(၁၀) တန်းအမှတ်မီသော်လည်း တက္ကသိုလ်ဆက်တက်ဖို့ အခက်အခဲရှိသူများ ပြေတီဦးဖောင်ဒေးရှင်းတွင် ပညာသင်ထောက်ပံ့ငွေ လျှောက်ထားနိုင်…

ရန်ကုန် ဇန်နဝါရီ ၁၉ရက်

ပြေတီဦးဖောင်ဒေးရှင်းမှ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက်

ဆေးတက္ကသိုလ်တက်ရောက်မည့် ကျောင်းသား/ကျောင်းသူ ၅ဦး

စက်မှုတက္ကသိုလ်တက်ရောက်မည့် ကျောင်းသား/ကျောင်းသူ ၅ဦး

ဥပဒေ ကျောင်းသား/ကျောင်းသူ ၂ဦး

စုစုပေါင်း (၁၂) ဦးတို့အား ထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရသည်။

ရွေးချယ်ခံရသော ကျောင်းသား၊ ကျောင်းသူများအား လစဥ် ၁၀၀၀၀၀/-ကျပ်(တစ်သိန်းကျပ်)ထောက်ပံ့ပေးမည်ဖြစ်ပြီး ကျောင်းပိတ်သောလများတွင် ၂၀၀၀၀/-ကျပ် (နှစ်သောင်းကျပ်)ထောက်ပံ့ပေးမည်ဖြစ်ကြောင်းသိရသည်။

လျှောက်ထားလိုသူများအနေဖြင့် “ပြေတီဦးဖောင်ဒေးရှင်း” အမှတ်(၃၁၁)၊ အခန်း(၁၁)၊ဗိုလ်ချုပ်အောင်ဆန်းလမ်း(၃၅လမ်းထောင့်)၊ ၂ရပ်ကွက်၊ ကျောက်တံတားမြို့နယ် ရန်ကုန်မြို့ (သို့) ပြေတီဦးဖောင်ဒေးရှင်း facebook page messenger (သို့) စာတိုက်မှတဆင့်အောက်ပါအချက်အလက်များအတိုင်း လျှောက်ထားနိုင်သည်။

(၁) မိမိကိုယ်တိုင်ရေးသားသည့် လျှောက်လွှာဖြင့် လျှောက်ထားရန်

(၂) အခြေခံပညာ အထက်တန်းစာမေးပွဲ အောင်မြင်ခဲ့သည့် အမှတ်စာရင်းမိတ္တူ

(၃) လျှောက်ထားသူနှင့် မိဘနှစ်ပါး၏ မှတ်ပုံတင်မိတ္တူ၊ သန်းခေါင်စာရင်းမိတ္တူ

(၄) ကာလာ ပက်စ်ပို့ဓါတ်ပုံ ၃ပုံ။(ဆက်သွယ်ရန်လိပ်စာအပြည့်အစုံနှင့် ဆက်သွယ်ရမည့်ဖုန်းနံပါတ်)

(၅) မိဘ(သို့) အုပ်ထိန်းသူများအနေဖြင့် မိမိတို့ သား၊သမီး ပညာသင်ကြားနိုင်ရေးအတွက် အမှန်တကယ်အခက်အခဲရှိနေကြောင်း တင်ပြချက်။

(၆) တက္ကသိုလ်တက်ရောက်ရန်အတွက် ငွေကြေးအခက်အခဲရှိကြောင်း မိမိနေထိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူး၏ ထောက်ခံစာ

(၇) အောက်ပါအချက်များကို ကိုယ်တိုင်ဝန်ခံချက်ရေးသားရပါမည်။

(က) တစ်နှစ်တစ်တန်းအောင်မြင်ရန် တာဝန်ယူကြောင်းနှင့် စာမေးပွဲကျပါကနောင်နှစ်တွင် ထောက်ပံ့ကြေးရရှိမည် မဟုတ်သည်ကိုသိရှိပါကြောင်း (သက်ဆိုင်ရာတက္ကသိုလ်မှ ကျောင်းခေါ်ချိန် မပြည့်မီသဖြင့် စာမေးပွဲဖြေဆိုခွင့်မရရှိလျှင်လည်း စာမေးပွဲကျသည်ဟု မှတ်ယူမည်။

