
ကမ္ဘာ့ရာသီဥတု စောင့်ကြည့်လေ့လာရေးအဖွဲ့ (အမျိုးသား သမုဒ္ဒရာနှင့် လေထုဖွဲ့စည်းမှု လေ့လာရေး အစည်းအရုံး) NOAA ၏ ထုတ်ပြန်ချက်အရ ၂၀၂၂ ခုနှစ်က ဖြစ်ပေါ်ခဲ့တဲ့ လာနီညာ ရာသီဥတုဟာ များမကြာမီ အဆုံးသတ်ကာလသို့ ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ အကြီးမားဆုံးနဲ့ အကျယ်ပြန့်ဆုံးဖြစ်ပြီး အီကွေတာလမ်းကြောင်းပေါ်မှာရှိနေတဲ့ ပစိဖိတ်သမုဒ္ဒရာရဲ့ အပူချိန်ပြောင်းလဲမှုဟာ ကျနော်တို့ နေထိုင်တဲ့ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအများစုရဲ့ ရာသီဥတု ဖြစ်စဉ်များအပေါ်မှာ ကြီးမားသော သက်ရောက်မှုတွေ ရှိပါတယ်။
အကြမ်းဖျဉ်းအားဖြင့် ပစိဖိတ်သမုဒ္ဒရာရဲ့ မျက်နှာပြင်အပူချိန်တိုးလာခြင်းကို အယ်လ်နီညို ရာသီဥတု လို့သတ်မှတ်နိုင်ပြီး၊ မျက်နှာပြင်အပူချိန် လျော့ကျခြင်းကို လာနီညာလို့ သတ်မှတ်ပါတယ်။ ပုံမှန်အတိုင်းပဲဆိုလျှင်တော့ ကြားကာလ (သို့) ပုံမှန် ရာသီဥတုလို့ ဆိုနိုင်ပါတယ်။ အခုလို နွေဦးကာလမှာ မိုးတွေရွာသွန်းနေတာဟာ လာနီညာရဲ့ လေစီးကြောင်းနှင့်အတူ ပါလာတဲ့ လက်ကျန် ရေခိုးရေငွေ့များကြောင့်ပဲ ဖြစ်ပါတယ်။
ဒါပေမဲ့ စောစောကပြောသလို လာနီညာဟာ မကြာမီ အဆုံးသတ်တော့မှာ ဖြစ်ပါတယ်။ လာနီညာနှစ် ပြီးသွားတဲ့အခါ ရှေ့လျှောက် ကြားနေ (ပုံမှန်) ကာလတစ်ခုကို ဖြတ်သန်းရနိုင်ပါတယ်။ ခန့်မှန်းခြေ ၂၀၂၃ ခု မေ၊ ဇွန်၊ ဇူလိုင် လလောက်ထိ ပုံမှန်ရာသီဥတု ဖြစ်တန်ခြေ ရှိပါတယ်။ ဇွန်၊ ဇူလိုင် နောက်ပိုင်းမှာတော့ ကမ္ဘာ့မြောက်ခြမ်းသို့ နေရောင်ခြည်တည့်မတ်စွာ ကျရောက်ခြင်းနှင့်အတူ ပစိဖိတ်သမုဒ္ဒရာ အပူချိန်တိုးကာ အယ်လ်နီညို ရာသီဥတု အသွင်သို့ ကူးပြောင်းလာနိုင်ပါတယ်။
