
ရုံးပတီတွင် အပင်အနိမ့်အမြင့်၊ အသီးပုံသဏ္ဍာန်တို့ အပေါ်မူတည်ပြီး အမျိုးမျိုး ကွဲပြားကြသည်။
ပင်မြင့်မျိုး၊ ပင်လတ်မျိုး၊ ပင်ပုမျိုး၊ အသီးတွင် အမြောင်းပါမျိုး၊ အသီးချောမျိုး၊ အသီးတွင် ဆူးပါမျိုး၊ အသီးစိမ်းမျိုး၊ အသီးနီမျိုးစသည်ဖြင့် ကွာခြားမှု ရှိကြသည်။
အချို့က အာရှမျိုးနှင့် အမေရိကန်မျိုး ဟူ၍ ခွဲကြသည်။
မြေပြုပြင်ခြင်း
၁။ မြေပြင်ချိန်တွင် နွားချေးချပြီး ထယ်ထိုး ထွန်မွှေပေးရမည်။ထို့နောက် ကြမ်းတုံးရိုက်၍ ထွန်ဖြင့် စိုက်ကြောင်းဖော်ပေးပါ။
၂။ မျိုးအလိုက် အပင်အရွယ်အစား ကွာခြားခြင်းကြောင့် မိမိအသုံးပြုသောမျိုးအပေါ်မူတည်ပြီး သင့်တော်သော အပင်အကွာအဝေးကို ပြုလုပ်ပေးရမည်။
၃။ အပင်ငယ်မျိုးကို ( ၃ ) ပေခွာစိုက်ပါ။ အပင်ကြီးမျိုးဖြစ်လျှင် ( ၃ ) ပေကွာအတန်းများတွင် ( ၂ ) ပေ ခွာ၍ စိုက်ပေးရမည်။”
စိုက်ပျိုးခြင်း
၁။ ရုံးပတီစေ့ကို မစိုက်ပျိုးမီ ( ၁၂ ) နာရီခန့် ရေစိမ်ပေးပါ။ ရေစိမ်လျှင် မျိုးစေ့ထုထည်၏ ( ၅ ) ဆ ရှိသောရေဖြင့် စိမ်ခြင်းဖြင့် ရေလဲပေးရန် မလိုပါ။
၂။ အစေ့မှ အပင်ပေါက်ရန်အတွက် မြေတွင်းအပူဓါတ်လည်း လိုအပ်သည်။ အနည်းဆုံး အပူချိန် ( ၂၀ ) ံC အထက်တွင် ရှိရမည်။
၃။ မျိုးစေ့ကို ပထမ ရေစိမ်၍ ရေပေါ် ပေါ်နေသော အစေ့များကို ဖယ်ရှားရမည်။ ရုံးပတီကို တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်ပါသည်။
၄။ နွေဦးစိုက်ရုံးပတီနှင့် မိုးစိုက်ရုံးပတီတို့သည် အပင်သန်စွမ်းမှုအား မတူကြပေ။နွေဦးစိုက်ပါက အပင်သည်ကြီးထွားမှု့ နည်းခြင်းကြောင့် အပင်ဦးရေ ပိုမိုစိုက်ပျိုးသင့်ပါသည်။
မျိုးစေ့နှုန်း
တစ်ဧကလျှင် မျိုးစေ့နှုန်း ( ၅ – ၁၀ ) ကီလိုဂရမ် ဖြစ်သည်။
မြေသြဇာနှုန်းထား
၁။ တစ်ဧကအတွက် နွားချေး (သို့) မြေဆွေးလှည်း (၅-၁၀) စီး၊ ယူရီးယား( ၁၀၀၀ ) ကီလို၊ တီစူပါ ( ၅၀ ) ကီလို၊ ပိုတက် ( ၂၅ ) ကီလို လိုအပ်သည်။
၂။ မစိုက်ပျိုးမီ ယူရီးယား ( ၅၀ ) ကီလိုနှင့် အခြားမြေသြဇာများကို ထည့်သွင်းပြီး စိုက်ပြီး ၁ လ အကြာတွင် ယူရီးယား ( ၂၅ ) ကီလိုကို ထည့်သွင်းပေးရမည်။
၃။ ဒုတိယအကြိမ် ယူရီးယားကို အပင်သက်တမ်း ( ၄၅ ) ရက်သားတွင် ( ၂၅ ) ကီလို ထပ်မံ ထည့်သွင်းပေးပါ။
ပိုးမွှားရောဂါကာကွယ်ခြင်း
၁။ ရုံးပတီတွင် ဗိုင်းရပ်စ်ရောဂါ ကျရောက်လေ့ရှိသဖြင့် ပေါင်းမြက်ကင်းစင်းရန် ဂရုစိုက်ရမည်။
၂။ မျိုးစေ့ကို ဖျူရာဒန်နှင့် လူးနယ်၍ မျိုးစေ့ချရပါမည်။
၃။ အဝါရောင်ရွက်ကြောမိုဇိတ်၊ ခေါငျညှနျ့ထိုးပျိုးနှငျ့ သီးလုံးဖောက်ပိုး၊ ဖြုတ်စိမ်းများ၊ အမည်းရောင် စူတီမှိုရောဂါတို့ကို မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းမှ ထောက်ခံသည့် ဆေးများကို ညွန်ကြားချက်များအတိုင်း သုံးစွဲခြင်းဖြင့် ကာကွယ်နိုင်ပါသည်။
ခူးဆွတ်ခြင်း
၁။ ရုံးပတီတောင့်များသည် အပင်ခြေမှ ထိပ်ဖျားသို့အစဉ်လိုက် ရင့်မှည့်ကြသည်။ စားသုံးရန်အတွက် အသင့်တော်ဆုံး ခူးဆွတ်ချိန်မှာ ပန်းပွင့်ပြီး ( ၅ – ၇ ) ရက် အတွင်းဖြစ်သည်။