KTV တွင် စခန်းမှူးက သေနတ်ကိုင်ပြီး သီချင်းဆိုနေရာမှ ကျည်ထွက်၍ စည်ပင်ဝန်ထမ်း တစ်ဦး ကျည်ထိမှန် သေဆုံး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ ပုံပါကျင်မြို့ရှိ နားကောင်းမူးတွင် ဖွင့်လှစ်ထားသည့် KTV တွင် စခန်းမှူးက သေနတ်ကိုင်ပြီး သီချင်းဆိုနေရာမှ ကျည်ထွက်ပြီး စည်ပင်ဝန်ထမ်းတစ်ဦးကို ထိမှန်သွားရာမှ သေဆုံးမှု ဖြစ်ပွားကြောင်း သိရသည်။

နားကောင်းမူးရှိ KTV နှင့်အတူ စားသောက်ဆိုင် တွဲဖွင့်ထားသည့် ပန်းသဇင် ဆိုင်တွင် ၂၀၂၁ခုနှစ် ဇူလိုင်လ(၁)ရက်နေ့ ည(၁၁)နာရီခွဲဝန်းကျင်အချိန်က ပုံပါကျင်မြို့စည်ပင်သာယာရေးဌာနမှ တာဝန်ခံ အပါအဝင် အကြီးတန်းစာရေး ဦးနေဆန်း နှင့် သူငယ်ချင်း(၈)ဦးသည် ဆိုင်အတွင်း ညာဖက်အခန်းတွင် သောက်စားသီချင်းဆိုနေပြီး အကြီးတန်းစာရေး

ဦးနေဆန်း နှင့် ထွေ/အုပ်ရုံးမှ အကြီးတန်းစာရေး ဦးကျော်ကျော်ဆန်း တို့သည် ဆိုင်ရှေ့အုတ်ခုံပေါ်ထိုင်ရာ စကားပြောရင်း ဘီယာသောက်နေစဉ်တွင် ဘယ်ဖက်အခန်းအတွင်းမှ သေနတ်သံ တစ်ချက်ထွက်ပေါ်လာပြီးနောက် ကျည်ဆံမှာ အကြီးတန်းစာရေး ဦးနေဆန်း၏ ညာဘက်ရင်အုံကို ထိမှန်သွားခြင်း ဖြစ်ကြောင်း သိရသည်။

ဆိုင်မှာက အခန်း(၂)ခန်းရှိတယ်။ ကျွန်တော်တို့က ညာဘက်အခန်းမှာ သီချင်းဆိုနေတာ သူတို့နှစ်ယောက်က ဆိုင်ထဲမထိုင်ဘဲ အပြင်အုတ်ခုံမှာ ဘီယာထိုင်သောက်နေတုန်း သေနတ်ထိမှန်တာပါ။ ဘာကြောင့် သေနတ်ကျည်ထွက် တယ်ဆိုတာတော့ သေချာမသိပါဘူး။ စခန်းမှူးနဲ့ ကျွန်တော်တို့အဖွဲ့ စကားများတာမျိုးလည်းမရှိပါဘူး။ စခန်းမှူးက တော်တော်လေးတော့ မူးနေပါတယ်။

ဟု အဆိုပါအဖွဲ့တွင် ပါဝင်သူ တစ်ဦးကပြောသည်။

ဆိုင်၏ ညာဖက်အခန်းတွင် နားကောင်းမူး နယ်မြေရဲစခန်းမှ စခန်းမှူးဖြစ်သူ ရဲအုပ် အောင်ကျော်စွာ နှင့် အဖွဲ့က သီချင်းဆိုနေရာတွင် စခန်းမှူးသည် သေနတ်ကိုင်ပြီး သီချင်းဆိုရာမှာ ကျည်ထွက်သွားခြင်း ဖြစ်သည်ဟု သိရသည်။

စခန်းမှူးက လက်တစ်ဖက်က သေနတ်ကိုင်ပြီး သီချင်းဆိုတော့ ကျည်က ထွက်သွားတာမျိုးလို့ ပြောတယ်။ ကျည်ထွက်ပြီး လူကို သွားထိမှန်းတောင် မသိလိုက်ဘူး။ ခဏမှ သိရတာလို့လည်း ပြောတယ်

