
တချိန်တုန်းက ဆေးလိပ်ခုံထောင်ပြီး လေယာဉ်ပျံဝယ်စီးဖို့ ကြံရွယ်ခဲ့တဲ့ အမျိုးသမီးတဦး
ဟိုးတချိန်တုန်းက ဆေးလိပ်ခုံထောင်ပြီး လေယာဉ်ပျံ ဝယ်စီးဖို့ ကြံရွယ်ခဲ့တဲ့ အမျိုးသမီးတဦး ရှိခဲ့ဘူးတယ်။
ဖဆပလခေတ်က Golden land လို့ အခေါ်ခံခဲ့ရတဲ့ မြန်မာနိုင်ငံကြီးတွင် ကျနော် သိခဲ့တဲ့ဆေးပေါ့လိပ်ဈေးကွက်။ နွားတံဆိပ် အင်းစိန်မှာတော့ ဘုရင်။ အင်းစိန်ထောင်မှာ နွားမရှိရင် အလုပ်က မဖြစ်။
RIT စက်မူတက္ကသိုလ်မှာလည်း နွားမှနွားဘဲ။ထူးဆန်းတာ နွားဆေးလိပ်က အင်းစိန်မှာဘဲ ရမယ်။ အခြားနေရာမှာ ရှာလို့ မတွေ့ဘူး။
ခြင်္သေ့ ၃ကောင် ရခိုင်မှာ ၁၉၇၀ လေဘေးဖြစ်ကထဲက ခြင်္သေ့ ၃ ကောင်က ဈေးကွက်ချုပ်လိုက်တာ။ ကျားဆေးလိပ်ကလည်း အံ့ဩစရာ။
အားလုံး အမျိုးသမီးနာမည်နဲ့ထွက်။ ကျားမသန်းဌေး။ ကျားပျံမကောက်။ ကျားပျံမရွှေဝါ။ အပေါဆုံးကတော့ ၅ ပြားတန် ကျားမသန်းဌေး (စိတ်အဝင်စားဆုံးက ဘယ်သူက အမေ၊ ဘယ်သူကသမီး သိချင်လို့ ကျားမိသားစု Familytree သိရင် မျှဝေစေခြင်။)
ဂျိုးသိန်း။ ရွှေပြည်စိုး။ ငွေတောင်။ စကြာ ။ နဂါး။ သူတို့ကလည်း သူ့ဈေးကွက်နဲ့သူ။ ဖတ်ကြည့်ပါ။
မြန်မာအမျိုးသမီးတယောက်ရဲ့ Business Management Skill နဂါးဒေါ်ဦး နိုင်ငံကျော် နဂါးဆေးလိပ် ဆိုတဲ့ ဆိုင်းဘုတ်ကြီးတခု မန္တလေးမြို့လယ်မှာ ရှိခဲ့ဖူးပါတယ်။
ဒီဆေးလိပ်လုပ်ငန်းကြီးကို လွန်ခဲ့တဲ့ အနှစ် ၈ဝ အိန္ဒိယ – ဗမာ အဓိကရုဏ်းအပြီးမှာ တည်ထောင်ခဲ့တာ ဖြစ်ပြီး နိုင်ငံအနှံ့ ဆေးလိပ် ဖြန့်ချိရေးတွေကို စတင် ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းကြီး ဖြစ်ပါတယ်။
