ရုပ်ရှင်အကယ်ဒမီဆန်ခါတင်စာရင်းထုတ်ပြန်ရာတွင် မင်းမော်ကွန်း ၊ဒေါင်းနှင့် ဇဏ်ခီ အပါအဝင် ပုဒ်မ ၅၀၅ဖြင့် တိမ်းရှောင်နေသော သရုပ်ဆောင်များနှင့် ဒါရိုက်တာများ ၏ဇာတ်ကားများပါဝင်နေ

ရုပ်ရှင်အကယ်ဒမီဆန်ခါတင်စာရင်းထုတ်ပြန်ရာတွင် မင်းမော်ကွန်း ၊ဒေါင်းနှင့် ဇဏ်ခီ အပါအဝင် ပုဒ်မ ၅၀၅ဖြင့် တိမ်းရှောင်နေသော သရုပ်ဆောင်များနှင့် ဒါရိုက်တာများ ၏ဇာတ်ကားများပါဝင်နေ

၂၀၁၉ ခုနှအတွက်ရုပ်ရှင်အကယ်ဒမီ ဆန်ကာတင်စာရင်းတွင်ပါဝင်သည့်ရုပ်ရှင်ဇာတ်ကားပေါင်း (၂၉) ကားကိုအကယ်ဒမီရွေးချယ်ရေးအဖွဲ့ကထုတ်ပြန်ထားပြီး အဆိုပါစာရင်းထဲတွင်ပုဒ်မ ၅၀၅ ဖြင့် တိမ်းရှောင်နေရသည့်သရုပ်ဆောင်များ၊ ဒါရိုက်တာများနှင့်ထောင်ဒဏ်ကျခံနေရသည့်သရုပ်ဆောင်များ၊ ဒါရိုက်တာများ၏ဖန်တီးမှုဇာတ်ကားများပါဝင်နေကြောင်း သိရသည်။

မြန်မာ့ရုပ်ရှင် ထူးချွန်ဆုရွေးချယ်ရေးအဖွဲ့၏ထုတ်ဖော်ပြောကြားလာသည့် အချက်အလက်များအရ ၂၀၁၉ ခုနှစ်တွင်ရုံတင်ပြသခဲ့သည့်ရုပ်ရှင်ဇာတ်ကားပေါင်း (၉၇)ကားအနက်မှပထမအကြိမ်အကဲဖြတ်ကြည့်ရှုပြီးဆန်ကာတင် (၂၉) ကားကိုစီစစ်ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။အဆိုပါ ဆန်ကာတင်(၂၉)ကားတွင်အကယ်ဒမီကျော်သူပါဝင်သရုပ်ဆောင်ထားသည့် “ကျောမှာဂဠုန် ရင်မှာနဂါး” ၊

” ၁၀၁၄” ၊ အကယ်ဒမီမင်းမော်ကွန်းပါဝင်သရုပ်ဆောင်ထားသည့်” နိုင်ငံကြီးသား”၊” ထာဝရထက် နှစ်ဆ”၊ သရုပ်ဆောင် ဒေါင်း ပါဝင်သရုပ်ဆောင်ထားသည့် “၁၀၁၄”၊ ” လိပ်ပြာစံအိမ်” ၊ “ဒဏ္ဍာရီမိုး”၊ ဒါရိုက်တာ ကိုပေါက် ရိုက်ကူးထားသည့် ” ရိုးမပေါ် ကျတဲ့မျက်ရည်”၊သရုပ်ဆောင် ဇာဏ်ခီ ပါဝင် သရုပ်ဆောင်ထားသည့် ” ထာဝရ နှောင်ကြိုး” ၊

