ပုဒ်မ ၅၀၅ က ဖြင့် အမှုဖွင့် ခံခဲ့ရပြီး ယခု ပြန်လည်ရုပ်သိမ်းပေးလိုက်ကြောင်း ထုတ်ပြန်လိုက်သော အနုပညာရှင် (၂၄) ဦး အမည်စာရင်း

ပုဒ်မ ၅၀၅ က ဖြင့် အမှုဖွင့် ခံခဲ့ရပြီး ယခု ပြန်လည်ရုပ်သိမ်းပေးလိုက်ကြောင်း ထုတ်ပြန်လိုက်သော အနုပညာရှင် (၂၄) ဦးရဲ့ အမည်စာရင်း

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ထဲက မြန်မာနိုင်ငံမှာ ရုတ်တရက်ဖြစ်ပေါ်ခဲ့တဲ့ အခြေအတွေမှာ အမှန်တရားဘက်က ရပ်တည်ကြတဲ့ ပြည်သူတွေနဲ့ အတူ အနုပညာရှင်များစွာလည်း တစ်သွေးတည်း တစ်သားတည်း ရပ်တည်ခဲ့ကြပါတယ် ။ သူတို့ကိုယ်တိုင်လည်း လမ်းမပေါ်အထိ ထွက်ကာ လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သလို တစ်ချို့ အနုပညာရှင်တွေဆို ရှေ့ဆုံးကနေတောင် မားမားမတ်မတ် ခုခံကာကွယ်ပေးခဲ့ကြတာပါ ။

ဒါ့အပြင် Follower တွေ များစွာပိုင်ဆိုင်ထားတဲ့ သူတို့ရဲ့ အကောင့်တွေကနေလည်း နိုင်ငံတကာ သတင်းမီဒီယာတွေ သတိထားမိလာအောင် မြန်မာနိုင်ငံမှာ ဖြစ်ပျက်သမျှတွေကို speak out လုပ်ပေးခဲ့ကြပါတယ် ။ ဒီလိုတွေ အင်တိုက်အားတိုက် ပါဝင်ခဲ့တာကြောင့်လည်း (၅၀၅-က) နဲ့ တရားစွဲဆိုခံခဲ့ရပြီး လွတ်မြောက်ရာ နေရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတာပါ ။

ယနေ့ ဇွန်လ (၂၉ ) ရက် ည ၈ နာရီလောက်မှာတော့ ဒီလို (၅၀၅-က ) နဲ့ တရားစွဲဆို ခံထားရတဲ့ အနုပညာရှင်တွေထဲကမှ အချို့ အနုပညာရှင် (၂၄) ဦးကို ပြန်လည် ရုတ်သိမ်းပေးကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ် ။ ပရိသတ်ကြီးလည်း သတင်းကောင်းလေးကို ကြည့်ရှုနိုင်စေရန် ပြန်လည် ဝေမျှပေးလိုက်ပါတယ် ။

Photo Credit – original uploader