အယ်လ်နီညို ဖြစ်တဲ့အခါ အီကွေတာ မြောက်ဘက်ခြမ်းမှာရှိတဲ့ ကျနော်တို့နိုင်ငံအပါအဝင် အာရှဘက်ခြမ်းမှာ ပူပြင်းခြောက်သွေ့ပြီး မိုးခေါင်ရေရှားမှုတွေ ဖြစ်လာတတ်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများမှာ အပူချိန်မြင့်မားပြီး မုတ်သုန်မိုး ရရှိမှု လျော့နည်းလာနိုင်ပါတယ်။ ပုံမှန်အားဖြင့် အယ်လ်နီညို တို့ လာနီညာတို့လို အစွန်းရောက် ရာသီဥတုမျိုးဟာ ၃၊ ၄ နှစ်မှ တကြိမ်လောက် ဖြစ်ကြပေမဲ့ ၂၀၀၀ ခုနှစ်နောက်ပိုင်းမှာ ခပ်စိပ်စိပ်လေး ဖြစ်လာကြပါတယ်။
ရာသီဥတု ဖောက်ပြန်ခြင်းရဲ့ အဓိကတရားခံကတော့ စက်ရုံ၊ အလုပ်ရုံ နဲ့ လူ့အသုံးအဆောင်ပစ္စည်းများ (ယာဉ်၊ ကား၊ ရေခဲသေတ္တာ၊ အဲယားကွန်း စသည့်) မှထွက်ရှိသော ဖန်လုံအိမ် ဓါတ်ငွေ့များ များပြားလာခြင်း နဲ့ အဆိုပါ ဓါတ်ငွေ့များကို သန့်စင်ပေးတဲ့ အပင်တွေ ရှားပါးလာခြင်းကြောင့်ပင် ဖြစ်ပါတော့တယ်။ ယခုနှစ်အတွက် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများမှာ ရေရှားပါးမည့် ပြသနာကိုလည်း ကြိုတင်စဉ်းစား အဖြေရှာထားဖို့ တိုက်တွန်း ရေးသားလိုက်ရပါတယ်။
အနာဂတ် ပညာရေးအတွက်..
သန့်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်ကူ)
Zawgyi
ကမာၻ႔ရာသီဥတု ေစာင့္ၾကည့္ေလ့လာေရးအဖြဲ႕ (အမ်ိဳးသား သမုဒၵရာႏွင့္ ေလထုဖြဲ႕စည္းမႈ ေလ့လာေရး အစည္းအ႐ုံး) NOAA ၏ ထုတ္ျပန္ခ်က္အရ ၂၀၂၂ ခုႏွစ္က ျဖစ္ေပၚခဲ့တဲ့ လာနီညာ ရာသီဥတုဟာ မ်ားမၾကာမီ အဆုံးသတ္ကာလသို႔ ေရာက္ရွိလာေတာ့မွာ ျဖစ္ပါတယ္။
ကမာၻေပၚမွာ အႀကီးမားဆုံးနဲ႔ အက်ယ္ျပန႔္ဆုံးျဖစ္ၿပီး အီေကြတာလမ္းေၾကာင္းေပၚမွာရွိေနတဲ့ ပစိဖိတ္သမုဒၵရာရဲ႕ အပူခ်ိန္ေျပာင္းလဲမႈဟာ က်ေနာ္တို႔ ေနထိုင္တဲ့ ျမန္မာႏိုင္ငံအပါအဝင္ ကမာၻ႔ႏိုင္ငံအမ်ားစုရဲ႕ ရာသီဥတု ျဖစ္စဥ္မ်ားအေပၚမွာ ႀကီးမားေသာ သက္ေရာက္မႈေတြ ရွိပါတယ္။
အၾကမ္းဖ်ဥ္းအားျဖင့္ ပစိဖိတ္သမုဒၵရာရဲ႕ မ်က္ႏွာျပင္အပူခ်ိန္တိုးလာျခင္းကို အယ္လ္နီညိဳ ရာသီဥတု လို႔သတ္မွတ္ႏိုင္ၿပီး၊ မ်က္ႏွာျပင္အပူခ်ိန္ ေလ်ာ့က်ျခင္းကို လာနီညာလို႔ သတ္မွတ္ပါတယ္။ ပုံမွန္အတိုင္းပဲဆိုလွ်င္ေတာ့ ၾကားကာလ (သို႔) ပုံမွန္ ရာသီဥတုလို႔ ဆိုႏိုင္ပါတယ္။ အခုလို ေႏြဦးကာလမွာ မိုးေတြ႐ြာသြန္းေနတာဟာ လာနီညာရဲ႕ ေလစီးေၾကာင္းႏွင့္အတူ ပါလာတဲ့ လက္က်န္ ေရခိုးေရေငြ႕မ်ားေၾကာင့္ပဲ ျဖစ္ပါတယ္။
