ကိုဗစ် ပြည်တော်ပြန်သွားလို့ အရေးပေါ်ဆေးရုံတွေ တည်ဆောက်နေရပြန်ပြီတဲ့…

တရုတ်ပြည်ဟာ ကိုဗစ်လူနာတွေထားဖို့ဆေးရုံကိုငါးရက်နဲ့တည်ဆောက်ခဲ့ပါတယ်။ ဒီနေ့ ဇန်နဝါရီလ ၁၆ ရက်နေ့မှာ ခုတင် ၁၅၀၀ ဆန့်ဆေးရုံကို ဟဲ့ဘေးပြည်နယ် နန်ကုံးမှာ (၅) ရက်နဲ့တည်ဆောက်ပြီးစီးခဲ့ပါတယ်။ စုစုပေါင်း ကိုဗစ်အတွက်အရေးပေါ် ဆေးရုံ (၆) ရုံကိုတည်ဆောက်မှာဖြစ်ပြီး နောက်အပတ်ထဲမှာ ပြီးစီးကြမှာဖြစ်ပါတယ်။

အခုလိုဆေးရုံကြီးတွေကို အမြန်တည်ဆောက်နေပုံရရင် တွေ့ရတဲ့ကိုဗစ် Positive လူနာများလိမ့်မယ်လို့ ခန့်မှန်းထားပုံရပါတယ်။ မနေ့က သောကြာနေ့ထုတ်ပြန်ချက်အရ လူနာအသစ် ( ၁၃၀ ) ထပ်တွေ့ခဲ့ပါတယ်။ တရုတ်ပြည်မှာ လူနာအသစ်စာရင်းထုတ်ပြန်ရင် ရောဂါပိုးတွေ့ပြီး ရောဂါလက္ခဏာပါပြတဲ့လူနာကို ဆိုလိုလေ့ရှိပါတယ်။

ရောဂါ Positive ဖြစ်သော်လည်း ရောဂါလက္ခဏာမပြသေးတဲ့သူ ဘယ်နှစ်ယောက်တွေ့သလဲမသိရသေးပါ။ ကိုဗစ်ရောဂါမှာ ရောဂါပိုးရှိပြီးရောဂါလက္ခဏာမပြသူက ရောဂါလက္ခဏာပြသူထက် #ပိုများလေ့ရှိပါတယ်။ ဒါ့ကြောင့် လူမသိသူမသိကူးစက်မြန်လွယ်တာလည်းဖြစ်ပါတယ်။ အခုလောလောဆယ် နန်ကုန်းနဲ့ ရှီကျားကျွမ်းမြို့တွေမှာ ကိုဗစ်ရောဂါကုသနေရသူ (၆၄၅) ယောက်ရှိတယ်လို့ ဆိုပါတယ်။

ရှီကျားကျွမ်းမြို့ဟာ ပေကျင်းမြို့တောင်ဘက်မှာရှိပြီး ဟဲ့ဘေးပြည်နယ်ရဲ့မြို့တော်ဖြစ်ပါတယ်။ ဒုတိယမြို့တော်ဝန်ရဲ့အဆိုအရ လူ (၁၀) သန်းကျော် ကိုဗစ် Positive ဖြစ်မဖြစ် စစ်ပြီးပြီလို့ဆိုပါတယ်။ အခုထိ ရှီကျားကျွမ်းမြို့မှာ ဒေသတွင်းကူးစက်မှု (၂၄၇ ) မှုရှိထားတယ်လို့လည်းပြောပါတယ်။ ရှီကျားကျွမ်းမြို့မှာ ခုတင် ၃၀၀၀ ဆန့်ကိုဗစ်ဆေးရုံဆောက်နေပြီး ၃ ပုံ ၁ ပုံပြီးနေပြီလို့ဆိုပါတယ်။

