
အရောင်အမျိုးမျိုး ပြောင်းလဲစွာ ထွက်ပေါ်လာတက်သည့် လ၏ အရောင်များနှင့်နှင့် အကြောင်းအရာများ
ပန်းရောင်လ (သို့မဟုတ်) အပြာရောင်လနဲ့ အချို့သောကိစ္စတွေမှာဆိုရင်လအနီနဲ့ လအပြာတို့အကြောင်း သတင်းတွေနဲ့ မီဒီယာတွေမှာ နှစ်တိုင်းနီးပါးလောက် ကြားသိဖူးကြမယ်လို့ ထင်ပါတယ်။တကယ်တမ်းမှာ လဟာ အရောင်မပြောင်းနိုင်ကြောင်းနဲ့လကိုပုံမှန်မြင်နေကျပုံစံမီးခိုးရောင်/အဖြူရောင်ကနေဘာလို့အရောင်ကွဲထွက်သွားလဲဆိုတဲ့ အကြောင်းရင်းတွေကို
ဗဟုသုတရဖွယ်ရာ တင်ဆက်ပေးလိုက်ရပါတယ်။လဟာ ဘယ်လိုမျိုး အကြောင်းအရာမျိုးကြောင်းရောင်စုံ တောက်ပနေပုံရတာလဲဆိုတဲ့အကြောင်းရင်းအမျိုးမျိုးကိုစူးစမ်းကြည့်ဖို့ဆိုရင်ဦးစွာအနေနဲ့ လရဲ့ အခြေခံအရောင်တွေဟာ အပြာရောင်၊ ပန်းရောင်၊ အနီရောင်၊ အဝါရောင်၊ လိမ္မော်ရောင်တို့ ရှိကြတယ်ဆိုတာအရင်သိထားရပါမယ်။
အပြာရောင်လ
အနောက်တိုင်းမှာတော့ ဒုတိယတွေရဲ့ လပြည့်ဟာ အပြာရောင်လလို့ လူတော်တော်များများက ယုံကြည်ကြပါတယ်။ သိပ္ပံနည်းအရဆိုရင်တော့ အပြာရောင်လဟာ မီးတောင်ပေါက်ကွဲမှု သို့မဟုတ် တောမီးလောင်ကျွမ်းမှုမှ ဖြစ်ပေါ်လာတဲ့ သဘာဝဖြစ်စဉ်တစ်ခုပါ။
ပြန့်ကျဲနေသော အမှုန်အမွှားများဟာ အပြာရောင်nအလင်းတန်းများအဖြစ်နဲ့ ဖြတ်သန်းသွားလာနေ့ပြီး လရဲ့ ပုံမှန်ရောင်စဉ်က အလင်းတချို့ကို ပိတ်ဆို့ထားရာမှ အပြာရောင်လ ဖြစ်ပေါ်လာပါတယ်။၁၈၃၃ ခုနှစ်က Krakatoa မီးတောင်ပေါက်ကွဲမှုမှ နောက်ဆုံး အပြာရောင်လ ဖြစ်ပေါ်လာခဲ့ပြီး ၂ နှစ်ကြာအထိ လကို အပြာရောင်သန်းစေခဲ့ပါတယ်။
ပန်းရောင် လ
တစ်ခါတစ်ရံ နေရောင်က လကိုရောင်ပြန်ဟပ်လာတဲ့အခါမှာ ကွဲပြားသောအရောင်တစ်ခု ပေါ်ပေါက်လာနိုင်ပြီး ထိုအရောင်ဟာ အချို့သူတွအတွက် ပန်းရောင်ဖြစ်လာနိုင်ပါတယ်။အနောက်နိုင်ငံတွေမှာ ဧပြီလရဲ့ လပြည့်ဟာ ပန်းရောင်လအဖြစ် ပေါ်လာတတ်ပြီး မြောက်အမေရိကရှိ Phlox ပန်းပွင့်ရဲ့ ပုံပန်းသဏ္ဍာန်မှ ပန်းရောင်လလို့ အမည်တွင်စေခဲ့ကြောင်းလည်း သိရပါတယ်။
