နေပြည်တော်က ဓာတ်ဆီဆိုင်မှာ ပြန်မလာတော့မယ့် သခင်ကို စောင့်မျှော်နေတဲ့ ခွေးလေး

နေပြည်တော်က ဓာတ်ဆီဆိုင်မှာ ပြန်လာခေါ်မယ့် သခင်ကို စောင့်မျှော်နေတဲ့ ခွေးလေး”

နေပြည်တော် တိုးဂိတ်နားက REGENCY ဓာတ်ဆီဆိုင်မှာ ကားနားပြီး ဆီဝင်ဖြည့်တော့ အဲ့ဒီဆိုင်က ဂျာကြီးနောက် တကောက်ကောက်လိုက်နေတဲ့ ခွေးလေးကိုတွေ့ပြီး ချစ်စရာလေးမို့ စနောက်နေတုန်း အဲ့ဆိုင်ကဝန်ထမ်းလေးတွေပြောလို့ ဆွံ့အ သွားမိတယ်။

အဲ့ကလေးက အန်တီတို့လို ကားလေးက ကျန်ခဲ့တဲ့ကလေးဖြစ်ပြီး လာပြန်မခေါ်လို့ အဲ့ဆိုင်ရောက်နေတဲ့ ခွေးလေးတဲ့ ရောက်နေတာ ၃ လ လောက်ကြာပြီလို့ပြောပါတယ်။

ဂျာကြီးနဲ့ ဂျာလေးက လွဲရင် ဘယ်သူမှ ခေါ်မရဘူးတဲ့ ဂျာကြီးနဲ့ဂျာလေးကိုတော့ မျက်စိအောက်က အပျောက်မခံဘူးတဲ့ ရေချိုး ရေအိမ်တက်လို့ ၅ နာရီလောက်ကြာလည်း ထိုင်စောင့်နေတာတဲ့။

ကလေးက စိတ်ဒဏ်ရာ အတော်ရထားတဲ့ ကလေးဖြစ်နေပါပြီ။ သခင်ရေ ပစ်ခဲ့တာလား ဒါမှမဟုတ် ချန်ခဲ့တာလား ခွေးလေးသခင်မြင်ပါစေတော့ လို့၊ Wild Rain (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)

Zawgyi






Be the first to comment

Leave a Reply

Your email address will not be published.


*