
အခုချိန်ထိ မပြီးဆုံးနိုင်သေးတဲ့ ဒီတော်လှန်ရေးမှာတော့ ပြည်သူတွေအကုန်လုံးက တစ်သွေးတည်း၊တစ်သားတည်းရှိပြီး ပူးပေါင်းပါဝင်နေကြတာဖြစ်ပါတယ်။
ဒါ့အပြင် လူငယ်သူရဲကောင်းလေးတွေကလည်း ဘဝရဲ့လောကဓံတရားကို ကြံ့ကြံ့ခံရင်ဆိုင်ပြီး ရရာလက်နက်ကိုဆွဲကိုင်ကာ ပြည်သူတွေကို ကာကွယ်စောင့်ရှောက်ပေးနေကြတာဖြစ်ပါတယ်။
သူရဲကောင်းအချင်းချင်းကလည်း တစ်ယောက်ကိုတစ်ယောက် အသက်ပေးပြီးကာကွယ်ရတဲ့အထိရဲဘော်၊ရဲဘက်စိတ်ဓာတ်အပြည့်ရှိကြတာဖြစ်ပါတယ်။
အခုဆိုရင်လည်း ကျောင်းဆရာလေးတစ်ယောက်က CDM လုပ်ထားတဲ့အပြင် နိုင်ငံအတွက်၊မင်းကင်းနယ်အတွက်တော်လှန်ရေးတပ်ဖွဲ့ထဲကို ဝင်ခဲ့တာဖြစ်ပါတယ်။ကျောင်းဆရာလေးက နိုင်ငံတော်နဲ့ သူ့ရဲ့တပည့်လေးတွေအတွက်တစ်ထောင့်တစ်နေရာကနေ ကြိုးစားအားထုတ်ပေးခဲ့တာဖြစ်ပါတယ်။
အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွါးချိန်မှာတပ်ပြန်ဆုတ်ဖို့အတွက် ကျောင်းဆရာလေးက ရေမကူးတတ်ဘဲနဲ့တောင် လှေတွန်းပေးခဲ့တာဖြစ်ပါတယ်။လှေဦးမှာထိုင်ပြီး နောက်ချန်တပ်ဖွဲ့တွေအတွက် ကာပစ်ပေးခဲ့လို့ ကျောင်းဆရာလေးခမျာ ကျည်ထိမှန်ပြီးကျဆုံးသွားတာဖြစ်ပါတယ်။
အမေတစ်ခု၊သားတစ်ခုဘဝမှာ သားဖြစ်သူကျောင်းဆရာလေးကို ဆုံးရှုံးလိုက်ရတဲ့ မိခင်ဖြစ်သူကလည်း “သူ့သားအတွက် အမိန့်မပြန်နဲ့၊အဆုံးထိတိုက်ပါစေ”ဆိုပြီး ပြောခဲ့တာဖြစ်ပါတယ်။
သားလေးနဲ့အပြီးတိုင်ခွဲခွါလိုက်ရတာကြောင့် ရင်ကွဲမတတ်ဖြစ်နေတဲ့ မိခင်ခများ သတိရရင် ကြည့်ဖို့အတွက် အုတ်ဂူလေးသာစီစဉ်ပေးဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်
အနာဂတ်မျိုးစက်သစ်လေးတွေကို ပညာအမွေပေးမယ့် ကျောင်းဆရာလေးကတော့ ဒီမိုကရေစီတိုက်ပွဲမှာ ပါဝင်ရင်း အသက်ပေးလှူသွားတဲ့အကြောင်းလေးကို ဝမ်းနည်းစွာနဲ့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။
———-
အခုခ်ိန္ထိ မၿပီးဆုံးႏိုင္ေသးတဲ့ ဒီေတာ္လွန္ေရးမွာေတာ့ ျပည္သူေတြအကုန္လုံးက တစ္ေသြးတည္း၊တစ္သားတည္းရွိၿပီး ပူးေပါင္းပါဝင္ေနၾကတာျဖစ္ပါတယ္။
ဒါ့အျပင္ လူငယ္သူရဲေကာင္းေလးေတြကလည္း ဘဝရဲ႕ေလာကဓံတရားကို ႀကံ့ႀကံ့ခံရင္ဆိုင္ၿပီး ရရာလက္နက္ကိုဆြဲကိုင္ကာ ျပည္သူေတြကို ကာကြယ္ေစာင့္ေရွာက္ေပးေနၾကတာျဖစ္ပါတယ္။
သူရဲေကာင္းအခ်င္းခ်င္းကလည္း တစ္ေယာက္ကိုတစ္ေယာက္ အသက္ေပးၿပီးကာကြယ္ရတဲ့အထိရဲေဘာ္၊ရဲဘက္စိတ္ဓာတ္အျပည့္ရွိၾကတာျဖစ္ပါတယ္။
အခုဆိုရင္လည္း ေက်ာင္းဆရာေလးတစ္ေယာက္က CDM လုပ္ထားတဲ့အျပင္ ႏိုင္ငံအတြက္၊မင္းကင္းနယ္အတြက္ေတာ္လွန္ေရးတပ္ဖြဲ႕ထဲကို ဝင္ခဲ့တာျဖစ္ပါတယ္။ေက်ာင္းဆရာေလးက ႏိုင္ငံေတာ္နဲ႔ သူ႔ရဲ႕တပည့္ေလးေတြအတြက္တစ္ေထာင့္တစ္ေနရာကေန ႀကိဳးစားအားထုတ္ေပးခဲ့တာျဖစ္ပါတယ္။
အျပန္အလွန္ပစ္ခတ္မႈေတြျဖစ္ပြါးခ်ိန္မွာတပ္ျပန္ဆုတ္ဖို႔အတြက္ ေက်ာင္းဆရာေလးက ေရမကူးတတ္ဘဲနဲ႔ေတာင္ ေလွတြန္းေပးခဲ့တာျဖစ္ပါတယ္။ေလွဦးမွာထိုင္ၿပီး ေနာက္ခ်န္တပ္ဖြဲ႕ေတြအတြက္ ကာပစ္ေပးခဲ့လို႔ ေက်ာင္းဆရာေလးခမ်ာ က်ည္ထိမွန္ၿပီးက်ဆုံးသြားတာျဖစ္ပါတယ္။
အေမတစ္ခု၊သားတစ္ခုဘဝမွာ သားျဖစ္သူေက်ာင္းဆရာေလးကို ဆုံးရႈံးလိုက္ရတဲ့ မိခင္ျဖစ္သူကလည္း “သူ႔သားအတြက္ အမိန႔္မျပန္နဲ႔၊အဆုံးထိတိုက္ပါေစ”ဆိုၿပီး ေျပာခဲ့တာျဖစ္ပါတယ္။
သားေလးနဲ႔အၿပီးတိုင္ခြဲခြါလိုက္ရတာေၾကာင့္ ရင္ကြဲမတတ္ျဖစ္ေနတဲ့ မိခင္ခမ်ား သတိရရင္ ၾကည့္ဖို႔အတြက္ အုတ္ဂူေလးသာစီစဥ္ေပးဖို႔ ေတာင္းဆိုခဲ့တာျဖစ္ပါတယ္
အနာဂတ္မ်ိဳးစက္သစ္ေလးေတြကို ပညာအေမြေပးမယ့္ ေက်ာင္းဆရာေလးကေတာ့ ဒီမိုကေရစီတိုက္ပြဲမွာ ပါဝင္ရင္း အသက္ေပးလႉသြားတဲ့အေၾကာင္းေလးကို ဝမ္းနည္းစြာနဲ႔ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။