အနီရောင် လ
လကြတ်ချိန်မှာ ကမ္ဘာဟာ နေနဲ့ လ အကြား ရွေ့လျားသွားပြီး လရဲ့ အလင်းရောင်ထောက်ပံ့မှုကို ဖြတ်တောက်လိုက်ပါတယ်။ဒီလိုဖြစ်လာတဲ့အခါ လရဲ့မျက်နှာပြင်ဟာ လုံးဝ မှောင်နေမယ့်အစား နီမြန်းရောင် သမ်းလာပါတယ်။
လေထုဟာ မတူညီသော ဓာတ်ငွေ့များ၊ ရေစက်များနဲ့ ဖုန်မှုန့်များဖြင့် ဖွဲ့စည်းထားတာကြောင့် နေရောင်ခြည်က ကမ္ဘာ့လေထုထဲသို့ ဝင်ရောက်လာတဲ့အခါ အလင်းရဲ့ လှိုင်းအလျားထက် သေးငယ်သော အမှုန်အမွှားများကို ဖြန့်ကျက်လိုက်ပါတယ်။အဲဒီအခါ လေရဲ့ မော်လီကျူးများမှ အလင်းများ လွင့်ထွက်ခြင်းကို ဖြစ်ပေါ်စေပြီး လွင့်ထွက်လာတဲ့ အရောင်များဟာလည်း အနီရောင်နဲ့ လိမ္မော်ရောင်တို့ကဲ့သို့ အရောင်များကို ဖြစ်ပေါ်စေပါတယ်။
ဒီအလင်းရောင်ဟာ လရဲ့ မျက်နှာပြင်သို့ ကျရောက်လာချိန်မှာလကြတ်ခြင်းလို့ကျော်ကြားတဲ့ နီညိုရောင် လိမ္မော်ရောင်တောက်ပမှုကို ပေးစွမ်းပါတယ်။ကမ္ဘာ့လေထု အခြေအနေပေါ် မူတည်၍ လကြတ်ချိန်မှာ အနီရောင်၊ လိမ္မော်ရောင် သို့မဟုတ် ရွှေရောင်အဆင်းအမျိုးမျိုးကို မြင်တွေ့နိုင်ပါတယ်။
အဝါရောင် လ
အဝါရောင်လဟာ အနောက်တိုင်းမှာတော့ ဇွန်လရဲ့ လပြည့်နေ့ကို ရည်စူးပြီး ပျားရည်လလို့လည်း ခေါ်တွင်ပါတယ်။ တစ်နှစ်ပတ်လုံးရဲ့ လပြည့်နေ့nဖြစ်တာကြောင့် ညလုံးပေါက် အဝါရောင် တောက်ပနိုင်ခြေ အရှိဆုံး ဖြစ်ပါတယ်။
ဇွန်လမှာ မြောက်ကမ္ဘာခြမ်းရှိ ကောင်းကင်က နေဟာ အမြင့်ဆုံး အကွာအဝေးကို ရောက်ရှိနေတာကြောင့် ကောင်းကင်ယံမှာ လကိုအနိမ့်ဆုံးအနေအထားနဲ့ မြင်တွေ့ရရတ်ပါတယ်။လဟာ ကောင်းကင်မှာနိမ့်နေတဲ့အခါတိုင်းထူထဲသောလေထုကို ဖြတ်ပြီးမှာမြင်တွေ့ရတာကြောင့် နေဝင်ချိန်ကဲ့သို့ပင် လရဲ့အရောင်ဟာ အနီရောင် သို့မဟုတ် အဝါရောင် သို့မဟုတ် လိမ္မော်ရောင် ပြောင်းသွားတာမျိုး ဖြစ်ပါတယ်။
လိမ္မော်ရောင် လ
