
လတ်တလောအခြေအနေတွေကြောင့် ပြည်သူတွေမှာ စားဝတ်နေရေးအပြင် အခက်အခဲမျိုးစုံကို ရင်ဆိုင်ကြုံတွေ့နေရသလို ဘိုးဘွားရိပ်သာနဲ့ မိဘမဲ့ဂေဟာတွေမှာလည်း အလှူရှင်တွေ နည်းပါးနေတာ တွေ့ရပါတယ်..။
ဆိုးရွားနေတဲ့ ပြည်တွင်းရေးအခြေအနေတွေအပြင် ကိုဗစ်ရောဂါတွေလည်း ပြန့်ပွားနေတာမို့ ပြည်သူတွေမှာ အစစအရာရာကြိုးစားရုန်းကန်နေကြရပြီး စေတနာရှင်တွေရဲ့ လှူဒါန်းမှုတွေနဲ့ ရပ်တည်နေကြရတဲ့ ဂေဟာတွေမှာလည်း အတော်လေးကို ခက်ခဲနေကြတာပါ..။
ဒလမြို့နယ် ကျန်စစ်သားရပ်ကွက် မန်းဘလမ်းဆိပ်ကမ်းကူးပြီး တုပ်တုပ်စီးသွားရတဲ့ ဦးကုလားမိဘမဲ့ဂေဟာမှာလည်း လတ်တလောအလှူရှင်မရှိလို့ ကလေးငယ်တွေအတွက် စားဝတ်နေရေးခက်ခဲနေပြီး ခြင်နဲ့ မျှော့တွေအရမ်းပေါလို့အခက်အခဲဖြစ်နေတာ တွေ့ရပါတယ်..။
အခုလိုမိုးတွင်းအချိန်မှာ အလှူရှင်တွေနည်းပါးသလို လယ်ကွင်းထဲမှာ မိုးလုံလေလုံရုံသာ တည်ဆောက်ထားတဲ့ မိဘမဲ့ဂေဟာလေးမှာ ရေတွေလည်းတက်နေတာကြောင့် ခြင်နဲ့ မျှော့ အန္တရာယ်တွေလည်း ရှိတယ်လို့ သိရပါတယ်..။
အခက်အခဲတွေနဲ့ ကြုံတွေ့နေရတဲ့ အဆိုပါမိဘမဲ့ဂေဟာလေးအတွက် (၅၀၀) (၁၀၀၀) မှ စပြီး တတ်နိုင်သလောက် လှူဒါန်းကုသိုလ်ယူနိုင်ပြီး မလှူနိုင်တဲ့သူတွေအနေနဲ့လည်း အလှူရှင်များများ ရအောင် share ပေးရင်း ကုသိုလ်ပါဝင်ပေးကြပါနော်..။
ကိုယ်တိုင်သွားရောက် လှူဒါန်းချင်တဲ့သူများကတော့ ဂေဟာရဲ့ ဖုန်းနံပါတ်ဖြစ်တဲ့ 09766035963 / 09692355125 ကို ဆက်သွယ်လှူဒါန်းနိုင်ပြီး တစ်ဆင့်လှူဒါန်းချင်သူများအတွက် “Wave Account
Ph(09788468877)
Kpay Account
May Wattan
Ph(09963266614)..” ကို လှူဒါန်းနိုင်ကုသိုလ်ယူနိုင်ပါတယ်..။
Source : Sai Htae War’s Fb Acc
Zawgyi
လတ္တေလာအေျခအေနေတြေၾကာင့္ ျပည္သူေတြမွာ စားဝတ္ေနေရးအျပင္ အခက္အခဲမ်ိဳးစုံကို ရင္ဆိုင္ႀကဳံေတြ႕ေနရသလို ဘိုးဘြားရိပ္သာနဲ႔ မိဘမဲ့ေဂဟာေတြမွာလည္း အလႉရွင္ေတြ နည္းပါးေနတာ ေတြ႕ရပါတယ္..။
ဆိုး႐ြားေနတဲ့ ျပည္တြင္းေရးအေျခအေနေတြအျပင္ ကိုဗစ္ေရာဂါေတြလည္း ျပန႔္ပြားေနတာမို႔ ျပည္သူေတြမွာ အစစအရာရာႀကိဳးစား႐ုန္းကန္ေနၾကရၿပီး ေစတနာရွင္ေတြရဲ႕ လႉဒါန္းမႈေတြနဲ႔ ရပ္တည္ေနၾကရတဲ့ ေဂဟာေတြမွာလည္း အေတာ္ေလးကို ခက္ခဲေနၾကတာပါ..။
ဒလၿမိဳ႕နယ္ က်န္စစ္သားရပ္ကြက္ မန္းဘလမ္းဆိပ္ကမ္းကူးၿပီး တုပ္တုပ္စီးသြားရတဲ့ ဦးကုလားမိဘမဲ့ေဂဟာမွာလည္း လတ္တေလာအလႉရွင္မရွိလို႔ ကေလးငယ္ေတြအတြက္ စားဝတ္ေနေရးခက္ခဲေနၿပီး ျခင္နဲ႔ ေမွ်ာ့ေတြအရမ္းေပါလို႔အခက္အခဲျဖစ္ေနတာ ေတြ႕ရပါတယ္..။
အခုလိုမိုးတြင္းအခ်ိန္မွာ အလႉရွင္ေတြနည္းပါးသလို လယ္ကြင္းထဲမွာ မိုးလုံေလလုံ႐ုံသာ တည္ေဆာက္ထားတဲ့ မိဘမဲ့ေဂဟာေလးမွာ ေရေတြလည္းတက္ေနတာေၾကာင့္ ျခင္နဲ႔ ေမွ်ာ့ အႏၲရာယ္ေတြလည္း ရွိတယ္လို႔ သိရပါတယ္..။
အခက္အခဲေတြနဲ႔ ႀကဳံေတြ႕ေနရတဲ့ အဆိုပါမိဘမဲ့ေဂဟာေလးအတြက္ (၅၀၀) (၁၀၀၀) မွ စၿပီး တတ္ႏိုင္သေလာက္ လႉဒါန္းကုသိုလ္ယူႏိုင္ၿပီး မလႉႏိုင္တဲ့သူေတြအေနနဲ႔လည္း အလႉရွင္မ်ားမ်ား ရေအာင္ share ေပးရင္း ကုသိုလ္ပါဝင္ေပးၾကပါေနာ္..။
ကိုယ္တိုင္သြားေရာက္ လႉဒါန္းခ်င္တဲ့သူမ်ားကေတာ့ ေဂဟာရဲ႕ ဖုန္းနံပါတ္ျဖစ္တဲ့ 09766035963 / 09692355125 ကို ဆက္သြယ္လႉဒါန္းႏိုင္ၿပီး တစ္ဆင့္လႉဒါန္းခ်င္သူမ်ားအတြက္ “Wave Account
Ph(09788468877)
Kpay Account
May Wattan
Ph(09963266614)..” ကို လႉဒါန္းႏိုင္ကုသိုလ္ယူႏိုင္ပါတယ္..။
Source : Sai Htae War’s Fb Acc