ကမ္ဘာ့အသေးဆုံးမိန်းကလေးအဖြစ် သတ်မှတ်ခြင်းခံထားရသော အသက် ၃ နှစ်အရွယ် ချစ်စဖွယ်ကလေးမလေး
ကမ္ဘာ့အသေးဆုံးမိန်းကလေးအဖြစ် သတ်မှတ်ခြင်းခံထားရသော အသက် ၃ နှစ်အရွယ် ချစ်စဖွယ်ကလေးမလေး
လူသားတို့နေထိုင်ရာ လောကကြီးသည် ထူးခြားဆန်းပြားသော အရာများစွာနှင့် ပြည့်နှက်နေကာ အချို့သောသူများသည်
မွေးရာပါ အားနည်းချက် ချို့ယွင်းချက်တွေကြောင့် သာမန်မဟုတ်ပဲ မပြည့်စုံခြင်းတွေနှင့်အတူ မွေးဖွားလာခြင်းဖြင့် ဂရုဏာသက်ဖွယ်ကောင်းလှသည်။
သို့ဖြစ်၍ တရုတ်နိုင်ငံ Hunan ပြည်နယ်တွင်နေထိုင်သော အသက် ၃ နှစ်အရွယ် ကလေးမလေးသည် အရပ်အမောင်းအားဖြင့် ၁၃လက်မ၊
အလေးချိန် ၁.၅ကီလိုဂရမ်နှင့် ၂.၃ ပေါင်ဖြင့် မွေးဖွားလာခဲ့၍ ကမ္ဘာ့အသေးငယ်ဆုံး မိန်းကလေးအဖြစ် သတ်မှတ်ခြင်းခံထားရသည်။
ဆရာဝန်များဧ။် ပြောကြားချက်အရ ကလေးမလေးသည် မျိုးရိုးဗီဇပြောင်းလဲမှုတွင် ကြီးထွားမှုနှုန်းကို ရပ်တန့်စေသည့် ချို့ယွင်းချက်ကြောင့်ဟုဆိုခဲ့ပြီး
အရုပ်ကလေးနှင့်ပင် ဆင်တူနေခဲ့ကာ တစ်မိသားစုလုံးက ဝိုင်းချစ်တာကိုခံခဲ့ရသည်။
လက်ရှိတွင် ကလေးမလေးသည် အသက် ၃ နှစ်အရွယ် ရောက်ပြီဖြစ်သော်လည်း
ခြေထောက်လေးတွေက မသန်စွမ်းဖြစ်နေသေးတာကြောင့် လမ်းမလျှောက်နိုင်သေးသည့်အပြင် ဆေးကုသမှုအမြဲခံနေရကာ ဆေးရုံဆေးခန်းသို့ ခဏခဏသွားခဲ့ရသည်။
ကလေးမလေးသည် ပတ်ဝန်းကျင်ရှိ အခြားသော သက်တူရွယ်တူကလေးတွေလို ပုံမှန်ဖြစ်မနေသော်လည်း
မိသားစုရဲ့ နွေးထွေးကြင်နာမှုတွေကြောင့် အမြဲလိုလိုရွှင်လန်းပြီး ရယ်ပြုံးနေလျက်ရှိသည်။
ခရက်ဒစ်
Zawgyi
ခရက်ဒစ်
Be the first to comment
Leave a Reply
Your email address will not be published.
*