ကျောင်းမပိတ်ဘဲ Maskတပ်ပြီး စာသင်ကြဖို့ သားသမီးချင်းကိုယ်ချင်းစာကြောင်း စစ်ကောင်စီပြော

ဧရာဝတီတိုင်းထဲက ကျောင်းတွေမှာ ကိုဗစ်ကူးစက်မှုမြင့်တက်လာပေမယ့် Maskတပ်ပြီး စာသင်ဖို့ စစ်ကောင်စီညွှန်ကြား

ဧရာဝတီတိုင်းဒေသကြီးအတွင်းက မြောင်းမြမြို့၊ မအူပင်မြို့၊ လပွတ္တာမြို့တွေမှာ ကျောင်းဆရာမတွေနဲ့ကျောင်းသား ကျောင်းသူအချို့ ကိုဗစ်ကူးစက်ခံနေရပေမယ့် စာသင်ကျောင်းတွေကို ယာယီရပ်နားခြင်းမရှိဘဲMask တပ်ပြီး စာဆက်သင်ကြားဖို့ စစ်ကောင်စီရဲ့ လက်အောက်ခံ ဧရာဝတီတိုင်းဒေသကြီးပညာရေးမှူးရုံးကအကြောင်းကြားစာထုတ်ပြန်ခဲ့ပါတယ်။

မြောင်းမြမြို့မှာ စာသင်ကျောင်း ၃ကျောင်းမှ ဆရာမတွေအပါအဝင် ကျောင်းသား၊ကျောင်းသူအချို့ ကိုဗစ်ကူးစက်ခံခဲ့ရသော်လည်း ကျောင်းများကို ယာယီရပ်နားခြင်းမရှိဘဲ ဆက်လက်ဖွင့်လှစ်နေတာကြောင့် မိဘတွေအနေနဲ့ကလေးတွေကို ကျောင်းကိုစေလွှတ်ခြင်းမရှိဘဲနဲ့သာ ကိုဗစ်ကူးစက်ခြင်းကို ကာကွယ်နေရပါတယ်။မအူပင်မြို့မှာလည်း ကျောင်းဆရာမတစ်ဉီးမှာ ကိုဗစ်တွေ့ရှိပေမဲ့ ဆရာမနဲ့အတူတူ စာသင်ခဲ့တဲ့ ကလေးတွေကို ရောဂါပိုးစစ်ဆေးပေးခြင်းမရှိခဲ့ပါဘူး။

ဒါ့အပြင် လပွတ္တာမြို့က ကိုဗစ်ရောဂါကူးစက်ခံခဲ့ရတဲ့ မူလတန်းပြဆရာမတစ်ဉီးဟာ စာသင်ကျောင်းမှာတင်မကနေအိမ်တွေအထိ ကျူရှင်လိုက်လံသင်ကြားပေးနေသူဖြစ်ပေမယ့် သူနဲ့ထိစပ်မိသူအားလုံးကို Quarantine ထားရှိတာရောဂါပိုးစစ်ဆေးပေးတာတွေ လုပ်ဆောင်နိုင်ခြင်းမရှိပါဘူး။

“နိုင်ငံရေးနဲ့မပြောချင်ဘူး ကျန်းမာရေးနဲ့ပြောမယ်၊ ဒီအချိန်မှာ ကျောင်းဖွင့်တာကိုပဲ အဓမ္မလိုချင်သူရော၊ ကျောင်းတက်ပြီး ကလေးတွေကို မတက်မနေရလုပ်နေသူ ဆရာ၊ဆရာမရော၊ ဒါကြီးကိုလည်ပတ်ဖို့ ကျောင်းကိုပို့နေတဲ့ မိဘတွေရောက ကိုယ့်မြို့ဒေသမှာ ရောဂါကူးစက်မှုစက်ဝန်းပိုကျယ်အောင် လုပ်နေတဲ့ တရားခံတွေပဲ၊ ပိတ်ကိုပိတ်ပေးမှရတော့မှာကို

စစ်တပ်ကို ကြောက်ပြီးမျက်နှာလိုမျက်နှာရ လုပ်နေပြီး ကျောင်းဆက်ဖွင့်ပြတာ Mask တပ်ပြီးစာသင်ခိုင်းတာဟာ ဘယ်လောက်များ သေချာမှာမို့လည်း လက်; နက်နဲ့လူသက်သလို ရောဂါနဲ့ပါ လူသေနေစေတာ”လို့ အခြေခံပညာ ပညာရေးလုပ်သားများ သမဂ္ဂ ဗဟိုကော်မတီဝင်ဖြစ်သူ CDMပြုလုပ်နေတဲ့ကျောင်းအုပ်ဆရာကြီး ဉီးအောင်ကျော်ဇောကပြောပါတယ်။

