တော်လှန်ရေးနဲ့ ပတ်သက်ပြီး ဘာလှုပ်ရှားမှုမှမတွေ့လို့ အပြစ်တင် ဝေဖန်နေတဲ့ လူတစ်ချို့ ချက်ကျလက်ချ ပြန်ရှင်းပြလိုက်တဲ့ ရဲရင့်အောင်

Facebook မှာ Post တင်မှတော်လှန်းရေးလို့ထင်နေရင် ငါကိုလည်း Boycott စာရင်းသာထည့်လိုက်ပါဆိုတဲ့ ၊ ရဲရင့်အောင်

လူထုလှုပ်ရှားမှုတွေမှာလည်း တက်ကြွစွာ ပါဝင်ခဲ့ပြီး နေ့စဉ် လမ်းပေါ်ထွက်ပြီး ဆန္ဒထုတ်ဖော်ခဲ့သူ ဖြစ်ပါတယ်။ လတ်တလောမှာတော့ အခြေအနေအရပ်ရပ်ကြောင့် ဘေးကင်းရာသို့ တိမ်းရှောင်နေရတာကြောင့် သူ့ရဲ့လှုပ်ရှားနေမှုတွေကို အပြည့်အစုံ မဝေမျှနိုင်တာ ဖြစ်ပါတယ်။

မနေ့ညက သူ့ရဲ့ Facebook Story မှာ တော်လှန်ရေးနဲ့ ပတ်သက်ပြီး ဘာလှုပ်ရှားမှုမှမတွေ့လို့ အပြစ်တင် ဝေဖန်နေတဲ့ လူတစ်ချို့ ချက်ကျလက်ချ ပြန်ရှင်းပြလိုက်တာပဲ ဖြစ်ပါတယ်။

သူကတော့ ဘာတွေလုပ်ခဲ့တယ်၊ ဘယ်နေရာမှာ ဘယ်လိုနေခဲ့ရတယ်ဆိုတာ အကုန်ထုတ်ပြောပြီး ကိုယ့်သေတွင်း ကိုယ်တူးပြမှ၊ နေ့စဉ် ဖြစ်ပျက်နေတာတွေကို Facebook မှာ post တင်ပေးနိုင်မှ တော်လှန်တယ်လို့ သတ်မှတ်နေတယ်ဆိုရင် သူ့ကိုလည်း boycott စာရင်းထဲသာ ထည့်လိုက်ကြဖို့ စိတ်မကောင်းစွာ အခုလိုရေးသားလာခဲ့ပါတယ်။

” ဘာတွေလုပ်ခဲ့တယ် ဘယ်လိုတွေ လုပ်ခဲ့ရတယ် အခုဘာတွေလုပ်နေတယ် ဘယ်နေရာမှာ ဘယ်လိုနေနေရတယ်ဆိုတာတွေကို အကုန်ထုတ်ပြောပြပြီး ကိုယ့်သေတွင်းကိုယ်တူးပြမှ ၊ နေ့စဉ်ဖြစ်သမျှ သတင်းတွေကို အများနဲ့တန်းတူ နားစွင့်နေရတဲ့ အခြေအနေမျိုးထဲ ၊

သူများလာပြောပြမှ သိရတဲ့ အခြေအနေမျိုးထဲ နေ့တိုင်း Facebook မှာpost တွေ တင်ပေးနိုင်မှ တော်လှန်နေတယ်လို့ သတ်မှတ်တယ်ဆိုရင်တော့ ငါ့လည်း boycott စာရင်းထဲသာ ထည့်လိုက်ပါတော့ကွာ ဆုံးရှုံးစရာလည်း ကုန်သွားပါပြီ။ငါဘာတွေလုပ်နေလဲဆိုတာ ငါပဲသိတယ်။

February (၁) ရက်နေ့ မနက် (၆) နာရီကစပြီး ငါလုပ်သမျှအရာတွေက မင်းတို့သဘောကျဖို့အတွက် မဟုတ်ဘူး။ ငါ့ယုံကြည်ချက်နဲ့ငါပါ အားတဲ့အချိန် စိတ်ထွက်ပေါက်အနေနဲ့ သုံးတဲ့ Instagram ပို့စ်တွေအောက်မှာ အာလာချောင်တာတွေ ရပ်ပါတော့ ငါတို့လုပ်စရာရှိတာတွေကို တတ်နိုင်တဲ့ဘက်ကနေ သိုသိုသိပ်သိပ်လုပ်နေလို့ မရဘူးလား? ” ဆိုပြီး ရေးသားထားတာဖြစ်ပါတယ်။

