လာမည့် ၃ ရက်အတွင်း မိုးသည်းထန်စွာရွာသွန်းမည်

ရန်ကုန်၊ မတ် ၁၆

အိန္ဒိယသမုဒ္ဒရာဖက်မှ ဝင်ရောက်လာမည့် မိုးတိမ်နှင့် အအေးတိမ်တိုက်များကြောင့် လာမည့် ၃ ရက်အတွင်း

မိုးသည်းထန်စွာရွာသွန်းနိုင်ကြောင်း မိုးလေဝ သပညာရှင်တစ်ဦးက ပြောသည်။

အဆိုပါ Indian Ocean Dipole (IOD) လေစီးကြောင်းသည် လက်ရှိတွင် လက်ယာရစ်အတိုင်းပတ်ပြီး

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်သို့ ဦး တည်ဝင်ရောက်လာမည်ဟု ၎င်းကသုံးသပ်ပြောဆိုသည်။

“IOD အိန္ဒိယတိုက်ပေါ်မှာသွားလေစီးကြောင်းက လက်ယာရစ်၊လက်ဝဲရစ် လည်တယ်။ လက်ယာရစ်က အိန္ဒိယဟိမဝန္တာပေါ်ကနေဖြတ်ပြီးတော့

ကချင် ပြည်နယ်ကနေ မြောက်ဖက်ကနေ မြန်မာနိုင်ငံထဲကိုဝင်တယ်။ လက်ဝဲရစ်က သီဟိုဠ်ကျွန်းတို့ကိုဖြတ်ပြီးတော့ တောင်ပိုင်းကနေ မြောက်ဖက်ကို ဆန့်ကျင် ဘက်ပြန်ဆင်းတာပေါ့။

အခုလောလောဆယ် ဖြစ်နေတဲ့အနေအထားက လက် ယာရစ်လည်တယ်။ အိန္ဒိယဘက်ကနေ မိုးတိမ်တွေ အအေးတိမ်တွေက ဝင်လာ မယ်။

ဟိုရက်က ရွာတာကျတော့ လာနီညာအကျန် တရုတ်ပြည်၊ဗီယက်နမ်တို့ ကိုဖြတ်ပြီးဝင်လာတဲ့ အရှေ့မြောက်မုတ်သုံလေက ၁၃၊ ၁၄ ရက်မှာရွာသွားတာ။

ကျနော်ခန့်မှန်းတာက ၁၉ ရက်လောက်ကနေ ၂၀၊ ၂၁ ရက်လောက်မှာ အခုလို မိုးတွေရွာဦးမယ်” ဟု မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ပြောသည်။

ထို့အတူ ၂၀၂၃ မတ်လ ၁၅ ရက်မှ ၂၅ ရက်အတွင်း ကချင်ပြည်နယ်၊ စစ်ကိုင်း တိုင်းအထက်ပိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများတွင် အနောက်လေစီး ကြောင်းများမှ နွေကူးမိုးများ ရွာလာနိုင်ကြောင်း မိုးလေဝသပညာရှင်တစ်ဦးက ခန့်မှန်းသုံးသပ်ထားသည်။

ယနေ့ မတ်လ ၁၆ ရက် မိုးလေဝသနှင့် ဇလဗေဒဌာနမှ နောက် ၂ ရက်အတွက် ခန့်မှန်းချက်များတွင် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေ သကြီး၊ ကချင်ပြည်နယ်၊

ချင်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် နေရာကွက် ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ပြီး မန္တလေးမြို့အနီးတစ်ဝိုက်တွင်လည်း ရွာရန်ရာခိုင်နှုန်း (၆၀) ရှိကြောင်း ထုတ်ပြန်ထားသည်။

သတင်း – ဝသုန်

ဓါတ်ပုံ – မိုး/ဇလ

Zawgyi

ရန္ကုန္၊ မတ္ ၁၆

အိႏၵိယသမုဒၵရာဖက္မွ ဝင္ေရာက္လာမည့္ မိုးတိမ္ႏွင့္ အေအးတိမ္တိုက္မ်ားေၾကာင့္ လာမည့္ ၃ ရက္အတြင္း

