
ပုဂံ−ညောင်ဦး ဒေသသို့ အဝေးပြေးယာဉ်လိုင်းများသင်္ကြန်တွင်းကာလမှာ ရပ်နားမည်ဖြစ်
သင်္ကြန်တွင်းကာလမှာ ပုဂံ-ညောင်ဦးဒေသကိုပြေးဆွဲပေးနေတဲ့ အဝေးပြေးကားလိုင်းတွေရပ်နားမှာဖြစ်လို့ ခရီးသည်တွေအခက်တွေ့နေရတယ်လို့ အဲ့ဒီဒေသမှာရှိတဲ့ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတွေနဲ့ ဒေသခံတွေထံကနေသိရှိရပါတယ်။
“အဝေးပြေးကားလိုင်းတွေကဧပြီ ၁၁ ရက်နေ့နောက်ဆုံးထားပြီးထွက်ရမယ်လို့ပြောတယ်။ဧပြီ ၁၇ ရက် (နှစ်ဆန်းတစ်ရက်နေ့)မှပြန်ထွက်မယ်ရဆိုတော့တချို့ပုဂံကိုလာတဲ့ခရီးသွားတွေကနှစ်ညလောက်ပဲအိပ်ချင်တဲ့သူလာချင်တဲ့သူရှိတယ်လေ။
ဒါပေမဲ့သူတို့ကကားလိုင်းတွေမရှိတာ့ပုဂံမှာပဲသင်္ကြန်တွင်းလေးညအိပ်လိုက်ရတာပေါ့။နောက်တစ်ခုကြားနေရတာကသင်္ကြန်တွင်းကာလမှာကားတွေဘာတွေထုတ်နုတ်ပြီးတော့ပြေးဆွဲပေးဖို့ပလန်တော့ဆွဲနေပြီလို့လည်းပြောတယ်။ဘယ်လိုဖြစ်လာအုံးမလဲတော့မသိဘူး။
အရင်နှစ်ကတော့အဆင်ပြေတယ်၊ကားတွေဆွဲတော့အခုနှစ်လည်းအပြင်ကားတွေကတော့ရှိမယ်ထင်တယ်။ဒါပေမဲ့ကားခဈေးနှုန်းကဘယ်လောက်ဖြစ်မလဲဆိုတာကိုတာ့မသိရသေးဘူး။ကားခဈေးကတော့တက်မယ်ထင်တယ်။ခရီးသွားတွေကတော့သင်္ကြန်ဆိုပုဂံကိုအများအပြားလာကြတယ်လေ။
အဝေးပြေးကားတွေကသင်္ကြန်တွင်းမှာနှစ်တိုင်းထွက်တယ်၊ဒီနှစ်ကျမှသင်္ကြန်တွင်းနားမယ်လို့သိရတယ်။အရင်ကဆိုနှစ်ဆန်းတစ်ရက်နေ့ပဲကားမထွက်တာပါ။ကျန်တဲ့ရက်တွေအကုန်လုံးမှာကားရှိတယ်။ကားတွေအကုန်ထွက်တယ်။ဒီနှစ်ကတော့ဧပြီ ၁၁ ရက်နေ့နောက်ဆုံးထားထွက်ပြီး ၁၇ ရက်နေ့မှပြန်သွားရမယ်လို့အမိန့်ထုတ်ထားတယ်လို့လည်းကြားနေရတယ်။
နောက်တစ်ခုရှိတာကရထားလိုင်းကိုတော့သင်္ကြန်တွင်းမှာ(၈၀)ရာခိုင်နှုန်းနေ့တိုင်းဆွဲပေးဖို့ပလန်ရှိတယ်လို့ပြောတယ်။သူတို့ကရထားလိုင်းကိုဆွဲချင်လို့ကားလိုင်းတွေကိုနားခိုင်းတာလား။ဘယ်လိုလဲတော့မသိဘူးပေါ့၊ခရီးသွားExpress တွေနဲ့လာမယ့်သူတွေက တစ်နေ့တည်းတူတူလာ၊ပြန်တော့လည်းတစ်ရက်တည်းတူတူပြန်အဲ့လိုသဘောဖြစ်သွားတာပေါ့”လို့
