
မြန်မာ့စပါးအုံးမြွေတွေနဲ့ နှိပ်ပေးတဲ့ ထူးထူးခြားခြား မာဆတ်ခန်း (မာဆတ်ကြိုက်သူများ စမ်းသင့်ပါတယ်)
“ထူးထူးခြားခြား စပါးအုံးမြွေနဲ့ အနှိပ်ခံစမ်းသပ်ကြည့်ကြမလား” ဘယ်လိုမှ မျှော်လင့်မထားတဲ့ “မြန်မာ့စပါးအုံးမြွေများနဲ့ အနှိပ်စပါး“ ဝန်ဆောင်မှုသည် ဖိလစ်ပိုင်တွင် ရေပန်းစားလာပြီး စိတ်ဖိစီးမှုများကိုဖယ်ရှားပေးနိုင်ပါသည် ဟုနာမည်ကြီးနေပါသည်။
မြွေများသည် အန္တရာယ်ရှိသော တိရစ္ဆာန်များဖြစ်ကြောင်း ဆရာဝန်များက လည်း သတိပေးတားမြစ်ထားသော်လည်း Aklan ပြည်နယ်ရှိ Kalibo Ostrich တိရစ္ဆာန်မွေးမြူရေးခြံ (Kalibo Ostrich) အကြောင်းကို နိုင်ငံခြားဝက်ဘ်ဆိုက်များက ဝေဝေဆာဆာနဲ့ ဖော်ပြခဲ့ကြသည်။
ဖိလစ်ပိုင်နိုင်ငံရှိ ဖြစ်ရပ်ဆန်းတစ်ခုအဖြစ် ခံစားမှုတစ်ခုကို ဖန်တီးခဲ့ပြီး လာရောက်လည်ပတ်ကြသော ခရီးသွားများအတွက် ထူးထူးခြားခြားအတွေ့အကြုံသစ်များကို တွေ့ကြုံခံစားနိုင်ရန် မြန်မာ့စပါးအုံးမြွေများဖြင့် အနှိပ်ခန်းများကို စီစဉ်ပေးထားပါသည်။
မွေးမြူရေးခြံ၏ မှတ်တမ်းအချက်အလက်များ အရ ဝန်ဆောင်မှုသည် နှစ်အတော်ကြာအောင် လည်ပတ်ခဲ့ပြီး စပါးအုံးမြွေများသည် လူတို့ကို နှိပ်နယ်နိုင်ကြောင်း နောက်ပိုင်းတွင် ရှာဖွေတွေ့ရှိခဲ့သည်။
ဒါကြောင့် ခရီးသွားတွေဆီက ဝန်ဆောင်မှုရဲ့ အကြောင်းအရာ တုံ့ပြန်မှုများက အရမ်းကောင်းပါတယ်။ ထို့ကြောင့် ဝန်ဆောင်မှုကို ဆက်လက်ဖွင့်လှစ်ထားသဖြင့် အချို့လူများက ထိုမွေမြူရေးခြံသို့ လာလည်ကြသည်။
ဤအထူးအနှိပ်ခန်းအတွက် ဖိလစ်ပိုင်ပီဆို ငွေ ၃၀၀ သို့မဟုတ် မိနစ် ၃၀ ဝန်ဆောင်မှုတစ်ခုလျှင် (ကျပ် ၁၇၀၀၀ ခန့်) ကျသင့်မည်ဖြစ်သည်။
ဝန်ထမ်းများသည် ကြီးမားရှည်လျားသော မြန်မာ့စပါးအုံးမြွေများနှင့် စပါးအုံးမြွေများကို ဖမ်းကာ ခရီးသွားများ ၏ ခန္ဓာကိုယ်ပေါ်တွင် တင်ထားပေးလေ့ရှိပြီး သင့်ခန္ဓာကိုယ်တစ်လျှောက် တစ်ရွေ့ရွေ့ရစ်ပတ်ကာ တညီတညွတ်တည်း ဖျစ်ညှစ်ဆုပ်နယ်နှိပ်နယ်ပေးနေသည့်အလားပြုမူဆောင်ရွက်ပေးကြပါသည်။
ဤအနှိပ်သည် သင့်အား သက်တောင့်သက်သာ ခံစားရစေရုံသာမက အဆိုပါ ဝန်ဆောင်မှုကို အသုံးပြုနေသည့် ခရီးသွားများ ကလည်း “ မြွေကြောက်ခြင်းကိုပျောက်ကင်းစေနိုင်ပါတယ် ၊ သူတို့ ခန္ဓာကတွန့်လိမ်ပြီး ငါတို့အရေပြားပေါ်မှာ တွန့်လိမ်နေလိုက်တာ တကယ်ကို သက်သာစေတယ်။
