
* အာဏာသိမ်း အဖွဲ့သည် ၎င်းတို့အား မည်သူမှလက်ဖျား နှင့် မတို့နိုင်ဟု ယုံကြည်ချက်ဖြင့် မောက်မာနေ*
အဆိုပါ ခေါင်းစဉ် ဖြင့် နယူးယောက်တိုင်း သတင်းစာတွင် အောက်ပါအတိုင်း ရေးသားထားသည်။
အာဏာသိမ်း အဖွဲ့ ခေါင်းဆောင်များသည် ထိုသို့ ယုံကြည်နေသဖြင့် သံတမန်ရေး ဆိုင်ရာ ကြိုးပမ်းမှုများကို လစ်လျူရှုနေဆဲပင် ဖြစ်သည်။ ယင်းနှင့်အတူ တိုင်းပြည်သည် အဖက္ဖက္က ချွတ်ခြုံကျတော့မည့် failed state နိုင်ငံ အဖြစ် ဦးတည်လာနေပြီ ဖြစ်သည်။
အနောက်နိုင်ငံများက စီးပွားရေး အရ အေရးယူ ဒဏ်ခတ်မှုများ ပြုလုပ်လာခဲ့ကြသည်။ အိမ်နီးချင်းနိုင်ငံများက ဒီမိုကေရစီ ပြန်လည် ထားရှိရန် တောင်းပန်တိုးလျိုး ခဲ့ကြသည်။ ကမ္ဘာတဝှမ်း ရွိ လူ့အခွင့်အရေးအဖွဲ့ ပေါင်း ၂၀၀ ကျော်ကလည်း လက်နက်များ ရောင်းချနေမှု ရပ်ဆိုင်းပေးရန် ဝိုင်းဝန်း တောင်းဆိုခဲ့ကြသည်။ ကုလသမဂ္ဂ အေထြေထြ ညီလာခံသည် စစ်ဗိုလ်ချုပ်များအား ပြတ်ပြတ်သားသား ဆူပူကြိမ်းမောင်းသည့် ဆုံးဖြတ်ချက်ကို ချမှတ်နိုင်ခဲ့ကြသည်။
ထို့သို့ သံတမန်ရေးအရ ဖိအားပေးမှုများက နိုင်ငံတွင်း အခြေအနေများကို အနည်းငယ်မျှပင် ပြောင်းလဲအောင် ပြုလုပ်နိုင်စွမ်း မရှိခဲ့ပေ။ အာဏာသိမ်းသမားများက မောက်မာစွာဖြင့် သံတမန်ရေး ကြိုးပမ်းမှုများကို မဖြစ်နိုင် လောက်သည့် အေနအထား ရောက်အောင် ဆွဲဆန့်လာခဲ့ကြလေသည်။
နိုင်ငံတွင်းရှိ ၅၄ သန်းသော ပြည်သူများ အဖို့ အစိုးရ ယန္တယား မ်ား ရပ်တန့်လုနီးနီး ဖြစ်နေမှု နှင့် လာလတ္တံ့သော ပြည်တွင်းစစ်ကြီး ကို ကြံ့ကြံ့ခံ ရင်ဆိုင်ကြရတော့မည်။ ယင်းနှင့်အတူ ဒေသတွင်း မတည်ငြိမ်မှုများ ဖြစ်ပေါ် လာပေတော့မည်။
နိုင်ငံတွင်းရှိ လူမ်ားက ကနဦးတွင် ကုလ သို့မဟုတ် အမေရိကန်မှ ဝင်ရောက် စွက်ဖက်လာလိမ့်မည်ဟု မျှော်လင့်နေခဲ့ကြသည်။ ၂၀၀၅ ခုနှစ် ကုလ ဆုံးဖြတ်ချက် ဖြစ်သော R2P ကို တောင်းဆိုသည့် ပိုစတာမ်ား ဆွဲကိုင်လာကြသည်။
လက်ရှိ အခြေအနေများတွင် ကုလ နှင့် အာဆီယံ နိုင်ငံများ ၏ သံတမန်ရေး ကြိုးပမ်းမှုများက လေပူဖောင်းလို အမြှုပ်တစီစီ နှင့် ဖေါင်းလိုက် ပိန်လိုက် ဖြစ်နေသည်။ မင်းအောင်လှိုင်သည် သူ့အတွက် အရေးကြီးဆုံး မဟာ မိတ်များဟု ယူဆထားသည့် တရုတ်နှင့် ရုရှားကို ချုပ်ကိုင်ထားနိုင်ခဲ့ပုံရှိနေသည်။ အဆိုပါ နှစ်နိုင်ငံမှလည်း နိုင်ငံ တကာ မွ ဝင်ရောက် စွက်ဖက်လာနိုင်သည့် နည်းလမ်းပေါင်းစုံတို့မှ မြန်မာကို အကာအကွယ် ပေးလာခဲ့သည်။
