
အကျဉ်းထောင်ထဲမှာ နေထိုင်ခဲ့ရတဲ့ အခြေအနေတွေကို ဖခင်ဖြစ်သူအား ပြန်လည်ပြောပြလာတဲ့ အသက် (၅) နှစ်အရွယ် သမီးလေး စုထက်ဝိုင်း…။
မနေ့ကတော့ အကျဉ်းထောင်အသီးသီးတွင် ဖမ်းဆီးထိန်းသိမ်းခံရသူများထဲမှ အချို့တစ်ဝက်ကို ပြန်လည်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီထဲတွင်တော့ အသက်(၅) နှစ်အရွယ်သာ ရှိသေးတဲ့ မိုးကုတ်မြို့မှ သမီးလေး စုထက်ဝိုင်းလည်း ပြန်လည်လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။ ဒီသတင်းကို ကြားကြားချင်း ပြည်သူတွေအားလုံးကသမီးလေးအတွက် ဝမ်းသာခဲ့ကြတာ ဖြစ်ပါတယ်။
သမီးငယ်လေး လွတ်မြောက်လာခဲ့ပေမယ့်လည်း သမီးကြီးနဲ့ ဇနီးဖြစ်သူမှာ အကျဉ်းထောင်ထဲမှာသာ ရှိသေးကြောင်း ဖခင်ဖြစ်သူမှ ပြောပြထားတာ ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း အသက်အငယ်ဆုံးသမီးလေး ပြန်လွတ်မြောက်လာပြီး ကလေးပြောပြလာတဲ့ အကျဉ်းထောင်ထဲတွင် နေထိုင်ခဲ့ရတာတွေကို ပြန်လည်ဝေမျှလာတာ ဖြစ်ပါတယ်။
နှစ်ပတ်ကျော်ကြာ သမီးလေး ဖမ်းဆီးထားခံရစဉ် ထမင်းဝအောင် မစားရဘဲ ရေချိုးရင်လည်း အိမ်သာရေနဲ့သာ ချိုးရကြောင်း ပြောပြလာပါတယ်။ သမီးလေး အစ်မနဲ့ အမေ အထဲတွင် ဘယ်လိုနေထိုင်ရလဲမေးတော့လည်း မျက်နှာလေးအရောင်ပြောင်းသွားပြီး ဘာမှပြန်မဖြေတော့ကြောင်း ဖခင်ဖြစ်သူမှရေးသားထားပါတယ်။
စိတ်ဒဏ်ရာအချို့နဲ့ ဘဝကို ဖြတ်သန်းရတော့မယ့် သမီးဖြစ်သူကို ကြည့်ပြီး စိတ်မကောင်းဖြစ်နေကြောင်းကိုလည်းအခုလို ရေးသားပြောပြထားပါတယ်။ ” သမီးငယ် စုထက်ဝိုင်း မနေ့က ဖမ်းဆီးခံထားရခြင်းမှပြန် လွတ်လာပါတယ်” .သမီးကြီးနဲ့ သူ့အမေကိုတော့ ဖမ်းဆီးထားဆဲပါ။
စုထက်ဝိုင်းလွတ်မြောက်ရေးအတွက် ကြိုးစားပေးကြပါသော နိုင်ငံတကာ အဖွဲ့အစည်းများ၊ ပြည်တွင်းတော်လှန်ရေးအင်အားစုများအားအထူးကျေးဇူးတင်ရှိပါတယ်ဗျာ.သမီးလေး လွတ်လာကြောင်း အဆက်အသွယ်ရရခြင်းဘေးကင်းရာ သို့ ပြန်လည်ခေါ်ထုတ်နိုင်ရန်ကြိုးစားပေးကြသော GZလူငယ်များ.လမ်းခရီးတလျှောက်စောင့်ရှောက်ပေးကြသူများအားလုံးကို ကျေးဇူးတင်ပါတယ်။
နှစ်ပတ်ကျော်ကြာဖမ်းဆီးချုပ်နှောင်ထားစဥ်. “ထမင်းဝအောင်မစားရဘူး”.”ရေချိုးရင်အိမ်သာရေနဲ့ချိုးရတာ”.လို့ ပြန်ပြောပြပါတယ်.”ဖွားဖွားစု (ဒေါ်အောင်ဆန်းစုကြည်)” လွတ်ပြီလားလို့လည်းမေးပါတယ်.”မလွတ်သေးဘူးသမီးရေ”ဆိုတော့ ခပ်ငေးငေးလေးဖြစ်သွားပုံက ရင်ထဲထိရှရပါတယ်ဗျာ။
သူ့အမေနဲ့အမ အထဲမှာ ဘယ်လိုနေထိုင်နေလည်း စသဖြင့်အထဲကအကြောင်းတွေကိုမေးတာ မျက်နှာလေးအရောင်ပြောင်းသွားပြီး ဘာမှပြန်မပြောပြဘူး.စိတ်ဒဏ်ရာ အချို့နဲ့ဘဝကို ဖြတ်သန်းပေဦးတော့ သမီးရေ.” ဆိုပြီး သမီးလေးဖြစ်ပျက်ခဲ့တာတွေကို ကြားသိရသလောက် ပြန်လည်ရေးသားဝေမျှထားတာ ဖြစ်ပါတယ်။
သမီးလေးခံစားနေရတဲ့ စိတ်ဒဏ်ရာတွေ အမြန်ဆုံးပျောက်ကင်းပြီး ခွဲခွာနေရတဲ့ မိသားစုဝင်များနဲ့ မကြာခင်မှာ ပြန်ဆုံတွေ့နိုင်ပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။
Source and Photo Crd-Original Uploader