စားသုံးမိရင် အသက်အန္တရာယ် ထိခိုက်စေနိုင်တဲ့ အစားအစာများ

နေ့စဉ်စားသုံးတဲ့ အစားအစာအမျိုးအစားပေါင်းများစွာထဲမှာ အာဟာရရှိစေတဲ့ အစားအစာတွေ ရှိသလို တချို့သောအစားအစာတွေဟာ ဆိုရင်တော့ စားသုံးမိရင် အသက်အန္တရာယ် ထိခိုက်စေနိုင်တဲ့အထိ ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့် ကမ္ဘာပေါ်က အန္တရာယ်ရှိတဲ့ အစားအစာများအကြောင်းကို ပရိသတ်တွေအတွက် ပြန်လည် မျှဝေပေးလိုက်ပါတယ်။

(၁) မြေပဲ

စစ်တမ်းကောက်ယူချက်တွေအရ မြေပဲကြောင့် ဓာတ်မတည့်မှုဖြစ်ကာ သေဆုံးမှုဖြစ်ရပ်တွေဟာ နှစ်စဉ် အမေရိကန်နိုင်ငံမှာ ၁၁ ဦးခန့် ရှိတယ်လို့ ဆိုပါတယ်။ မြေပဲနဲ့ ဓာတ်မတည့်မှုရဲ့ လက္ခဏာတွေကတော့ မြေပဲစားပြီးတဲ့အခါ လည်ချောင်းထဲမှာ ယားယံ တင်းကျပ်လာရာကနေ အသက်ရှုကျပ်သည်အထိ ဖြစ်ပေါ်တာမျိုးတွေ ဖြစ်တတ်ကြောင်း သိရပါတယ် ။

(၂) အစိမ်းရောင်သမ်းတဲ့ အာလူးများ

အလင်းရောင်နဲ့ အပူချိန်တို့ကြောင့် အာလူးတွေဟာ အချိန်နဲ့အမျှ ဓာတုပစ္စည်းတမျိုးဖြစ်တဲ့ solanine ဓာတ်ကို ထုတ်လွှတ်တတ်ကြပြီး ဒီဓာတ်ဟာဆိုရင်တော့ ပျို့အန်ခြင်း၊ခေါင်းကိုက်ခြင်းနဲ့ ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ ပြဿနာတွေကို ဖြစ်ပေါ်စေနိုင်တယ်လို့ အစားအသောက်ဆိုင်ရာ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ဒါကြောင့်မို့လို့ အစိမ်းရောင်သမ်းတဲ့ အာလူးတွေကို ဝယ်လာမိပြီ ဆိုရင်တော့ အစိမ်းရောင်ဖြစ်ပေါ်နေတဲ့ အပိုင်းကို လှီးဖြတ်ပြီးမှသာ စားသုံးသင့်ပါတယ်။

(၃) မှို

မှိုမျိုးစိတ်ပေါင်းများစွာ ရှိတဲ့အထဲမှာ စားဖို့ မသင့်တော်တဲ့ မှိုအမျိုးအစားနဲ့ စားလို့ရတဲ့ မှိုတွေကိုတော့ ခွဲခွဲခြားခြား သိထားသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင်တော့ စားဖို့ မသင့်တော်တဲ့ မှိုတွေကို ချက်ပြုတ် စားသောက်မိမယ်ဆိုရင် နာတာရှည်အသည်းရောဂါ၊ ကျောက်ကပ်ပျက်စီးတာနဲ့ အချိန်အကြာကြီး သတိလစ်တာမျိုးတွေကို ဖြစ်ပေါ်စေနိုင်လို့ပဲ ဖြစ်ပါတယ်။မြန်မာနိုင်ငံမှာတော့ မှိုတောက်တာ (မှိုဆိပ်သင့်တာမဖြစ်ရအောင် ) မှိုတွေကို နည်းအမျိုးမျိုး နဲ့ ဒေသအသီးသီးမှာ စမ်းသပ်ကြတာတွေရှိပါတယ်။

(၄) ပီလောပီနံဥ

ပီလောပီနံဥတွေမှာ ကစီဓာတ်ကြွယ်ဝစွာပါဝင်သလို ခန္ဓာကိုယ်ကို အဆိပ်သင့်စေတဲ့ cyanide ( ဆိုင်ယာနိုက်) ဓာတ်ဟာလည်း ပါဝင်နေတာဖြစ်ပါတယ်။ ပီလောပီနံဥကို ကြိုက်နှစ်သက်သူတွေအနေနဲ့ ပီလောပီနံကို သေချာစွာအခွံနွှာပြီး ခပ်ကြာကြာချက်ပြုတ်ပြီးမှ စားသုံးမယ်ဆိုရင်တော့ cyanide ဓာတ်တွေကို လျှော့ချပေးနိုင်မှာပဲ ဖြစ်ပါတယ်။

