အမျိုးသမီး သီးသန့် အေးအေးချမ်းချမ်း တရား အားထုတ်လိုသူများအတွက် တောရရိပ်သာလေး တစ်ခု

ထေရီမတို့ရွာ 🌻

အမျိုးသမီး သီးသန့် အေးအေးချမ်းချမ်း တရား အားထုတ်လိုသူများအတွက် တောရရိပ်သာလေး တစ်ခု၊

ယောဂီ ၃ ပါးတစ်ခန်း ထားတဲ့ ရေချိုးခန်း၊ ရေအိမ် ပူးတွဲပါတဲ့ တစ်ထပ် ယောဂီဆောင်လေးတွေ ရှိတဲ့နေရာ၊

ပါရမီ အနုအရင့် ရှိသူ နှစ်မျိုးလုံးအတွက် သင့်တော်သော ကာယာနုပဿနာမှ အာနာပါနကမ္မဋ္ဌာန်းကို အခြေခံလေ့ကျင့်ပြီး သမာဓိထူထောင်ပါတယ်။

အသက်အရွယ် ကြီးစဉ်ငယ်လိုက် အမှတ်စဉ်အတိုင်း အဆောင်၊ တရားမှတ်နေရာ၊ ဆွမ်းစားနေရာ၊ ဖိနပ်ချွတ်တာကအစ နည်းစနစ်ကျလှတဲ့နေရာ၊

ယောဂီများအားလုံး ဘောဇနဆောင်၌သာ စားသုံးကြတဲ့နေရာ၊

လစဉ် လပြည့်နေ့တိုင်း (ဝါတွင်းကာလမှအပ) ကိုးရက်တာ အထူးတရားစခန်း ဖွင့်လှစ်ပေးနေပါတယ်။

ကြားရက် (စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက် ) များတွင် ဓုတင် ၅ ပါးကျင့်ဆောင်သော အမျိုးသမီး ယောဂီသီးသန့် နှစ်ရက်တရားစခန်း ဖွင့်ပါတယ်။

ဆွမ်းစားစရိတ် အခမဲ့ပါ။

မှတ်ပုံတင် မူရင်း မိတ္တူ ဓါတ်ပုံ ၂ ပုံ နှင့် ယောဂီဝတ်စုံ (သို့) သီလရှင်ဝတ်စုံ ယူလာရပါမယ်

မွေ့ယာ၊ အိပ်ယာခင်း၊

ခေါင်းအုံး၊ ခေါင်းအုံးစွပ်၊ စောင်၊ ခြင်ထောင်၊ အိပ်ယာလိပ်၊ သွားပွတ်တံ၊ သွားတိုက်ဆေး၊ ဆပ်ပြာ လုံးဝ ယူလာစရာ မလိုပါ။

(အားလုံးကို ရိပ်သာက လှူပါတယ်)

ဘူဖေး စနစ်ဖြင့် စားသုံးနိုင်ပါတယ်။

အရုဏ် နှင့် နေ့ နှစ်ချိန်လုံးအတွက်

အသားဟင်း၊ ငါးဟင်း၊ အရည်သောက်၊ အသီးအရွက်ကြော်၊ အကြော်စုံ၊ အသုပ်စုံအပြင် ကော်ဖီ၊ လက်ဖက်ရည်၊ အချိုပွဲ နှင့် ညနေအအေး အားလုံးအသင့်ပါ။

ကြားရက် သီလရှင်ဝတ်လိုသူများ ဝတ်စုံ ၂ စုံမျှဖြင့် လာရောက် အားထုတ်နိုင်ပါတယ်

တရားထိုင်ချိန်၊ စင်္ကြံချိန်၊ ဆွမ်းစားချိန်တိုင်း အနီးကပ် ကြီးကြပ်၍ အသေးစိပ် သင်ကြား လေ့ကျင့်ပေးပါတယ်။

သောကကင်းဝေး နေနိုင်ရေး

အပါယ်ဘေးက လွတ်ကင်းရေး

နိဗ္ဗာန်ထုတ်ချောက် ပေါက်မြောက်ရေး၊

မဟာသဒ္ဓမ္မဇောတိကဓဇ

ဆရာကြီး ဥပ္ပလဝဏ္ဏာထေရီ

( Ph.D Chemistry)