နဂါးတံဆိပ် ရန်ကုန်ဆေးလိပ်ဆိုပြီး အဓိကရုဏ်း အေးငြိမ်းတဲ့ အထိမ်းအမှတ် ခင်မောင်ရင်ရဲ့ နဂါးနီသီချင်း နဂါးတံဆိပ် ရန်ကုန်ဆေးလိပ်ဆိုပြီး အဓိကရုဏ်း အေးငြိမ်းတဲ့ အထိမ်းအမှတ် ခင်မောင်ရင်ရဲ့ နဂါးနီသီချင်းနဲ့ ရောင်းချခဲ့လို့ နဂါးနီဆေးလိပ်လို့လည်း လူသိများပါတယ်။
ဒီဆေးလိပ်လုပ်ငန်းကို သမီးခင်ပွန်းနှစ်ယောက် ထူထောင်ခဲ့တာ ဖြစ်ပေမယ့် ခင်ပွန်း ဦးထွန်းချွန် စ.စ်အတွင်းမှာ ကွယ်လွန်ပြီးနောက်ပိုင်း နဂါးဒေါ်ဦး တယောက်တည်း ဦးဆောင်လုပ်ခဲ့ရလို့ ဒေါ်ဦးကို လူသိပိုများပါတယ်။
ဒေါ်ဦး နာမည်ကြီးရတဲ့ နောက်အကြောင်းတွေကလည်း အလှူအတန်း ရက်ရောတာနဲ့ မန္တလေး သင်္ကြန်မှာ နာမည်ကျော် ရေသဘင်မဏ္ဍပ်နဲ့ အနှစ် ၄ဝ လောက် ဧည့်ခံခဲ့လို့ ဖြစ်ပါတယ်။ ပြီးတော့ စာရေးဆရာမ လူထုဒေါ်အမာရဲ့ အစ်မအဖြစ်လည်း သူ့ကို လူသိများပါတယ်။
ဒေါ်ဦးဟာ တနိုင်ငံလုံးကို ဖြန့်ရတဲ့ ဆေးပေါ့လိပ် ကုမ္ပဏီမျိုး စတင် တည်ထောင်သူ ဖြစ်ပါတယ်။
သူ့ခေတ်က သူရခဲ့တဲ့ အောင်မြင်မှုမျိုးကို ပဲခူးက ဆေးလိပ်လုပ်ငန်းတချို့ နောက်ပိုင်းမှာ ရခဲ့ပေမယ့် သူ့လောက် နှစ်လေးဆယ်နီးပါး အောင်မြင်ခဲ့မှုမျိုးတော့ ဘယ်တံဆိပ်မှ မရခဲ့ဘူးလို့ မန္တလေးက စာရေးဆရာ မခေသူက ရှင်းပြပါတယ်။
ဒီအတွက် နဂါးဆေးလိပ်အတု လုပ်တာတွေလည်း ရှိခဲ့ပြီး လိုက်လံတိုင်ကြား အရေးယူရတာတွေ ရှိခဲ့ပါတယ်။
သူ့အောင်မြင်မှုတွေကြောင့် လေယာဉ်ပျံဝယ်ဖို့ ဒေါ်ဦး ကြံစည်ခဲ့တယ်။ အစိုးရက ခွင့်မပြုလို့ဆိုတဲ့ စကားမျိုးတွေ ကျန်ခဲ့ပါတယ်။
ဒေါ်ဦးရဲ့ ဆေးလိပ်လုပ်ငန်း ကျဆင်းရတာကတော့ ဆိုရှယ်လစ်စီးပွားရေး မူတွေနဲ့ တိုက်ခိုက်ခံရတာလို့လည်း သူ့ရှေ့နေအဖြစ် ဆောင်ရွက်ဖူးတဲ့ ဦးထွန်းအောင်ကျော်က ဆိုပါတယ်။ ။
သင်္ကြန်အခါ နဂါးဒေါ်ဦးနှင့် မြို့မအသင်း
Credit To Original Writer
🇲🇲 ရှေးခေတ်မြန်မာပုံရိပ်များ
ပြန်လည်မျှဝေပါသည်။