မိုးသည္းထန္စြာ႐ြာသြန္းႏိုင္ေၾကာင္း မိုးေလဝ သပညာရွင္တစ္ဦးက ေျပာသည္။

အဆိုပါ Indian Ocean Dipole (IOD) ေလစီးေၾကာင္းသည္ လက္ရွိတြင္ လက္ယာရစ္အတိုင္းပတ္ၿပီး

ျမန္မာႏိုင္ငံေျမာက္ပိုင္း ကခ်င္ျပည္နယ္သို႔ ဦး တည္ဝင္ေရာက္လာမည္ဟု ၎ကသုံးသပ္ေျပာဆိုသည္။

“IOD အိႏၵိယတိုက္ေပၚမွာသြားေလစီးေၾကာင္းက လက္ယာရစ္၊လက္ဝဲရစ္ လည္တယ္။ လက္ယာရစ္က အိႏၵိယဟိမဝႏၲာေပၚကေနျဖတ္ၿပီးေတာ့

ကခ်င္ ျပည္နယ္ကေန ေျမာက္ဖက္ကေန ျမန္မာႏိုင္ငံထဲကိုဝင္တယ္။ လက္ဝဲရစ္က သီဟိုဠ္ကြၽန္းတို႔ကိုျဖတ္ၿပီးေတာ့ ေတာင္ပိုင္းကေန ေျမာက္ဖက္ကို ဆန္႔က်င္ ဘက္ျပန္ဆင္းတာေပါ့။

အခုေလာေလာဆယ္ ျဖစ္ေနတဲ့အေနအထားက လက္ ယာရစ္လည္တယ္။ အိႏၵိယဘက္ကေန မိုးတိမ္ေတြ အေအးတိမ္ေတြက ဝင္လာ မယ္။

ဟိုရက္က ႐ြာတာက်ေတာ့ လာနီညာအက်န္ တ႐ုတ္ျပည္၊ဗီယက္နမ္တို႔ ကိုျဖတ္ၿပီးဝင္လာတဲ့ အေရွ႕ေျမာက္မုတ္သုံေလက ၁၃၊ ၁၄ ရက္မွာ႐ြာသြားတာ။

က်ေနာ္ခန္႔မွန္းတာက ၁၉ ရက္ေလာက္ကေန ၂၀၊ ၂၁ ရက္ေလာက္မွာ အခုလို မိုးေတြ႐ြာဦးမယ္” ဟု မိုးေလဝသပညာရွင္ ဦးဝင္းႏိုင္က ေျပာသည္။

ထို႔အတူ ၂၀၂၃ မတ္လ ၁၅ ရက္မွ ၂၅ ရက္အတြင္း ကခ်င္ျပည္နယ္၊ စစ္ကိုင္း တိုင္းအထက္ပိုင္း၊ ရွမ္းျပည္နယ္ေျမာက္ပိုင္းေဒသမ်ားတြင္ အေနာက္ေလစီး ေၾကာင္းမ်ားမွ ေႏြကူးမိုးမ်ား ႐ြာလာႏိုင္ေၾကာင္း မိုးေလဝသပညာရွင္တစ္ဦးက ခန္႔မွန္းသုံးသပ္ထားသည္။

ယေန႔ မတ္လ ၁၆ ရက္ မိုးေလဝသႏွင့္ ဇလေဗဒဌာနမွ ေနာက္ ၂ ရက္အတြက္ ခန္႔မွန္းခ်က္မ်ားတြင္ စစ္ကိုင္းတိုင္းေဒသႀကီးအထက္ပိုင္း၊ တနသၤာရီတိုင္းေဒ သႀကီး၊ ကခ်င္ျပည္နယ္၊

ခ်င္းျပည္နယ္ႏွင့္ ကရင္ျပည္နယ္တို႔တြင္ ေနရာကြက္ က်ားမွ ေနရာက်ဲက်ဲ မိုးထစ္ခ်ဳန္း႐ြာႏိုင္ၿပီး မႏၲေလးၿမိဳ႕အနီးတစ္ဝိုက္တြင္လည္း ႐ြာရန္ရာခိုင္ႏႈန္း (၆၀) ရွိေၾကာင္း ထုတ္ျပန္ထားသည္။

သတင္း – ဝသုန္

ဓါတ္ပုံ – မိုး/ဇလ

Be the first to comment

Leave a Reply

Your email address will not be published.


*