အကိုဖြစ်သူ ရေမွန်ရဲ့ ရက်လည်ဈာပနအထိ ကူညီပေးခဲ့ကြတဲ့ မိတ်ဆွေတွေကို ကျေးဇူးတင်စကားဆိုလာတဲ့ လပြည့်ကဗျာ

ရုတ်တရက် အစာအိမ်သွေးကြောပေါက်၍ ကွယ်လွန်သွားခဲ့ရတဲ့ ရေမွန်ရဲ့ ရက်လည်ဈာပနကတော့မနေ့က ရေမွန်နေခဲ့တဲ့ အိမ်ကလေးမှာပဲ ပြုလုပ်ခဲ့ပါတယ်။အပေါင်းအသင်းဝင်ဆံ့တဲ့ ရေမွန်ရဲ့ ရက်လည်ကတော့ အပေါင်းအသင်းမိတ်ဆွေတွေလောက်ပဲ ဖိတ်ဖြစ်ခဲ့တဲ့အကြောင်း သိရပါတယ်။ကိုဗစ်ရောဂါကူစက်ပြန့်ပွှားမှုတိုးနေတာကြောင့် လူအနည်းငယ်သာ ဖိတ်ခဲ့တယ်လို့ သိရပါတယ်။

ငယ်စဉ်ကတည်းက အဖမဲ့ဘဝနဲ့နေလာခဲ့ရတဲ့ မောင်နှမနှစ်ယောက်အနေနဲ့ ယခုလိုအကိုဖြစ်သူ ဆုံးပါးသွားရတဲ့ပေါ်ညီမဖြစ်သူတစ်ယောက် အနေနဲ့ တာဝန်တွေ သူ့အပေါ်ကျရောက်လာတာကို ကြံ့ကြံ့ခံရပ်တည်သွားမယ်လို့ ပြောကြာခဲ့ပါတယ်။ အကိုဖြစ်သူ ရေမွန်ရဲ့ ရက်လည်မှာ ကူညီပေးခဲ့ကြသူတွေကို ညီမဖြစ်သူ လပြည့်ကဗျာရဲ့ လူမှုကွန်ယက်စာမျက်နှာကနေတစ်ဆင့် ကျေးဇူးတင်စကားပြောကြားလာခဲ့ပြီး လူသေသွားပေမယ့် နာမည်မသေတဲ့ အကိုဖြစ်သူအတွက် သူ့အနေနဲ့ ဂုဏ်ယူကြောင်းပြောယခုလိုပြောကြားလာခဲ့ပါတယ်။

“ဘပီ ရက်လည်နေ့မှာ အားလုံးဝိုင်းဝန်း ကူညီပေးကြလို့ အဆင်ပြေပြေနဲ့ ပီးဆုံးခဲ့ပါတယ် ဘပီရက်လည် အစမှသည် အဆုံး ပါဝင်ကူညီပေးတဲ့ Idiots မိသားစုဝင်များ ကြွရောက်ပေးကြတဲ့ ဧည့်သည်များအားလုံးနှင့်တကွ နာရေးကူငွေများ လှုတန်းပေးကြတဲ့ အနယ်နယ်အရပ်ရပ်က ချစ်ခင်သူများ အားလုံးကို ရင်ထဲလှိုက်လှိုက်လဲလဲ ကျေးဇူးတင်ရှိပါတယ်

ကိုဗစ် အခြေအနေအရ အခက်ခဲရှိလို့ လူအများကြီး မဖိတ်နိုင်တာ Sorry ပါနော် ဗြုန်းစားကြီး ဘပီခွဲသွားတော့ အားလုံးရဲ့တာဝန်တွေက ကိုယ့်အပေါ်ပုံကျလာတယ် သိပ်တော့မလွယ်ကူလှဘူးဆိုတာသိပေမယ့် ညမလေးတို့ မိသားစု အကောင်းဆုံးရှင်သန်ရပ်တည်ပါ့မယ်လို့ ကတိပေးပါတယ် လူသေသော်လည်း နာမည်မသေတဲ့ ငါ့အကိုအတွက် သိပ်ဂုဏ်ယူတယ် “ဆိုပြီး အကိုဖြစ်သူ ရက်လည်မှ ပုံရိပ်လေးတွေ မျှဝေလာခဲ့ပါတယ်။

———-

အကိုျဖစ္သူ ေရမြန္ရဲ႕ ရက္လည္ဈာပနအထိ ကူညီေပးခဲ့ၾကတဲ့ မိတ္ေဆြေတြကို ေက်းဇူးတင္စကားဆိုလာတဲ့ လျပည့္ကဗ်ာ