ငါ့ကိုယ်ပေါ်မှာ အအေးဒဏ်ကို ခံစားရတယ်။ ငါ့ခန္ဓာကိုယ်ထဲမှာ သွေးတွေ လည်ပတ်စီးဆင်းနေတာကို ခံစားရတယ်။ အဲဒါက စိတ်ဖိစီးမှုကို တကယ်သက်သာရာရစေပုံပါပဲ” လို့ ခရီးသွားဧည့်သည်တစ်ချို့က ပြောပြပါတယ်။ သူတို့က ဒီဝန်ဆောင်မှုကို ထပ်ခါထပ်ခါ အားပေးနေမယ်လို့လည်း ဆိုကြပါတယ်။
သို့သော် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူ အများအပြားကတော့ သဘောမတူကြဘူးလို့ သတိပေးထားပါတယ်။ မြွေများဖြင့် နှိပ်နယ်ခြင်းသည် အန္တရာယ်ရှိနိုင်ပါသည် အဘယ်ကြောင့်ဆိုသော် မြန်မာ့စပါးအုံးမြွေသည် လူ့အရိုးများကို ချိုးဖျက်နိုင်စွမ်းရှိပြီး အသက်ရှုရပ်နိုင်သည်။
လူတချို့ရဲ့ ယုံကြည်မှုက ငယ်စဉ်ကတည်းက မွေးပြီး ကြီးပြင်းလာခဲ့တဲ့ မြွေတွေဟာ ဘာအန္တရာယ်မှ မပြုနိုင်ပါဘူးလို့ သတ်မှတ်ထားပေမယ့် သိထားဘို့က “သူတို့သည် တောရိုင်းတိရစ္ဆာန်များသာဖြစ်ကြောင်း သတိပြုသင့်ပါသည်>
အချိန်မရွေးလူကိုအသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ စိတ်ရိုင်များဖြစ်ပေါ်လာနိုင်တယ်လို့ သတိပေးထားပါတယ်။ ကိုယ်ကတော့မြွေဆိုရင် အကောင်သေးသေးကြီးကြီး အလိုလိုကိုကြောက်နေတာ ၊ အသည်းတယားယားနဲ့မို့ မနှိပ်ရဲပေါင်ဗျာ။ (Si Thu Maung) (မူရင်းရေးသားသူအား လေးစားမှုဖြင့် Creditပေးပါသည်)
Zawgyi
ျမန္မာ့စပါးအုံးေႁမြေတြနဲ႔ ႏွိပ္ေပးတဲ့ ထူးထူးျခားျခား မာဆတ္ခန္း (မာဆတ္ႀကိဳက္သူမ်ား စမ္းသင့္ပါတယ္)
“ထူးထူးျခားျခား စပါးအုံးေႁမြနဲ႔ အႏွိပ္ခံစမ္းသပ္ၾကည့္ၾကမလား” ဘယ္လိုမွ ေမွ်ာ္လင့္မထားတဲ့ “ျမန္မာ့စပါးအုံးေႁမြမ်ားနဲ႔ အႏွိပ္စပါး“ ဝန္ေဆာင္မႈသည္ ဖိလစ္ပိုင္တြင္ ေရပန္းစားလာၿပီး စိတ္ဖိစီးမႈမ်ားကိုဖယ္ရွားေပးႏိုင္ပါသည္ ဟုနာမည္ႀကီးေနပါသည္။
ေႁမြမ်ားသည္ အႏၲရာယ္ရွိေသာ တိရစာၦန္မ်ားျဖစ္ေၾကာင္း ဆရာဝန္မ်ားက လည္း သတိေပးတားျမစ္ထားေသာ္လည္း Aklan ျပည္နယ္ရွိ Kalibo Ostrich တိရစာၦန္ေမြးျမဴေရးၿခံ (Kalibo Ostrich) အေၾကာင္းကို ႏိုင္ငံျခားဝက္ဘ္ဆိုက္မ်ားက ေဝေဝဆာဆာနဲ႔ ေဖာ္ျပခဲ့ၾကသည္။
ဖိလစ္ပိုင္ႏိုင္ငံရွိ ျဖစ္ရပ္ဆန္းတစ္ခုအျဖစ္ ခံစားမႈတစ္ခုကို ဖန္တီးခဲ့ၿပီး လာေရာက္လည္ပတ္ၾကေသာ ခရီးသြားမ်ားအတြက္ ထူးထူးျခားျခားအေတြ႕အႀကဳံသစ္မ်ားကို ေတြ႕ႀကဳံခံစားႏိုင္ရန္ ျမန္မာ့စပါးအုံးေႁမြမ်ားျဖင့္ အႏွိပ္ခန္းမ်ားကို စီစဥ္ေပးထားပါသည္။
ေမြးျမဴေရးၿခံ၏ မွတ္တမ္းအခ်က္အလက္မ်ား အရ ဝန္ေဆာင္မႈသည္ ႏွစ္အေတာ္ၾကာေအာင္ လည္ပတ္ခဲ့ၿပီး စပါးအုံးေႁမြမ်ားသည္ လူတို႔ကို ႏွိပ္နယ္ႏိုင္ေၾကာင္း ေနာက္ပိုင္းတြင္ ရွာေဖြေတြ႕ရွိခဲ့သည္။