အခုအချိန်ဟာ ရာသီဥတုကလည်းအေးချိန်ဖြစ်ပြီး လူတွေခရီးအသွားဆုံးဖြစ်တဲ့ တရုတ်နှစ်ကူးမတိုင်ခင် ခရီးသွားရာသီစနေချိန်မို့ တရုတ်အာဏာပိုင်တွေက ရောဂါကူးစက်မှုပိုမိုပြန့်နှံ့သွားမှာကို စိုးရိမ်နေကြပါတယ်။ အခုလိုဆေးရုံကြီးတွေတည်ဆောက်နေမှုဟာ #အခြေအနေကိုလက်ဦးမှုယူဖို့ အလုပ်သင့်ဆုံးဆုံးဖြတိချက်ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ WHO ရဲ့ ကိုဗစ်အစရှာဖွေဆန်းစစ်ရေးအဖွဲ့ဟာလည်း စင်ကာပူကတဆင့် ကြာသပတေးနေ့မှာ တရုတ်ပြည် ဝူဟန့်မြို့ကိုရောက်ရှိနေပြီဖြစ်ပါတယ်။ စင်ကာပူကို ဖြတ်သန်းဝင်ရောက်ချိန်မှာ WHO ရဲ့အဖွဲ့ဝင်နှစ်ယောက်မှာ ကိုဗစ်ရောဂါ positive ဖြစ်ဖူးကြောင်း စစ်ဆေးတွေ့ရှိခဲ့တာမို့ ဒီအဖွဲ့မှာ နှစ်ယောက်လောလောဆယ်ပါမသွားခဲ့ပါဘူး။ အဲ့ဒီအဖွဲ့ဟာ ဝူဟန့်မှာလောလောဆယ် ၁၄ ရက် quarantine ကွာရန်တင်းဝင်နေပါတယ်။ ကွာရန်တင်းဝင်နေစဉ်ကာလမှာ တရုတ်ကျွမ်းကျင်သူတွေနဲ့ online ဗီဒီယိုနဲ့ ဆွေးနွေးပြောဆိုမယ်လို့ ဆိုပါတယ်။ WHO က အဖွဲ့စေလွှတ်ဖို့စီစဉ်နေတာ နှစ်ပေါက်အောင်ကြာပြီဖြစ်ပြီး အခုမှပြည်ဝင်ခွင့်ရတာဖြစ်ပါတယ်။ အခုရက်ပိုင်းမှာတရုတ်ပြည်မှာ ကူးစက်မှုတွေပြန်တွေ့နေပြီး တရုတ်အစိုးရအနေနဲ့ အချိန်မီပြန်လည်ထိန်းနိုင်မှာ သေချာပါကြောင်း။

Richard Myo Thant

16-January-2021

Zawgyi ;

တ႐ုတ္ျပည္ဟာ ကိုဗစ္လူနာေတြထားဖို႔ေဆး႐ုံကိုငါးရက္နဲ႔တည္ေဆာက္ခဲ့ပါတယ္။ ဒီေန႔ ဇန္နဝါရီလ ၁၆ ရက္ေန႔မွာ ခုတင္ ၁၅၀၀ ဆန႔္ေဆး႐ုံကို ဟဲ့ေဘးျပည္နယ္ နန္ကုံးမွာ (၅) ရက္နဲ႔တည္ေဆာက္ၿပီးစီးခဲ့ပါတယ္။ စုစုေပါင္း ကိုဗစ္အတြက္အေရးေပၚ ေဆး႐ုံ (၆) ႐ုံကိုတည္ေဆာက္မွာျဖစ္ၿပီး ေနာက္အပတ္ထဲမွာ ၿပီးစီးၾကမွာျဖစ္ပါတယ္။

အခုလိုေဆး႐ုံႀကီးေတြကို အျမန္တည္ေဆာက္ေနပုံရရင္ ေတြ႕ရတဲ့ကိုဗစ္ Positive လူနာမ်ားလိမ့္မယ္လို႔ ခန႔္မွန္းထားပုံရပါတယ္။ မေန႔က ေသာၾကာေန႔ထုတ္ျပန္ခ်က္အရ လူနာအသစ္ ( ၁၃၀ ) ထပ္ေတြ႕ခဲ့ပါတယ္။ တ႐ုတ္ျပည္မွာ လူနာအသစ္စာရင္းထုတ္ျပန္ရင္ ေရာဂါပိုးေတြ႕ၿပီး ေရာဂါလကၡဏာပါျပတဲ့လူနာကို ဆိုလိုေလ့ရွိပါတယ္။

ေရာဂါ Positive ျဖစ္ေသာ္လည္း ေရာဂါလကၡဏာမျပေသးတဲ့သူ ဘယ္ႏွစ္ေယာက္ေတြ႕သလဲမသိရေသးပါ။ ကိုဗစ္ေရာဂါမွာ ေရာဂါပိုးရွိၿပီးေရာဂါလကၡဏာမျပသူက ေရာဂါလကၡဏာျပသူထက္ #ပိုမ်ားေလ့ရွိပါတယ္။ ဒါ့ေၾကာင့္ လူမသိသူမသိကူးစက္ျမန္လြယ္တာလည္းျဖစ္ပါတယ္။ အခုေလာေလာဆယ္ နန္ကုန္းနဲ႔ ရွီက်ားကြၽမ္းၿမိဳ႕ေတြမွာ ကိုဗစ္ေရာဂါကုသေနရသူ (၆၄၅) ေယာက္ရွိတယ္လို႔ ဆိုပါတယ္။

