ကျောင်းဖွင့်ရင်း ကိုဗစ်ထိန်းချုပ်ခြင်းကို တစ်ပြိုင်တည်း လုပ်ဆောင်နေဟုဆို

ကိုဗစ်(၁၉) ရောဂါဖြစ်ပွားမှုများနေသည့် နိုင်ငံများမှာပင် ကျောင်းဖွင့်ရင်း ကိုဗစ်ထိန်းချုပ်ခြင်းများကို တစ်ပြိုင်တည်းလုပ်ဆောင်နေ၍ ကိုဗစ် (၁၉) ကာကွယ်ရေး စည်းကမ်းများကိုလိုက်နာပြီး မိဘများအနေဖြင့် စိုးရိမ်ကြီးစရာမလိုကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးကပြောဆိုသည်။

“လက်ရှိအခြေအနေမှာ ကလေးတွေကို မိဘတွေက ကျောင်းတွေမှာ ကိုဗစ်တွေ့တာနဲ့ပတ်သက်ပြီးတော့ စိုးရိမ်ကြတယ်။ ကိုယ်တိုင်ကလည်း မိဘဖြစ်တော့ သိပါတယ်။

ကျောင်းတွေမှာ ဖြစ်တယ်ဆိုတာကလည်း ရောဂါပိုးတွေ့တဲ့တစ်ယောက်၊ နှစ်ယောက်ကနေပြီး ကူးစက်သွားတဲ့ သဘောရှိတဲ့အတွက် နှာခေါင်းစည်းတပ်မယ်။

လက်သန့်ဆေးရည်နဲ့ မကြာခဏ ဆေးမယ်ဆိုရင် ကိုယ့်ထမင်းဘူးနဲ့ကိုယ်စား၊ ကိုယ့် အသုံးအဆောင်နဲ့ကိုယ် မရောနှောဘူး။ အချင်းချင်းမရောနှောဘူး။ မိမိကလေးနေမကောင်းဘူး။

ဖျားနာမယ်ဆိုရင်၊ ကိုယ့်အိမ်မှာ လူကြီးတစ်ဦးက ကိုဗစ်လက္ခဏာတွေရှိတယ်ဆိုရင် ကလေးကို ကျောင်းမလွှတ်နဲ့ပေါ့။

နောက်တစ်ချက်က ကလေးကို ကိုဗစ်စည်းကမ်းတွေကို သေသေချာချာ လေ့ကျင့်သင်ထားပေးထားမယ်ဆိုရင် ကြောက်စရာမလိုပါဘူး။

ကလေးတွေမှာဖြစ်ရင် သေဆုံးမှုက ရာခိုင်နည်းတယ်။ ကလေးတွေမှာ ဖြစ်တာကလည်း ကိုဗစ်စုစုပေါင်း ဖြစ်တာထက် ၁ ရာခိုင်နှုန်း၊ ၂ ရာခိုင်နှုန်းပဲရှိပါတယ်။

ကိုဗစ်(၁၉)က ဘယ်တော့မှဆုံးမယ်ဆိုတာ မပြောနိုင်သေးဘူး။ ရောဂါ ဖြစ်ပွားမှုများဆဲ ထိုင်းမှာတောင် ဇွန် ၁၄ ရက်က ကျောင်းတွေဖွင့်နေတယ်။ နောက်လက စပြီးတော့ ထိုင်းနိုင်ငံမှာရှိတဲ့ ကမ်းခြေကို ဖွင့်တော့မှာပေါ့” ဟု ၎င်းက ပြောဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးရှိ မဟော်သဓာကိုယ်ပိုင်အထက်ကျောင်းနှင့် TTC ကျောင်းများတွင် ကိုဗစ်(၁၉) ရောဂါ ကူးစက်မှုများကို ထိန်းချုပ်နိုင်ကြောင်း ဒေါက်တာ ခင်ခင်ကြီးက ဆက်လက်ပြောဆိုသည်။

စာသင်ကျောင်းများတွင် ကိုဗစ် (၁၉)ရောဂါကူးစက်မှုများ ရှိလာပြီး လက်ရှိတွင် ကိုဗစ်(၁၉)ရောဂါအဖြစ်များနေသော တောင်ငူမြို့နယ် ဖြူးမြို့နယ်၊ လက်ပံတန်းမြို့နယ်၊ ပလက်ဝမြို့နယ်၊ သာယာဝတီမြို့နယ်၊ လားရှိုးမြို့နယ်တို့တွင် စာသင်ကျောင်းများ ပိတ်ထားကြောင်း သိရသည်။

