နေပြည်တော်မှာလည်း စစ်ကား အသွားအလာရှုပ်ထွေးနေပြီး မတည်ငြိမ်မှု ရှိနေ..

News Alert:
———

ရန်ကုန်မြို့အင်းလျားလမ်း၊ လွန်ခဲ့တဲ့ တနရီကျော်ခန့်က တပ်မတော် ဧည့်ဂေဟာနားမှာ စစ်တပ်အင်အား အလုံးအရင်းနဲ့ ပိတ်ဆို့ထားတာ တွေ့ရပါတယ်။

သြဂတ်စတင်း ကျောင်းနားမှာ စစ်ကား အနည်းဆုံး ၁၀ စီးကျော် ရှိနေပြီး၊

အင်လျားလမ်း နဲ့ ဥယျဉ်လမ်းထောင့်မှာ စစ်ကား အနည်းဆုံး ၃ စီးခန့် ပိတ်ထားတာကို တွေ့ရပါတယ်။

ဒီနေရာဝန်းကျင်ဟာ အကြမ်းဖက် စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်နေအိမ်ရှိရာအရပ် ဖြစ်ပြီး

ဒုချုပ်စိုးဝင်းနေထိုင်တဲ့ ရပ်ကွက်လည်း ဖြစ်ပါတယ်။

နေပြည်တော်မှာလည်း စစ်ကား အသွားအလာရှုပ်ထွေးနေပြီး မတည်ငြိမ်မှု ရှိနေတယ်လို့ သိရပါတယ်။

ခုချိန်မှာ အာဏာလုခေါင်းဆောင် မင်းအောင်လှိုင်ဟာ ရန်ကုန်မှာ ရှိမနေပါဘူး။

ပြီးခဲ့တဲ့ရက်က ရုရှားနိုင်ငံသို့ သွားရောက်နေပြီး မနက်ဖြန် (ဇွန်၂၆) မှာ ပြန်ရောက်မယ်လို့လည်း ကနဦးသတင်းတွေအရ သိရှိထားရပါတယ်။

————-

News Alert:
———









Crd – Celefan News