ရွီက်ားကြၽမ္းၿမိဳ႕ဟာ ေပက်င္းၿမိဳ႕ေတာင္ဘက္မွာရွိၿပီး ဟဲ့ေဘးျပည္နယ္ရဲ႕ၿမိဳ႕ေတာ္ျဖစ္ပါတယ္။ ဒုတိယၿမိဳ႕ေတာ္ဝန္ရဲ႕အဆိုအရ လူ (၁၀) သန္းေက်ာ္ ကိုဗစ္ Positive ျဖစ္မျဖစ္ စစ္ၿပီးၿပီလို႔ဆိုပါတယ္။ အခုထိ ရွီက်ားကြၽမ္းၿမိဳ႕မွာ ေဒသတြင္းကူးစက္မႈ (၂၄၇ ) မႈရွိထားတယ္လို႔လည္းေျပာပါတယ္။ ရွီက်ားကြၽမ္းၿမိဳ႕မွာ ခုတင္ ၃၀၀၀ ဆန႔္ကိုဗစ္ေဆး႐ုံေဆာက္ေနၿပီး ၃ ပုံ ၁ ပုံၿပီးေနၿပီလို႔ဆိုပါတယ္။

အခုအခ်ိန္ဟာ ရာသီဥတုကလည္းေအးခ်ိန္ျဖစ္ၿပီး လူေတြခရီးအသြားဆုံးျဖစ္တဲ့ တ႐ုတ္ႏွစ္ကူးမတိုင္ခင္ ခရီးသြားရာသီစေနခ်ိန္မို႔ တ႐ုတ္အာဏာပိုင္ေတြက ေရာဂါကူးစက္မႈပိုမိုျပန႔္ႏွံ႔သြားမွာကို စိုးရိမ္ေနၾကပါတယ္။ အခုလိုေဆး႐ုံႀကီးေတြတည္ေဆာက္ေနမႈဟာ #အေျခအေနကိုလက္ဦးမႈယူဖို႔ အလုပ္သင့္ဆုံးဆုံးျဖတိခ်က္ျဖစ္ပါတယ္။

တခ်ိန္တည္းမွာပဲ WHO ရဲ႕ ကိုဗစ္အစရွာေဖြဆန္းစစ္ေရးအဖြဲ႕ဟာလည္း စင္ကာပူကတဆင့္ ၾကာသပေတးေန႔မွာ တ႐ုတ္ျပည္ ဝူဟန႔္ၿမိဳ႕ကိုေရာက္ရွိေနၿပီျဖစ္ပါတယ္။ စင္ကာပူကို ျဖတ္သန္းဝင္ေရာက္ခ်ိန္မွာ WHO ရဲ႕အဖြဲ႕ဝင္ႏွစ္ေယာက္မွာ ကိုဗစ္ေရာဂါ positive ျဖစ္ဖူးေၾကာင္း စစ္ေဆးေတြ႕ရွိခဲ့တာမို႔ ဒီအဖြဲ႕မွာ ႏွစ္ေယာက္ေလာေလာဆယ္ပါမသြားခဲ့ပါဘူး။ အဲ့ဒီအဖြဲ႕ဟာ ဝူဟန႔္မွာေလာေလာဆယ္ ၁၄ ရက္ quarantine ကြာရန္တင္းဝင္ေနပါတယ္။ ကြာရန္တင္းဝင္ေနစဥ္ကာလမွာ တ႐ုတ္ကြၽမ္းက်င္သူေတြနဲ႔ online ဗီဒီယိုနဲ႔ ေဆြးေႏြးေျပာဆိုမယ္လို႔ ဆိုပါတယ္။ WHO က အဖြဲ႕ေစလႊတ္ဖို႔စီစဥ္ေနတာ ႏွစ္ေပါက္ေအာင္ၾကာၿပီျဖစ္ၿပီး အခုမွျပည္ဝင္ခြင့္ရတာျဖစ္ပါတယ္။ အခုရက္ပိုင္းမွာတ႐ုတ္ျပည္မွာ ကူးစက္မႈေတြျပန္ေတြ႕ေနၿပီး တ႐ုတ္အစိုးရအေနနဲ႔ အခ်ိန္မီျပန္လည္ထိန္းႏိုင္မွာ ေသခ်ာပါေၾကာင္း။

Richard Myo Thant

16-January-2021