ရေမွန်(Idiots) ဝတ်ခဲ့သည့်အင်္ကျီ နာရီပိုင်းအတွင်း ငွေကျပ် ၂၄ သိန်းဖြင့် လေလံအောင်

Idiots တေးဂီတအဖွဲ့က ကွယ်လွန်သူ အဆိုတော် ရေမွန် ဝတ်ခဲ့တဲ့ အင်္ကျီတထည်ကို လေလံတင်ရောင်းချခဲ့ရာမှာ

နာရီပိုင်းအတွင်း ငွေကျပ် ၂၄ သိန်းနဲ့ လေလံအောင်မြင်ခဲ့တယ်လို့ သိရပါတယ်။

Idiots အဖွဲ့ရဲ့ လိုဂိုနဲ့ ဓာတ်ပုံပါ အနက်ရောင်အင်္ကျီကို လေလံကြမ်းခင်းစျေး ၃၂,၀၀၀ ကျပ်က စတင်ထားခဲ့တာဖြစ်ပြီး

Myoma Makyaw အမည်နဲ့ ဖေ့စ်ဘွတ်ခ်အကောင့်ကနေ တင်ထားခဲ့တာ ဖြစ်ပါတယ်။

“ကျန်ခဲ့တဲ့ Idiots Members တွေရယ်…

လက်မှတ်ပါပါမယ်ခင်​ဗျာ…

ဒီအင်္ကျီလေးကို တွတ်ပီက ဝတ်ထားရင်း လူတစ်ယောက်ကို ပေးခဲ့တယ်တဲ့…

အဲ့သူက ဒီအင်္ကျီလေးကို လိုချင်တဲ့သူရှိရင် ရောင်းမယ်တဲ့…

ရောင်းရပိုက်ဆံကို အမကိုပေးပြီး တွတ်ပီအလှူအတွက် ပေးခိုင်းနေပါတယ်…

အဲ့အင်္ကျီကို တွတ်ပီဝတ်ခဲ့တဲ့ သက်သေလည်း ရှိပါတယ်…

လိုချင်တဲ့သူတွေ အတွက်ပါ…

လေလံစျေးကို ည ၉ နာရီမှာ ပိတ်ပါမယ်”

ပို့စ်တင်ပြီးပြီးချင်းမှာပဲ ရေမွန်ရဲ့ ပရိသတ်တွေက ဒီအင်္ကျီကို အပြိုင်လေလံဈေး ပေးဝယ် ယူမှုတွေ ရှိနေပြီး

နောက်ဆုံးအမြင့်ဆုံးလေလံဈေး ကျပ် ၂၄ သိန်းနဲ့ Yan Naung Win အကောင့်က ရရှိသွားခဲ့တာပါ။

အသက် ၃၂ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ရေမွန်ဟာ အဆိုတော် ခင်မြတ်မွန်ရဲ့ ရင်သွေး၊

အဆိုတော် လပြည့်ကဗျာရဲ့ အစ်ကိုတော်စပ်ပြီး

လူငယ်ပရိသတ်တွေကြားမှာ အောင်မြင်တဲ့ တေးရေး၊ တေးဆိုတယောက်အဖြစ် ထင်ရှားသူ ဖြစ်ပါတယ်။

အဆိုတော် ရေမွန်ရဲ့ ဈာပနအခမ်းအနားကိုတော့ မေ ၂၅ ရက်နေ့က KNU တပ်မဟာ ၆ ဘဲဟိကလော် ကျေးရွာသုဿန်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ကရင် လက်နက်ကိုင် ထိန်းချုပ်နယ်မြေအတွင်း လာရောက်ခိုလှုံကာ စစ်အာဏာရှင် စနစ်ပျက်သုဉ်းရေးအတွက်

နိုင်ငံရေး/စစ်ရေးအတွက် လှုပ်ရှားဆောင်ရွက်နေတဲ့ လူငယ်အဆိုတော် ရေမွန် ခေါ် တွတ်ပီဟာ

ဇွန်လ ၂၃ ရက်က အစာအိမ်သွေးကြောပေါက်ပြီး ရုတ်တရက် ကွယ်လွန်ခဲ့ပါတယ်။

ရေမွန်ရဲ့ နာရေးမှာ ဒေသတွင်း တေးချစ်သူ ပရိသတ်တွေ၊

မိသားစုဝင်တွေနဲ့ မိတ်ဆွေတော်လှန်ရေး ရဲဘော်ရဲဘက်တွေ စုစုပေါင်း ၂၀၀ နီးပါး လိုက်ပါပို့ဆောင်ပေးခဲ့ကြ ပါတယ်။