သရုပ်ဆောင်ဖွေးဖွေး ပါဝင်သရုပ်ဆောင်ထားသည့်” သူစိမ်းအိမ်”၊” လှပ်၍ – လွင့်သော” ၊ ” ပပဝတီ စီရင်ခန်း”” ကြာတော့သည်လည်း မောင့်စကား” ၊သရုပ်ဆောင် ပိုင်ဖြိုးသုပါဝင်သရုပ်ဆောင်ထားသည့် ” ထာဝရ နှောင်ကြိုး” စသည့် ဇာတ်ကားများပါဝင်နေကြောင်းသိရသည်။ထို့အပြင်ထောင်ဒဏ်ကျခံနေရသည့် သရုပ်ဆောင်ရဲတိုက်ပါဝင်သရုပ်ဆောင်ထားသည့် “ဒဏ္ဍာရီမိုး” ဇာတ်ကားသည်လည်း

အကယ်ဒမီဆန်ကာတင်ဇာတ်ကား (၂၉) ကားစာရင်းတွင်ပါဝင်ကြောင်း မြန်မာ့ရုပ်ရှင် ထူးချွန်ဆုရွေးချယ်ရေးအဖွဲ့ထံမှသိရသည်။အဆိုပါ မြန်မာ့ရုပ်ရှင်အကယ်ဒမီဆု ပြန်လည်ချီးမြှင့်မည့်အစီအစဉ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့်ဒါရိုက်တာပန်းချီစိုးမိုးနှင့် မေးမြန်းခန်းတစ်ခုတွင်၎င်းက ယခုလို ပြောကြားထားသည်။

” နိုင်ငံရေးကနိုင်ငံရေးသမားတွေလုပ်လိမ့်မယ်။ ကျွန်တော်တို့ အလုပ်မဟုတ်ဘူး ။ ကျွန်တော်တို့က အနုပညာသမား ၊အနုပညာအလုပ်ပဲလုပ်မယ်။အကယ်ဒမီပေးပွဲဟာဖြစ်သင့်ဖြစ်ထိုက်လုပ်သင့်လုပ်ထိုက်လို့လုပ်ဖြစ်တာပါ။ရုပ်ရှင်လောကရဲ့တိုးတတ်ရာတိုးတတ်ကြောင်းပျက်ပြီးပျောက်သွားတာမျိုး မဖြစ်အောင်ကျွန်တော်တို့မှာတာဝန်ရှိပါတယ်” ဒါရိုက်တာ ပန်းချီစိုးမိုးကပြောကြားထားတယ်သိရှိရပါသည်။

ပရိုဂျူဆာတစ်ဦးက”အနုပညာရှင်တွေအပြင်အတတ်ပညာရှင်တွေလည်းမနစ်နာစေချင်လို့ အကယ်ဒမီစိစစ်ကြည့်ရှုဖို့သဘောတူခဲ့တာ”ဟုဆိုသည်။လက်ရှိတွင် အကယ်ဒမီဆု ရွေးချယ်ရေးအဖွဲ့အနေဖြင့်ဆန်ကာတင်ဇာတ်ကား (၂၉) ကားကိုဒုတိယအကျော့အနေဖြင့် ကြည့်ရှုအကဲဖြတ်လျက်ရှိကြောင်းလည်းသိရသည်။

မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲ (အကယ်ဒမီပေးပွဲ) အခမ်းအနားကို ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်က စတင်ကာ ကိုဗစ် ၁၉ ကပ်ရောဂါ ထိန်းချုပ်ကာကွယ်ရေး စည်းမျဉ်းများအရ ရပ်နားထားခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင် ပြန်လည်ကျင်းပရန် ပြင်ဆင်နေကြခြင်းလည်း ဖြစ်သည်။

Zawgyi

႐ုပ္ရွင္အကယ္ဒမီဆန္ခါတင္စာရင္းထုတ္ျပန္ရာတြင္ မင္းေမာ္ကြန္း ၊ေဒါင္းႏွင့္ ဇဏ္ခီ အပါအဝင္ ပုဒ္မ ၅၀၅ျဖင့္ တိမ္းေရွာင္ေနေသာ သ႐ုပ္ေဆာင္မ်ားႏွင့္ ဒါ႐ိုက္တာမ်ား ၏ဇာတ္ကားမ်ားပါဝင္ေန

