မင်းအောင်လှိုင်ဆိုတဲ့ အသံကြားတာနဲ့ ….ခွက်ကို ဘုန်းကနည်းကန်ချင်လို့ ဘုန်းကံလို့ ပြောတာဆိုတဲ့ လူရွှင်တော် ပိုးလေး

ဟားငါးကောင်လူရွှင်တော်အဖွဲ့ကတော့ တော်လှန်ရေးတိုက်ပွဲများတွင် တတ်နိုင်တဲ့နေရာကနေ ပါဝင်ဆောင်ရွက်ဖို့အတွက် လွတ်မြောက်နယ်မြေတွင် စစ်သင်တန်းတက်ရောက်နေကြပြီ ဖြစ်ပါတယ်။ သူတို့ရဲ့ လှုပ်ရှားမှုတွေကိုလည်း ပြည်သူတွေသိရှိကြစေဖို့ အမြဲလိုလို ဝေမျှပေးနေကြတာ ဖြစ်ပါတယ်။

ဟားငါးကောင်အဖွဲ့ဟာ တော်လှန်ရေးတိုက်ပွဲများတွင် တတ်နိုင်တဲ့နေရာကနေ ပါဝင်ဆောင်ရွက်ဖို့အတွက် လွတ်မြောက်နယ်မြေတွင် စစ်သင်တန်းတက်ရောက်နေကြရုံသာမကပဲ မကြာခဏဆိုသလို ဟာသ အပိုင်းတို videoလေးတွေ ရိုက်ကူး၍ရဲ့ စစ်အာဏာရှင်ကို အနုပညာနဲ့ တစ်ဖုံ တော်လှန်နေတယ်ဆိုတာ တစ်တိုင်းပြည်လုံးမှာရှိနေတဲ့ သူတို့ရဲ့ပရိသတ်တွေအကုန်သိပြီးဖြစ်ပါတယ်။

ဒီကနေ့မှာလဲ လူရွှင်တော် ပိုးလေး၊ တိုင်းကျော်တို့ နှစ်ယောက်ဟာ “ဘဘမွေးနေ့အတွက် အကြို စ ပ ရိုက်” ဆိုပြီး ဟာသ videoအတိုလေးတစ်ခုကို ပိုးလေးရဲ့ facebookလူမှုကွန်ယက်စာမျက်နှာထက်မှ တစ်ဆင့် တင်ဆက်ထားပါသေးတယ်။

Video (ကြည့်ရန်နှိပ်ပါ)