Source: စံတော်ချိန်

————-

ကိုဗစ္(၁၉) ေရာဂါျဖစ္ပြားမႈမ်ားေနသည့္ ႏိုင္ငံမ်ားမွာပင္ ေက်ာင္းဖြင့္ရင္း ကိုဗစ္ထိန္းခ်ဳပ္ျခင္းမ်ားကို တစ္ၿပိဳင္တည္းလုပ္ေဆာင္ေန၍ ကိုဗစ္ (၁၉) ကာကြယ္ေရး စည္းကမ္းမ်ားကိုလိုက္နာၿပီး မိဘမ်ားအေနျဖင့္ စိုးရိမ္ႀကီးစရာမလိုေၾကာင္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၊ ဗဟိုကူးစက္ေရာဂါတိုက္ဖ်က္ေရးဌာန ၫႊန္ၾကားေရးမႉး ေဒါက္တာခင္ခင္ႀကီးကေျပာဆိုသည္။

“လက္ရွိအေျခအေနမွာ ကေလးေတြကို မိဘေတြက ေက်ာင္းေတြမွာ ကိုဗစ္ေတြ႕တာနဲ႔ပတ္သက္ၿပီးေတာ့ စိုးရိမ္ၾကတယ္။ ကိုယ္တိုင္ကလည္း မိဘျဖစ္ေတာ့ သိပါတယ္။

ေက်ာင္းေတြမွာ ျဖစ္တယ္ဆိုတာကလည္း ေရာဂါပိုးေတြ႕တဲ့တစ္ေယာက္၊ ႏွစ္ေယာက္ကေနၿပီး ကူးစက္သြားတဲ့ သေဘာရွိတဲ့အတြက္ ႏွာေခါင္းစည္းတပ္မယ္။

လက္သန႔္ေဆးရည္နဲ႔ မၾကာခဏ ေဆးမယ္ဆိုရင္ ကိုယ့္ထမင္းဘူးနဲ႔ကိုယ္စား၊ ကိုယ့္ အသုံးအေဆာင္နဲ႔ကိုယ္ မေရာေႏွာဘူး။ အခ်င္းခ်င္းမေရာေႏွာဘူး။ မိမိကေလးေနမေကာင္းဘူး။

ဖ်ားနာမယ္ဆိုရင္၊ ကိုယ့္အိမ္မွာ လူႀကီးတစ္ဦးက ကိုဗစ္လကၡဏာေတြရွိတယ္ဆိုရင္ ကေလးကို ေက်ာင္းမလႊတ္နဲ႔ေပါ့။

ေနာက္တစ္ခ်က္က ကေလးကို ကိုဗစ္စည္းကမ္းေတြကို ေသေသခ်ာခ်ာ ေလ့က်င့္သင္ထားေပးထားမယ္ဆိုရင္ ေၾကာက္စရာမလိုပါဘူး။

ကေလးေတြမွာျဖစ္ရင္ ေသဆုံးမႈက ရာခိုင္နည္းတယ္။ ကေလးေတြမွာ ျဖစ္တာကလည္း ကိုဗစ္စုစုေပါင္း ျဖစ္တာထက္ ၁ ရာခိုင္ႏႈန္း၊ ၂ ရာခိုင္ႏႈန္းပဲရွိပါတယ္။

ကိုဗစ္(၁၉)က ဘယ္ေတာ့မွဆုံးမယ္ဆိုတာ မေျပာႏိုင္ေသးဘူး။ ေရာဂါ ျဖစ္ပြားမႈမ်ားဆဲ ထိုင္းမွာေတာင္ ဇြန္ ၁၄ ရက္က ေက်ာင္းေတြဖြင့္ေနတယ္။ ေနာက္လက စၿပီးေတာ့ ထိုင္းႏိုင္ငံမွာရွိတဲ့ ကမ္းေျခကို ဖြင့္ေတာ့မွာေပါ့” ဟု ၎က ေျပာဆိုသည္။

ရန္ကုန္တိုင္းေဒသႀကီးရွိ မေဟာ္သဓာကိုယ္ပိုင္အထက္ေက်ာင္းႏွင့္ TTC ေက်ာင္းမ်ားတြင္ ကိုဗစ္(၁၉) ေရာဂါ ကူးစက္မႈမ်ားကို ထိန္းခ်ဳပ္ႏိုင္ေၾကာင္း ေဒါက္တာ ခင္ခင္ႀကီးက ဆက္လက္ေျပာဆိုသည္။

စာသင္ေက်ာင္းမ်ားတြင္ ကိုဗစ္ (၁၉)ေရာဂါကူးစက္မႈမ်ား ရွိလာၿပီး လက္ရွိတြင္ ကိုဗစ္(၁၉)ေရာဂါအျဖစ္မ်ားေနေသာ ေတာင္ငူၿမိဳ႕နယ္ ျဖဴးၿမိဳ႕နယ္၊ လက္ပံတန္းၿမိဳ႕နယ္၊ ပလက္ဝၿမိဳ႕နယ္၊ သာယာဝတီၿမိဳ႕နယ္၊ လားရႈိးၿမိဳ႕နယ္တို႔တြင္ စာသင္ေက်ာင္းမ်ား ပိတ္ထားေၾကာင္း သိရသည္။

Source: စံေတာ္ခ်ိန္