႐ုတ္တရက္ အစာအိမ္ေသြးေၾကာေပါက္၍ ကြယ္လြန္သြားခဲ့ရတဲ့ ေရမြန္ရဲ႕ ရက္လည္ဈာပနကေတာ့မေန႔က ေရမြန္ေနခဲ့တဲ့ အိမ္ကေလးမွာပဲ ျပဳလုပ္ခဲ့ပါတယ္။အေပါင္းအသင္းဝင္ဆံ့တဲ့ ေရမြန္ရဲ႕ ရက္လည္ကေတာ့ အေပါင္းအသင္းမိတ္ေဆြေတြေလာက္ပဲ ဖိတ္ျဖစ္ခဲ့တဲ့အေၾကာင္း သိရပါတယ္။ကိုဗစ္ေရာဂါကူစက္ျပန႔္ပႊားမႈတိုးေနတာေၾကာင့္ လူအနည္းငယ္သာ ဖိတ္ခဲ့တယ္လို႔ သိရပါတယ္။

ငယ္စဥ္ကတည္းက အဖမဲ့ဘဝနဲ႔ေနလာခဲ့ရတဲ့ ေမာင္ႏွမႏွစ္ေယာက္အေနနဲ႔ ယခုလိုအကိုျဖစ္သူ ဆုံးပါးသြားရတဲ့ေပၚညီမျဖစ္သူတစ္ေယာက္ အေနနဲ႔ တာဝန္ေတြ သူ႔အေပၚက်ေရာက္လာတာကို ႀကံ့ႀကံ့ခံရပ္တည္သြားမယ္လို႔ ေျပာၾကာခဲ့ပါတယ္။ အကိုျဖစ္သူ ေရမြန္ရဲ႕ ရက္လည္မွာ ကူညီေပးခဲ့ၾကသူေတြကို ညီမျဖစ္သူ လျပည့္ကဗ်ာရဲ႕ လူမႈကြန္ယက္စာမ်က္ႏွာကေနတစ္ဆင့္ ေက်းဇူးတင္စကားေျပာၾကားလာခဲ့ၿပီး လူေသသြားေပမယ့္ နာမည္မေသတဲ့ အကိုျဖစ္သူအတြက္ သူ႔အေနနဲ႔ ဂုဏ္ယူေၾကာင္းေျပာယခုလိုေျပာၾကားလာခဲ့ပါတယ္။

“ဘပီ ရက္လည္ေန႔မွာ အားလုံးဝိုင္းဝန္း ကူညီေပးၾကလို႔ အဆင္ေျပေျပနဲ႔ ပီးဆုံးခဲ့ပါတယ္ ဘပီရက္လည္ အစမွသည္ အဆုံး ပါဝင္ကူညီေပးတဲ့ Idiots မိသားစုဝင္မ်ား ႂကြေရာက္ေပးၾကတဲ့ ဧည့္သည္မ်ားအားလုံးႏွင့္တကြ နာေရးကူေငြမ်ား လႈတန္းေပးၾကတဲ့ အနယ္နယ္အရပ္ရပ္က ခ်စ္ခင္သူမ်ား အားလုံးကို ရင္ထဲလႈိက္လႈိက္လဲလဲ ေက်းဇူးတင္ရွိပါတယ္

ကိုဗစ္ အေျခအေနအရ အခက္ခဲရွိလို႔ လူအမ်ားႀကီး မဖိတ္ႏိုင္တာ Sorry ပါေနာ္ ျဗဳန္းစားႀကီး ဘပီခြဲသြားေတာ့ အားလုံးရဲ႕တာဝန္ေတြက ကိုယ့္အေပၚပုံက်လာတယ္ သိပ္ေတာ့မလြယ္ကူလွဘူးဆိုတာသိေပမယ့္ ညမေလးတို႔ မိသားစု အေကာင္းဆုံးရွင္သန္ရပ္တည္ပါ့မယ္လို႔ ကတိေပးပါတယ္ လူေသေသာ္လည္း နာမည္မေသတဲ့ ငါ့အကိုအတြက္ သိပ္ဂုဏ္ယူတယ္ “ဆိုၿပီး အကိုျဖစ္သူ ရက္လည္မွ ပုံရိပ္ေလးေတြ မွ်ေဝလာခဲ့ပါတယ္။

Crd – YaungChi