လဟာ တစ်နှစ်တာရဲ့ အကြိမ်များစွာမှာ လိမ္မော်ရောင်ကို ပြသလေ့ ရှိပါတယ်။ အထူးသဖြင့် လေထုထဲမှာ ဖုန်မှုန့်များ၊ မီးခိုးများ၊ သို့မဟုတ် လေထုညစ်ညမ်းမှုများ များပြားနေချိန်မှာ လိမ္မော်ရောင်လ ဖြစ်ပေါ်ပါတယ်။
အဲဒီအမှုန်တွေ အရွယ်အစားက သင်မြင်ရမယ့် လရဲ့ အရောင်အမျိုးအစားကို ဆုံးဖြတ်ပေးပါလိမ့်မယ်။ ဥပမာအားဖြင့် အနောက်တိုင်းက ဆောင်းရာသီမှာ နာမည်ကျော်ကြားတဲ့ Harvest Moon လဟာ အလွန်ကြီးမားပြီး လိမ္မော်ရောင် ရှိပါတယ်။
ဆောင်းဦးရာသီမှာ လယ်သမားများစွာက သူတို့ရဲ့ သီးနှံများကို ရိတ်သိမ်းကြသည်။ သီးနှံပင်များရဲ့ မြေဆီလွှာကို ဖုန်မှုန့်တွေ အများအပြားပ ဝင်ရောက် နှောင့်ယှက်သလို အမှုန်အမွှားတွေက လေထုထဲကို ပျံတက်သွားပါတယ်။
တစ်ချိန်တည်းမှာပဲ ဆောင်းဦးရာသီမှာ လဟာ ကောင်းကင်ရဲ့ အနိမ့်ဆုံးမှာ ရှိနေပြန်ပါတယ်။ဒါကြောင့် ကောင်းကင်မှာ ဖုန်မှုန့်တွေများဘာပြီး လက မိုးကုပ်စက်ဝိုင်းနဲ့ ပိုနီးလာရင် လက ဘယ်လိုအရောင် ဖြစ်မလဲဆိုရင်တော့ အဖြေဟာ လိမ္မော်ရောင် ဖြစ်ပါတယ်။
Credit
Zawgyi
အေရာင္အမ်ိဳးမ်ိဳး ေျပာင္းလဲစြာ ထြက္ေပၚလာတက္သည့္ လ၏ အေရာင္မ်ားႏွင့္ႏွင့္ အေၾကာင္းအရာမ်ား
ပန္းေရာင္လ (သို႔မဟုတ္) အျပာေရာင္လနဲ႔ အခ်ိဳ႕ေသာကိစၥေတြမွာဆိုရင္လအနီနဲ႔ လအျပာတို႔အေၾကာင္း သတင္းေတြနဲ႔ မီဒီယာေတြမွာ ႏွစ္တိုင္းနီးပါးေလာက္ ၾကားသိဖူးၾကမယ္လို႔ ထင္ပါတယ္။တကယ္တမ္းမွာ လဟာ အေရာင္မေျပာင္းႏိုင္ေၾကာင္းနဲ႔လကိုပုံမွန္ျမင္ေနက်ပုံစံမီးခိုးေရာင္/အျဖဴေရာင္ကေနဘာလို႔အေရာင္ကြဲထြက္သြားလဲဆိုတဲ့ အေၾကာင္းရင္းေတြကို
ဗဟုသုတရဖြယ္ရာ တင္ဆက္ေပးလိုက္ရပါတယ္။လဟာ ဘယ္လိုမ်ိဳး အေၾကာင္းအရာမ်ိဳးေၾကာင္းေရာင္စုံ ေတာက္ပေနပုံရတာလဲဆိုတဲ့အေၾကာင္းရင္းအမ်ိဳးမ်ိဳးကိုစူးစမ္းၾကည့္ဖို႔ဆိုရင္ဦးစြာအေနနဲ႔ လရဲ႕ အေျခခံအေရာင္ေတြဟာ အျပာေရာင္၊ ပန္းေရာင္၊ အနီေရာင္၊ အဝါေရာင္၊ လိေမၼာ္ေရာင္တို႔ ရွိၾကတယ္ဆိုတာအရင္သိထားရပါမယ္။
အျပာေရာင္လ