———

Facebook မွာ Post တင္မွေတာ္လွန္းေရးလို႔ထင္ေနရင္ ငါကိုလည္း Boycott စာရင္းသာထည့္လိုက္ပါဆိုတဲ့ ၊ ရဲရင့္ေအာင္

လူထုလႈပ္ရွားမႈေတြမွာလည္း တက္ႂကြစြာ ပါဝင္ခဲ့ၿပီး ေန႔စဥ္ လမ္းေပၚထြက္ၿပီး ဆႏၵထုတ္ေဖာ္ခဲ့သူ ျဖစ္ပါတယ္။ လတ္တေလာမွာေတာ့ အေျခအေနအရပ္ရပ္ေၾကာင့္ ေဘးကင္းရာသို႔ တိမ္းေရွာင္ေနရတာေၾကာင့္ သူ႔ရဲ႕လႈပ္ရွားေနမႈေတြကို အျပည့္အစုံ မေဝမွ်ႏိုင္တာ ျဖစ္ပါတယ္။

မေန႔ညက သူ႔ရဲ႕ Facebook Story မွာ ေတာ္လွန္ေရးနဲ႔ ပတ္သက္ၿပီး ဘာလႈပ္ရွားမႈမွမေတြ႕လို႔ အျပစ္တင္ ေဝဖန္ေနတဲ့ လူတစ္ခ်ိဳ႕ ခ်က္က်လက္ခ် ျပန္ရွင္းျပလိုက္တာပဲ ျဖစ္ပါတယ္။

သူကေတာ့ ဘာေတြလုပ္ခဲ့တယ္၊ ဘယ္ေနရာမွာ ဘယ္လိုေနခဲ့ရတယ္ဆိုတာ အကုန္ထုတ္ေျပာၿပီး ကိုယ့္ေသတြင္း ကိုယ္တူးျပမွ၊ ေန႔စဥ္ ျဖစ္ပ်က္ေနတာေတြကို Facebook မွာ post တင္ေပးႏိုင္မွ ေတာ္လွန္တယ္လို႔ သတ္မွတ္ေနတယ္ဆိုရင္ သူ႔ကိုလည္း boycott စာရင္းထဲသာ ထည့္လိုက္ၾကဖို႔ စိတ္မေကာင္းစြာ အခုလိုေရးသားလာခဲ့ပါတယ္။

” ဘာေတြလုပ္ခဲ့တယ္ ဘယ္လိုေတြ လုပ္ခဲ့ရတယ္ အခုဘာေတြလုပ္ေနတယ္ ဘယ္ေနရာမွာ ဘယ္လိုေနေနရတယ္ဆိုတာေတြကို အကုန္ထုတ္ေျပာျပၿပီး ကိုယ့္ေသတြင္းကိုယ္တူးျပမွ ၊ ေန႔စဥ္ျဖစ္သမွ် သတင္းေတြကို အမ်ားနဲ႔တန္းတူ နားစြင့္ေနရတဲ့ အေျခအေနမ်ိဳးထဲ ၊

သူမ်ားလာေျပာျပမွ သိရတဲ့ အေျခအေနမ်ိဳးထဲ ေန႔တိုင္း Facebook မွာpost ေတြ တင္ေပးႏိုင္မွ ေတာ္လွန္ေနတယ္လို႔ သတ္မွတ္တယ္ဆိုရင္ေတာ့ ငါ့လည္း boycott စာရင္းထဲသာ ထည့္လိုက္ပါေတာ့ကြာ ဆုံးရႈံးစရာလည္း ကုန္သြားပါၿပီ။ငါဘာေတြလုပ္ေနလဲဆိုတာ ငါပဲသိတယ္။

February (၁) ရက္ေန႔ မနက္ (၆) နာရီကစၿပီး ငါလုပ္သမွ်အရာေတြက မင္းတို႔သေဘာက်ဖို႔အတြက္ မဟုတ္ဘူး။ ငါ့ယုံၾကည္ခ်က္နဲ႔ငါပါ အားတဲ့အခ်ိန္ စိတ္ထြက္ေပါက္အေနနဲ႔ သုံးတဲ့ Instagram ပို႔စ္ေတြေအာက္မွာ အာလာေခ်ာင္တာေတြ ရပ္ပါေတာ့ ငါတို႔လုပ္စရာရွိတာေတြကို တတ္ႏိုင္တဲ့ဘက္ကေန သိုသိုသိပ္သိပ္လုပ္ေနလို႔ မရဘူးလား? ” ဆိုၿပီး ေရးသားထားတာျဖစ္ပါတယ္။