အကိုက်အခဲပျောက်ဆေးတွေ အလွန်အကျွံသောက်မိတဲ့အတွက် သေမလိုဖြစ်ပြီး ဆေးရုံတက်နေရတဲ့ နေခြည်ဦး

အရေးပေါ် အသည်းအသန် ဆေးရုံတတ်ခဲ့ရတဲ့ ပြည်သူချစ်တဲ့ နေခြည်ဦး

မင်းသမီးချောလေး နေခြည်ဦးကတော့ အနုပညာလောကမှာ အချိန်အတိုအတွင်း ကြီးမားတဲ့ အောင်မြင်မှုတွေကိုရရှိခဲ့ ပြီးနေရာတစ်နေရာကိုရပ်တည်ထားနိုင်ခဲ့သူပဲ ဖြစ်ပါတယ်။

ယခုနောက်ပိုင်းမှာဆိုရင် နေခြည်ဦးက ကြော်ငြာတွေအပြင်ရုပ်ရှင်ဇာတ်ကား ကြီးတွေထဲမှာတောင် ပိုမိုပါဝင်သရုပ်ဆောင်လာနေတာကိုတွေ့မြင်ရပါတယ်။ ဒါ့အပြင်သူမကအနုပညာအလုပ်တွေကို

လုပ်ကိုင်နေတဲ့အပြင် Beauty Blogger အဖြစ်ပါတပါတည်းလုပ်ကိုင်နေတာဖြစ်ပါတယ်။ နေခြည်ဦးကဝတ်စားဆင်ယဉ်မှုမှာလည်း အခြားသူတွေနဲ့မတူပဲဆန်းသစ်တဲ့ဖက်ရှင်တွေကို

ဝတ်ဆင်တတ်ကာလိုက်ဖက်ပြီးချစ်စရာကောင်းတာကြောင့်ပျိုမေလေးတွေရဲ့မျက်စိကျနေရသူပဲ ဖြစ်ပါတယ်။ ဒါ့အပြင်မကြာခဏဆိုရင်လည်း အပျင်းပြေ tik tok လေးတွေဆော့ကစားပြီးပရိသတ်

တွေကိုလည်း ဖော်ပြပေးလိုက်ပါတယ်။ ယခုမှာတော့နေခြည်ဦးကသူမဘဝမှာဘာရောဂါနဲ့မှ ဆေးရုံမတက်ခဲ့ဖူးပေမယ့်အသည်းရောင်လို့ပထမဆုံးဆေးရုံတက်ခဲ့ရတဲ့အတွေ့အကြုံကို Tik Tok ကနေတဆင့်တင်ပေးလာပါတယ်။

အကိုက်အခဲပျောက်ဆေးတွေအလွန်အကျွံသောက်မိတာကြောင့်ဆေးရုံ (၂)ပါတ်တက်ခဲ့ရတယ်လို့ဆိုလာပါတယ်။ ပါရာစီတမောလိုဆေးတွေကို

အများကြီးသောက်ရင်အသည်းကိုဒုက္ခပေးတယ်ဆိုတဲ့ Medical Knowledge မသိတဲ့သူမကိုယ်သူမလည်း အံ့သြမိကြောင်းရေးသားလာပါတယ်။

အခုလိုမျိုးကာလမှာဆေးအပြင်းစားတွေထိုးရသောက်ရလို့အရမ်းစိတ်အားငယ်နေကြောင်းလည်းပြောပြလာပါတယ်။ ဒီဗီဒီယို လေးထဲမှာတော့နေခြည်ဦးကအကိုက်ခဲပျောက်ဆေးကိုပဲလှော်စားသလိုဝါးနေတဲ့သူတွေကိုအသိပညာ

တခုခုရစေချင်တယ်လို့ ဆိုလာပါတယ်အရာရာတန်ရင်ဆေးလွန်ရင်ဘေးမို့ အကိုက်အခဲပျောက်ဆေးတို့အစာကြေဆေးတို့ကို အလွန်အကျွံမသောက်ဖို့မေတ္တာရပ်ခံလာတာဖြစ်ပါတယ်။

ပရိသတ်တွေလည်း နေခြည်ဦးရဲ့ tik tok လေးကိုကြည့်ပြီးအားလုံးဆင်ခြင်နိုင်မယ်လု့ိ မျှော်လင့်မိပါတယ်။ ကဲယခုတစ်ခါတော့ နေခြည်ဦးရဲ့

ပရိသတ်တွေအတွက်နေခြည်ဆေးရုံတက်နေတဲ့ tik tok လေးကိုကြည့်ရှု့လို့ ရအောင် ဖော်ပြပေးလိုက်ပါတယ်။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။

ခရက်ဒစ်