———–

ေရမြန္(Idiots)ဝတ္ခဲ့သည့္အက်ႌ နာရီပိုင္းအတြင္း ေငြက်ပ္ ၂၄ သိန္းျဖင့္ ေလလံေအာင္

Idiots ေတးဂီတအဖြဲ႕က ကြယ္လြန္သူ အဆိုေတာ္ ေရမြန္ ဝတ္ခဲ့တဲ့ အက်ႌတထည္ကို ေလလံတင္ေရာင္းခ်ခဲ့ရာမွာ

နာရီပိုင္းအတြင္း ေငြက်ပ္ ၂၄ သိန္းနဲ႔ ေလလံေအာင္ျမင္ခဲ့တယ္လို႔ သိရပါတယ္။

Idiots အဖြဲ႕ရဲ႕ လိုဂိုနဲ႔ ဓာတ္ပုံပါ အနက္ေရာင္အက်ႌကို ေလလံၾကမ္းခင္းေစ်း ၃၂,၀၀၀ က်ပ္က စတင္ထားခဲ့တာျဖစ္ၿပီး

Myoma Makyaw အမည္နဲ႔ ေဖ့စ္ဘြတ္ခ္အေကာင့္ကေန တင္ထားခဲ့တာ ျဖစ္ပါတယ္။

“က်န္ခဲ့တဲ့ Idiots Members ေတြရယ္…

လက္မွတ္ပါပါမယ္ခင္​ဗ်ာ…

ဒီအက်ႌေလးကို တြတ္ပီက ဝတ္ထားရင္း လူတစ္ေယာက္ကို ေပးခဲ့တယ္တဲ့…

အဲ့သူက ဒီအက်ႌေလးကို လိုခ်င္တဲ့သူရွိရင္ ေရာင္းမယ္တဲ့…

ေရာင္းရပိုက္ဆံကို အမကိုေပးၿပီး တြတ္ပီအလႉအတြက္ ေပးခိုင္းေနပါတယ္…

အဲ့အက်ႌကို တြတ္ပီဝတ္ခဲ့တဲ့ သက္ေသလည္း ရွိပါတယ္…

လိုခ်င္တဲ့သူေတြ အတြက္ပါ…

ေလလံေစ်းကို ည ၉ နာရီမွာ ပိတ္ပါမယ္”

ပို႔စ္တင္ၿပီးၿပီးခ်င္းမွာပဲ ေရမြန္ရဲ႕ ပရိသတ္ေတြက ဒီအက်ႌကို အၿပိဳင္ေလလံေဈး ေပးဝယ္ ယူမႈေတြ ရွိေနၿပီး

ေနာက္ဆုံးအျမင့္ဆုံးေလလံေဈး က်ပ္ ၂၄ သိန္းနဲ႔ Yan Naung Win အေကာင့္က ရရွိသြားခဲ့တာပါ။

အသက္ ၃၂ ႏွစ္အ႐ြယ္ ရွိေနၿပီျဖစ္တဲ့ ေရမြန္ဟာ အဆိုေတာ္ ခင္ျမတ္မြန္ရဲ႕ ရင္ေသြး၊

အဆိုေတာ္ လျပည့္ကဗ်ာရဲ႕ အစ္ကိုေတာ္စပ္ၿပီး

လူငယ္ပရိသတ္ေတြၾကားမွာ ေအာင္ျမင္တဲ့ ေတးေရး၊ ေတးဆိုတေယာက္အျဖစ္ ထင္ရွားသူ ျဖစ္ပါတယ္။

အဆိုေတာ္ ေရမြန္ရဲ႕ ဈာပနအခမ္းအနားကိုေတာ့ ေမ ၂၅ ရက္ေန႔က KNU တပ္မဟာ ၆ ဘဲဟိကေလာ္ ေက်း႐ြာသုႆန္မွာ က်င္းပျပဳလုပ္ခဲ့ပါတယ္။

ကရင္ လက္နက္ကိုင္ ထိန္းခ်ဳပ္နယ္ေျမအတြင္း လာေရာက္ခိုလႈံကာ စစ္အာဏာရွင္ စနစ္ပ်က္သုဥ္းေရးအတြက္

ႏိုင္ငံေရး/စစ္ေရးအတြက္ လႈပ္ရွားေဆာင္႐ြက္ေနတဲ့ လူငယ္အဆိုေတာ္ ေရမြန္ ေခၚ တြတ္ပီဟာ

ဇြန္လ ၂၃ ရက္က အစာအိမ္ေသြးေၾကာေပါက္ၿပီး ႐ုတ္တရက္ ကြယ္လြန္ခဲ့ပါတယ္။

ေရမြန္ရဲ႕ နာေရးမွာ ေဒသတြင္း ေတးခ်စ္သူ ပရိသတ္ေတြ၊

မိသားစုဝင္ေတြနဲ႔ မိတ္ေဆြေတာ္လွန္ေရး ရဲေဘာ္ရဲဘက္ေတြ စုစုေပါင္း ၂၀၀ နီးပါး လိုက္ပါပို႔ေဆာင္ေပးခဲ့ၾက ပါတယ္။