
Makeup လောကမှာ နာမည်ကြီး လူကြိုက်များတဲ့ မေဦးကတော့ အောင်မြင်နေတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။မေဦးက အလှအပတွေဖန်တီးတဲ့လက်နဲ့ပဲ အခုနွေဦးတော်လှန်ရေးမှာ ဆိုင်းဘုတ်လေးတွေကိုင်ပြီး တတ်နိုင်တဲ့နေရာကနေပါဝင်ခဲ့တာဖြစ်ပါတယ်။လတ်တလောမှာတော့ မေဦးက လုံခြုံစိတ်ချရမယ့်နေရာမှာရှောင်တိမ်းနေထိုင်နေရပေမယ့် တော်လှန်ရေးကိုတော့ အားမလျော့သွားဘဲ ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်နေဆဲဖြစ်ပါတယ်။
ဒီနေ့မနက်ပိုင်းမှာ ထောင်ထဲရောက်နေတဲ့ ပြည်သူ(၂၀၀၀)ကျော် ပြန်လွှတ်မယ်လို့ သတင်းထွက်နေတာကြောင့်အကုန်လုံးက ရင်ခုန်စွာစောင့်နေကြတာဖြစ်ပါတယ်။မနေ့ညကဆိုရင် ၅၀၅(က)ပုဒ်မနဲ့ ဝရမ်းထုတ်ခံထားရတဲ့အနုပညာရှင် (၂၄)ဦးကိုလည်း စစ်ကောင်စီက အမှုရုပ်သိမ်းပေးလိုက်တာဖြစ်ပါတယ်။အနုပညာရှင်တချို့ကို အခုလို အမှုရုပ်သိမ်းပေးလိုက်တဲ့အခြေအနေအပေါ် ပြည်သူလူထုက ဝမ်းသာကြပေမယ့် သူတို့အမြင်လေးတွကိုလည်းလူမှုကွန်ယက်စာမျက်နှာပေါ်မှာ အမျိုးမျိုးရေးသားနေကြတာဖြစ်ပါတယ်။
မေဦးကတော့ ၅၀၅(က)ပုဒ်မနဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့သူတွေကို ပြန်လွှတ်ပေးရအောင် အပြစ်လုပ်ထားတာဘာတစ်ခုမှမရှိဘူးဆိုပြီး ပြတ်ပြတ်သားသားပြောလိုက်တာဖြစ်ပါတယ်။မေဦးရဲ့ ပြတ်သားတဲ့စကားတစ်ခွန်းကိုပြည်သူတွေကလည်း ထောက်ခံနေကြတာဖြစ်ပါတယ်။လက်ရှိအခြေအနေမှာတောင် သူ့ရဲ့ခံယူချက်အတိုင်း ရင်ထဲကစကားတွေကို ပွင့်ပွင့်လင်းလင်းပြောဆိုနေတတ်တာကြောင့် မေဦးရေးသားထားတဲ့ စာလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
Source&Photo Credit:May Oo’s Facebook Acc
———–
Makeup ေလာကမွာ နာမည္ႀကီး လူႀကိဳက္မ်ားတဲ့ ေမဦးကေတာ့ ေအာင္ျမင္ေနတဲ့သူတစ္ေယာက္ပဲျဖစ္ပါတယ္။ေမဦးက အလွအပေတြဖန္တီးတဲ့လက္နဲ႔ပဲ အခုေႏြဦးေတာ္လွန္ေရးမွာ ဆိုင္းဘုတ္ေလးေတြကိုင္ၿပီး တတ္ႏိုင္တဲ့ေနရာကေနပါဝင္ခဲ့တာျဖစ္ပါတယ္။လတ္တေလာမွာေတာ့ ေမဦးက လုံၿခဳံစိတ္ခ်ရမယ့္ေနရာမွာေရွာင္တိမ္းေနထိုင္ေနရေပမယ့္ ေတာ္လွန္ေရးကိုေတာ့ အားမေလ်ာ့သြားဘဲ ျပည္သူေတြနဲ႔အတူ တစ္သားတည္းရပ္တည္ေနဆဲျဖစ္ပါတယ္။
ဒီေန႔မနက္ပိုင္းမွာ ေထာင္ထဲေရာက္ေနတဲ့ ျပည္သူ(၂၀၀၀)ေက်ာ္ ျပန္လႊတ္မယ္လို႔ သတင္းထြက္ေနတာေၾကာင့္အကုန္လုံးက ရင္ခုန္စြာေစာင့္ေနၾကတာျဖစ္ပါတယ္။မေန႔ညကဆိုရင္ ၅၀၅(က)ပုဒ္မနဲ႔ ဝရမ္းထုတ္ခံထားရတဲ့အႏုပညာရွင္ (၂၄)ဦးကိုလည္း စစ္ေကာင္စီက အမႈ႐ုပ္သိမ္းေပးလိုက္တာျဖစ္ပါတယ္။အႏုပညာရွင္တခ်ိဳ႕ကို အခုလို အမႈ႐ုပ္သိမ္းေပးလိုက္တဲ့အေျခအေနအေပၚ ျပည္သူလူထုက ဝမ္းသာၾကေပမယ့္ သူတို႔အျမင္ေလးတြကိုလည္းလူမႈကြန္ယက္စာမ်က္ႏွာေပၚမွာ အမ်ိဳးမ်ိဳးေရးသားေနၾကတာျဖစ္ပါတယ္။
ေမဦးကေတာ့ ၅၀၅(က)ပုဒ္မနဲ႔ ဖမ္းဝရမ္းထုတ္ခံထားရတဲ့သူေတြကို ျပန္လႊတ္ေပးရေအာင္ အျပစ္လုပ္ထားတာဘာတစ္ခုမွမရွိဘူးဆိုၿပီး ျပတ္ျပတ္သားသားေျပာလိုက္တာျဖစ္ပါတယ္။ေမဦးရဲ႕ ျပတ္သားတဲ့စကားတစ္ခြန္းကိုျပည္သူေတြကလည္း ေထာက္ခံေနၾကတာျဖစ္ပါတယ္။လက္ရွိအေျခအေနမွာေတာင္ သူ႔ရဲ႕ခံယူခ်က္အတိုင္း ရင္ထဲကစကားေတြကို ပြင့္ပြင့္လင္းလင္းေျပာဆိုေနတတ္တာေၾကာင့္ ေမဦးေရးသားထားတဲ့ စာေလးကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။
Source&Photo Credit:May Oo’s Facebook Acc