၁၉၆၂ အာဏာသိမ်းပြီးချိန်မှစ၍ နိုင်ငံသည် ၎င်းတို့ ထိန်းချုပ်မှု မရှိလျှင် မဖြစ်ဟူသော အတွေးအခေါ်များအား စစ်အရာရှိ များအကြား ရိုက်သွင်းပေးထားခဲ့ပြီး ဖြစ်သည်။ ယင်းနှင့်အတူ စစ်တပ်သည် ၎င်းတို့ရွိ စီးပြား ရေးအရ လြန္စြာ အရေးပါသော ကုမ္ပဏီကြီး နှစ်ခု မှတဆင့် ဝေစားမျှစား စနစ်ဖြင့် ထပ္မံ အားဖြည့်ပေးခဲ့ပြီး ခေါင်း ဆောင်ဖြစ်သူ၏ စီးပွားရေး လုပ်ငန်းများကို အားဖြည့်ပေးလာခဲ့သည်။ ဒီမိုကေရစီ စနစ်သည် လက်ရှိထက် ပိုအားကောင်းလာပါက ၎င်းတို့ကို ရှေ့လျှောက် ဒုက္ခပေးလာတော့မည့် အရေးအပေါ်လည်း ကောင်းစွာ တြက်ဆ လာခဲ့သည်။
ယခုအချိန်အထိ ပြတ်သားစွာ အရေးယူနိုင်သည့် လုပ်ပိုင်ခွင့်များ ရရှိထားသည့် လုံခြုံရေး ကောင်စီသည် တရုတ် နှင့် ရုရှားတို့မှ ပြင်းထန်စွာ ကန့်ကွက်လာမည့် အေရးကို ရှောင်ရှားနိုင်ရန် အေပ်ာ့စား ကြေညာချက် မ်ားသာ ထုတ်ပြန်နိုင်သည့် အဆင့်တွင် ရှိနေသေးသည်။ တရုတ်က မင်းအောင်လှိုင်ကို မြန်မာခေါင်းဆောင် အဖြစ်ပင် ခေါ်ဝေါ် သုံးစွဲလာခဲ့သည်။ ရုရှားကလည်း ၎င်းအား စစ်တပ်အကြီးအကဲ တဦး အျဖစ်သာ အသိအမှတ် ပြုကာဆက် ဆံခဲ့သည်။
ထိုသို့ လုံခြုံရေး ကောင်စီ၏ ပျက်ကွက်နေမှုများ အတွက် လူ့အခွင့်အရေး လှုပ်ရှားသူများက စိတ်ပျက်လက် ပျက် ဖြစ်လာနေသည်။ မိမိတို့ ဒီထက် ပို၍ မတတ်နိုင်တော့ ဆိုသော သဘောထားဖြင့် ပုခုံးတွန့်ကာ ဆက် လျှောက်သွားသည့် လူတယောက်၏ အပြုအမူ ထက် မပိုဟု လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေး အဖွဲ့၏ ကုလ ညွှန်ကြားရေးမှူး ဖြစ်သူ လူဝစ် ချာဘွန်နော က ပြောခဲ့သည်။
နောက်ဆုံးတွင် ကုလ အေထြေထြ ညီလာခံ မွ အာဏာသိမ်းမှုကို ရှုတ်ချကြောင်း အဆိုကို ချမှတ်နိုင်ခဲ့သည်။ ထို့အတွက် ကမ္ဘာနိုင်ငံများက အာဏာသိမ်း အဖွဲ့ အား ဝိုင်းကျဉ်လာမှု အျဖစ္ကို အနောက်နိုင်ငံများက အောင်မြင်မှု တရပ်အဖြစ် ကြိုဆိုလာခဲ့သည်။
