင့္ရွိေနကာ မတ္လ ၁၀ရက္ေန႔အထိ က်န္းမာေရးထိခိုက္သည့္ အနီေရာင္အဆင့္မွာရွိေနခဲ့တာလည္းျဖစ္ပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*