
တေးသံရှင်ပိုပို၊ သရုပ်ဆောင်ပြေတီဦးတို့လို့ အနုပညာရှင်တွေနဲ့ တော်လှန်ရေးကြောင့် ထောင်ထဲရောက်နေတဲ့ လူငယ်တွေရဲ့ ငိုအားထက် ရီအားသန် အခြေအနေကို ပြောပြလာတဲ့ ရှေ့နေကြီးတစ်ဦး…
လက်ရှိကာလအတွင်းမှာတော့ အပြစ်မဲ့တဲ့ပြည်သူတွေရဲ့အသက်ပေါင်းများစွာ ပေးဆပ်ခဲ့ရသလို တစ်ချို့ပြည်သူတွေရဲ့မိသားစုတွေလည်း တကွဲတပြား ဖြစ်ခဲ့ရပြီ ဖြစ်ပါတယ် ။ ဒါ့အပြင် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ပြည်သူ(၆၃၈၀)ခန့်ရှိခဲ့ပြီး လက်ရှိအချိန်အထိ ချုပ်နှောင်ခံထားရသူဦးရေမှာ (၅၁၈၃)ခန့်ရှိကြောင်း AAPP က ထုတ်ပြန်ကြေညာထားပါတယ်။
အဖမ်းခံထားရတဲ့သူတွေထဲမှာ အနုပညာရှင်တွေလည်း ပါဝင်ခဲ့တာ ဖြစ်ပါတယ် ။အခုလည်း ရှေ့နေအမျိုးသမီးတစ်ယောက်က သူ့ရဲ့အမှုသည်ကလေးတွေဆီကနေ ကြားသိရတဲ့ သတင်းအချို့ကို ပြောပြထားတာ ဖြစ်ပါတယ် ။ ကလေးတွေက ထောင်ထဲမှာ သူတို့ချစ်တဲ့ အနုပညာရှင်တွေနဲ့ တွေ့ဆုံပြီး ပျော်နေကြတဲ့အကြောင်း ရေးသားထားတာ ဖြစ်ပါတယ် ။ အနုပညာရှင်တွေနဲ့ အဆောင်တူတဲ့သူတွေက သူတို့ကြိုက်ခဲ့ရတဲ့
Idolတွေနဲ့ခင်နေရတော့ ပျော်နေကြသလို တစ်ချို့တွေကလည်း သူတို့အဆင်ပြေသလို ကြိုးစားနေထိုင်နေကြတာ ဖြစ်ပါတယ် ။ဒီအကြောင်းကို “ငါ့အမှုသည် တွေများ ပိုင်တံခွန်နဲ့တွေ့ရလို့ ပျော်နေတဲ့သူနဲ့ ပိုပိုကသီချင်းတွေဆိုပြလို့ မပျင်းရဘူးဆိုသူနဲ့….အစ်မဝင်းမင်းသန်းက အရမ်းရယ်ရတယ်ဆိုသူနဲ့ ဦးတီနဲ့စကားပြောရင် ပညာရတယ်ဆိုသူနဲ့
ဪ ခင်ရာဆွေမျိုးပါလား…ဘယ်နေရာရောက်ရောက် စိတ်ချမ်းသာအောင်နေတတ်ကြတယ်….” ဆိုပြီး ကလေးတွေဆီ ကနေ ကြားရတဲ့သတင်းတွေကို ပြောပြထားတာ ဖြစ်ပါတယ် ။ အထဲမှာနေနေရပေမယ့်လည်း ရှိတာလေးပဲဝတ်၊ကျွေးတာလေးပဲစားပြီး စည်းစည်းလုံးလုံးနေကြတဲ့ ကလေးတွေရဲ့အကြောင်းကို အဲ့ဒီရှေ့နေအမျိုးသမီးက ပြန်ပြောပြခဲ့တာပဲ ဖြစ်ပါတယ် ။crd- original
