အဖေနဲ့အမေကို အမြန်ဆုံးတွေ့ချင်မိတယ်လို့ မွေးနေ့မှာပြောလာတဲ့ သားလေး

အဖေနဲ့အမေကို အမြန်ဆုံးတွေ့ချင်မိတယ်လို့ မွေးနေ့မှာပြောလာတဲ့ သားလေး

မွေးနေ့မှာ အလိုချင်ဆုံး ဆုတစ်ခုတောင်းပါဆိုရင် အဖေနဲ့အမေကို အမြန်ဆုံးတွေ့ချင်မိတယ်လို့ ပြောလာတဲ့ သားလေးဖိုးဓီ

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ အနုပညာလောကမှာ ဟာပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိတ်သတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားနိုင်တဲ့ဇနီးမောင်နှံပဲဖြစ်ပါတယ်။

သူတို့ဇနီးမောင်နှံနှစ်ဦးဟာ ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက စတင်ခဲ့တဲ့ လူထုလှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့အတူ အမှန်တရားဘက်ကရပ်တည် ပေးခဲ့ကြပါတယ်။ ဒါ့အပြင် CDM ဝန်ထမ်းတွေရဲ့ လစာအတွက်ကိုလဲ တာဝန်ယူဆောင်ရွက်ခဲ့ တာပဲဖြစ်ပါတယ်။

ဒါကြောင့် ပုဒ်မ ၅၀၅ ကနဲ့အမှုဖွင့် အရေးယူထားခြင်းခံရတာတဲ့ ထွက်ပြေးတိမ်းရှောင် နေရတာပဲဖြစ်ပါတယ်။ ထွက်ပြေးတိမ်းရှောင် ရင်းမိသားစုတွေကိုခြိမ်းခြောက် ကာလာရောက် အဖမ်းခံဖို့ပြောလာခဲ့တာကြောင့် နှစ်ဦးလုံးအဖမ်း ခံလိုက်ရပါတယ်။

ဒီကနေ့ဇွန်လ ၂၇ ရက်ဟာဆိုရင် ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ရဲ့ ချစ်စရာကောင်းတဲ့သားလေး ဖိုးဓီလေးရဲ့မွေးနေ့ ရက်မြတ်လေးပဲဖြစ်ပါတယ်။ Happy Birthday ပါသားလေးရေ။ သားလေးဖိုးဓီက ဒီကနေ့သားမွေးနေ့လေးမှာသာ

အလိုချင်ဆုံး မွေးနေ့လက်ဆောင် တောင်းပါဆိုရင် သားအလိုချင်ဆုံးက ဖေဖေနဲ့မေမေကိုသာ အမြန်ဆုံးပြန်တွေ့ချင်နေပါပြီဆိုပြီး ဝမ်းနည်းစွာ ပြောလာပါတယ်။ အဖမ်းခံထားရတဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်လဲ

အမြန်ဆုံးပြန်လွတ်လာပြီး ချစ်ရတဲ့မိသားစုနဲ့ အမြန်ဆုံးပြန်လည်စုံစည်းနိုင်ဖို့ ဆုတောင်းပေးရင်း သားလေးမွေးနေ့ကို ဆုတောင်းပေးပါတယ်။ အခုလိုဝင်ရောက်ဖတ်ရှုပေးကြတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

ကျန်းမာပျော်ရွှင်သော နေ့ရက်များပိုင် ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။Crd