အဆီများကို အလျင်အမြန် လောင်ကျွမ်းစေနိုင်သည့် အစားအစာ ၁၀ မျိုး

ယောကျာ်းလေး၊ မိန်းကလေး မရွေး အဆင်းရူပါလှပဖို့ရန်မှာ မျက်နှာတစ်ခုတည်းပေါ်မှာမူတည်ခြင်းမျိုးမဟုတ်ဘဲ ကိုယ်ခန္ဓာအချိုးကျလှပ ပြေပြစ်ဟာလည်း အလွန်အရေးကြီးပါတယ်။ ရုပ်ရည်ရူပါ အတင့်အသင့်ပင် ရှိသော်ငြား ခန္ဓာကိုယ်အချိုးအစား လှပ ပြေပြစ်သူ ယောကျာ်းလေး၊

မိန်းကလေးတို့ဟာ မိမိတို့ရဲ့ ဆန့်ကျင်ဘက်လိင် ကို ဆွဲဆောင်နိုင်သည်ကိုသဘောပေါက်နားလည်လာကြသည့် လူငယ်အများစုကို ယနေ့ခေတ်အချိန်မှာ ကိုယ်ခန္ဓာလေ့ကျင့်ရေးခန်းမ (Gym) မှာတွေ့မြင်ကြရမှာပါ။

ခန္ဓာကိုယ်အချိုးအစားလှပဖို့ လေ့ကျင့်ခန်းလုပ်ရာတွင် လက်မောင်း၊ ရင်အုပ်၊ ဗိုက်ကြွက်သားနှင့် ခြေထောက်လေ့ကျင့်ခန်းများကို နည်းစနစ်မှန်မှန်လုပ်ဆောင်မှသာ အချိန်တိုအတွင်းအကျိုးရှိပြီး ခန္ဓာကိုယ်အချိုးအစားလှပလာကြမှာကိုလည်း လေ့ကျင့်ခန်းပြုလုပ်နေသည့် လူငယ်လူရွယ်များ သတိပြုသင့်ပါတယ်။

ဒါ့အပြင် ခန္ဓာကိုယ်အချိုးအစားကိုပုံပျက်ပန်းပျက်ဖြစ်စေသည့် ဗိုက်အဆီ ထွက်ခြင်းကို ပြုပြင်သည့် Belly Exercise များ လေ့ကျင့်ယူရသည့်မှာ ခက်ခဲသလို လေ့ကျင့်မှုများကြောင့် အချိုးအစားကျသော ဗိုက်ကြွက်သားများကိုပိုင်ဆိုင်ပြီးသည့်အခါတွင်လည်း အနေအထိုင်အစားအသောက် မဆင်ခြင်ပါက ခန္ဓာကိုယ်အချိုးအစားကို ကြည့်ရဆိုးစေသည့် ဗိုက်အဆီထွက်ခြင်းကိုပြန်လည်ဖြစ်ပေါ်စေနိုင်တာကြောင့် အစားသောက်များကိုဆင်ခြင်သင့်ပါတယ်။

မိမိနေ့စဉ်စားသောက်သော အစားအစာများတွင် အဆီများကိုလျင်မြန်စွာလောင်ကျွမ်းစေနိုင်သည့် အစားအစားများကို ရွေးချယ်စားသောက်နိုင်ပါက ဗိုက်အဆီထွက်ခြင်းကို ကာကွယ်နိုင်တာကြောင့် ယခုတစ်ပတ် NewsWatch ဂျာနယ်ရဲ့ ကျန်းမာရေးကဏ္ဍမှတစ်ဆင့် အဆီများကို အလျင်အမြန်လောင်ကျွမ်းစေနိုင်သည့် အစားအစာ ၁၀ မျိုးကိုဖော်ပြပေးလိုက်ပါတယ်။

၁။ မုယော

မုယောဟာ ကောင်းမွန်သော အရသာကိုပိုင်ဆိုင်ထားရုံမက ဆာလောင်မှုဒဏ်ကိုပါလျော့ချစေနိုင်တာကြောင့် မကြာခဏအစား စားခြင်းမှကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် မုယောတွင် အမျှင်ဓါတ်(Fiber) ပါဝင်တာကြောင့် ခန္ဓာကိုယ်တွင်းရှိ ကိုလက်စထရော အချိုးအစားကို ညီမျှစေနိုင်ပါတယ်။

၂။ ဥများ

(ကြက်ဥ၊ ဘဲဥ ….) အစရှိတဲ့ ဥများတွင် ပရိုတိန်းဓါတ်ကြွယ်ဝစွာပါဝင်ပြီး အဆီပိုများကိုဖြစ်စေတတ်သည့် ကယ်လိုရီဓါတ် နည်းပါးစွာပါဝင်နေပါတယ်။ ဥများကိုစားသုံးခြင်းအားဖြင့် ခန္ဓာကိုယ်အတွင်း ကြွက်သားတည်ဆေက်မှုကို အကျိုးဖြစ်ထွန်းစေနိုင်သလို ခန္ဓာကိုယ်အတွက် အကျိုးရှိစေသော ကိုလစ်စထရောဓါတ်များကိုဖြစ်ထွန်းစေပါတယ်။