———-

ဧရာဝတီတိုင္းထဲက ေက်ာင္းေတြမွာ ကိုဗစ္ကူးစက္မႈျမင့္တက္လာေပမယ့္ Maskတပ္ၿပီး စာသင္ဖို႔ စစ္ေကာင္စီၫႊန္ၾကား

ဧရာဝတီတိုင္းေဒသႀကီးအတြင္းက ေျမာင္းျမၿမိဳ႕၊ မအူပင္ၿမိဳ႕၊ လပြတၱာၿမိဳ႕ေတြမွာ ေက်ာင္းဆရာမေတြနဲ႔ေက်ာင္းသား ေက်ာင္းသူအခ်ိဳ႕ ကိုဗစ္ကူးစက္ခံေနရေပမယ့္ စာသင္ေက်ာင္းေတြကို ယာယီရပ္နားျခင္းမရွိဘဲMask တပ္ၿပီး စာဆက္သင္ၾကားဖို႔ စစ္ေကာင္စီရဲ႕ လက္ေအာက္ခံ ဧရာဝတီတိုင္းေဒသႀကီးပညာေရးမႉး႐ုံးကအေၾကာင္းၾကားစာထုတ္ျပန္ခဲ့ပါတယ္။

ေျမာင္းျမၿမိဳ႕မွာ စာသင္ေက်ာင္း ၃ေက်ာင္းမွ ဆရာမေတြအပါအဝင္ ေက်ာင္းသား၊ေက်ာင္းသူအခ်ိဳ႕ ကိုဗစ္ကူးစက္ခံခဲ့ရေသာ္လည္း ေက်ာင္းမ်ားကို ယာယီရပ္နားျခင္းမရွိဘဲ ဆက္လက္ဖြင့္လွစ္ေနတာေၾကာင့္ မိဘေတြအေနနဲ႔ကေလးေတြကို ေက်ာင္းကိုေစလႊတ္ျခင္းမရွိဘဲနဲ႔သာ ကိုဗစ္ကူးစက္ျခင္းကို ကာကြယ္ေနရပါတယ္။မအူပင္ၿမိဳ႕မွာလည္း ေက်ာင္းဆရာမတစ္ဉီးမွာ ကိုဗစ္ေတြ႕ရွိေပမဲ့ ဆရာမနဲ႔အတူတူ စာသင္ခဲ့တဲ့ ကေလးေတြကို ေရာဂါပိုးစစ္ေဆးေပးျခင္းမရွိခဲ့ပါဘူး။

ဒါ့အျပင္ လပြတၱာၿမိဳ႕က ကိုဗစ္ေရာဂါကူးစက္ခံခဲ့ရတဲ့ မူလတန္းျပဆရာမတစ္ဉီးဟာ စာသင္ေက်ာင္းမွာတင္မကေနအိမ္ေတြအထိ က်ဴရွင္လိုက္လံသင္ၾကားေပးေနသူျဖစ္ေပမယ့္ သူနဲ႔ထိစပ္မိသူအားလုံးကို Quarantine ထားရွိတာေရာဂါပိုးစစ္ေဆးေပးတာေတြ လုပ္ေဆာင္ႏိုင္ျခင္းမရွိပါဘူး။

“ႏိုင္ငံေရးနဲ႔မေျပာခ်င္ဘူး က်န္းမာေရးနဲ႔ေျပာမယ္၊ ဒီအခ်ိန္မွာ ေက်ာင္းဖြင့္တာကိုပဲ အဓမၼလိုခ်င္သူေရာ၊ ေက်ာင္းတက္ၿပီး ကေလးေတြကို မတက္မေနရလုပ္ေနသူ ဆရာ၊ဆရာမေရာ၊ ဒါႀကီးကိုလည္ပတ္ဖို႔ ေက်ာင္းကိုပို႔ေနတဲ့ မိဘေတြေရာက ကိုယ့္ၿမိဳ႕ေဒသမွာ ေရာဂါကူးစက္မႈစက္ဝန္းပိုက်ယ္ေအာင္ လုပ္ေနတဲ့ တရားခံေတြပဲ၊ ပိတ္ကိုပိတ္ေပးမွရေတာ့မွာကို

စစ္တပ္ကို ေၾကာက္ၿပီးမ်က္ႏွာလိုမ်က္ႏွာရ လုပ္ေနၿပီး ေက်ာင္းဆက္ဖြင့္ျပတာ Mask တပ္ၿပီးစာသင္ခိုင္းတာဟာ ဘယ္ေလာက္မ်ား ေသခ်ာမွာမို႔လည္း လက္; နက္နဲ႔လူသက္သလို ေရာဂါနဲ႔ပါ လူေသေနေစတာ”လို႔ အေျခခံပညာ ပညာေရးလုပ္သားမ်ား သမဂၢ ဗဟိုေကာ္မတီဝင္ျဖစ္သူ CDMျပဳလုပ္ေနတဲ့ေက်ာင္းအုပ္ဆရာႀကီး ဉီးေအာင္ေက်ာ္ေဇာကေျပာပါတယ္။