ကြေညာချက်ပါ စာသားမ်ားက အားပျော့နေရသည့်အပြင် နိုင်ငံပေါင်း ၃၆ နိုင်ငံကပါ ကြားနေခဲ့သဖြင့် နိုင်ငံတွင်း အခြေအနေများကို အတိုက်အခံများ နှင့် စေ့စပ်ဆွေးနွေးရန် အာဏာသိမ်း အဖွဲ့အား သွေးဆောင် နိုင်ခြင်း မရွိ ခဲ့ပေ။
သို့သော်လည်း ကုလ အေထြေထြ ညီလာခံ၏ ဆုံးဖြတ်ချက်သည် ၎င်းတို့၏ အာဏာသိမ်း လုပ်ရပ်အပေါ် နိုင်ငံတကာ အသိုက်အဝန်းက မနှစ်မျို့ကြောင်း ရှင်းလင်းစွာ ပြဆိုနိုင်ခဲ့မှု ဖြစ်သည်ဟု နိုင်ငံတကာ အကျပ် အတည်းများ လေ့လာရေး အဖွဲ့ ICG ၏ ကုလ တာဝန္ခံ ရစ်ချတ် ဂိုဝင်က ဆိုသည်။ ထို့အတွက် အာဏာသိမ်း အဖွဲ့သည် နိုင်ငံတကာနှင့် ပုံမှန်ဆက်ဆံရေး ပြန်လည် ထူထောင်ရန် ပို၍ ခက်ခဲသွားခဲ့ရပြီ ဖြစ်သည်ဟုလည်း ထောက်ပြခဲ့သည်။
အာဆီယံသည် မြန်မာ အေရးအား ဝင်ရောက် ဖြန်ဖြေရန် ကြိုးစားခဲ့သော်လည်း ၎င်းတို့၏ ရည်ရွယ်ချက်ကိုကား ဒီမိုကေရစီ ပြန်လည် ထွန်းကားရေးထက် မင်းအောင်လှိုင်၏ အာဏာ အခြေခိုင်ရေး ဖက်သို့ ဦးတည်နေသည်ကို တွေ့ရသည်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့သဖြင့် ဧပြီလအတွင်း ဂ်ကာတာ တွင် အာဆီယံ အကြီးအကဲများ၏ အရေးပေါ် အစည်းအဝေး ခေါ်ယူခဲ့ရသည်။ ထိုအစည်းအဝေးတွင် မင်းအောင်လှိုင်ကို မြန်မာနိုင်ငံ၏ ခေါင်း ဆောင်အဖြစ် တရားဝင် အသိအမှတ်ပြုခဲ့ကြခြင်းတော့ မရှိပေ။ သို့သော် မင်းအောင်လှိုင်အား ဂျကာတာတွင် ကော်ဇောနီ ခင်းကာ ကြိုဆိုခဲ့မှု အပေါ် ၎င်းတို့ ထိန်းချုပ်ထားသော ရုပ်သံများက အသိအမှတ်ပြုခြင်းဟု လိုရာ ဆြဲကာ ကြိမ်ဖန်များစွာ ထုတ်လွှင့် ဂုဏ်ယူဝင့်ကြွားခဲ့ကြပြန်သည်။
အာဆီယံသည် အမျိုးသား ညီညွတ်ရေး အစိုးရ အဖြစ် ဖွဲ့စည်းလာခဲ့သည့် ဖြုတ်ချခံခဲ့ရသော အစိုးရ၏ ကိုယ္စား လွယ္မ်ား နှင့် ဒီမိုကေရစီ လိုလားသော အဖွဲ့အစည်းများကိုမူ သိသိသာသာပင် ဖိတ်ကြားခြင်း မပြုခဲ့ပေ။
ထိုအစည်းအဝေးမှ အချက် ငါးချက်ပါ ဘုံသဘောတူညီချက် ဖြစ်သည့် အကြမ်းဖက်မှုများ ချက်ခြင်း ရပ်ဆိုင်း ရေး၊ အပြုသဘော ဆောင်သည့် ဆွေးနွေးမှုများ မှတဆင် ငြိမ်းချမ်းစွာ အဖြေရရှိအောင် ကြိုးပမ်းရေး၊ အာဆီယံ အထူးသံတမန် ခန့်အပ်စေလွှတ်ရေး တို့ကို ချမှတ်နိုင်ခဲ့ကြသည်။