အဘိဓမ်မဓရ ၊

သီတဂူဗုဒ်ဓပါဒကဒီပလိုမာ၊

စူဠအာဘိဓမ္မိက ဝိသိဋ္ဌကလျာဏဉာဏဓဇ၊

လယ်တီကမ္မဋ္ဌာနာစရိယ၊

ဘဝအလင်းရောင် အဘိဓမ္မာသင်တန်းမှူး၊

ပဓာနနာယက ပြုသော

ဗောဓိဆာယာတောရ ထေရီမတို့ရွာ

👉 ရိပ်သာလမ်းညွှန်

👉 ရန်ကုန် အဝေးပြေးဂိတ်မှ နေပြည်တော် မိတ္ထီလာ မန္တလေး တောင်ကြီးကားများ လမ်းကြုံစီး၍ ရန်ကုန်- မန္တလေး အမြန်လမ်း ၁၈ မိုင် ၃ ဖာလုံ တွင် ဆင်း၍ ဆိုင်ကယ် Taxi များငှားပြီး လာနိုင်ပါတယ်။

👉 ရန်ကုန်မှ Taxi ငှား၍လာလျှင် တစ်နာရီကျော်ကျော် စီးရပါတယ်။
( ၃၀,၀၀၀ကျပ် ~ ၄၀,၀၀၀ကျပ် )

👉 ရန်ကုန်ဘက်မှ ကိုယ်ပိုင်ကားဖြင့် လာလျှင် ရန်ကုန်- မန္တလေး အမြန်လမ်း ၁၈ မိုင် ၃ ဖာလုံ တွင် ညာကွေ့ ဗောဓိဆာယာတောရ ထေရီမတို့ရွာ လမ်းညွှန်အတိုင်း ဝင်လာပါ။ (၁၅ မိနစ်ခန့် )

👉 လိပ်စာ

ရန်ကုန် မန္တလေး အမြန် လမ်း မိုင်တိုင် 18/3
( ၁၈ မိုင် ၃ ဖာလုံ) ရွေစည်တော် ရိပ်သာအနီး၊ မင်းကုန်းကျေးရွာ၊ လှည်းကူးမြို့နယ်။

#သွားမယ်&တည်းမယ်

#winthtetaung

#myanmartravel

Credit Aung Ngwe Latt

Zawgyi

ေထရီမတို႔႐ြာ 🌻

အမ်ိဳးသမီး သီးသန့္ ေအးေအးခ်မ္းခ်မ္း တရား အားထုတ္လိုသူမ်ားအတြက္ ေတာရရိပ္သာေလး တစ္ခု၊

ေယာဂီ ၃ ပါးတစ္ခန္း ထားတဲ့ ေရခ်ိဳးခန္း၊ ေရအိမ္ ပူးတြဲပါတဲ့ တစ္ထပ္ ေယာဂီေဆာင္ေလးေတြ ရွိတဲ့ေနရာ၊

ပါရမီ အႏုအရင့္ ရွိသူ ႏွစ္မ်ိဳးလုံးအတြက္ သင့္ေတာ္ေသာ ကာယာႏုပႆနာမွ အာနာပါနကမၼ႒ာန္းကို အေျခခံေလ့က်င့္ၿပီး သမာဓိထူေထာင္ပါတယ္။

အသက္အ႐ြယ္ ႀကီးစဥ္ငယ္လိုက္ အမွတ္စဥ္အတိုင္း အေဆာင္၊ တရားမွတ္ေနရာ၊ ဆြမ္းစားေနရာ၊ ဖိနပ္ခြၽတ္တာကအစ နည္းစနစ္က်လွတဲ့ေနရာ၊

ေယာဂီမ်ားအားလုံး ေဘာဇနေဆာင္၌သာ စားသုံးၾကတဲ့ေနရာ၊

လစဥ္ လျပည့္ေန႕တိုင္း (ဝါတြင္းကာလမွအပ) ကိုးရက္တာ အထူးတရားစခန္း ဖြင့္လွစ္ေပးေနပါတယ္။

ၾကားရက္ (စေန၊ တနဂၤေႏြ ႐ုံးပိတ္ရက္ ) မ်ားတြင္ ဓုတင္ ၅ ပါးက်င့္ေဆာင္ေသာ အမ်ိဳးသမီး ေယာဂီသီးသန့္ ႏွစ္ရက္တရားစခန္း ဖြင့္ပါတယ္။

ဆြမ္းစားစရိတ္ အခမဲ့ပါ။

မွတ္ပုံတင္ မူရင္း မိတၱဴ ဓါတ္ပုံ ၂ ပုံ ႏွင့္ ေယာဂီဝတ္စုံ (သို႔) သီလရွင္ဝတ္စုံ ယူလာရပါမယ္

