တာဝန်ကျေတဲ့သူများမှ တော်လှန်ရေးအောင်နိုင်မယ်လို့ ဆောင်းဦးလှိုင်ပြောပြီ

တာဝန်ကျေတဲ့သူများမှ တော်လှန်ရေးအောင်နိုင်မယ်လို့ ဆောင်းဦးလှိုင်ပြောပြီ

” တကယ်တော့ “

ဘဝမှာ ကိုယ်ကြိုးစားမှကိုယ်ရတာပါ။ ကိုယ်တိုင်ရုန်းကန်လှုပ်ရှားရတာပါ။

လွတ်လပ်ချင်တယ်၊လွတ်မြောက်ချင်တယ်၊ တိုးတက်ချင်တယ် ဆိုရင် စိတ်တူကိုယ်တူရှိကြတဲ့ လူတွေ ပြိုင်တူ ကြိုးစားလှုပ်ရှားကြဖို့ လိုအပ်ပါတယ်။

မိစ္ဆာတွေမပါ၊ ၃ အုပ်စုရှိပါတယ်။ လုပ်စရာရှိတာလုပ်နေကြတဲ့လူတွေစောင့်ကြည့်နေတဲ့လူတွေနဲ့ ဘာမှမလုပ်ကြတဲ့လူတွေဖြစ်ပါတယ်။

တာဝန်ကျေသူများ ၊ တာဝန်မကျေသူများနဲ့ တာဝန်မသိသူများ ဖြစ်ပါတယ်။

တာဝန်ကျေကျေနဲ့ လုပ်စရာရှိတာကို ရဲရဲဝံ့ဝံ့ လုပ်တဲ့လူတွေများလေ အောင်မြင်ဖို့အခွင့်အလမ်းပိုများလေဖြစ်ပေမယ့်

ဒီအထဲမှာ အရည်အချင်း/သစ္စာတရား/ ကျင့်ဝတ်စည်းကမ်းနဲ့အတွေးအခေါ်မြင့်မားသူတွေ ပါဝင်မှ တိုးတက်ထွန်းကားတဲ့

အခြေအနေကိုရောက်မှာပါ။

အရေးကြီးဆုံးပြင်စရာတစ်ခုရှိပါတယ်။ ကိုယ့်စိတ်ကိုယ်အရင်ပြင်ကြဖို့ပါ။ ဘာမှမပေးဆပ်ရင် ဘာမှမလိုချင်ပါနဲ့။

တန်ဖိုးရှိတဲ့အရာမှန်သမျှ အလကားတော့ မရနိုင်ဘူး မို့ပါ။

ဆောင်းဦးလှိုင် ၂၉.၆.၂၀၂၁

———

တာဝန္ေက်တဲ့သူမ်ားမွ ေတာ္လွန္ေရးေအာင္ႏိုင္မယ္လို႔ ေဆာင္းဦးလႈိင္ေျပာၿပီ

” တကယ္ေတာ့ “

ဘဝမွာ ကိုယ္ႀကိဳးစားမွကိုယ္ရတာပါ။ ကိုယ္တိုင္႐ုန္းကန္လႈပ္ရွားရတာပါ။

လြတ္လပ္ခ်င္တယ္၊လြတ္ေျမာက္ခ်င္တယ္၊ တိုးတက္ခ်င္တယ္ ဆိုရင္ စိတ္တူကိုယ္တူရွိၾကတဲ့ လူေတြ ၿပိဳင္တူ ႀကိဳးစားလႈပ္ရွားၾကဖို႔ လိုအပ္ပါတယ္။

မိစာၦေတြမပါ၊ ၃ အုပ္စုရွိပါတယ္။ လုပ္စရာရွိတာလုပ္ေနၾကတဲ့လူေတြေစာင့္ၾကည့္ေနတဲ့လူေတြနဲ႔ ဘာမွမလုပ္ၾကတဲ့လူေတြျဖစ္ပါတယ္။

တာဝန္ေက်သူမ်ား ၊ တာဝန္မေက်သူမ်ားနဲ႔ တာဝန္မသိသူမ်ား ျဖစ္ပါတယ္။

တာဝန္ေက်ေက်နဲ႔ လုပ္စရာရွိတာကို ရဲရဲဝံ့ဝံ့ လုပ္တဲ့လူေတြမ်ားေလ ေအာင္ျမင္ဖို႔အခြင့္အလမ္းပိုမ်ားေလျဖစ္ေပမယ့္

ဒီအထဲမွာ အရည္အခ်င္း/သစၥာတရား/ က်င့္ဝတ္စည္းကမ္းနဲ႔အေတြးအေခၚျမင့္မားသူေတြ ပါဝင္မွ တိုးတက္ထြန္းကားတဲ့

အေျခအေနကိုေရာက္မွာပါ။

အေရးႀကီးဆုံးျပင္စရာတစ္ခုရွိပါတယ္။ ကိုယ့္စိတ္ကိုယ္အရင္ျပင္ၾကဖို႔ပါ။ ဘာမွမေပးဆပ္ရင္ ဘာမွမလိုခ်င္ပါနဲ႔။

တန္ဖိုးရွိတဲ့အရာမွန္သမွ် အလကားေတာ့ မရႏိုင္ဘူး မို႔ပါ။

ေဆာင္းဦးလႈိင္ ၂၉.၆.၂၀၂၁