၂၀၁၉ ခုႏွအတြက္႐ုပ္ရွင္အကယ္ဒမီ ဆန္ကာတင္စာရင္းတြင္ပါဝင္သည့္႐ုပ္ရွင္ဇာတ္ကားေပါင္း (၂၉) ကားကိုအကယ္ဒမီေ႐ြးခ်ယ္ေရးအဖြဲ႕ကထုတ္ျပန္ထားၿပီး အဆိုပါစာရင္းထဲတြင္ပုဒ္မ ၅၀၅ ျဖင့္ တိမ္းေရွာင္ေနရသည့္သ႐ုပ္ေဆာင္မ်ား၊ ဒါ႐ိုက္တာမ်ားႏွင့္ေထာင္ဒဏ္က်ခံေနရသည့္သ႐ုပ္ေဆာင္မ်ား၊ ဒါ႐ိုက္တာမ်ား၏ဖန္တီးမႈဇာတ္ကားမ်ားပါဝင္ေနေၾကာင္း သိရသည္။

ျမန္မာ့႐ုပ္ရွင္ ထူးခြၽန္ဆုေ႐ြးခ်ယ္ေရးအဖြဲ႕၏ထုတ္ေဖာ္ေျပာၾကားလာသည့္ အခ်က္အလက္မ်ားအရ ၂၀၁၉ ခုႏွစ္တြင္႐ုံတင္ျပသခဲ့သည့္႐ုပ္ရွင္ဇာတ္ကားေပါင္း (၉၇)ကားအနက္မွပထမအႀကိမ္အကဲျဖတ္ၾကည့္ရႈၿပီးဆန္ကာတင္ (၂၉) ကားကိုစီစစ္ေ႐ြးခ်ယ္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။အဆိုပါ ဆန္ကာတင္(၂၉)ကားတြင္အကယ္ဒမီေက်ာ္သူပါဝင္သ႐ုပ္ေဆာင္ထားသည့္ “ေက်ာမွာဂဠဳန္ ရင္မွာနဂါး” ၊

” ၁၀၁၄” ၊ အကယ္ဒမီမင္းေမာ္ကြန္းပါဝင္သ႐ုပ္ေဆာင္ထားသည့္” ႏိုင္ငံႀကီးသား”၊” ထာဝရထက္ ႏွစ္ဆ”၊ သ႐ုပ္ေဆာင္ ေဒါင္း ပါဝင္သ႐ုပ္ေဆာင္ထားသည့္ “၁၀၁၄”၊ ” လိပ္ျပာစံအိမ္” ၊ “ဒ႑ာရီမိုး”၊ ဒါ႐ိုက္တာ ကိုေပါက္ ႐ိုက္ကူးထားသည့္ ” ႐ိုးမေပၚ က်တဲ့မ်က္ရည္”၊သ႐ုပ္ေဆာင္ ဇာဏ္ခီ ပါဝင္ သ႐ုပ္ေဆာင္ထားသည့္ ” ထာဝရ ေႏွာင္ႀကိဳး” ၊

သ႐ုပ္ေဆာင္ေဖြးေဖြး ပါဝင္သ႐ုပ္ေဆာင္ထားသည့္” သူစိမ္းအိမ္”၊” လွပ္၍ – လြင့္ေသာ” ၊ ” ပပဝတီ စီရင္ခန္း”” ၾကာေတာ့သည္လည္း ေမာင့္စကား” ၊သ႐ုပ္ေဆာင္ ပိုင္ၿဖိဳးသုပါဝင္သ႐ုပ္ေဆာင္ထားသည့္ ” ထာဝရ ေႏွာင္ႀကိဳး” စသည့္ ဇာတ္ကားမ်ားပါဝင္ေနေၾကာင္းသိရသည္။ထို႔အျပင္ေထာင္ဒဏ္က်ခံေနရသည့္ သ႐ုပ္ေဆာင္ရဲတိုက္ပါဝင္သ႐ုပ္ေဆာင္ထားသည့္ “ဒ႑ာရီမိုး” ဇာတ္ကားသည္လည္း