(ခ) မည်သည့် ပုဂ္ဂိုလ်/အဖွဲ့အစည်း၏ထောက်ပံ့မှုရယူထားခြင်းမရှိပါကြောင်း ဝန်ခံချက်။

(ဂ) ပညာသင်ကြားနေစဥ်အတွင်း ပါတီနိုင်ငံရေးလုပ်ဆောင်ခြင်း ပြုလုပ်မည်မဟုတ်ပါကြောင်း ဝန်ခံချက်

(ဃ) ပြေတီဦးဖောင်ဒေးရှင်း၏ ထောက်ပံ့ငွေဖြင့် ဆေးတက္ကသိုလ်မှ ဆရာဝန်ဘွဲ့ရရှိပါက မိမိနိုင်ငံအတွင်း မရှိနွမ်းပါးသော ပြည်သူများ၏ ကျန်းမာရေးကို အနည်းဆုံး(၅)နှစ် ဦးစားပေးစောင့်ရှောက်သော ဆရာဝန်အဖြစ် လုပ်ကိုင်မည် ဖြစ်ကြောင်း ဝန်ခံချက်။

စသည့်အချက်များဖြင့် လျှောက်ထားနိုင်သည်။

ပြေတီဦးဖောင်ဒေးရှင်းအဖွဲ့သည် ပညာသင်စရိတ် အမှန်တကယ်လိုအပ်သူများအား ထောက်ပံ့ပေးနိုင်ရန်ရည်ရွယ်ချက်ဖြင့် (၂၀၁၀) ခုနှစ်မှ စတင်ဖွဲ့စည်းတည်ထောင်ခဲ့သော ဖောင်ဒေးရှင်းတခုဖြစ်သည်။

Pyae Phyo/D-Wave

Zawgyi ;

ရန္ကုန္ ဇန္နဝါရီ ၁၉ရက္

ေျပတီဦးေဖာင္ေဒးရွင္းမွ ၂၀၂၀-၂၀၂၁ ပညာသင္ႏွစ္အတြက္

ေဆးတကၠသိုလ္တက္ေရာက္မည့္ ေက်ာင္းသား/ေက်ာင္းသူ ၅ဦး

စက္မႈတကၠသိုလ္တက္ေရာက္မည့္ ေက်ာင္းသား/ေက်ာင္းသူ ၅ဦး

ဥပေဒ ေက်ာင္းသား/ေက်ာင္းသူ ၂ဦး

စုစုေပါင္း (၁၂) ဦးတို႔အား ေထာက္ပံ့ေပးမည္ျဖစ္ေၾကာင္း သိရသည္။

ေ႐ြးခ်ယ္ခံရေသာ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား လစဥ္ ၁၀၀၀၀၀/-က်ပ္(တစ္သိန္းက်ပ္)ေထာက္ပံ့ေပးမည္ျဖစ္ၿပီး ေက်ာင္းပိတ္ေသာလမ်ားတြင္ ၂၀၀၀၀/-က်ပ္ (ႏွစ္ေသာင္းက်ပ္)ေထာက္ပံ့ေပးမည္ျဖစ္ေၾကာင္းသိရသည္။

ေလွ်ာက္ထားလိုသူမ်ားအေနျဖင့္ “ေျပတီဦးေဖာင္ေဒးရွင္း” အမွတ္(၃၁၁)၊ အခန္း(၁၁)၊ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္း(၃၅လမ္းေထာင့္)၊ ၂ရပ္ကြက္၊ ေက်ာက္တံတားၿမိဳ႕နယ္ ရန္ကုန္ၿမိဳ႕ (သို႔) ေျပတီဦးေဖာင္ေဒးရွင္း facebook page messenger (သို႔) စာတိုက္မွတဆင့္ေအာက္ပါအခ်က္အလက္မ်ားအတိုင္း ေလွ်ာက္ထားႏိုင္သည္။

