
သိပ္ပံပညာရှင်တွေကရွှေကြောရှာဖွေရင်းနဲ့ရွှေတွေသီးနေတယ်လို့ဆိုလို့ရတဲ့
ယူကလစ်သစ်ပင်တွေကိုမတော်တ ဆတွေ့ရှိခဲ့ပါတယ်။ဒီအပင်တွေကိုဘယ်လိုအသုံးချကြမလဲ။ပုံပြင်ထဲမှာတော့ကိုယ်လိုချင်တဲ့ပစ္စည်းတွေကို အပင်တွေဆီကခူးယူကြတာကြားဖူးကြမှာပါ။
ရှေးတုန်းကလဲပစ္စည်းတွေ သီးတဲ့ ပဒေသာပင်ဆိုတာရှိခဲ့တယ်လို့လူကြီးတွေကပြောဖူးကြပါတယ်။
ကဲအခုက တော့ပစ္စည်းတွေသီးတဲ့အပင်တွေအကြောင်းတော့မဟု တ်ပေမယ့်ရွှေထွက်တဲ့သစ်ပင်တွေအကြောင်းပြောပြမှာပါ။
ရွှေထွက်တဲ့သစ်ပင်တွေတွေ့တဲ့နေရာကတော့ခြောက် သွေ့တဲ့ဒေသတစ်ဖြစ်လဲGoldfields Esperanceဒေသ ဖြစ်ပြီးသြစတြေးလျတိုက် အနောက် ဘက်မှာရှိတာပါ။
မူလကတော့ ရှာဖွေသူတွေဟာဒီရွှေထွက်တဲ့မြေအေက်မှာဘာရှိသလဲ ဆိုတာ လောက်ပဲရှာဖွေဖို့ရည်ရွယ်ခဲ့ပေမယ့်တကယ်ရွှေတွေ့တော့မြေကြီးထဲမှာမဟုတ်ဘဲယူက လစ်သစ်ပင်တွေမှာသွားတွေ့ပါတယ်။အဲဒီသစ်ပင် တွေဟာ အကိုင်း အလက် ချိုးခံရ ပေမယ့်လည်း မူလ အတိုင်း ပြန်လည် ရှင်သန် နိုင်စွမ်းရှိတဲ့ အပင် တွေ ဖြစ်ပြီး အမြစ်တွေဟာလည်း မြေအောက် ဘက်ကို လျှိုတိုးနိုင်စွမ်း အားကောင်း တာကြောင့်
ရေသောက် မြစ်တွေက ဘယ်လို မြေအောက် ရေကို အသုံးချပြီး အပင်တွေ ကို ရှင်သန် စေသလဲ ဆိုတာတောင် ရှာရခက် ပါတယ်။
ဒီမှာ မေးစရာ ရှိတာက မြေကြီး အောက်က ရွှေတွေဟာ သစ်ပင်ကနေ ဘာကြောင့် ထွက်သလဲ ဆိုတာပါပဲ။ တကယ်တော့ ယူကလစ်သစ်ပင်တွေရဲ့ အမြစ်ဟာ ရှည်လျား လွန်းတာ ကြောင့် ရွှေတွေရှိတဲ့ မြေလွှာ ထဲအထိ ရောက်ရှိ နိုင်ပါတယ်။
သစ်ပင် တွေဟာ ဓာတ်ပစ္စည်း တွေကို မြေအောက် ကနေ သယ်ဆောင် နိုင်စွမ်းရှိတာ မဆန်းပေမယ့် မူလ အားဖြင့် ရွှေဆိုတဲ့ သတ္တုဟာ အပင် တွေရဲ့ အဆိပ် ဖြစ်တာကြောင့် ဒီအပင် တွေကတော့ အထူး အဆန်းလို ဖြစ်နေပါတယ်။ရွှေရှိတဲ့ မြေလွှာထဲ ရောက်နေတဲ့ အမြစ် တွေက ရွှေအပိုင်းအစတွေကို စုပ်ယူပြီး နောက် အန္တရာယ် ရှိတဲ့ ဓာတ်ပေါင်းစည်းမှုတွေ မဖြစ်ဖို့ အပေါ်ဆုံး အဖျားမှာ ရှိတဲ့ အရွက်တွေဆီ ပို့ပေး လိုက်ပါတယ်။