Sai Min Thant
Zawgyi
တခ်ိန္တုန္းက ေဆးလိပ္ခုံေထာင္ၿပီး ေလယာဥ္ပ်ံဝယ္စီးဖို႔ ႀကံ႐ြယ္ခဲ့တဲ့ အမ်ိဳးသမီးတဦး
ဟိုးတခ်ိန္တုန္းက ေဆးလိပ္ခုံေထာင္ၿပီး ေလယာဥ္ပ်ံ ဝယ္စီးဖို႔ ႀကံ႐ြယ္ခဲ့တဲ့ အမ်ိဳးသမီးတဦး ရွိခဲ့ဘူးတယ္။
ဖဆပလေခတ္က Golden land လို႔ အေခၚခံခဲ့ရတဲ့ ျမန္မာႏိုင္ငံႀကီးတြင္ က်ေနာ္ သိခဲ့တဲ့ေဆးေပါ့လိပ္ေဈးကြက္။ ႏြားတံဆိပ္ အင္းစိန္မွာေတာ့ ဘုရင္။ အင္းစိန္ေထာင္မွာ ႏြားမရွိရင္ အလုပ္က မျဖစ္။
RIT စက္မူတကၠသိုလ္မွာလည္း ႏြားမွႏြားဘဲ။ထူးဆန္းတာ ႏြားေဆးလိပ္က အင္းစိန္မွာဘဲ ရမယ္။ အျခားေနရာမွာ ရွာလို႔ မေတြ႕ဘူး။
ျခေသၤ့ ၃ေကာင္ ရခိုင္မွာ ၁၉၇၀ ေလေဘးျဖစ္ကထဲက ျခေသၤ့ ၃ ေကာင္က ေဈးကြက္ခ်ဳပ္လိုက္တာ။ က်ားေဆးလိပ္ကလည္း အံ့ဩစရာ။
အားလုံး အမ်ိဳးသမီးနာမည္နဲ႔ထြက္။ က်ားမသန္းေဌး။ က်ားပ်ံမေကာက္။ က်ားပ်ံမေ႐ႊဝါ။ အေပါဆုံးကေတာ့ ၅ ျပားတန္ က်ားမသန္းေဌး (စိတ္အဝင္စားဆုံးက ဘယ္သူက အေမ၊ ဘယ္သူကသမီး သိခ်င္လို႔ က်ားမိသားစု Familytree သိရင္ မွ်ေဝေစျခင္။)
ဂ်ိဳးသိန္း။ ေ႐ႊျပည္စိုး။ ေငြေတာင္။ စၾကာ ။ နဂါး။ သူတို႔ကလည္း သူ႔ေဈးကြက္နဲ႔သူ။ ဖတ္ၾကည့္ပါ။
ျမန္မာအမ်ိဳးသမီးတေယာက္ရဲ႕ Business Management Skill နဂါးေဒၚဦး ႏိုင္ငံေက်ာ္ နဂါးေဆးလိပ္ ဆိုတဲ့ ဆိုင္းဘုတ္ႀကီးတခု မႏၲေလးၿမိဳ႕လယ္မွာ ရွိခဲ့ဖူးပါတယ္။
ဒီေဆးလိပ္လုပ္ငန္းႀကီးကို လြန္ခဲ့တဲ့ အႏွစ္ ၈ဝ အိႏၵိယ – ဗမာ အဓိက႐ုဏ္းအၿပီးမွာ တည္ေထာင္ခဲ့တာ ျဖစ္ၿပီး ႏိုင္ငံအႏွံ႔ ေဆးလိပ္ ျဖန႔္ခ်ိေရးေတြကို စတင္ ေဆာင္႐ြက္ခဲ့တဲ့ လုပ္ငန္းႀကီး ျဖစ္ပါတယ္။