အကယ္ဒမီဆန္ကာတင္ဇာတ္ကား (၂၉) ကားစာရင္းတြင္ပါဝင္ေၾကာင္း ျမန္မာ့႐ုပ္ရွင္ ထူးခြၽန္ဆုေ႐ြးခ်ယ္ေရးအဖြဲ႕ထံမွသိရသည္။အဆိုပါ ျမန္မာ့႐ုပ္ရွင္အကယ္ဒမီဆု ျပန္လည္ခ်ီးျမႇင့္မည့္အစီအစဥ္ႏွင့္ပတ္သက္၍ ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးမွ တာဝန္ရွိသူတစ္ဦးျဖစ္သည့္ဒါ႐ိုက္တာပန္းခ်ီစိုးမိုးႏွင့္ ေမးျမန္းခန္းတစ္ခုတြင္၎က ယခုလို ေျပာၾကားထားသည္။

” ႏိုင္ငံေရးကႏိုင္ငံေရးသမားေတြလုပ္လိမ့္မယ္။ ကြၽန္ေတာ္တို႔ အလုပ္မဟုတ္ဘူး ။ ကြၽန္ေတာ္တို႔က အႏုပညာသမား ၊အႏုပညာအလုပ္ပဲလုပ္မယ္။အကယ္ဒမီေပးပြဲဟာျဖစ္သင့္ျဖစ္ထိုက္လုပ္သင့္လုပ္ထိုက္လို႔လုပ္ျဖစ္တာပါ။႐ုပ္ရွင္ေလာကရဲ႕တိုးတတ္ရာတိုးတတ္ေၾကာင္းပ်က္ၿပီးေပ်ာက္သြားတာမ်ိဳး မျဖစ္ေအာင္ကြၽန္ေတာ္တို႔မွာတာ၀န္ရွိပါတယ္” ဒါ႐ိုက္တာ ပန္းခ်ီစိုးမိုးကေျပာၾကားထားတယ္သိရွိရပါသည္။

ပ႐ိုဂ်ဴဆာတစ္ဦးက”အႏုပညာရွင္ေတြအျပင္အတတ္ပညာရွင္ေတြလည္းမနစ္နာေစခ်င္လို႔ အကယ္ဒမီစိစစ္ၾကည့္ရႈဖို႔သေဘာတူခဲ့တာ”ဟုဆိုသည္။လက္ရွိတြင္ အကယ္ဒမီဆု ေ႐ြးခ်ယ္ေရးအဖြဲ႕အေနျဖင့္ဆန္ကာတင္ဇာတ္ကား (၂၉) ကားကိုဒုတိယအေက်ာ့အေနျဖင့္ ၾကည့္ရႈအကဲျဖတ္လ်က္ရွိေၾကာင္းလည္းသိရသည္။

ျမန္မာ့႐ုပ္ရွင္ ထူးခြၽန္ဆုခ်ီးျမႇင့္ပြဲ (အကယ္ဒမီေပးပြဲ) အခမ္းအနားကို ၿပီးခဲ့သည့္ ၂၀၁၉ ခုႏွစ္က စတင္ကာ ကိုဗစ္ ၁၉ ကပ္ေရာဂါ ထိန္းခ်ဳပ္ကာကြယ္ေရး စည္းမ်ဥ္းမ်ားအရ ရပ္နားထားခဲ့ျခင္းျဖစ္ၿပီး ယခုႏွစ္တြင္ ျပန္လည္က်င္းပရန္ ျပင္ဆင္ေနၾကျခင္းလည္း ျဖစ္သည္။

Be the first to comment

Leave a Reply

Your email address will not be published.


*