ဒါေပမဲ့ ေစာေစာကေျပာသလို လာနီညာဟာ မၾကာမီ အဆုံးသတ္ေတာ့မွာ ျဖစ္ပါတယ္။ လာနီညာႏွစ္ ၿပီးသြားတဲ့အခါ ေရွ႕ေလွ်ာက္ ၾကားေန (ပုံမွန္) ကာလတစ္ခုကို ျဖတ္သန္းရႏိုင္ပါတယ္။ ခန႔္မွန္းေျခ ၂၀၂၃ ခု ေမ၊ ဇြန္၊ ဇူလိုင္ လေလာက္ထိ ပုံမွန္ရာသီဥတု ျဖစ္တန္ေျခ ရွိပါတယ္။ ဇြန္၊ ဇူလိုင္ ေနာက္ပိုင္းမွာေတာ့ ကမာၻ႔ေျမာက္ျခမ္းသို႔ ေနေရာင္ျခည္တည့္မတ္စြာ က်ေရာက္ျခင္းႏွင့္အတူ ပစိဖိတ္သမုဒၵရာ အပူခ်ိန္တိုးကာ အယ္လ္နီညိဳ ရာသီဥတု အသြင္သို႔ ကူးေျပာင္းလာႏိုင္ပါတယ္။
အယ္လ္နီညိဳ ျဖစ္တဲ့အခါ အီေကြတာ ေျမာက္ဘက္ျခမ္းမွာရွိတဲ့ က်ေနာ္တို႔ႏိုင္ငံအပါအဝင္ အာရွဘက္ျခမ္းမွာ ပူျပင္းေျခာက္ေသြ႕ၿပီး မိုးေခါင္ေရရွားမႈေတြ ျဖစ္လာတတ္ပါတယ္။ အထူးသျဖင့္ ျမန္မာႏိုင္ငံ အလယ္ပိုင္းေဒသမ်ားမွာ အပူခ်ိန္ျမင့္မားၿပီး မုတ္သုန္မိုး ရရွိမႈ ေလ်ာ့နည္းလာႏိုင္ပါတယ္။ ပုံမွန္အားျဖင့္ အယ္လ္နီညိဳ တို႔ လာနီညာတို႔လို အစြန္းေရာက္ ရာသီဥတုမ်ိဳးဟာ ၃၊ ၄ ႏွစ္မွ တႀကိမ္ေလာက္ ျဖစ္ၾကေပမဲ့ ၂၀၀၀ ခုႏွစ္ေနာက္ပိုင္းမွာ ခပ္စိပ္စိပ္ေလး ျဖစ္လာၾကပါတယ္။
ရာသီဥတု ေဖာက္ျပန္ျခင္းရဲ႕ အဓိကတရားခံကေတာ့ စက္႐ုံ၊ အလုပ္႐ုံ နဲ႔ လူ႔အသုံးအေဆာင္ပစၥည္းမ်ား (ယာဥ္၊ ကား၊ ေရခဲေသတၱာ၊ အဲယားကြန္း စသည့္) မွထြက္ရွိေသာ ဖန္လုံအိမ္ ဓါတ္ေငြ႕မ်ား မ်ားျပားလာျခင္း နဲ႔ အဆိုပါ ဓါတ္ေငြ႕မ်ားကို သန႔္စင္ေပးတဲ့ အပင္ေတြ ရွားပါးလာျခင္းေၾကာင့္ပင္ ျဖစ္ပါေတာ့တယ္။ ယခုႏွစ္အတြက္ ျမန္မာႏိုင္ငံ အလယ္ပိုင္းေဒသမ်ားမွာ ေရရွားပါးမည့္ ျပသနာကိုလည္း ႀကိဳတင္စဥ္းစား အေျဖရွာထားဖို႔ တိုက္တြန္း ေရးသားလိုက္ရပါတယ္။
အနာဂတ္ ပညာေရးအတြက္..
သန႔္ဦး (အာကာသႏွင့္ စၾကဝဠာ သင္ေထာက္ကူ)
Leave a Reply