၃။ ပန်းသီး

ပန်းသီတွင် တန်ဖိုးမဖြတ်နိုင်တဲ့ သဘာ၀ အန်တီအောက်စီဒန့် (Antioxidants) ဓါတ်များ နှင့် အခြားသော အထောက်အကူပြုဓါတ်များပါဝင်ပါတယ်။ ထူးခြားချက်အဖြစ် ပန်းသီတွင် ခန္ဓာကိုယ်အတွင်း အဆီဆဲလ်များဖြစ်ထွန်းမှုကိုလျော့ချပေးနိုင်တဲ့ ပက်တင် (Pectin) ဓါတ်များပါဝင်နေတာကြောင့် အဆီချနေသူများအဖြစ် စားသုံးသင့်ပါတယ်။

၄။ ငရုပ်သီးစိမ်း

ငရုပ်သီးစိမ်းမှာ ခန္ဓာကိုယ်ကြီးထွားမှုကိုဖြစ်ပေါ်စေတဲ့ ဆဲလ်များဖွံ့ဖြိုးဖို့နှင့် ကယ်လိုရီဓါတ်များကို လျင်မြန်စွာလောင်ကျွမ်းရာတွင် အထောက်အကူဖြစ်စေတဲ့ ကပ်စိုင်ဆင်(Capsaicin) ဓါတ်တွေပါဝင်ပါတယ်။

၅။ ကြက်သွန်ဖြူ

ကျန်းမာရေးအတွက်များစွာအထောက်အကူပြုတဲ့ ကြက်သွန်ဖြူမှာ ဗက်တီးရီယားများကိုတိုက်ခိုက်နိုင်သော (Anti bacterial) အစွမ်းသတ္တိများ၊ အဆီများကိုလောင်ကျွမ်းစေနိုင်သော ဓါတ်များနှင့် ဆိုးရွားသော ကိုလက်စထရော ဓါတ်များကို ဖယ်ရှားပေးနိုင်သည့် အယ်လိုင်စင် (Allicin) ဓါတ်များပါဝင်ပါတယ်။

၆။ ပျားရည်

ချိုမြိန်သော အရာသာကိုပိုင်ဆိုင်ထားတဲ့ ပျားရည်ဟာ ခန္ဓာကိုယ်အတွင်း အဆီများကိုလောင်ကျွမ်းစေတဲ့ အကောင်းဆုံးအစားအစာတွေထဲက တစ်မျိုးဖြစ်ပါတယ်။ ပျားရည်ကို ရေနွေး အနည်းငယ်ဖြင့်ရောစပ်ကာ နေ့စဉ် နံနက်တိုင်း သောက်သုံးသင့်ပါတယ်။

၇။ လက်ဖက်စိမ်း

လက်ဖက်စိမ်းဟာ အဆီများကိုလောင်ကျွမ်းစေနိုင်ရုံသာမက ခန္ဓာကိုယ် အလေးချိန် လျော့ချဖို့ရန်အတွက်လည်း အစွမ်းထက်တဲ့ ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ လက်ဖက်စိမ်းမှာ ခန္ဓာကိုယ်အလေးချိန်ကို ထိန်းညှိပေးနိုင်တဲ့ အန်တီအောက်စီဒန့် (Antioxidants) ဓါတ်များကြွယ်ဝစွာပါဝင်ပါတယ်။ မြန်မာနိုင်ငံမှာ လက်ဖက်ခြောက်ကို ရေနွေးကြမ်းအဖြစ်သောက်သုံးကြပေမယ့် လက်ဖက်စိမ်းရည်ကို တစ်နေ့ ၂ ခွက်ခန့်သောက်သုံးပါက အကျိုးကျေးဇူးများနိုင်ပါတယ်။

၈။ ဂျုံ

ဂျုံဟာ အလွယ်တကူရနိုင်တဲ့ အကျိုးရှိပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ ဂံျုမှာ ခန္ဓာကိုယ်၏ ဇီဝကမ္မဖြစ်စဉ် (metabolism) ကိုထိန်းညှိထောက်ပံပေးသောဓါတ်များနှင့် အဆီကိုလျော့ချပေးနိုင်တဲ့ဓါတ်များပါဝင်ပါတယ်။

၉။ ခရမ်းချဉ်သီး

ခရမ်းချဉ်သီးဟာ အဆီများကိုလျင်မြန်စွာ လောင်ကျွမ်းစေနိုင်ဖို့အထောက်အကူပြုပါတယ်။ ဒါ့အပြင် ခရမ်းချဉ်သီးမှာ ကင်ဆာရောဂါဖြစ်ပွားခြင်းမှကာကွယ်နိုင်တဲ့ဓါတ်တွေပါဝင်တာကြောင့် နေ့စဉ်အစားအသောက်များတွင် ခရမ်းချဉ်သီးကို ထည့်သွင်းစားသောက်သင့်ပါတယ်။

၁၀။အနက်ရောင် ချောကလက်

အနက်ရောင်ချောက်လက်မှာ သွေးအတွင်းရှိ ကိုလက်စထရောဓါတ်များကို လျော့ချပေးစေနိုင်သည့် ဖလာဗိုနွိုက်(Flavonoids) နှင့် အန်တီအင်ဖလန်မန်ထရီ (anti- inflammatory) ဓါတ်တွေပါဝင်တာကြောင့် သွေးအတွင်းကိုလက်စထရောဓါတ်မျှတစေရန် စားသုံးသင့်ပါတယ်။ ဒါ့အပြင် အနက်ရောင်ချောကလက်ဟာ သွေးအတွင်းရှိ ဆီရိုတိုနင်(Serotonin) ဓါတ်နှင့် အဆီများကိုလောင်ကျွမ်းစေတဲ့ဓါတ်တွေပါဝင်နေပါတယ်။