နဂါးတံဆိပ္ ရန္ကုန္ေဆးလိပ္ဆိုၿပီး အဓိက႐ုဏ္း ေအးၿငိမ္းတဲ့ အထိမ္းအမွတ္ ခင္ေမာင္ရင္ရဲ႕ နဂါးနီသီခ်င္း နဂါးတံဆိပ္ ရန္ကုန္ေဆးလိပ္ဆိုၿပီး အဓိက႐ုဏ္း ေအးၿငိမ္းတဲ့ အထိမ္းအမွတ္ ခင္ေမာင္ရင္ရဲ႕ နဂါးနီသီခ်င္းနဲ႔ ေရာင္းခ်ခဲ့လို႔ နဂါးနီေဆးလိပ္လို႔လည္း လူသိမ်ားပါတယ္။
ဒီေဆးလိပ္လုပ္ငန္းကို သမီးခင္ပြန္းႏွစ္ေယာက္ ထူေထာင္ခဲ့တာ ျဖစ္ေပမယ့္ ခင္ပြန္း ဦးထြန္းခြၽန္ စ.စ္အတြင္းမွာ ကြယ္လြန္ၿပီးေနာက္ပိုင္း နဂါးေဒၚဦး တေယာက္တည္း ဦးေဆာင္လုပ္ခဲ့ရလို႔ ေဒၚဦးကို လူသိပိုမ်ားပါတယ္။
ေဒၚဦး နာမည္ႀကီးရတဲ့ ေနာက္အေၾကာင္းေတြကလည္း အလႉအတန္း ရက္ေရာတာနဲ႔ မႏၲေလး သၾကၤန္မွာ နာမည္ေက်ာ္ ေရသဘင္မ႑ပ္နဲ႔ အႏွစ္ ၄ဝ ေလာက္ ဧည့္ခံခဲ့လို႔ ျဖစ္ပါတယ္။ ၿပီးေတာ့ စာေရးဆရာမ လူထုေဒၚအမာရဲ႕ အစ္မအျဖစ္လည္း သူ႔ကို လူသိမ်ားပါတယ္။
ေဒၚဦးဟာ တႏိုင္ငံလုံးကို ျဖန႔္ရတဲ့ ေဆးေပါ့လိပ္ ကုမၸဏီမ်ိဳး စတင္ တည္ေထာင္သူ ျဖစ္ပါတယ္။
သူ႔ေခတ္က သူရခဲ့တဲ့ ေအာင္ျမင္မႈမ်ိဳးကို ပဲခူးက ေဆးလိပ္လုပ္ငန္းတခ်ိဳ႕ ေနာက္ပိုင္းမွာ ရခဲ့ေပမယ့္ သူ႔ေလာက္ ႏွစ္ေလးဆယ္နီးပါး ေအာင္ျမင္ခဲ့မႈမ်ိဳးေတာ့ ဘယ္တံဆိပ္မွ မရခဲ့ဘူးလို႔ မႏၲေလးက စာေရးဆရာ မေခသူက ရွင္းျပပါတယ္။
ဒီအတြက္ နဂါးေဆးလိပ္အတု လုပ္တာေတြလည္း ရွိခဲ့ၿပီး လိုက္လံတိုင္ၾကား အေရးယူရတာေတြ ရွိခဲ့ပါတယ္။
သူ႔ေအာင္ျမင္မႈေတြေၾကာင့္ ေလယာဥ္ပ်ံဝယ္ဖို႔ ေဒၚဦး ႀကံစည္ခဲ့တယ္။ အစိုးရက ခြင့္မျပဳလို႔ဆိုတဲ့ စကားမ်ိဳးေတြ က်န္ခဲ့ပါတယ္။
ေဒၚဦးရဲ႕ ေဆးလိပ္လုပ္ငန္း က်ဆင္းရတာကေတာ့ ဆိုရွယ္လစ္စီးပြားေရး မူေတြနဲ႔ တိုက္ခိုက္ခံရတာလို႔လည္း သူ႔ေရွ႕ေနအျဖစ္ ေဆာင္႐ြက္ဖူးတဲ့ ဦးထြန္းေအာင္ေက်ာ္က ဆိုပါတယ္။ ။
သၾကၤန္အခါ နဂါးေဒၚဦးႏွင့္ ၿမိဳ႕မအသင္း
Credit To Original Writer
🇲🇲 ေရွးေခတ္ျမန္မာပုံရိပ္မ်ား
ျပန္လည္မွ်ေဝပါသည္။
Sai Min Thant
Leave a Reply