ဒါေၾကာင့္ ခရီးသြားေတြဆီက ဝန္ေဆာင္မႈရဲ႕ အေၾကာင္းအရာ တုံ႔ျပန္မႈမ်ားက အရမ္းေကာင္းပါတယ္။ ထို႔ေၾကာင့္ ဝန္ေဆာင္မႈကို ဆက္လက္ဖြင့္လွစ္ထားသျဖင့္ အခ်ိဳ႕လူမ်ားက ထိုေမြျမဴေရးၿခံသို႔ လာလည္ၾကသည္။
ဤအထူးအႏွိပ္ခန္းအတြက္ ဖိလစ္ပိုင္ပီဆို ေငြ ၃၀၀ သို႔မဟုတ္ မိနစ္ ၃၀ ဝန္ေဆာင္မႈတစ္ခုလွ်င္ (က်ပ္ ၁၇၀၀၀ ခန႔္) က်သင့္မည္ျဖစ္သည္။
ဝန္ထမ္းမ်ားသည္ ႀကီးမားရွည္လ်ားေသာ ျမန္မာ့စပါးအုံးေႁမြမ်ားႏွင့္ စပါးအုံးေႁမြမ်ားကို ဖမ္းကာ ခရီးသြားမ်ား ၏ ခႏၶာကိုယ္ေပၚတြင္ တင္ထားေပးေလ့ရွိၿပီး သင့္ခႏၶာကိုယ္တစ္ေလွ်ာက္ တစ္ေ႐ြ႕ေ႐ြ႕ရစ္ပတ္ကာ တညီတၫြတ္တည္း ဖ်စ္ညႇစ္ဆုပ္နယ္ႏွိပ္နယ္ေပးေနသည့္အလားျပဳမူေဆာင္႐ြက္ေပးၾကပါသည္။
ဤအႏွိပ္သည္ သင့္အား သက္ေတာင့္သက္သာ ခံစားရေစ႐ုံသာမက အဆိုပါ ဝန္ေဆာင္မႈကို အသုံးျပဳေနသည့္ ခရီးသြားမ်ား ကလည္း “ ေႁမြေၾကာက္ျခင္းကိုေပ်ာက္ကင္းေစႏိုင္ပါတယ္ ၊ သူတို႔ ခႏၶာကတြန္႔လိမ္ၿပီး ငါတို႔အေရျပားေပၚမွာ တြန႔္လိမ္ေနလိုက္တာ တကယ္ကို သက္သာေစတယ္။
ငါ့ကိုယ္ေပၚမွာ အေအးဒဏ္ကို ခံစားရတယ္။ ငါ့ခႏၶာကိုယ္ထဲမွာ ေသြးေတြ လည္ပတ္စီးဆင္းေနတာကို ခံစားရတယ္။ အဲဒါက စိတ္ဖိစီးမႈကို တကယ္သက္သာရာရေစပုံပါပဲ” လို႔ ခရီးသြားဧည့္သည္တစ္ခ်ိဳ႕က ေျပာျပပါတယ္။ သူတို႔က ဒီဝန္ေဆာင္မႈကို ထပ္ခါထပ္ခါ အားေပးေနမယ္လို႔လည္း ဆိုၾကပါတယ္။
သို႔ေသာ္ ေဆးဘက္ဆိုင္ရာ ကြၽမ္းက်င္သူ အမ်ားအျပားကေတာ့ သေဘာမတူၾကဘူးလို႔ သတိေပးထားပါတယ္။ ေႁမြမ်ားျဖင့္ ႏွိပ္နယ္ျခင္းသည္ အႏၲရာယ္ရွိႏိုင္ပါသည္ အဘယ္ေၾကာင့္ဆိုေသာ္ ျမန္မာ့စပါးအုံးေႁမြသည္ လူ႔အ႐ိုးမ်ားကို ခ်ိဳးဖ်က္ႏိုင္စြမ္းရွိၿပီး အသက္ရႈရပ္ႏိုင္သည္။
လူတခ်ိဳ႕ရဲ႕ ယုံၾကည္မႈက ငယ္စဥ္ကတည္းက ေမြးၿပီး ႀကီးျပင္းလာခဲ့တဲ့ ေႁမြေတြဟာ ဘာအႏၲရာယ္မွ မျပဳႏိုင္ပါဘူးလို႔ သတ္မွတ္ထားေပမယ့္ သိထားဘို႔က “သူတို႔သည္ ေတာ႐ိုင္းတိရစာၦန္မ်ားသာျဖစ္ေၾကာင္း သတိျပဳသင့္ပါသည္>
အခ်ိန္မေ႐ြးလူကိုအသက္အႏၲရာယ္ျဖစ္ေစႏိုင္တဲ့ စိတ္႐ိုင္မ်ားျဖစ္ေပၚလာႏိုင္တယ္လို႔ သတိေပးထားပါတယ္။ ကိုယ္ကေတာ့ေႁမြဆိုရင္ အေကာင္ေသးေသးႀကီးႀကီး အလိုလိုကိုေၾကာက္ေနတာ ၊ အသည္းတယားယားနဲ႔မို႔ မႏွိပ္ရဲေပါင္ဗ်ာ။ (Si Thu Maung) (မူရင္းေရးသားသူအား ေလးစားမႈျဖင့္ Creditေပးပါသည္)
Leave a Reply