ပုဂံ-ညောင်ဦး ဒေသခံတစ်ဦးကပြောပြခဲ့ပါတယ်။ပုဂံ-ညောင်ဦးဒေသသို့ပြေးဆွဲနေတဲ့အဝေးပြေးကားလိုင်းတွေဟာသင်္ကြန်တွင်းကာလဖြစ်တဲ့ ဧပြီ ၁၁ ရက်ကနေ ၁၆ ရက်နေ့အထိပြေးဆွဲခြင်းတွေကိုရပ်နားဖို့သက်ဆိုင်ရာကနေညွှန်ကြားချက်ထုတ်ပြန်ထားတာဖြစ်တယ်လို့လည်းဒေသခံခရီးသွားလုပ်ငန်းလုပ်ကိုင်သူတွေကပြောပြပါတယ်။
အဝေးပြေးယာဉ်လိုင်းတွေပြေးဆွဲတာကို သင်္ကြန်တွင်းမှာရပ်နားထားပေမယ့် သင်္ကြန်တွင်းကာလမှာခရီးသည်တွေသွားလာရေးအဆင်ပြေစေဖို့ မီးရထား ခရီးစဉ်တွေကိုတိုးချဲ့ပြေးဆွဲပေးသွားဖို့ကိုလည်းစီစဉ်နေတယ်လို့ ပုဂံ-ညောင်ဦးဒေသခံတွေက ပြောပြလာပါတယ်။
ပုဂံ-ညောင်ဦးဒေသဟာ သင်္ကြန်တွင်းကာလဆိုပါက ပြည်တွင်း၊ပြည်ပခရီးသွားတွေအများအပြားလာရောက်ကြတဲ့ခရီးသွားဒေသတစ်ခုဖြစ်တယ်လို့လည်းသိရပါတယ်။
Zawgyi
ပုဂံ−ေညာင္ဦး ေဒသသို႔ အေဝးေျပးယာဥ္လိုင္းမ်ားသၾကၤန္တြင္းကာလမွာ ရပ္နားမည္ျဖစ္
သၾကၤန္တြင္းကာလမွာ ပုဂံ-ေညာင္ဦးေဒသကိုေျပးဆြဲေပးေနတဲ့ အေဝးေျပးကားလိုင္းေတြရပ္နားမွာျဖစ္လို႔ ခရီးသည္ေတြအခက္ေတြ႕ေနရတယ္လို႔ အဲ့ဒီေဒသမွာရွိတဲ့ ခရီးသြားလုပ္ငန္းလုပ္ကိုင္သူေတြနဲ႔ ေဒသခံေတြထံကေနသိရွိရပါတယ္။
“အေဝးေျပးကားလိုင္းေတြကဧၿပီ ၁၁ ရက္ေန႔ေနာက္ဆုံးထားၿပီးထြက္ရမယ္လို႔ေျပာတယ္။ဧၿပီ ၁၇ ရက္ (ႏွစ္ဆန္းတစ္ရက္ေန႔)မွျပန္ထြက္မယ္ရဆိုေတာ့တခ်ိဳ႕ပုဂံကိုလာတဲ့ခရီးသြားေတြကႏွစ္ညေလာက္ပဲအိပ္ခ်င္တဲ့သူလာခ်င္တဲ့သူရွိတယ္ေလ။
ဒါေပမဲ့သူတို႔ကကားလိုင္းေတြမရွိတာ့ပုဂံမွာပဲသၾကၤန္တြင္းေလးညအိပ္လိုက္ရတာေပါ့။ေနာက္တစ္ခုၾကားေနရတာကသၾကၤန္တြင္းကာလမွာကားေတြဘာေတြထုတ္ႏုတ္ၿပီးေတာ့ေျပးဆြဲေပးဖို႔ပလန္ေတာ့ဆြဲေနၿပီလို႔လည္းေျပာတယ္။ဘယ္လိုျဖစ္လာအုံးမလဲေတာ့မသိဘူး။
