
သူမကွယ်လွန်သွားခဲ့ရင် ကလေးများနဲ့ဝန်ထမ်းတွေအတွက် သိန်း ပေါင်း (၁) သောင်းကျော် အသက်အာမခံလုပ်ပေးခဲ့တဲ့ သရုပ်ဆောင် ခိုင်နှင်းဝေ…
ပရိသတ်တွေရဲ့ အချစ်တော်တစ်ယောက်ဖြစ်တဲ့ မင်းသမီးချော ခိုင်နှင်းဝေကတော့ အနုပညာလောကမှာလည်း အောင်မြင်မှုတွေ ရထားတဲ့ မင်းသမီးတစ်ယောက်ဖြစ်သလို ကိုယ်ကျိုးစွန့်ပြီး အလှူအတန်းလည်း ရက်ရောလွန်းတာကြောင့် ပရဟိတမင်းသမီးလေးလို့တောင် တင်စားခေါ်ဝေါ်ကြပါသေးတယ်။
မတ်လ၊ ၁၄ရက်နေ့မှာဆိုရင်တော့ ကလေးများရဲ့မေမေ သရုပ်ဆောင်ခိုင်နှင်းဝေရဲ့ မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ်နော်။သရုပ်ဆောင် ခိုင်နှင်းဝေက ကလေးများနဲ့ဝန်ထမ်းတွေအတွက် သိန်း (၁၀၅၀၀)ကျပ် အသက်အာမခံလုပ်ပေးခဲ့တဲ့အကြောင်းကိုအခုလိုပြန်လည်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်နော်။
သရုပ်ဆောင်ခိုင်နှင်းဝေ ရဲ့ မွေးနေ့အလှူအဖြစ် ယနေ့ မတ်လ (၁၄)ရက်နေ့တွင် KBZ LIFE Insurance ၌ သိန်းတစ်သောင်းငါးရာ ကို သူမရဲ့ဝန်ထမ်းတွေနဲ့ ကလေးတွေအတွက် အသက်အာမခံအဖြစ် ပြုလုပ်ပေးခဲ့ပါတယ်၊ ဆိုပြီးတော့ရေးသားဖော်ပြထားပါတယ်။
Credit
Zawgyi
Credit
Leave a Reply