အေနာက္တိုင္းမွာေတာ့ ဒုတိယေတြရဲ႕ လျပည့္ဟာ အျပာေရာင္လလို႔ လူေတာ္ေတာ္မ်ားမ်ားက ယုံၾကည္ၾကပါတယ္။ သိပၸံနည္းအရဆိုရင္ေတာ့ အျပာေရာင္လဟာ မီးေတာင္ေပါက္ကြဲမႈ သို႔မဟုတ္ ေတာမီးေလာင္ကြၽမ္းမႈမွ ျဖစ္ေပၚလာတဲ့ သဘာဝျဖစ္စဥ္တစ္ခုပါ။
ျပန႔္က်ဲေနေသာ အမႈန္အမႊားမ်ားဟာ အျပာေရာင္nအလင္းတန္းမ်ားအျဖစ္နဲ႔ ျဖတ္သန္းသြားလာေန႔ၿပီး လရဲ႕ ပုံမွန္ေရာင္စဥ္က အလင္းတခ်ိဳ႕ကို ပိတ္ဆို႔ထားရာမွ အျပာေရာင္လ ျဖစ္ေပၚလာပါတယ္။၁၈၃၃ ခုႏွစ္က Krakatoa မီးေတာင္ေပါက္ကြဲမႈမွ ေနာက္ဆုံး အျပာေရာင္လ ျဖစ္ေပၚလာခဲ့ၿပီး ၂ ႏွစ္ၾကာအထိ လကို အျပာေရာင္သန္းေစခဲ့ပါတယ္။
ပန္းေရာင္ လ
တစ္ခါတစ္ရံ ေနေရာင္က လကိုေရာင္ျပန္ဟပ္လာတဲ့အခါမွာ ကြဲျပားေသာအေရာင္တစ္ခု ေပၚေပါက္လာႏိုင္ၿပီး ထိုအေရာင္ဟာ အခ်ိဳ႕သူတြအတြက္ ပန္းေရာင္ျဖစ္လာႏိုင္ပါတယ္။အေနာက္ႏိုင္ငံေတြမွာ ဧၿပီလရဲ႕ လျပည့္ဟာ ပန္းေရာင္လအျဖစ္ ေပၚလာတတ္ၿပီး ေျမာက္အေမရိကရွိ Phlox ပန္းပြင့္ရဲ႕ ပုံပန္းသ႑ာန္မွ ပန္းေရာင္လလို႔ အမည္တြင္ေစခဲ့ေၾကာင္းလည္း သိရပါတယ္။
အနီေရာင္ လ
လၾကတ္ခ်ိန္မွာ ကမာၻဟာ ေနနဲ႔ လ အၾကား ေ႐ြ႕လ်ားသြားၿပီး လရဲ႕ အလင္းေရာင္ေထာက္ပံ့မႈကို ျဖတ္ေတာက္လိုက္ပါတယ္။ဒီလိုျဖစ္လာတဲ့အခါ လရဲ႕မ်က္ႏွာျပင္ဟာ လုံးဝ ေမွာင္ေနမယ့္အစား နီျမန္းေရာင္ သမ္းလာပါတယ္။
ေလထုဟာ မတူညီေသာ ဓာတ္ေငြ႕မ်ား၊ ေရစက္မ်ားနဲ႔ ဖုန္မႈန႔္မ်ားျဖင့္ ဖြဲ႕စည္းထားတာေၾကာင့္ ေနေရာင္ျခည္က ကမာၻ႔ေလထုထဲသို႔ ဝင္ေရာက္လာတဲ့အခါ အလင္းရဲ႕ လႈိင္းအလ်ားထက္ ေသးငယ္ေသာ အမႈန္အမႊားမ်ားကို ျဖန႔္က်က္လိုက္ပါတယ္။အဲဒီအခါ ေလရဲ႕ ေမာ္လီက်ဴးမ်ားမွ အလင္းမ်ား လြင့္ထြက္ျခင္းကို ျဖစ္ေပၚေစၿပီး လြင့္ထြက္လာတဲ့ အေရာင္မ်ားဟာလည္း အနီေရာင္နဲ႔ လိေမၼာ္ေရာင္တို႔ကဲ့သို႔ အေရာင္မ်ားကို ျဖစ္ေပၚေစပါတယ္။
ဒီအလင္းေရာင္ဟာ လရဲ႕ မ်က္ႏွာျပင္သို႔ က်ေရာက္လာခ်ိန္မွာလၾကတ္ျခင္းလို႔ေက်ာ္ၾကားတဲ့ နီညိဳေရာင္ လိေမၼာ္ေရာင္ေတာက္ပမႈကို ေပးစြမ္းပါတယ္။ကမာၻ႔ေလထု အေျခအေနေပၚ မူတည္၍ လၾကတ္ခ်ိန္မွာ အနီေရာင္၊ လိေမၼာ္ေရာင္ သို႔မဟုတ္ ေ႐ႊေရာင္အဆင္းအမ်ိဳးမ်ိဳးကို ျမင္ေတြ႕ႏိုင္ပါတယ္။
