
မုံရွာတောင် ဇက်ဆိပ်အနီး အလောင်းတစ်လောင်းထပ်ပေါ်၊တစ်ပတ်အတွင်း ရုပ်အလောင်း ၃ လောင်းအထိ ဆယ်ယူရရှိခြင်းဖြစ်
စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မုံရွာတောင် ဇက်ဆိပ်အနီး ချင်းတွင်းမြစ်အတွင်း ယနေ့(ဇွန် ၂၈ ရက်)မနက် ၉:၃၀ အချိန်ခန့်က အမျိူးသား ရုပ်အလောင်းတစ်လောင်း ထပ်ပေ်လာခဲ့ကြောင်း သတင်းရရှိသည်။
ပေါ်လာသည့် အမျိုးသား ရုပ်အလောင်းမှာ လက်ကိုနောက်ပြန်ကြိုးတုပ်လျှက် အနေအထားဖြစ်ပြီး လက်ပြန်ကြိုးတုပ်ပြီး သတ်ထားဟန်တူကြောင်း၊
တွေ့ရှိသူများမှ လာရောက်ဆယ်ယူပေးရန် အကူအညီ တောင်းခံလာသဖြင့် မုံရွာခရိုင်မီးသတ်တပ်ဖွဲ့နှင့်အတူ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များမှ သွားရောက်ဆယ်ယူပြီး မုံရွာပြည်သူ့ဆေးရုံကြီးသို့ ဆက်လက်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ယခုတစ်ပတ် အတွင်း မုံရွာမြို့တွင် ချင်းတွင်းမြစ်အတွင်းမှ ရုပ်အလောင်း သုံးလောင်းအထိ ဆယ်ယူထားရကြောင်း မြို့ခံလူမှုကူညီကယ်ဆယ်ရေး အသင်းများထံမှသိရသည်။
Photo – Monywa Rescue
——–
မုံ႐ြာေတာင္ ဇက္ဆိပ္အနီး အေလာင္းတစ္ေလာင္းထပ္ေပၚ၊တစ္ပတ္အတြင္း ႐ုပ္အေလာင္း ၃ ေလာင္းအထိ ဆယ္ယူရရွိျခင္းျဖစ္
စစ္ကိုင္းတိုင္း၊ မုံ႐ြာၿမိဳ႕၊ မုံ႐ြာေတာင္ ဇက္ဆိပ္အနီး ခ်င္းတြင္းျမစ္အတြင္း ယေန႔(ဇြန္ ၂၈ ရက္)မနက္ ၉:၃၀ အခ်ိန္ခန႔္က အမ်ိဴးသား ႐ုပ္အေလာင္းတစ္ေလာင္း ထပ္ေပ္လာခဲ့ေၾကာင္း သတင္းရရွိသည္။
ေပၚလာသည့္ အမ်ိဳးသား ႐ုပ္အေလာင္းမွာ လက္ကိုေနာက္ျပန္ႀကိဳးတုပ္လွ်က္ အေနအထားျဖစ္ၿပီး လက္ျပန္ႀကိဳးတုပ္ၿပီး သတ္ထားဟန္တူေၾကာင္း၊
ေတြ႕ရွိသူမ်ားမွ လာေရာက္ဆယ္ယူေပးရန္ အကူအညီ ေတာင္းခံလာသျဖင့္ မုံ႐ြာခ႐ိုင္မီးသတ္တပ္ဖြဲ႕ႏွင့္အတူ လူမႈကူညီကယ္ဆယ္ေရးအဖြဲ႕မ်ားမွ သြားေရာက္ဆယ္ယူၿပီး မုံ႐ြာျပည္သူ႔ေဆး႐ုံႀကီးသို႔ ဆက္လက္ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။
ယခုတစ္ပတ္ အတြင္း မုံ႐ြာၿမိဳ႕တြင္ ခ်င္းတြင္းျမစ္အတြင္းမွ ႐ုပ္အေလာင္း သုံးေလာင္းအထိ ဆယ္ယူထားရေၾကာင္း ၿမိဳ႕ခံလူမႈကူညီကယ္ဆယ္ေရး အသင္းမ်ားထံမွသိရသည္။
Photo – Monywa Rescue