(၁) မိမိကိုယ္တိုင္ေရးသားသည့္ ေလွ်ာက္လႊာျဖင့္ ေလွ်ာက္ထားရန္

(၂) အေျခခံပညာ အထက္တန္းစာေမးပြဲ ေအာင္ျမင္ခဲ့သည့္ အမွတ္စာရင္းမိတၱဴ

(၃) ေလွ်ာက္ထားသူႏွင့္ မိဘႏွစ္ပါး၏ မွတ္ပုံတင္မိတၱဴ၊ သန္းေခါင္စာရင္းမိတၱဴ

(၄) ကာလာ ပက္စ္ပို႔ဓါတ္ပုံ ၃ပုံ။(ဆက္သြယ္ရန္လိပ္စာအျပည့္အစုံႏွင့္ ဆက္သြယ္ရမည့္ဖုန္းနံပါတ္)

(၅) မိဘ(သို႔) အုပ္ထိန္းသူမ်ားအေနျဖင့္ မိမိတို႔ သား၊သမီး ပညာသင္ၾကားႏိုင္ေရးအတြက္ အမွန္တကယ္အခက္အခဲရွိေနေၾကာင္း တင္ျပခ်က္။

(၆) တကၠသိုလ္တက္ေရာက္ရန္အတြက္ ေငြေၾကးအခက္အခဲရွိေၾကာင္း မိမိေနထိုင္ရာရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး၏ ေထာက္ခံစာ

(၇) ေအာက္ပါအခ်က္မ်ားကို ကိုယ္တိုင္ဝန္ခံခ်က္ေရးသားရပါမည္။

(က) တစ္ႏွစ္တစ္တန္းေအာင္ျမင္ရန္ တာဝန္ယူေၾကာင္းႏွင့္ စာေမးပြဲက်ပါကေနာင္ႏွစ္တြင္ ေထာက္ပံ့ေၾကးရရွိမည္ မဟုတ္သည္ကိုသိရွိပါေၾကာင္း (သက္ဆိုင္ရာတကၠသိုလ္မွ ေက်ာင္းေခၚခ်ိန္ မျပည့္မီသျဖင့္ စာေမးပြဲေျဖဆိုခြင့္မရရွိလွ်င္လည္း စာေမးပြဲက်သည္ဟု မွတ္ယူမည္။

(ခ) မည္သည့္ ပုဂၢိဳလ္/အဖြဲ႕အစည္း၏ေထာက္ပံ့မႈရယူထားျခင္းမရွိပါေၾကာင္း ဝန္ခံခ်က္။

(ဂ) ပညာသင္ၾကားေနစဥ္အတြင္း ပါတီႏိုင္ငံေရးလုပ္ေဆာင္ျခင္း ျပဳလုပ္မည္မဟုတ္ပါေၾကာင္း ဝန္ခံခ်က္

(ဃ) ေျပတီဦးေဖာင္ေဒးရွင္း၏ ေထာက္ပံ့ေငြျဖင့္ ေဆးတကၠသိုလ္မွ ဆရာဝန္ဘြဲ႕ရရွိပါက မိမိႏိုင္ငံအတြင္း မရွိႏြမ္းပါးေသာ ျပည္သူမ်ား၏ က်န္းမာေရးကို အနည္းဆုံး(၅)ႏွစ္ ဦးစားေပးေစာင့္ေရွာက္ေသာ ဆရာဝန္အျဖစ္ လုပ္ကိုင္မည္ ျဖစ္ေၾကာင္း ဝန္ခံခ်က္။

စသည့္အခ်က္မ်ားျဖင့္ ေလွ်ာက္ထားႏိုင္သည္။

ေျပတီဦးေဖာင္ေဒးရွင္းအဖြဲ႕သည္ ပညာသင္စရိတ္ အမွန္တကယ္လိုအပ္သူမ်ားအား ေထာက္ပံ့ေပးႏိုင္ရန္ရည္႐ြယ္ခ်က္ျဖင့္ (၂၀၁၀) ခုႏွစ္မွ စတင္ဖြဲ႕စည္းတည္ေထာင္ခဲ့ေသာ ေဖာင္ေဒးရွင္းတခုျဖစ္သည္။

Pyae Phyo/D-Wave