———–

စားသုံးမိရင္ အသက္အႏၲရာယ္ ထိခိုက္ေစႏိုင္တဲ့ အစားအစာမ်ား

ေန႔စဥ္စားသုံးတဲ့ အစားအစာအမ်ိဳးအစားေပါင္းမ်ားစြာထဲမွာ အာဟာရရွိေစတဲ့ အစားအစာေတြ ရွိသလို တခ်ိဳ႕ေသာအစားအစာေတြဟာ ဆိုရင္ေတာ့ စားသုံးမိရင္ အသက္အႏၲရာယ္ ထိခိုက္ေစႏိုင္တဲ့အထိ ျဖစ္ေပၚေစႏိုင္ပါတယ္။ ဒါေၾကာင့္ ကမာၻေပၚက အႏၲရာယ္ရွိတဲ့ အစားအစာမ်ားအေၾကာင္းကို ပရိသတ္ေတြအတြက္ ျပန္လည္ မွ်ေဝေပးလိုက္ပါတယ္။

(၁) ေျမပဲ

စစ္တမ္းေကာက္ယူခ်က္ေတြအရ ေျမပဲေၾကာင့္ ဓာတ္မတည့္မႈျဖစ္ကာ ေသဆုံးမႈျဖစ္ရပ္ေတြဟာ ႏွစ္စဥ္ အေမရိကန္ႏိုင္ငံမွာ ၁၁ ဦးခန႔္ ရွိတယ္လို႔ ဆိုပါတယ္။ ေျမပဲနဲ႔ ဓာတ္မတည့္မႈရဲ႕ လကၡဏာေတြကေတာ့ ေျမပဲစားၿပီးတဲ့အခါ လည္ေခ်ာင္းထဲမွာ ယားယံ တင္းက်ပ္လာရာကေန အသက္ရႈက်ပ္သည္အထိ ျဖစ္ေပၚတာမ်ိဳးေတြ ျဖစ္တတ္ေၾကာင္း သိရပါတယ္ ။

(၂) အစိမ္းေရာင္သမ္းတဲ့ အာလူးမ်ား

အလင္းေရာင္နဲ႔ အပူခ်ိန္တို႔ေၾကာင့္ အာလူးေတြဟာ အခ်ိန္နဲ႔အမွ် ဓာတုပစၥည္းတမ်ိဳးျဖစ္တဲ့ solanine ဓာတ္ကို ထုတ္လႊတ္တတ္ၾကၿပီး ဒီဓာတ္ဟာဆိုရင္ေတာ့ ပ်ိဳ႕အန္ျခင္း၊ေခါင္းကိုက္ျခင္းနဲ႔ ဦးေႏွာက္နဲ႔ အာ႐ုံေၾကာဆိုင္ရာ ျပႆနာေတြကို ျဖစ္ေပၚေစႏိုင္တယ္လို႔ အစားအေသာက္ဆိုင္ရာ ကြၽမ္းက်င္သူေတြက ဆိုပါတယ္။ ဒါေၾကာင့္မို႔လို႔ အစိမ္းေရာင္သမ္းတဲ့ အာလူးေတြကို ဝယ္လာမိၿပီ ဆိုရင္ေတာ့ အစိမ္းေရာင္ျဖစ္ေပၚေနတဲ့ အပိုင္းကို လွီးျဖတ္ၿပီးမွသာ စားသုံးသင့္ပါတယ္။

(၃) မႈိ

မႈိမ်ိဳးစိတ္ေပါင္းမ်ားစြာ ရွိတဲ့အထဲမွာ စားဖို႔ မသင့္ေတာ္တဲ့ မႈိအမ်ိဳးအစားနဲ႔ စားလို႔ရတဲ့ မႈိေတြကိုေတာ့ ခြဲခြဲျခားျခား သိထားသင့္ပါတယ္။ ဘာျဖစ္လို႔လဲဆိုရင္ေတာ့ စားဖို႔ မသင့္ေတာ္တဲ့ မႈိေတြကို ခ်က္ျပဳတ္ စားေသာက္မိမယ္ဆိုရင္ နာတာရွည္အသည္းေရာဂါ၊ ေက်ာက္ကပ္ပ်က္စီးတာနဲ႔ အခ်ိန္အၾကာႀကီး သတိလစ္တာမ်ိဳးေတြကို ျဖစ္ေပၚေစႏိုင္လို႔ပဲ ျဖစ္ပါတယ္။ျမန္မာႏိုင္ငံမွာေတာ့ မႈိေတာက္တာ (မႈိဆိပ္သင့္တာမျဖစ္ရေအာင္ ) မႈိေတြကို နည္းအမ်ိဳးမ်ိဳး နဲ႔ ေဒသအသီးသီးမွာ စမ္းသပ္ၾကတာေတြရွိပါတယ္။

(၄) ပီေလာပီနံဥ

ပီေလာပီနံဥေတြမွာ ကစီဓာတ္ႂကြယ္ဝစြာပါဝင္သလို ခႏၶာကိုယ္ကို အဆိပ္သင့္ေစတဲ့ cyanide ( ဆိုင္ယာႏိုက္) ဓာတ္ဟာလည္း ပါဝင္ေနတာျဖစ္ပါတယ္။ ပီေလာပီနံဥကို ႀကိဳက္ႏွစ္သက္သူေတြအေနနဲ႔ ပီေလာပီနံကို ေသခ်ာစြာအခြံႏႊာၿပီး ခပ္ၾကာၾကာခ်က္ျပဳတ္ၿပီးမွ စားသုံးမယ္ဆိုရင္ေတာ့ cyanide ဓာတ္ေတြကို ေလွ်ာ့ခ်ေပးႏိုင္မွာပဲ ျဖစ္ပါတယ္။