ဒီဖြစ်စဉ်ကို ရှာဖွေ တွေ့ရှိသူ တွေက အစက မယုံကြသေးပါဘူး။
ဖန်လုံအိမ် ထဲမှာလည်း အဲဒီ အပင်တွေ ရွှေတွေကို သယ်ဆောင်နိုင်စွမ်း ရှိ၊မရှိ စမ်းသပ်ခဲ့ ကြရာမှာ အမှန် ဖြစ်တယ် ဆိုတာ လေ့လာ တွေ့ရှိခဲ့ ကြပါတယ်။
အဲဒီ Eucalyptus အပင်တွေက ရွှေထွက် ပေမယ့် များပြားလှတာ မဟုတ်ပါဘူး။ အမှုန်အမွှား လောက်ပဲ ဖြစ်ဟန်တူပါတယ်။ဘာကြောင့်လည်း ဆိုတော့ အဲဒီလို ရွှေ ထွက်တဲ့ အပင်ပေါင်း ၅၀၀ လောက် ပေါင်းမှ လက်ထပ် လက်စွပ် တစ်ကွင်းစာ လုပ်ဖို့ လုံလောက်တဲ့ ရွှေသာ ရနိုင်လောက် လို့ပါပဲတဲ့။
အဲဒီတော့ ဒီအပင် တွေဟာ ရွှေထွက်ရာမှာ အသုံး မဝင်ရင် ဘယ်မှာသုံး ကြပါမလဲ။
ရွှေထုတ်တဲ့ နေရာမှ သုံးကြပါ တယ်တဲ့။ အပင်တွေ စိုက်ပြီး ရွှေ ရှိ၊မရှိ စမ်းသပ်လို့ ရတာကြောင့် ရွှေကြော တွေကို ပေါက်တူး ပေါက်ပြီး ရှာစရာ မလိုတော့ပါဘူး။
Credit .. မူရင်းရေးသူ
———–
သိပၸံပညာရွင္ေတြကေ႐ႊေၾကာရွာေဖြရင္းနဲ႔ေ႐ႊေတြသီးေနတယ္လို႔ဆိုလို႔ရတဲ့
ယူကလစ္သစ္ပင္ေတြကိုမေတာ္တ ဆေတြ႕ရွိခဲ့ပါတယ္။ဒီအပင္ေတြကိုဘယ္လိုအသုံးခ်ၾကမလဲ။ပုံျပင္ထဲမွာေတာ့ကိုယ္လိုခ်င္တဲ့ပစၥည္းေတြကို အပင္ေတြဆီကခူးယူၾကတာၾကားဖူးၾကမွာပါ။
ေရွးတုန္းကလဲပစၥည္းေတြ သီးတဲ့ ပေဒသာပင္ဆိုတာရွိခဲ့တယ္လို႔လူႀကီးေတြကေျပာဖူးၾကပါတယ္။
ကဲအခုက ေတာ့ပစၥည္းေတြသီးတဲ့အပင္ေတြအေၾကာင္းေတာ့မဟု တ္ေပမယ့္ေ႐ႊထြက္တဲ့သစ္ပင္ေတြအေၾကာင္းေျပာျပမွာပါ။
ေ႐ႊထြက္တဲ့သစ္ပင္ေတြေတြ႕တဲ့ေနရာကေတာ့ေျခာက္ ေသြ႕တဲ့ေဒသတစ္ျဖစ္လဲGoldfields Esperanceေဒသ ျဖစ္ၿပီးၾသစေၾတးလ်တိုက္ အေနာက္ ဘက္မွာရွိတာပါ။
မူလကေတာ့ ရွာေဖြသူေတြဟာဒီေ႐ႊထြက္တဲ့ေျမေအက္မွာဘာရွိသလဲ ဆိုတာ ေလာက္ပဲရွာေဖြဖို႔ရည္႐ြယ္ခဲ့ေပမယ့္တကယ္ေ႐ႊေတြ႕ေတာ့ေျမႀကီးထဲမွာမဟုတ္ဘဲယူက လစ္သစ္ပင္ေတြမွာသြားေတြ႕ပါတယ္။အဲဒီသစ္ပင္ ေတြဟာ အကိုင္း အလက္ ခ်ိဳးခံရ ေပမယ့္လည္း မူလ အတိုင္း ျပန္လည္ ရွင္သန္ ႏိုင္စြမ္းရွိတဲ့ အပင္ ေတြ ျဖစ္ၿပီး အျမစ္ေတြဟာလည္း ေျမေအာက္ ဘက္ကို လွ်ိဳတိုးႏိုင္စြမ္း အားေကာင္း တာေၾကာင့္