———-
ေတးသံရွင္ပုိပို၊ သရုပ္ေဆာင္ေျပတီဦးတုိ့လုိ့ အနုပညာရွင္ေတြနဲ့ ေတာ္လွန္ေရးေႀကာင့္ ေထာင္ထဲေရာက္ေနတဲ့ လူငယ္ေတြရဲ့ ငုိအားထက္ ရီအားသန္ အေျခအေနကုိ ေျပာျပလာတဲ့ ေရွ့ေနႀကီးတစ္ဦး…
လက္ရွိကာလအတြင္းမွာေတာ့ အျပစ္မဲ့တဲ့ျပည္သူေတြရဲ႕အသက္ေပါင္းမ်ားစြာ ေပးဆပ္ခဲ့ရသလို တစ္ခ်ိဳ႕ျပည္သူေတြရဲ႕မိသားစုေတြလည္း တကြဲတျပား ျဖစ္ခဲ့ရၿပီ ျဖစ္ပါတယ္ ။ ဒါ့အျပင္ ဖမ္းဆီးထိန္းသိမ္းခံထားရတဲ့ ျပည္သူ(၆၃၈၀)ခန႔္ရွိခဲ့ၿပီး လက္ရွိအခ်ိန္အထိ ခ်ဳပ္ေႏွာင္ခံထားရသူဦးေရမွာ (၅၁၈၃)ခန႔္ရွိေၾကာင္း AAPP က ထုတ္ျပန္ေၾကညာထားပါတယ္။
အဖမ္းခံထားရတဲ့သူေတြထဲမွာ အႏုပညာရွင္ေတြလည္း ပါဝင္ခဲ့တာ ျဖစ္ပါတယ္ ။အခုလည္း ေရွ႕ေနအမ်ိဳးသမီးတစ္ေယာက္က သူ႔ရဲ႕အမႈသည္ကေလးေတြဆီကေန ၾကားသိရတဲ့ သတင္းအခ်ိဳ႕ကို ေျပာျပထားတာ ျဖစ္ပါတယ္ ။ ကေလးေတြက ေထာင္ထဲမွာ သူတို႔ခ်စ္တဲ့ အႏုပညာရွင္ေတြနဲ႔ ေတြ႕ဆုံၿပီး ေပ်ာ္ေနၾကတဲ့အေၾကာင္း ေရးသားထားတာ ျဖစ္ပါတယ္ ။ အႏုပညာရွင္ေတြနဲ႔ အေဆာင္တူတဲ့သူေတြက သူတို႔ႀကိဳက္ခဲ့ရတဲ့
Idolေတြနဲ႔ခင္ေနရေတာ့ ေပ်ာ္ေနၾကသလို တစ္ခ်ိဳ႕ေတြကလည္း သူတို႔အဆင္ေျပသလို ႀကိဳးစားေနထိုင္ေနၾကတာ ျဖစ္ပါတယ္ ။ဒီအေၾကာင္းကို “ငါ့အမႈသည္ ေတြမ်ား ပိုင္တံခြန္နဲ႔ေတြ႕ရလို႔ ေပ်ာ္ေနတဲ့သူနဲ႔ ပိုပိုကသီခ်င္းေတြဆိုျပလို႔ မပ်င္းရဘူးဆိုသူနဲ႔….အစ္မဝင္းမင္းသန္းက အရမ္းရယ္ရတယ္ဆိုသူနဲ႔ ဦးတီနဲ႔စကားေျပာရင္ ပညာရတယ္ဆိုသူနဲ႔
ဪ ခင္ရာေဆြမ်ိဳးပါလား…ဘယ္ေနရာေရာက္ေရာက္ စိတ္ခ်မ္းသာေအာင္ေနတတ္ၾကတယ္….” ဆိုၿပီး ကေလးေတြဆီ ကေန ၾကားရတဲ့သတင္းေတြကို ေျပာျပထားတာ ျဖစ္ပါတယ္ ။ အထဲမွာေနေနရေပမယ့္လည္း ရွိတာေလးပဲဝတ္၊ေကြၽးတာေလးပဲစားၿပီး စည္းစည္းလုံးလုံးေနၾကတဲ့ ကေလးေတြရဲ႕အေၾကာင္းကို အဲ့ဒီေရွ႕ေနအမ်ိဳးသမီးက ျပန္ေျပာျပခဲ့တာပဲ ျဖစ္ပါတယ္ ။crd- original