အဖွဲ့ဝင် နိုင်ငံများ ဖြစ်သည့် အင်ဒိုနီရှား၊ မေလးရွား နှင့် စင်္ကာပူ တို့မွ အာဆီယံအား ပြတ်ပြတ်သားသား ဆောင် ရွက်ရန် တွန်းအားပေးခဲ့ကြသော်လည်း ထိုင်းနိုင်ငံ၏ အပြင်းအထန် ကန့်ကွက်မှု နှင့် ကြုံခဲ့ရသည်။
အာဆီယံ၏ ဘုံရပ်တည်ချက်တွင် ယခုအချိန်အထိ ဖမ်းဆီးခံထားရသူ ၅,၀၀၀ အပါအဝင် ပြည်သူများ ရွေး ကောက်တင်မြှောက်ထားသည့် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အား လွှတ်ပေးရန် မပါရှိခဲ့ပေ။ ယခုလို အစည်းအဝေးမျိုးကို ပုံမှန်အားဖြင့် ဆိုက ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင်ပြီး တက်ရောက်လေ့ ရှိသည်ကိုလည်း (မေ့လျော့သွားခဲ့ကြပြီ) ဖြစ်သည်။
အာဆီယံသည် အထူးသံတမန် တဦးအား ယခုထိ ခန့်အပ်နိုင်ခြင်း မရှိသေးသည်ကပင် ၎င်းတို့ ၏ သံတမန်ရေး ကြိုးပမ်းမှု အပေါ် ယုံကြည်ချက် ပျက်ပြားသွားစေခဲ့သည်။ မြန်မာတွင် ဆန္ဒပြသူများက အာဆီယံ အလံကို မီးရှို့သည်အထိ ဖြစ်လာခဲ့သည်။
ပြည်သူများ ရွေးချယ် တင်မြှောက်လိုက်သည့် ကိုယ်စားလှယ်များသည် ဖေဖေါ်ဝါရီ (၁) ရက်နေ့တွင် လွှတ်တော် တွင် ကျမ်းသစ္စာ ကျိန်ဆိုကြမည်လည်း ဖြစ်သည်။ သို့သော် ထိုနေ့မနက်မှာပင် စစ်ထရပ်ကားကြီးများ ပေါ်မှ စစ်သားမ်ား ဆင်းလာပြီး ကိုယ်စားလှယ်အများအပြားကို ဖမ်းဆီးလိုက်ကြသည်။ ထွက်ပြေး လွတ်မြောက် သြားသူ အချို့က အမျိုးသား ညီညွတ်ရေး အစိုးရ ကို ဖွဲ့စည်းလိုက်ပြီး မိမိတို့သာ တရားဝင် အစိုးရ အဖြစ် ကြေညာလိုက်ကြသည်။
ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း စစ်အာဏာသိမ်း အဖွဲ့ဖက်မှ ရပ်တည်မည် မဟုတ်ကြောင်း ပြောဆိုခဲ့သည်။ လက်ရှိ အချိန်အထိ ကုလ မွ သူအား မြန်မာ သံအမတ်ကြီး အဖြစ် အသိအမှတ် ပြုထားသော်လည်း မည်သည့် နိုင်ငံကမျှ NUG ကို တရားဝင် အစိုးရ အဖြစ် အသိအမှတ် ပြုခြင်းတော့ မရွိ သေးပေ။
NUG သည် ဒေါ်အောင်ဆန်းစုကြည်၏ ရပ်တည်ချက်မှ ခွဲထွက်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ နှင့် မဟာမိတ်ပြုလာခဲ့သည်။ အနောက်နိုင်ငံများ၏ ထောက်ခံမှု ရရှိရန် ရည်ရွယ်ပြီး ရိုဟင်ဂျာ မ်ား အား နိုင်ငံသား အဖြစ် လက်ခံမည်ဟုပင် ကြေညာခဲ့သည်။ (လက်ရှိတွင် နိုင်ငံလုံး ဆိုင်ရာ အပစ်အခတ် ရပ်စဲရေး သည် ပြိုပျက်လုမတတ် ဖြစ်သွားခဲ့ရလေသည်)