အဝါေရာင္ လ
အဝါေရာင္လဟာ အေနာက္တိုင္းမွာေတာ့ ဇြန္လရဲ႕ လျပည့္ေန႔ကို ရည္စူးၿပီး ပ်ားရည္လလို႔လည္း ေခၚတြင္ပါတယ္။ တစ္ႏွစ္ပတ္လုံးရဲ႕ လျပည့္ေန႔nျဖစ္တာေၾကာင့္ ညလုံးေပါက္ အဝါေရာင္ ေတာက္ပႏိုင္ေျခ အရွိဆုံး ျဖစ္ပါတယ္။
ဇြန္လမွာ ေျမာက္ကမာၻျခမ္းရွိ ေကာင္းကင္က ေနဟာ အျမင့္ဆုံး အကြာအေဝးကို ေရာက္ရွိေနတာေၾကာင့္ ေကာင္းကင္ယံမွာ လကိုအနိမ့္ဆုံးအေနအထားနဲ႔ ျမင္ေတြ႕ရရတ္ပါတယ္။လဟာ ေကာင္းကင္မွာနိမ့္ေနတဲ့အခါတိုင္းထူထဲေသာေလထုကို ျဖတ္ၿပီးမွာျမင္ေတြ႕ရတာေၾကာင့္ ေနဝင္ခ်ိန္ကဲ့သို႔ပင္ လရဲ႕အေရာင္ဟာ အနီေရာင္ သို႔မဟုတ္ အဝါေရာင္ သို႔မဟုတ္ လိေမၼာ္ေရာင္ ေျပာင္းသြားတာမ်ိဳး ျဖစ္ပါတယ္။
လိေမၼာ္ေရာင္ လ
လဟာ တစ္ႏွစ္တာရဲ႕ အႀကိမ္မ်ားစြာမွာ လိေမၼာ္ေရာင္ကို ျပသေလ့ ရွိပါတယ္။ အထူးသျဖင့္ ေလထုထဲမွာ ဖုန္မႈန႔္မ်ား၊ မီးခိုးမ်ား၊ သို႔မဟုတ္ ေလထုညစ္ညမ္းမႈမ်ား မ်ားျပားေနခ်ိန္မွာ လိေမၼာ္ေရာင္လ ျဖစ္ေပၚပါတယ္။
အဲဒီအမႈန္ေတြ အ႐ြယ္အစားက သင္ျမင္ရမယ့္ လရဲ႕ အေရာင္အမ်ိဳးအစားကို ဆုံးျဖတ္ေပးပါလိမ့္မယ္။ ဥပမာအားျဖင့္ အေနာက္တိုင္းက ေဆာင္းရာသီမွာ နာမည္ေက်ာ္ၾကားတဲ့ Harvest Moon လဟာ အလြန္ႀကီးမားၿပီး လိေမၼာ္ေရာင္ ရွိပါတယ္။
ေဆာင္းဦးရာသီမွာ လယ္သမားမ်ားစြာက သူတို႔ရဲ႕ သီးႏွံမ်ားကို ရိတ္သိမ္းၾကသည္။ သီးႏွံပင္မ်ားရဲ႕ ေျမဆီလႊာကို ဖုန္မႈန႔္ေတြ အမ်ားအျပားပ ဝင္ေရာက္ ေႏွာင့္ယွက္သလို အမႈန္အမႊားေတြက ေလထုထဲကို ပ်ံတက္သြားပါတယ္။
တစ္ခ်ိန္တည္းမွာပဲ ေဆာင္းဦးရာသီမွာ လဟာ ေကာင္းကင္ရဲ႕ အနိမ့္ဆုံးမွာ ရွိေနျပန္ပါတယ္။ဒါေၾကာင့္ ေကာင္းကင္မွာ ဖုန္မႈန႔္ေတြမ်ားဘာၿပီး လက မိုးကုပ္စက္ဝိုင္းနဲ႔ ပိုနီးလာရင္ လက ဘယ္လိုအေရာင္ ျဖစ္မလဲဆိုရင္ေတာ့ အေျဖဟာ လိေမၼာ္ေရာင္ ျဖစ္ပါတယ္။
Credit
Leave a Reply