ချစ်သူ ရေမွန်ရဲ့နောက်ဆုံးခရီးလေးတောင်လိုက်မပို့လို့ ဝေဖန်ခံနေရတာ​ကို ပြန်လည်ဖြေရှင်းပြလာတဲ့ ကောင်မလေးရဲ့ မိခင်
ချစ်သူရေမွန်ရဲ့နောက်ဆုံးခရီးလေးတောင်လိုက်မပို့လို့ ဝေဖန်ခံနေရတာ​ကို ပြန်လည်ဖြေရှင်းပြလာတဲ့ ကောင်မလေးရဲ့ မိခင်
Idiot အဖွဲ့မှ အဆိုတော်ရေမွန်တစ်ယောက် ဇွန်လ ၂၃ ရက်နေ့မှာ ရုတ်တရက်အစာအိမ်သွေးကြောပေါက်၍ ကွယ်လွန်သွားခဲ့ရပါတယ်။ရေမွန် ကွယ်လွန်သွားရတဲ့အပေါ် နှမြောတမ်းသဖြစ်နေခဲ့ကြရပြီး အနုပညာရှင် ညီအကိုတွေအနေနဲ့လည်း အထူးဝမ်းနည်းကြောင်းဆုတောင်းပေးခဲ့ကြပါတယ်။ရေမွန်မှာ ချစ်သူကောင်မလေးရှိတာ ပရိတ်တွေ အသိမိူ့ပြောပြစရာလိုမယ်မထင်ပါဘူး။ရေမွန်ရဲ့ နောက်ဆုံးခရီးးလေးမှာ ချစ်သူကောင်မလေး မလာရောက်တဲ့အတွက် ဝေဖန်မှုတွေရှိနေခဲ့ပါတယ်။
ရေမွန်ရဲ့ချစ်သူကောင်မလေးဟာ သူ့ကောင်လေးလေးရဲ့ နောက်ဆုံးခရီးကိုရောက်မလာရတဒ့အကြောင်းကို ကောင်မလေးရဲ့မိခင်ဖြစ်သူက ယခုလိုရှင်းပြလာခဲ့ပါတယ်။”ကျမ သမီးလေးကို အပြစ်ပြောနေသူများရှင်..သမီးကို ကျမက မလွှတ်တာပါ သူအရမ်းသွားချင်ခဲ့ပါတယ် သူအခု အရမ်းပင်ပန်းပြီး ဖျားနေပါတယ် အဖျား ၁၀၂ F က ကျလိုက် တက်လိုက်နဲ့ အရမ်းလဲ အားနည်းနေပါတယ်
အချိန်တိုင်းလည်း ငိုနေရလို့ ပင်ပန်းလှပါပြီ ကျမက သူ့ကို memory ကောင်းကောင်းလေးနဲ့ပဲ ရှိနေစေချင်တာလည်း ပါပါတယ်..ဟိုကိုလိုက်သွားဖို့ရာ လမ်းခရီး နေရာတို့ကိုလည်း ကျမ စိတ်မချတာပါ… ကျမလည်း လိုက်မပို့နိုင်.. သူ့ကိုလည်း လွှတ်လိုက်ရမှာ စိတ်မချနဲ့မို့ ကျမလဲ တော်တော်လေး စိတ်ပင်ပန်းရပါတယ်”
“ပြောချင်တာလေးကလေ..ဆုံးဖြတ်ချက်တိုင်းက နှလုံးသားနဲ့ ဆုံးဖြတ်ရတာ ရှိသလို ဦးနှောက်နဲ့ ဆုံးဖြတ်ရတာလဲ ရှိပါတယ်.. အရမ်းလဲ နာကျင်ရပါတယ် နောက်တစ်ခုက သမီးလေး တခါတလေ ပိုစ့်တွေ တင်ခဲ့ရင်လည်း နားလည်ပေးကြပါနော်
အပြစ်ပြောနေကြသူများကလည်း သားတို့ သမီးတို့ကို ချစ်လို့ ပြောကြတာပဲလို့ ကျမ မှတ်ယူနားလည်ပေးပါတယ် သားတို့ သမီးတို့ကို ချစ်ပေးကြလို့ မေတ္တာ စေတနာထားပေးကြလို့လည်း ကျေးဇူးအထူးတင်ပါတယ်နားလည် ခွင့်လွှတ်ပေးကြပါရှင်”ဆိုပြီး ပြန်လည်ဖြေရှင်းလာခဲ့ပြီး သူမဟာ ရေမွန်ရဲ့ချစ်သူကောင်မလေး မိခင်ဖြစ်ကြောင်း အဆုံးသတ်မှာပြောကြားခဲ့ပါတယ်။
Source – Samm Mya Aye’s Facebook
————