NUG သည် ထိုသို့ သံတမန်ရေးအရ ကြိုးပမ်းမှုများ သိသိသာသာ အရာမထင် ဖြစ်လာနေမှုအပေါ် စိတ်ပျက် လာနေခဲ့ပြီး ကိုယ်ပိုင် စစ်တပ် တခု ဖွဲ့စည်းကာ ပြစ်မှတ်ငယ်များအား စတင်တိုက်ခိုက်လာပြီး ပြည်တွင်းစစ်ကြီး ဆီသို့ ဦးတည်လိုက်ကြပြီ ဖြစ်သည်။
ကုလ အတွင်းရေးမှူးချုပ်၏ အထူး ကိုယ်စားလှယ် ခရစ်စတင်း ဘာဂင်ဂါမှ အချိန်သည် အရေးပါနေကြောင်း၊ နောက် ဆယ်နှစ်လောက်ကြာမှ နောက်ကြောင်း ပြန်စဉ်းစားပြီး နောင်တ ရမနေသင့်ဟု ကုလ အေထြေထြ ညီလာ ခံတွင် မဲခြဲမွုမ်ား အပြီး ထုတ်ဖေါ် ပြောဆိုလိုက်သည်။
(ဇြန္လ ၂၄ ရက်နေ့ နယူးယောက်တိုင်း သတင်းစာပါ Confident in its impunity, the Myanmar Junta ignores diplomacy ဆောင်းပါး မွ ကောက်နှုတ်တင်ပြခြင်း ဖြစ်သည်)
ဂျာမန် သုတေသီများသည် Civil War in Myanmar ဟူသော ခေါင်းစဉ်ဖြင့် လေးမျက်နှာ စာတမ်းကို ထုတ်ပြန် လိုက်ပြီး ဂ်ာမဏီ အပါအဝင် အနောက်တိုင်း အစိုးရမ်ား အနေဖြင့် မြန်မာနိုင်ငံတွင်း ဖြစ်ပျက်လာတော့မည့် အခြေအနေများ အတွက် မည်သို့မည်ပုံ ရင်ဆိုင်သွားရမည်ကို ပြင်ဆင်ထားသင့်ပြီ ဖြစ်ကြောင်း သတိပေး လိုက်ပြီ ဖြစ်သည်။
အာဏာသိမ်း အဖွဲ့သည် စစ်တပ် အတွင်း တဖက်သို့ ထွက်ပြေး ခိုလှုံခြင်း မရှိအောင် မိသားစုမ်ားကို ဓါးစာခံ အဖြစ် အသုံးချနေသော်လည်း ပြည်သူတော်လှန်ရေး တပ်ဖွဲ့များ၏ ချုံခို တိုက်ခိုက်ခံရမှုကြောင့် နေ့စဉ်လို အက်အဆုံး များပြားလာနေမှု အပေါ် ဒီထက် ပို၍ တုန့်ပြန်ရန် ဖိအားပေးမှုများလည်း ရင်ဆိုင်နေရပုံ ရှိသည်။ သို့သော် အင်အား အဆမတန်သုံး နှိမ်နှင်းခြင်း၊ ရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ မဲမဲမြင်ရာ ပစ်ခတ် ဖမ်းဆီးခြင်း အစရှိသည့် မြေလှန်စနစ်ကို ကျင့်သုံးပါက တိုင်းရင်းသား လက်နက်ကိုင်များက CRPH နှင့် ပူးပေါင်းလာကြမည့် အရေးအပြင် နိုင်ငံတကာ မွ ဝင်ရောက်စွက်ဖက်ရန် ဖိတ်ခေါ်သလို ဖြစ်သွားမည်အပေါ် စိုးရိမ်နေမှု မ်ား နှင့် အတူ ဗျာများနေပြီ ဖြစ်သည်။
မိမိတို့ အားလုံး အိပ်မောကျချင်ရောင် ဆောင်နေသော ကုလ နှင့် နိုင်ငံတကာ ကို ဆွဲကိုင်လှုပ်ရမ်းနိုင်အောင် အျမဲလို နည်းမျိုးစုံဖြင့် ကြိုးပမ်းနေရမည် သာ ဖြစ်သည်။
အရေးတော်ပုံ အောင်ရမည်!!!
Hla soewai