အရင္ႏွစ္ကေတာ့အဆင္ေျပတယ္၊ကားေတြဆြဲေတာ့အခုႏွစ္လည္းအျပင္ကားေတြကေတာ့ရွိမယ္ထင္တယ္။ဒါေပမဲ့ကားခေစ်းႏႈန္းကဘယ္ေလာက္ျဖစ္မလဲဆိုတာကိုတာ့မသိရေသးဘူး။ကားခေစ်းကေတာ့တက္မယ္ထင္တယ္။ခရီးသြားေတြကေတာ့သၾကၤန္ဆိုပုဂံကိုအမ်ားအျပားလာၾကတယ္ေလ။
အေဝးေျပးကားေတြကသၾကၤန္တြင္းမွာႏွစ္တိုင္းထြက္တယ္၊ဒီႏွစ္က်မွသၾကၤန္တြင္းနားမယ္လို႔သိရတယ္။အရင္ကဆိုႏွစ္ဆန္းတစ္ရက္ေန႔ပဲကားမထြက္တာပါ။က်န္တဲ့ရက္ေတြအကုန္လုံးမွာကားရွိတယ္။ကားေတြအကုန္ထြက္တယ္။ဒီႏွစ္ကေတာ့ဧၿပီ ၁၁ ရက္ေန႔ေနာက္ဆုံးထားထြက္ၿပီး ၁၇ ရက္ေန႔မွျပန္သြားရမယ္လို႔အမိန႔္ထုတ္ထားတယ္လို႔လည္းၾကားေနရတယ္။
ေနာက္တစ္ခုရွိတာကရထားလိုင္းကိုေတာ့သၾကၤန္တြင္းမွာ(၈၀)ရာခိုင္ႏႈန္းေန႔တိုင္းဆြဲေပးဖို႔ပလန္ရွိတယ္လို႔ေျပာတယ္။သူတို႔ကရထားလိုင္းကိုဆြဲခ်င္လို႔ကားလိုင္းေတြကိုနားခိုင္းတာလား။ဘယ္လိုလဲေတာ့မသိဘူးေပါ့၊ခရီးသြားExpress ေတြနဲ႔လာမယ့္သူေတြက တစ္ေန႔တည္းတူတူလာ၊ျပန္ေတာ့လည္းတစ္ရက္တည္းတူတူျပန္အဲ့လိုသေဘာျဖစ္သြားတာေပါ့”လို႔
ပုဂံ-ေညာင္ဦး ေဒသခံတစ္ဦးကေျပာျပခဲ့ပါတယ္။ပုဂံ-ေညာင္ဦးေဒသသို႔ေျပးဆြဲေနတဲ့အေဝးေျပးကားလိုင္းေတြဟာသၾကၤန္တြင္းကာလျဖစ္တဲ့ ဧၿပီ ၁၁ ရက္ကေန ၁၆ ရက္ေန႔အထိေျပးဆြဲျခင္းေတြကိုရပ္နားဖို႔သက္ဆိုင္ရာကေနၫႊန္ၾကားခ်က္ထုတ္ျပန္ထားတာျဖစ္တယ္လို႔လည္းေဒသခံခရီးသြားလုပ္ငန္းလုပ္ကိုင္သူေတြကေျပာျပပါတယ္။
အေဝးေျပးယာဥ္လိုင္းေတြေျပးဆြဲတာကို သၾကၤန္တြင္းမွာရပ္နားထားေပမယ့္ သၾကၤန္တြင္းကာလမွာခရီးသည္ေတြသြားလာေရးအဆင္ေျပေစဖို႔ မီးရထား ခရီးစဥ္ေတြကိုတိုးခ်ဲ႕ေျပးဆြဲေပးသြားဖို႔ကိုလည္းစီစဥ္ေနတယ္လို႔ ပုဂံ-ေညာင္ဦးေဒသခံေတြက ေျပာျပလာပါတယ္။
ပုဂံ-ေညာင္ဦးေဒသဟာ သၾကၤန္တြင္းကာလဆိုပါက ျပည္တြင္း၊ျပည္ပခရီးသြားေတြအမ်ားအျပားလာေရာက္ၾကတဲ့ခရီးသြားေဒသတစ္ခုျဖစ္တယ္လို႔လည္းသိရပါတယ္။
Leave a Reply