ဟု ဆိုင်အနီးဝန်းကျင်တွင်နေသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သေနတ်သံထွက်ပေါ်ပြီး အပြင်တွင် ကျည်ထိမှန်ကြောင်း သိရသည့်အတွက် စခန်းမှူးသည် KTV အခန်းထဲကနေ သေနတ်ကိုင်ပြီး ထွက်လာကြောင်း သိရသည်။

ကျည်မှန်သည့် ဦးနေဆန်းအား မော်တော်ယာဉ်ဖြင့် ည (၁၁) နာရီ (၄၀)မိနစ် ဝန်းကျင်အချိန်က မိုင်းတုံမြို့နယ် ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး ထိုမှတစ်ဆင့် မိုင်းဆတ်မြို့နယ်ပြည်သူ့ဆေးရုံသို့ ဆက်လက်ပို့ဆောင်ခဲ့ရာ ဇူလိုင်လ (၂)ရက် နံနက် (၂)နာရီခွဲဝန်းကျင်တွင် ရောက်ရှိ ဆေးကုသမှုခံယူနေစဉ် နံနက် (၄)နာရီ (၄၀) မိနစ်တွင် သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ နားကောင်းမူး နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ် အောင်ကျော်စွာအား ဖမ်းဆီးထားကား မိုင်းတုံမြို့မရဲစခန်းတွင် (ပ) ၁၅ /၂၀၂၁၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် စစ်ဆေးနေလျှက်ရှိကြောင်း သိရသည်။

Zawgyi

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) မိုင္းဆတ္ခ႐ိုင္၊ မိုင္းတုံၿမိဳ႕နယ္၊ ပုံပါက်င္ၿမိဳ႕ရွိ နားေကာင္းမူးတြင္ ဖြင့္လွစ္ထားသည့္ KTV တြင္ စခန္းမႉးက ေသနတ္ကိုင္ၿပီး သီခ်င္းဆိုေနရာမွ က်ည္ထြက္ၿပီး စည္ပင္ဝန္ထမ္းတစ္ဦးကို ထိမွန္သြားရာမွ ေသဆုံးမႈ ျဖစ္ပြားေၾကာင္း သိရသည္။

နားေကာင္းမူးရွိ KTV ႏွင့္အတူ စားေသာက္ဆိုင္ တြဲဖြင့္ထားသည့္ ပန္းသဇင္ ဆိုင္တြင္ ၂၀၂၁ခုႏွစ္ ဇူလိုင္လ(၁)ရက္ေန႔ ည(၁၁)နာရီခြဲဝန္းက်င္အခ်ိန္က ပုံပါက်င္ၿမိဳ႕စည္ပင္သာယာေရးဌာနမွ တာဝန္ခံ အပါအဝင္ အႀကီးတန္းစာေရး ဦးေနဆန္း ႏွင့္ သူငယ္ခ်င္း(၈)ဦးသည္ ဆိုင္အတြင္း ညာဖက္အခန္းတြင္ ေသာက္စားသီခ်င္းဆိုေနၿပီး အႀကီးတန္းစာေရး

ဦးေနဆန္း ႏွင့္ ေထြ/အုပ္႐ုံးမွ အႀကီးတန္းစာေရး ဦးေက်ာ္ေက်ာ္ဆန္း တို႔သည္ ဆိုင္ေရွ႕အုတ္ခုံေပၚထိုင္ရာ စကားေျပာရင္း ဘီယာေသာက္ေနစဥ္တြင္ ဘယ္ဖက္အခန္းအတြင္းမွ ေသနတ္သံ တစ္ခ်က္ထြက္ေပၚလာၿပီးေနာက္ က်ည္ဆံမွာ အႀကီးတန္းစာေရး ဦးေနဆန္း၏ ညာဘက္ရင္အုံကို ထိမွန္သြားျခင္း ျဖစ္ေၾကာင္း သိရသည္။

