ယနေ့ မွေးနေ့ရှင်ကြီးအတွက် အပြိုင်အဆိုင်ဆဲနည်းတွေကြားမှ အများနဲ့မတူ ဆုတောင်းပေးလိုက်တဲ့ နှိုင်းယှဉ်မြင့်မိုရ်

ယနေ့ မွေးနေ့ရှင်အတွက် အများနဲ့မတူ တမူထူးခြားစွာ ဆုတောင်းပေးလိုက်တဲ့ နှိုင်းယှဉ်မြင့်မိုရ်

ဇာတ်ပို့သရုပ်ဆောင် တစ်ဦးဖြစ်တဲ့ နှိုင်းယှဉ်မြင့်မိုရ်ကတော့ ရုပ်ရှင်ဗီဒီယို ဇာတ်ကားတွေ များစွာကို ရိုက္ကူးထားသူ ဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို ရရွိထားသူ ပဲဖြစ်ပါတယ်။လက်ရှိကာလမှာ အဆင်မပြေကြတဲ့ ပြည်သူတွေကိုလည်း သူမရဲ့ချွေးနည်းစာနဲ့ တတ်နိုင်သလောက် ကူညီထောက်ပံ့ပေးနေတာလည်း တွေ့ရပါတယ်။ပြည်သူတွေနဲ့ တစ်သားတည်း ရပ်တည်နေကာ ပြည်သူတွေဲ့ အဆက်အသွယ်မပျက် လူမှုကွန်ယက်မှာ မကြာခဏ သူမရဲ့ အကြောင်းလေးတွေ ဖော်ပြလေ့ရှိပါတယ်။

နှိုင်းယှဉ်မြင့်မိုရ်ကတော့ လက်ရှိခက်ခဲကာလကြီးမှာ စစ်အာဏာရှင်ရဲ့ မတရားအာဏာသိမ်းခံလိုက်တဲ့အတွက် တစ်ဖက်မှာ စားဝတ်နေရေးအတွက် ရုန်းကန်နေရသလို ပြည်သူတွေနဲ့အတူတော်လှန်တွန်းကန်လျက်ရှိပါတယ်။ယနေ့မှာလည်း ပြည်သူတွေနဲ့အတူ စစ်ကောင်စီခေါင်းဆောင်ရဲ့မွေးနေ့ကို ထပ်တူညီစွာ မွေးနေ့ဆုတောင်းပေးတဲ့ စာသားလေးရေးသားဖော်ပြလာခဲ့ပါတယ်။

“ငါလည်း ဆဲချင်တာ ဘာဆဲလို့ဆဲရမှန်းတောင်မသိဘူးးးဆဲနည်းတွေက အပြိုင်အဆိုင်…ဘယ်လိုပဲ ဖြစ်ဖြစ်ပါ…7ရက်သားသမီးတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ဖျက်ဆီးပြီး စိတ်သောကတွေကို ဖန်တီးပေးထားတဲ့ ဘဲကြီးးးးကျိန်စာတွေ အမြန်သင့်ပါစေသာ”ဆိုပြီး ရင်ထဲက ဆုတောင်းစကားလေးကို ရေးသားဖော်ပြလာပြီး အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်ကို မေတ္တာတွေဘယ်လောက်ရှိကြောင်း ဖော်ပြလာခဲ့ပါတယ်။

Crd – YaungChi

———-





Crd – YaungChi