ေရေသာက္ ျမစ္ေတြက ဘယ္လို ေျမေအာက္ ေရကို အသုံးခ်ၿပီး အပင္ေတြ ကို ရွင္သန္ ေစသလဲ ဆိုတာေတာင္ ရွာရခက္ ပါတယ္။
ဒီမွာ ေမးစရာ ရွိတာက ေျမႀကီး ေအာက္က ေ႐ႊေတြဟာ သစ္ပင္ကေန ဘာေၾကာင့္ ထြက္သလဲ ဆိုတာပါပဲ။ တကယ္ေတာ့ ယူကလစ္သစ္ပင္ေတြရဲ႕ အျမစ္ဟာ ရွည္လ်ား လြန္းတာ ေၾကာင့္ ေ႐ႊေတြရွိတဲ့ ေျမလႊာ ထဲအထိ ေရာက္ရွိ ႏိုင္ပါတယ္။
သစ္ပင္ ေတြဟာ ဓာတ္ပစၥည္း ေတြကို ေျမေအာက္ ကေန သယ္ေဆာင္ ႏိုင္စြမ္းရွိတာ မဆန္းေပမယ့္ မူလ အားျဖင့္ ေ႐ႊဆိုတဲ့ သတၱဳဟာ အပင္ ေတြရဲ႕ အဆိပ္ ျဖစ္တာေၾကာင့္ ဒီအပင္ ေတြကေတာ့ အထူး အဆန္းလို ျဖစ္ေနပါတယ္။ေ႐ႊရွိတဲ့ ေျမလႊာထဲ ေရာက္ေနတဲ့ အျမစ္ ေတြက ေ႐ႊအပိုင္းအစေတြကို စုပ္ယူၿပီး ေနာက္ အႏၲရာယ္ ရွိတဲ့ ဓာတ္ေပါင္းစည္းမႈေတြ မျဖစ္ဖို႔ အေပၚဆုံး အဖ်ားမွာ ရွိတဲ့ အ႐ြက္ေတြဆီ ပို႔ေပး လိုက္ပါတယ္။
ဒီျဖစ္စဥ္ကို ရွာေဖြ ေတြ႕ရွိသူ ေတြက အစက မယုံၾကေသးပါဘူး။
ဖန္လုံအိမ္ ထဲမွာလည္း အဲဒီ အပင္ေတြ ေ႐ႊေတြကို သယ္ေဆာင္ႏိုင္စြမ္း ရွိ၊မရွိ စမ္းသပ္ခဲ့ ၾကရာမွာ အမွန္ ျဖစ္တယ္ ဆိုတာ ေလ့လာ ေတြ႕ရွိခဲ့ ၾကပါတယ္။
အဲဒီ Eucalyptus အပင္ေတြက ေ႐ႊထြက္ ေပမယ့္ မ်ားျပားလွတာ မဟုတ္ပါဘူး။ အမႈန္အမႊား ေလာက္ပဲ ျဖစ္ဟန္တူပါတယ္။ဘာေၾကာင့္လည္း ဆိုေတာ့ အဲဒီလို ေ႐ႊ ထြက္တဲ့ အပင္ေပါင္း ၅၀၀ ေလာက္ ေပါင္းမွ လက္ထပ္ လက္စြပ္ တစ္ကြင္းစာ လုပ္ဖို႔ လုံေလာက္တဲ့ ေ႐ႊသာ ရႏိုင္ေလာက္ လို႔ပါပဲတဲ့။
အဲဒီေတာ့ ဒီအပင္ ေတြဟာ ေ႐ႊထြက္ရာမွာ အသုံး မဝင္ရင္ ဘယ္မွာသုံး ၾကပါမလဲ။
ေ႐ႊထုတ္တဲ့ ေနရာမွ သုံးၾကပါ တယ္တဲ့။ အပင္ေတြ စိုက္ၿပီး ေ႐ႊ ရွိ၊မရွိ စမ္းသပ္လို႔ ရတာေၾကာင့္ ေ႐ႊေၾကာ ေတြကို ေပါက္တူး ေပါက္ၿပီး ရွာစရာ မလိုေတာ့ပါဘူး။
Credit .. မူရင္းေရးသူ