ဆိုင္မွာက အခန္း(၂)ခန္းရွိတယ္။ ကြၽန္ေတာ္တို႔က ညာဘက္အခန္းမွာ သီခ်င္းဆိုေနတာ သူတို႔ႏွစ္ေယာက္က ဆိုင္ထဲမထိုင္ဘဲ အျပင္အုတ္ခုံမွာ ဘီယာထိုင္ေသာက္ေနတုန္း ေသနတ္ထိမွန္တာပါ။ ဘာေၾကာင့္ ေသနတ္က်ည္ထြက္ တယ္ဆိုတာေတာ့ ေသခ်ာမသိပါဘူး။ စခန္းမႉးနဲ႔ ကြၽန္ေတာ္တို႔အဖြဲ႕ စကားမ်ားတာမ်ိဳးလည္းမရွိပါဘူး။ စခန္းမႉးက ေတာ္ေတာ္ေလးေတာ့ မူးေနပါတယ္။

ဟု အဆိုပါအဖြဲ႕တြင္ ပါဝင္သူ တစ္ဦးကေျပာသည္။

ဆိုင္၏ ညာဖက္အခန္းတြင္ နားေကာင္းမူး နယ္ေျမရဲစခန္းမွ စခန္းမႉးျဖစ္သူ ရဲအုပ္ ေအာင္ေက်ာ္စြာ ႏွင့္ အဖြဲ႕က သီခ်င္းဆိုေနရာတြင္ စခန္းမႉးသည္ ေသနတ္ကိုင္ၿပီး သီခ်င္းဆိုရာမွာ က်ည္ထြက္သြားျခင္း ျဖစ္သည္ဟု သိရသည္။

စခန္းမႉးက လက္တစ္ဖက္က ေသနတ္ကိုင္ၿပီး သီခ်င္းဆိုေတာ့ က်ည္က ထြက္သြားတာမ်ိဳးလို႔ ေျပာတယ္။ က်ည္ထြက္ၿပီး လူကို သြားထိမွန္းေတာင္ မသိလိုက္ဘူး။ ခဏမွ သိရတာလို႔လည္း ေျပာတယ္

ဟု ဆိုင္အနီးဝန္းက်င္တြင္ေနသူတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေသနတ္သံထြက္ေပၚၿပီး အျပင္တြင္ က်ည္ထိမွန္ေၾကာင္း သိရသည့္အတြက္ စခန္းမႉးသည္ KTV အခန္းထဲကေန ေသနတ္ကိုင္ၿပီး ထြက္လာေၾကာင္း သိရသည္။

က်ည္မွန္သည့္ ဦးေနဆန္းအား ေမာ္ေတာ္ယာဥ္ျဖင့္ ည (၁၁) နာရီ (၄၀)မိနစ္ ဝန္းက်င္အခ်ိန္က မိုင္းတုံၿမိဳ႕နယ္ ေဆး႐ုံသို႔ပို႔ေဆာင္ခဲ့ၿပီး ထိုမွတစ္ဆင့္ မိုင္းဆတ္ၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံသို႔ ဆက္လက္ပို႔ေဆာင္ခဲ့ရာ ဇူလိုင္လ (၂)ရက္ နံနက္ (၂)နာရီခြဲဝန္းက်င္တြင္ ေရာက္ရွိ ေဆးကုသမႈခံယူေနစဥ္ နံနက္ (၄)နာရီ (၄၀) မိနစ္တြင္ ေသဆုံးသြားျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ နားေကာင္းမူး နယ္ေျမရဲစခန္းမွ စခန္းမႉး ရဲအုပ္ ေအာင္ေက်ာ္စြာအား ဖမ္းဆီးထားကား မိုင္းတုံၿမိဳ႕မရဲစခန္းတြင္ (ပ) ၁၅ /၂၀၂၁၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၀၂ ျဖင့္ အမႈဖြင့္ စစ္ေဆးေနလွ်က္ရွိေၾကာင္း သိရသည္။

Credit : tachileik.net