
ဖမ်းဆီးထားတဲ့ လူတွေ လွှတ်ပေးရတဲ့အကြောင်းရင်း ဖြစ်နိုင်ချေက (၃)ခု
(၁) ICJ ပြဿနာ
နောက်လ တရားရင်ဆိုင်ရမယ့် ICJ အမှုကိစ္စအတွက် အပြစ်ပေါ့အောင် နိုင်ငံတကာကို မျက်နှာချိုသွေးတာ။
အကျဉ်းသားတွေ လွှတ်ပေးတယ်၊ လူသားချင်းစာနာထောက်ထားတယ်ပေါ့။ ပြီးတော့ UN နဲ့ US ကို လည်း အမှန်တကယ်ခေါင်းထဲ ထည့်လာရလို့။
UN ကလည်း လက်နက်ကိစ္စလိုမျိုး သူတို့လုပ်လို့ရသလောက် လုပ်ပေးနေသလို၊ US ကလည်း အပြောမဟုတ် တကယ်ကို ဆော်နေတာ။
မြန်မာနောင်းသတင်းထောက်မကေဇွန်နွေး
လတ်တလော ဖော်ထုတ်ထားတဲ့ မူးယစ်ဆေးဝါးအမှုဟာ မအလအတွက် အရူးကွက်နင်းလို့မရတော့ဘူး။ တစ်ပူပေါ် နှစ်ပူဆင့်ဖြစ်နေပြီ။
အဲဒီ့တော့ သူတို့ပထွေး တရုတ်က ကမ္ဘာ့ဖိအားဒဏ်ကိုကြောက်လာတဲ့အတွက် မအလအပေါ် အရင်ကလောက် ဟက်ဟက်ပက်ပက်မရှိတော့တာလည်းပါတယ် ။
(၂) နိုင်ငံတကာရဲ့ ထောက်ခံမှု
ရန်ကုန်က ကဗျာဆရာတွေအားလုံး ပြန်လွတ်ဒီနေ့ပဲ ပြင်သစ်အထက်လွှတ်တော်နဲ့ NUG ဝန်ကြီးတွေ အစည်းအဝေးလုပ်ကြတယ်။ သူတို့က NUG ကို အစိုးရအဖြစ် အသိအမှတ်ပြုပြီး မအလတို့ကို လုံးဝအသိအမှတ်မပြုဘူး ။
NUG ဝန်ကြီးတွေကို ပြင်သစ်လွှတ်တော်အမတ်တွေက ဝန်ကြီးလို့ပဲ သုံးနှုန်းသွားတယ်။
ကမ္ဘာက စစ်ကောင်စီကို အသိအမှတ်မပြုတဲ့အပြင် ဖိအားတွေပဲ မျိုးစုံပေးနေသလို ပိတ်ဆို့အရေးယူမှုတွေပဲ လုပ်နေလို့။
အတိုချုပ်ပြောရရင် မအလဟာ ကမ္ဘာ့အသိအမှတ်ပြုမှု၊ ပြည်သူလုထူထောက်ခံမှုကို လိုချင်နေလို့။ ပြည်သူ့မေတ္တာကို ခံယူချင်လာတာ။လူရာဝင်ချင်လာတာ။ သူ့မွေးနေ့ နီးလာပြီလေ။
(၃) အကျဉ်းထောင်ဘတ်ဂျက်
ဖမ်းဆိုလို့သာ တွေ့ကရာလူ အကုန်လျှောက်ဖမ်းထားတာ။ ဘယ်သူ့ကို ဘယ်ပုဒ်မတပ်ရမှန်းမသိဘူး။ အကြာကြီးလည်း မကျွေးနိုင်တော့ဘူး။
အဲဒီ့တော့ အပေါ်က အချက်(၂)ချက်ကိုပါ ထည့်စဉ်းစားပြီး လွှတ်ပေးလိုက်တာ ။
လွတ်မြောက်လာသူ အားလုံးအတွက်ရော၊ သူတို့မိသားစုဝင် အားလုံးအတွက်ပါ လှိုက်လှိုက်လှဲလှဲဝမ်းသာမိပေမယ့် စစ်ကောင်စီကိုတော့ဘာအတွက်မှကျေးဇူးတင် စရာမလိုဘူးလို့ သုံးသပ်မိတယ်။
Credit မိုးခ