ေမြ႕ယာ၊ အိပ္ယာခင္း၊

ေခါင္းအုံး၊ ေခါင္းအုံးစြပ္၊ ေစာင္၊ ျခင္ေထာင္၊ အိပ္ယာလိပ္၊ သြားပြတ္တံ၊ သြားတိုက္ေဆး၊ ဆပ္ျပာ လုံးဝ ယူလာစရာ မလိုပါ။

(အားလုံးကို ရိပ္သာက လႉပါတယ္)

ဘူေဖး စနစ္ျဖင့္ စားသုံးနိုင္ပါတယ္။

အ႐ုဏ္ ႏွင့္ ေန႕ ႏွစ္ခ်ိန္လုံးအတြက္

အသားဟင္း၊ ငါးဟင္း၊ အရည္ေသာက္၊ အသီးအ႐ြက္ေၾကာ္၊ အေၾကာ္စုံ၊ အသုပ္စုံအျပင္ ေကာ္ဖီ၊ လက္ဖက္ရည္၊ အခ်ိဳပြဲ ႏွင့္ ညေနအေအး အားလုံးအသင့္ပါ။

ၾကားရက္ သီလရွင္ဝတ္လိုသူမ်ား ဝတ္စုံ ၂ စုံမွ်ျဖင့္ လာေရာက္ အားထုတ္နိုင္ပါတယ္

တရားထိုင္ခ်ိန္၊ စၾကၤံခ်ိန္၊ ဆြမ္းစားခ်ိန္တိုင္း အနီးကပ္ ႀကီးၾကပ္၍ အေသးစိပ္ သင္ၾကား ေလ့က်င့္ေပးပါတယ္။

ေသာကကင္းေဝး ေနနိုင္ေရး

အပါယ္ေဘးက လြတ္ကင္းေရး

နိဗၺာန္ထုတ္ေခ်ာက္ ေပါက္ေျမာက္ေရး၊

မဟာသဒၶမၼေဇာတိကဓဇ

ဆရာႀကီး ဥပၸလဝဏၰာေထရီ

( Ph.D Chemistry)

အဘိဓမ္မဓရ ၊

သီတဂူဗုဒ္ဓပါဒကဒီပလိုမာ၊

စူဠအာဘိဓမၼိက ဝိသိ႒ကလ်ာဏဉာဏဓဇ၊

လယ္တီကမၼ႒ာနာစရိယ၊

ဘဝအလင္းေရာင္ အဘိဓမၼာသင္တန္းမႉး၊

ပဓာနနာယက ျပဳေသာ

ေဗာဓိဆာယာေတာရ ေထရီမတို႔႐ြာ

👉 ရိပ္သာလမ္းၫႊန္

👉 ရန္ကုန္ အေဝးေျပးဂိတ္မွ ေနျပည္ေတာ္ မိတၳီလာ မႏၲေလး ေတာင္ႀကီးကားမ်ား လမ္းႀကဳံစီး၍ ရန္ကုန္- မႏၲေလး အျမန္လမ္း ၁၈ မိုင္ ၃ ဖာလုံ တြင္ ဆင္း၍ ဆိုင္ကယ္ Taxi မ်ားငွားၿပီး လာနိုင္ပါတယ္။

👉 ရန္ကုန္မွ Taxi ငွား၍လာလွ်င္ တစ္နာရီေက်ာ္ေက်ာ္ စီးရပါတယ္။
( ၃၀,၀၀၀က်ပ္ ~ ၄၀,၀၀၀က်ပ္ )

👉 ရန္ကုန္ဘက္မွ ကိုယ္ပိုင္ကားျဖင့္ လာလွ်င္ ရန္ကုန္- မႏၲေလး အျမန္လမ္း ၁၈ မိုင္ ၃ ဖာလုံ တြင္ ညာေကြ႕ ေဗာဓိဆာယာေတာရ ေထရီမတို႔႐ြာ လမ္းၫႊန္အတိုင္း ဝင္လာပါ။ (၁၅ မိနစ္ခန့္ )

👉 လိပ္စာ

ရန္ကုန္ မႏၲေလး အျမန္ လမ္း မိုင္တိုင္ 18/3
( ၁၈ မိုင္ ၃ ဖာလုံ) ေ႐ြစည္ေတာ္ ရိပ္သာအနီး၊ မင္းကုန္းေက်း႐ြာ၊ လွည္းကူးၿမိဳ႕နယ္။

#သြားမယ္&တည္းမယ္

#winthtetaung

#myanmartravel

Credit Aung Ngwe Latt

Be the first to comment

Leave a Reply

Your email address will not be published.


*